လူတပိုင်း ငါးတပိုင်း မိုက်ကယ်လ်ဖက်ပ်လ်စ် (ဖြည်းဖြည်းရွတ်ပါ၊ မောမယ်) ခုလေးတင်ပဲ ကမ္ဘာ့စံချိန်နှစ်ခု တပြိုင်နက် ချိုးလိုက်ပြန်ပါပြီ။ တစ်ခုက ၄ ယောက်တွဲ မီတာ ၁၀၀ စီ လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲရဲ့ စံချိန်ဖြစ်ပြီး အဲဒီစံချိန်ကြောင့် ရွှေတံဆိပ်တစ်ခု ထပ်ရမှာမို့ အိုလံပစ်ပြိုင်ပွဲ ပွဲစဉ်တစ်ခုတည်းမှာ ရွှေတံဆိပ်အများဆုံး ရရှိသူအဖြစ်လည်း စံချိန်သစ်နောက်တစ်ခု တင်သွားပါပြီ။ အရင်လူတွေ တင်ထားတဲ့စံချိန်က ၇ ခုပါ၊ ဒီနေ့ပွဲအပြီးမှာ မိုက်ကယ်လ်ဖက်ပ်လ်စ်ဟာ (ရိုက်ရတာတောင်မောတယ်) ၈ ခုမြောက် ရွှေတံဆိပ် ရရှိသွားပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ်ရဲ့ အထူးချွန်ဆုံး အားကစားသမားကြီးအဖြစ် အိုလံပစ်သမိုင်းကို ပြောင်းရေးသွားပါပြီ။ ဒါကြောင့် ကျနော်လည်း ဒီလိုအထူးချွန်ဆုံး အားကစားသမားတစ်ယောက် ကိုယ့်ရှေ့မှာ အရှင်လတ်လတ်ကြီး ရေးကူးနေတာ၊ ၈ ခုမြောက်ရွှေတံဆိပ် စံချိန်တင် ဆွတ်ခူးသွားတာ၊ မိသားစုဝင်တွေကို ယောက်စေ့လိုက်နမ်းတာတွေ အားရပါးရ ထိုင်ကြည့်နိုင်သူအဖြစ် ကိုယ့်စံချိန်ကိုယ် ချိုးလိုက်ပါပြီ၊ ကြည်နူးမဆုံးပါဘူး။ အဲ၊ အရင်အိုလံပစ်နဲ့ပေါင်းရင် သူ့ဆီမှာ ရွှေတံဆိပ် ၁၄ ခုရှိသွားပါပြီ၊ ငွေ ၂ ခုပါ။

(BEIJING, August 17) -- With another world-record setting time of 3:29.34, Michael Phelps won his historic eighth gold medal in the Men's 4 x 100m Medley Relay with teammates Aaron Peirsol, Brendan Hansen and Jason Lezak. With 14 in total, Phelps now stands alone in sports history with the most Olympic gold medals.
The defending Olympic champion US team updated their world record time by 1.34 seconds. Australia won the silver in 3:30.04 and Japan took bronze at 3:31.18.
--
သူသာဒီပွဲဝင်မနွှဲရင် ယူအက်စ်ရဲ့ ရွှေတံဆိပ်အရေအတွက် တော်တော်လျော့သွားမှာဖြစ်ပြီး စုစုပေါင်း ဆုတံဆိပ်ဟာလည်း အခုလက်ရှိ ၅၇ မဟုတ်တော့ပဲ ၄၉ နဲ့ပဲ တရုတ်နဲ့တန်းတူ ဖြစ်သွားပါလိမ့်မယ်။ အလုပ်ထဲက တရုတ်မလေးတွေကတော့ ခုရက်ပိုင်း သူ့ကိုပဲမဲနေကြတယ်၊ ဘာလူကြီးမှန်းလဲမသိဘူး၊ ရွှေတံဆိပ်တွေ တစ်ခုပြီးတစ်ခု ယူနေတယ်၊ ဘယ်တော့မှပြီးမလဲမသိဘူး၊ မုန်းဖို့ကောင်းလိုက်တာ ဆိုပဲ။
Beijing2008 : Historic eighth gold for Michael Phelps
ကြည့်ချင်တာ.. တီဗွီရှိဘူး......း(
ReplyDeleteဒီမှာပဲ လာလာကြည့်လိုက်.. ယူကျူမှာ ရှာရှာကြည့်လိုက် လုပ်နေရတယ်
ဆားချက်တာတော့ နည်းနည်းလွန်လာပြီ... ဒါလဲ ပို့စ်တခု လုပ်ပစ်တာပဲ...
ReplyDeleteကျုပ်တော့ အရမ်းကြိုက်တာပဲတော့။
ReplyDeleteသားလေးမွေးစားဖြစ်ရင် အဲဒီနာမည်ပေးမလားလို့ ။
:P
မိုက်ကယ်လ်ဖက်ပ်လ်စကို ရိုက်ရတာတောင်မော ရင် copy and paste ပါ...:D
ReplyDeleteနိုင်းနိုင်း ဒီမှာလာကြည့်လို့ကတော့ ပေါက်ကရတွေပဲ ဖတ်ရလိမ့်မယ်၊ ဒီတလော ပေါတောတော mode ပြောင်းထားတယ်။ အစ်မခင်မင်းဇော် ကြုံတောင့်ကြုံခဲ အဖြစ်အပျက်လေးမို့ ရေးမှတ်ထားတာပါဗျာ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဆားပါ၊ ဟိဟိ။ သုနှင်းဆီ မွေးတော့ မွေးတော့။ shin ပိုင်တယ်၊ အတိုကောက် ဖက်ပလစ လို့ပဲ ရေးမလားလို့။
ReplyDeleteမိုက်ကယ် ဖလက်ဖလက် အကြောင်း neatorama မှာ တွေ့လို့ လာရှဲလိုက်ပါတယ်။ သူ့ကို ငါးနဲ့ ပြိုင်ပြီး ရေကူးခိုင်းကြည့်ထားကြတာလေ။
ReplyDeleteအတော်မိုက်တယ်
ဒီမှာ သွားဖတ်ပါ ..
http://www.neatorama.com/2008/08/18/michael-phelps-vs-goldfish-who-is-faster/
ကိုဇေယျာ၊ ရှဲပေးတာကျေးဇူးပါခင်မျ။
ReplyDelete