ပူ၏၊ အလွန်ပူ၏၊ ရေလည်ပူ၏၊ စပယ်ရှယ်ပူ၏။ ထို့ကြောင့် ကျွန်ုပ် မည်သည့်နေရာမျှ မသွားလိုပါ၊ ရင်ဘတ်ဟောင်းလောင်းနှင့် ကွန်ပြူတာစကရင်ကို ငေါင်ငေါင်ကြီး ထိုင်ကြည့်နေသည်ထက် လူအုပ်ကြီးထဲတွင် ချွေးတလုံးလုံးနှင့် ဟောဟဲလိုက်နေသည်က ပိုကောင်းလိမ့်မည်ဟု မထင်မိ၊ ကမ္ဘာကြီး ပူနွေးလာခြင်းသည် လုံးဝမကောင်းဟုသာ ပို၍ပို၍ ခံစားလာမိသည်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသောအားဖြင့် ဝယ်မစီးနိုင်သေးသ၍ မီးခိုးမှုတ်သော ယာဉ်များကို စိတ်ကူးထဲပင် ထည့်မည်မဟုတ်ဟုလည်း ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချမိသည်။ နားရက် နားရက်၊ မရှိသောအခါ လိုချင်တောင့်တတတ်ပြီး ရှိပြန်သောအခါ မည်သို့မည်ပုံ အသုံးချရမှန်းမသိ ဖြစ်တတ်သော နေ့ရက်များသာ ဖြစ်တော့သည်။ ပူ၏၊ အလွန်ပူပါ၏၊ ရေလည်ပူနေပါ၏၊ တကယ့်ကို ပူလွန်းလှပါ၏၊ လူ့လောကကြီး ဘစာအရေးကြောင့် ကျွန်ုပ်ရင်တွင်းမှ ပူလောင်မှုများထက် သာ၍ပင် ပူလောင်နေသနည်း၊ အို အသင်လောက၊ အသင် တစုံတယောက်ကို တိတ်တခိုး နှစ်သက်နေပြီလော၊ ဖွင့်သာပြောလိုက်ပါလေ၊ ကျွန်ုပ်တို့ သင့်ထံမှအပူများ ကူးစက်မခံလိုတော့ပါ။ ဟူး...
အောက်ပုံမှာ ၂၆ ရက်နေ့က လိန်ပျံစီးရင်းရိုက်မိသော ဓာတ်ပုံများစွာထဲက တစ်ပုံဖြစ်လေသည်၊ ပုံထဲတွင် ပိုလာဝက်ဝံရှိသည်၊ ရင်သွေးကို ချိုချိုတိုက်ကျွေးနေသော မိခင်ရှိသည်၊ စူပါမင်းရှိသည်၊ ဝေလငါးရှိသည်၊ ဝက်ကလေးနှစ်ကောင် နောက်ကို ပြေးလိုက်နေသော စဉ်းလဲသည့် ဝံပုလွေရှိသည်၊ ကိုကိုကာလသားများ မျှော်လင့်ထားသည့် လုံးကြီးပေါက်လှ သူငယ်မလည်းရှိသေးသည်၊ သေချာရှုကြလော့။ မမြင်ပါက ကျွန်ုပ်၏ ဓာတ်ပုံအတတ်ပညာ မကျွမ်းကျင်ခြင်းကြောင့် မဟုတ်ရေးချမဟုတ်၊ မြင်အောင်မကြည့်တတ်သော စာရှုသူ အဲလေ ပုံဖတ်သူ ဟင့်အင်း ပုံရှုသူ၏ အနုပညာဓာတ်ခံ မရင့်ကျက်သေး၍သာ ဖြစ်ပေလိမ့်မည်။

--
台灣這兩天特別熱,今天整個上午都待在姑媽家,連動都不想動。不過呢,從今天下午起接下來的兩天半都會有節目了,所以會見到更多朋友,會吃到更多東西,會拍到更多照片。這幾天其實沒什麼出去玩,辦事也說不上,總之,這次來台灣還蠻莫名其妙的。嗯~接下來要好好工作存錢了,再玩下去也不是辦法。
這是到台北吃的第一餐:「田園」牛肉麵,特別喜歡吃涼拌蘿蔔絲!

အပေါ်ပုံများမှာ ထိုင်ပေမြို့တော်ရောက်ရောက်ချင်း စားဖြစ်သော အမဲသားခေါက်ဆွဲနှင့် သူ့အခြွေအရံ မုန်လာဥဖြူအသုပ်တို့ ဖြစ်ကြသည်၊ ကျွတ်ခနဲ ကျွိခနဲ မြည်နေအောင် ကိုက်ရသဖြင့် အင်မတန်အရသာရှိသော အသုပ်ပင်ဖြစ်သည်၊ အမဲသားကို တစိမ့်စိမ့်ဝါးပြီးသကာလ အဆီရစ် နေချိန်တွင် မချိုမချဉ် အနှီအသုပ်မျိုးကို ပါးစပ်ထဲငုံပြီး တချက်နှစ်ချက်ဝါးလိုက်၊ စိမ့်ထွက်လာသော အရည်များကို အရသာခံလိုက်၊ နောက်ထပ်ဝါးလိုက်၊ ချိုတခါချဉ်တလှည့်ဖြင့် ရှိသမျှအရည်များ ကုန်ခမ်းသွားပြီး အဖတ်သာကျန်သောအခါမှ ဂလု ဟုမြည်အောင် မြိုချခြင်းဖြင့် ပွဲသိမ်းနိုင်ပါသည်။
အစားအသောက်ပုံတွေက ထုံးစံအတိုင်း သွားရည်ယိုစရာပါဘဲဗျိုး။
ReplyDeleteလုလု တို. စိုင်းထွန်းတို. က ချက်ပြ ပြီး သားရည် ကျ အောင် လုပ်ကြတယ်။ သူ ကတော့ စားတာ ကို သေ ချာရေးပြပြီး သားရည် ကျ အောင် လုပ် တတ်တယ်။ ဒါ လည်း အနုပညာဘဲ. ဂုဏ်ယူ တယ် ဗျာ.။
ReplyDeleteကိုပေါ ကျနော်တို့ အစားအသောက်မက်ပုံချင်းတော့ အားကြီးတူတယ်ဂျာ။
ReplyDeleteခင်ဦးမေ အဲလိုရှာကြံပြီး ဂုဏ်ယူတတ်တာလည်း ပညာတမျိုးဗျ၊ ဟားဟား။