Search This Blog

Loading...

19 August 2008

♥ Google Doodles for Olympics

ဂူဂယ်လ်ရှာရေးဖွေရေးက ၂၀၀၈ နွေရာသီအိုလံပစ်အတွက် ဒူဒယ်လ်တွေလုပ်ပြီး တင်နေတာ တွေ့မိကြမှာပါ။ မတူတဲ့ တိရစ္ဆာန်တွေနဲ့ အားကစားပုံစံ အမျိုးမျိုးကို ဖော်ညွှန်းထားတယ်။ ဘာလို့ အဲဒီအကောင်တွေ ရွေးထားသလဲဆိုတာကို မသိသူများအတွက် ဒီပို့စ်တင်ပါတယ်။

တရုတ်တွေမှာ မွေးဖွားတဲ့နှစ်အလိုက် သတ်မှတ်ထားတဲ့ တိရစ္ဆာန်ပေါင်း ၁၂ ကောင်ရှိတယ်၊ အဲဒါတွေကတော့ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး နဲ့ ဝက် ဆိုပြီး အစဉ်လိုက်ပါ။ အဲဒီ အကောင်တွေရဲ့ စရိုက်လက္ခဏာကို ဒီလိုတင်စားလေ့ရှိကြတယ်။


Rat = charm, Ox = patient, Tiger = sensitive, Rabbit = articulate, Dragon = healthy, Snake = deep, Horse = popular, Goat = elegant, Monkey = clever, Rooster = deep thinkers, Dog = loyalty, Pig = chivalrous

အိုလံပစ်အတွက် ပုံတွေလုပ်တော့ တိရစ္ဆာန်တွေနဲ့ အားကစားတစ်ခုခုနဲ့ ကျပန်း တွဲလိုက်ရုံတင်မဟုတ်ပဲ ပုံကတဆင့် အကြောင်းအရာတစ်ခုခု ဖော်ပြချင်သေးတယ် ဆိုပါတယ်။ ဥပမာအားဖြင့် ဝက် ဒိုင်ဗင်ထိုးချတဲ့ပုံဟာ ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်းတဲ့ ဝက်လိုသတ္တဝါလေးလည်း ရေပွားတွေ စင်မတက်လာအောင် ဒိုင်ဗင်ထိုးနိုင်တယ် ဆိုတာကို ဖော်ပြချင်ပြီး၊ ကြွက် ဝိတ်မနေတဲ့ပုံဟာ ပိန်လှီသေးနုပ်တဲ့ ကိုယ်ခန္ဓာပိုင်ရှင်လည်း သူ့ထက်အဆမတန် လေးတဲ့ဝိတ်ကို မ နိုင်ပါတယ်၊ စသဖြင့်ပေါ့။ ကျန်တာကိုတော့ မဖတ်မိလိုက်လို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် အဓိပ္ပါယ် ဖော်ရတာပဲ၊ ဥပမာ နဂါးနဲ့ကြွက် ဘတ်စကက်ဘောလ် ကစားတာကို အင်အားမမျှတဲ့ အသင်းနှစ်သင်း အနိုင်အရှူံး ဘေးဖယ်ပြီး အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ ယှဉ်ပြိုင်တယ်လို့ ယူဆပစ်လိုက်တယ်။ မျောက်ကို ကျွမ်းဘား ကစားစေတာဟာ မွေးရာပါ ပင်ကိုယ်အရည်အချင်းကို မှန်ကန်စွာအသုံးချနေတာလို့ ယူဆလိုက်တယ်။ ကျန်တာတွေတော့ စာဖတ်သူကိုယ်တိုင် အတွေးနယ်ချဲ့ကြည့်ပါ၊ ရမ်းသရူးရေးရတာ အားနာလာလို့၊ ဟာဟ။ ဒါနဲ့ ဒီနေ့တင်လာတဲ့ မြွေရေကူးတဲ့ပုံကိုတော့ ခြေမရှိ၊ လက်မရှိ၊ ဆူးတောင်မရှိ၊ ပါးဟက်မရှိပေမယ့် ရေကူးနိုင်တယ် ဆိုတဲ့ မက်ဆေ့ခ်ျပေးချင်တယ်လို့ပဲ ဇွတ်တွေးလိုက်ပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့။ ကျွန်တော်က မြွေနှစ်ဖွားဆိုတော့ ဒီရက်ပိုင်းတင်ဖြစ်တဲ့ ရေကူးပြိုင်ပွဲနဲ့ မြွေနဲ့တွဲပေးထားတာ သဘောကျမိသား။

ဒါတွေက လောလောဆယ်အထိ တင်ခဲ့ပြီးတဲ့ ဂူဂယ်လ်ဒူဒယ်လ်တွေပါ၊ ယုန်နဲ့ကြက်ပဲကျန်တော့တယ်။


--
ကြုံလို့ နေးတစ်မြန်မာဖိုရမ်မှာ အရင်ကရေးခဲ့ဖူးတဲ့စာတချို့ ကူးတင်လိုက်ပါတယ်။

ကြုံတုန်း မြွေအကြောင်း သိသလောက်ထပ်ရွှီးလိုက်အုန်းမယ်၊ မြွေထီးမြွေမတွေဟာ လုပ်ရည်ကိုင်ရည် ရှိကြပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြတယ်တဲ့။ နှစ်သက်တဲ့အရာကို ရယူလိုစိတ်၊ ပိုင်ဆိုင်လိုစိတ် ပြင်းပြကြတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုကို ခရေစေ့တွင်းကျ မသိရရင် ဂဏာမငြိမ် ဖြစ်တတ်ကြတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကိုနိုင်အောင် ထိန်းတတ်ရပါမယ် တဲ့။ ပြီးတော့ မြွေတွေဟာ အပြင်ပန်းကြည့်ရင် အေးအေးလေးဆိုပေမယ့် အောင်းပူတွေပါတဲ့၊ သိပ်မခင်တဲ့ သူငယ်ချင်းရှေ့မှာဆို ကိုယ့်အတွက် ပိုကြည့်တတ်ပေမယ့် အရမ်းခင်သွားတဲ့အခါ သူများကောင်းဖို့ပဲ စဉ်းစားတတ်တယ်တဲ့။ မြွေတွေဟာ စပ်စုပါတယ်တဲ့၊ ကိုယ့်နဲ့သိပ်မဆိုင်တဲ့ ကိစ္စတွေကိုတောင် စပ်စုတတ်ကြတယ်တဲ့။ ကိုယ်ကိုယ်တိုင် အတင်းမတုတ်တတ်ပေမယ့် သူများအတင်းကိုတော့ နားထောင်ဖို့ စိတ်ပါတတ်တယ်တဲ့။ ဒါမျိုး အကျိုးမရှိတဲ့ အလုပ်တွေကို ရပ်တန်းကရပ်ပြီး အကျိုးရှိတာ လုပ်ပါတဲ့။ ငွေကြေးဓနတွေဟာ မြွေအတွက် အပန်းတကြီး ရှာစရာမလိုပဲ ဝင်နေတတ်တယ်တဲ့၊ ဒါကြောင့်လည်း မြွေတွေဟာ ဆွဲငင်အားတမျိုး ရှိနေတယ်တဲ့။ မြွေတွေရဲ့ အညံ့ဖျင်းဆုံးစရိုက်ကတော့ ပျင်းတာပါပဲ၊ ပျင်းရိခြင်းဟာလည်း မြွေတွေရဲ့ တစ်ဦးတည်းသောရန်သူ ပါတဲ့။ မြွေတွေမှာ ရည်မှန်းချက်ကြီးတွေ ရှိတတ်ပေမယ့် တကယ်တမ်း ထ လုပ်ဖို့ ဖင့်နှေးနေတတ်တယ်။ နေ့တိုင်းလိုလို စိတ်ကူးယဉ်တာနဲ့ လက်တွေ့လုပ်ဖို့နဲ့ပဲ လွန်ဆွဲနေရတယ်တဲ့။ မြွေတွေဟာ သူတို့ရဲ့ကြင်ဖော်ကို ကာဆီးကာဆီးလုပ်ပြီး မြွေကြီးတစ်ကောင်လို ရစ်ပတ်ထားတတ်ကြတယ်တဲ့။ သူတို့ရဲ့ အရိပ်အောက်မှာပဲ ခိုနေစေချင်ကြတယ်တဲ့။ မြွေတွေဖြုန်းတီးတာ စံပါပဲ၊ ဒါပေမဲ့ သူတို့ဖြုန်းနည်းက တမျိုးပါတဲ့၊ နေ့စဉ်သုံး အသေးအမွှားလေးတွေအတွက် ကပ်နေတတ်ပြီး ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အရာတွေကိုတော့ မနှမြောပဲ ဝယ်တတ်ကြတယ်တဲ့။
--
အောက်က
木 火 土 金 水 သစ်၊ မီး၊ မြေ၊ ရွှေ၊ ရေ ဆိုတဲ့ ဒြပ်ကြီးငါးပါးအကြောင်းပါ၊ ဘယ်သူက မီးနှစ်မှာမွေးတာ၊ ဘယ်သူကတော့ နဂါးနှစ်မွေးပေမယ့် ရိုးရိုးနဂါးမဟုတ်ဘူး၊ အနှစ် ၆၀ မှ တခါ ကြုံနိုင်တဲ့ ရွှေနဂါး စသဖြင့် ကြားဖူးမယ်ဆိုရင် ကျနော်ဆိုလိုတာကို သိကြမှာပါ။

တရုတ်စာလုံး ၂၂ လုံးကြောင့် ဒါတွေဖြစ်လာရတာပါ၊ အလွယ်မှတ်နိုင်အောင် ၁၀ လုံးက A ကနေ J အထိသွားတဲ့ အက္ခရာတွေ၊ နောက် ၁၂ လုံးကိုတော့ 1, 2, 3, 4 စတဲ့ ဂဏန်းတွေလို့ပဲ မှတ်လိုက်ပါ (သတ္တဝါ တစ်ကောင်ကို ဂဏန်း ၁ လုံးစီနဲ့ အားလုံး ၁၂ လုံးရှိတယ်ဆိုပါစို့)။ ဆိုတော့ နှစ် ၁ နှစ်ကို A1 ဆိုတဲ့ အတွဲနဲ့ စမယ်၊ ဒုတိယနှစ်က B2 ၊ တတိယနှစ်က C3 စသဖြင့် အစဉ်လိုက်သွားမယ်၊ J10 ပြီးသွားရင် A11 လာမယ်။ ဒီလိုစီသွားရင် တပတ်လည်ပြီး J12 ရောက်ဖို့အတွက် combination အခါ ၆၀ လုပ်ရတယ်။ ဒီလို A နဲ့ 1 တွဲပြီးတာနဲ့တပြိုင်နက် B နဲ့ 2 တွဲတာမှာ ထူးခြားတာက စုံစုံချင်း၊ မမချင်းပဲ တွဲမိတယ်၊ ဒါကြောင့် A~J အုပ်စုရဲ့ နံပါတ်စဉ် တစ် ဖြစ်တဲ့ မဂဏန်း A, C, E, G, I စတာတွေနဲ့ 1~12 အုပ်စုက စုံဂဏန်းဖြစ်တဲ့ 2, 4, 6, 8, 10, 12 စတဲ့ သတ္တဝါတွေ မတွဲမိဘူး။ တနည်းအားဖြင့် သင်္ချာမှာစီနေကျ A1, A2, A3, ..., E5, E6, E7, ..., J10, J11, J12 မဟုတ်တဲ့အတွက် ၁၀ x ၁၂ = ၁၂၀ ဖြစ်ရမယ့်အစား ထက်ဝက်ပဲရှိပါတယ်။

ဒီလို အနှစ် ၆၀ မှတခါ ပြန်ကြုံရတဲ့ အတွဲတွေကိုမှ ဘာဒြပ်နဲ့ ဘာသတ္တဝါဆိုပြီး တွဲခေါ်ကြတာပါ။ ဆိုတော့ ကိုယ်ဘာကောင်မှန်းသိအောင် အပေါ်မှာ အလွယ်ရေးသွားတဲ့ A~J နဲ့ 1~12 ကို ဒီအပိုဒ်မှာ ပြန်ရှင်းပါမယ်။ A~J ကတော့
甲 乙 丙 丁 戊 己 庚 辛 壬 癸 ဖြစ်ပါတယ်၊ မြန်မာလို အနီးစပ်ဆုံးပြောရင် ကကြီး၊ ခခွေး၊ ဂငယ် ကနေ ည အထိ ဆယ်လုံးပါ။ 1~12 ကတော့ 子 醜 寅 卯 辰 巳 午 未 申 酉 戌 亥 ဖြစ်ပါတယ်၊ ကိုယ်စားပြုတဲ့ အကောင်တွေက ဟိုးအပေါ်ဆုံးမှာ ရေးခဲ့တဲ့ တိရစ္ဆာန် ၁၂ ကောင် 鼠 牛 虎 兔 龍 蛇 馬 羊 猴 雞 狗 豬 အသီးသီး ဖြစ်ကြပါတယ်။ 子 က ကြွက်၊က နွား စသဖြင့် အစဉ်လိုက်သွားပြီးက ဝက် ဖြစ်ပါတယ်။ A~J ကို ဒြပ်နဲ့ဆိုင်တဲ့ အရှေ့အုပ်စု၊ 1~12 ကို တိရစ္ဆာန်နဲ့ဆိုင်တဲ့ အနောက်အုပ်စုလို့ အလွယ်ထပ်ခေါ်ပါမယ် (နိုင်ငံရေးနှင့် မဆိုင်ပါ၊ ဟဲဟဲ)။

အရှေ့အုပ်စု ဆယ်လုံးထဲကမှ နှစ်လုံးစီကို သူတို့ကိုယ်စားပြုတဲ့ ဒြပ်တစ်ခု သတ်မှတ်ထားတယ်။ A နဲ့ B က သစ်၊ C နဲ့ D က မီး၊ E နဲ့ F က မြေ၊ G နဲ့ H က ရွှေ၊ I နဲ့ J က ရေပါ။ အဲဒါကို ထပ်ခွဲထားသေးတယ်၊ သစ်ချင်းအတူတူ A က အဖိုသစ်ဖြစ်ပြီး B က အမသစ်ဖြစ်ပါတယ် (တော်သေးလို့ လိင်နှစ်မျိုးပဲရှိတာ)။ ဒါကြောင့် A1 နှစ် မွေးသူဟာ အဖိုသစ်ဒြပ်ရှိတဲ့ ကြွက်နှစ်ဖွားဖြစ်ပါတယ်။ ထိုနည်း၎င်းပဲ C က အဖို၊ D က အမ၊ I က အဖို၊ J က အမပေါ့၊ တရုတ်လို အမကို ယင်း
အဖိုကို ယန်လို့ ခေါ်ပါတယ်။ အနောက်အုပ်စုကတော့ အင်မတန်ရှင်းတယ်၊ ဘယ်နှစ်ကျရင် ဘာအကောင်ပဲပေါ့။ စကားမစပ်၊ ခရစ်တော်ပေါ်ပြီး ပထမဆုံး A1 နှစ် က ခရစ်သက္ကရာဇ် ၄ နှစ်ဖြစ်ပြီး ဒီနှစ် (၂၀၀၈) ကတော့ E1 戊子 အဖိုမြေဒြပ် ကြွက်နှစ် ဖြစ်ပါတယ်။ ဒါကြောင့် ဘေဂျင်းအိုလံပစ်မှာ ကြွက်ရုပ်နဲ့ လက်ဆောင်တွေ အမှတ်တရပစ္စည်းတွေ အလျှံပယ် တွေ့နိုင်ပါတယ်။

ကိုယ့်အကြောင်းကို ဒီမှာ မွေးသက္ကရာဇ်အလိုက် ဝင်ဖတ်နိုင်ပါတယ်။

ဘာနှစ်ပဲမွေးမွေး၊ အားလုံးပျော်ရွှင်ကြပါစေ။
谷歌黑板報:谷歌 Doodle 08 特輯

干支:中國天地農曆年

CalcTool.org : Combinations, permutations

2 comments:

  1. အဲဒီပုံလေးတွေကို သဘောကျလို့ အိုလံပစ်ဖွင့်ပွဲကတည်းကစပြီး သိမ်းထားတာ။ ဘလော့မှာရေးမယ်တောင် စိတ်ကူးနေတာ။ ပျင်းနေလို့ :D

    ReplyDelete
  2. အန်တီမေ မြွေဆိုတဲ့အတိုင်း ပျင်းပုံကငါ့နဲ့တူတူပဲ၊ ဟားဟား။ အဲဒါတွေပြန်ကူးဖြစ်တော့ နင်တို့ကို သတိရနေသေးတာ။

    ReplyDelete