Search This Blog

Loading...

20 August 2008

♥ Illusiolympics

တရုတ်အိုလံပစ်ဖွင့်ပွဲနေ့မှာ အတုအယောင်တွေနဲ့ ပရိသတ်တွေကို တပတ်ရိုက်သွားတဲ့အကြောင်း သိပြီးသားဖြစ်မှာပါ။ အဓိကပြောနေကြတာ သုံးချက်ရှိတယ်၊ တစ် အချက်က ခြေရာပုံမီးရှူးမီးပန်းကို တကယ်ပဲ ရဟတ်ယာဉ်နဲ့ လိုက်ရိုက်ပြီး တိုက်ရိုက်လွှင့်သလို ကွင်းထဲမှာပြသွားပြီး အမှန်ကတော့ ကွန်ပြူတာနဲ့ ကြိုတင်ဖန်တီးယူထားတဲ့ ရိုက်ကွက်တွေကို လွှင့်ပြသွားတာဖြစ်ပါတယ်။ နှစ် အချက်က သိပ်ချစ်ဖို့မကောင်းတဲ့ မူရင်းအဆိုရှင် ကောင်မလေးကို သူတို့အမြင်မှာ ရုပ်အဆင်းပိုလှတဲ့ တခြား ကောင်မလေးတစ်ယောက်နဲ့ လူစားထိုးလိုက်ပြီး စင်ပေါ်မှာ အမူအယာအပြည့်နဲ့ ပါးစပ်လိုက်လှုပ် ဆိုစေတာပါ။ သုံး အချက်က တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ ကလေးအုပ်ကြီးကို ဆိုင်ရာဆိုင်ရာ တိုင်းရင်းသား ဝတ်စုံတွေ ကိုယ်စီကိုယ်ငှ ဝတ်စေပြီးဖျော်ဖြေတဲ့ အစီအစဉ်မှာ အဲဒီကလေးတွေဟာ တကယ်တော့ တိုင်းရင်းသားမျိုးစုံကနေ ရွေးထုတ်ထားခြင်း မဟုတ်ပါပဲ ကလေးအားလုံး ဟန့်မျိုးနွယ်တွေဖြစ်နေတဲ့ အချက်ပါပဲ၊ ဟန့် ဆိုတာ တရုတ်ပြည်ရဲ့ အဓိကလူမျိုးစုပေါ့။

အဲဒီအချက်တွေထဲက ကျနော်သဘောမကျဆုံးကတော့ ဒုတိယအချက်ပါ၊ ကျန်နှစ်ချက်က တစုံတယောက်ကို မထိခိုက်စေပဲ ရိုးသားမှုအစား ဖျော်ဖြေမှုကို ရွေးချယ်လိုက်တာဖြစ်လို့ သိပ်ပြီးအပြစ်မဆိုသာဘူး။ ဒါပေမဲ့ ကောင်မလေးနှစ်ယောက်ကို ရုပ်ကြည့်ပြီး လဲပစ်တာမျိုးကတော့ ကြောင်လွန်းတယ်။ ဘာပေတံနဲ့တိုင်းပြီး လှတယ်မလှဘူး၊ ချစ်စရာကောင်းတယ်၊ မကောင်းဘူး သတ်မှတ်ကြသလဲ။ ခလေးမလေးကို ကြည့်မကောင်းဘူး ပြောရအောင် ပွဲကြည့်စင်မှာထိုင်နေကြတဲ့ အကောင်တွေက ဘယ်လောက်များ ကြည့်ပျော်ရှုပျော်ရှိနေလို့လဲ။ မနေ့က my paper သတင်းစာ ထဲမှာ ဘလော့ဂ်တစ်ခုက ပုံတွေတင်ထားတာတွေ့ပြီး အရမ်းပဲ သဘောကျမိတယ်၊ သူ့ဆီကယူပြီး မြန်မာလိုပြန်လိုက်ပါတယ်။

မှတ်ချက်၊ ချန်ချီဂန်းက သူ့ဆုံးဖြတ်ချက်မဟုတ်ကြောင်း ပြောပြပါတယ်၊ ပါတီအထက်ပိုင်းက အရာရှိ တစ်ယောက်ရဲ့ လက်မခံလို့မရတဲ့ အကြံပြုချက်ပါတဲ့၊ အမှန်တော့ ဒီတာဝန်ယူထားရတဲ့ သူ့အတွက် ဒါက ဖိအားကြီးတစ်ခုပါ၊ အခုလို အပြင်ကိုထုတ်ပြောရဲတာကိုပဲ ကျေးဇူးတင်ရမယ်။






昨天在『我報』的「看看人氣部落格」專欄看到大腹豪的五格漫畫,簡直超諷刺又風趣,忍不住想跟緬甸朋友分享分享。其實我個人很喜愛漫畫,在開始寫部落格的時候就曾經想過要畫點東西來描述周遭的人、事、物,但始終沒有實踐這個想法。主要是沒有掃瞄器,更沒有數位畫板,目前唯一可行的方法是畫完拍下來再進行修圖,可是這工程也未免浩大了點,還是算了。

噢~奥運開幕典禮嘛,沒看到直播就算了,連重播也錯過,很遺憾。後來不斷聽到對造假的抨擊,其中我最不能接受的是小女孩代唱的戲碼,真是夠了,這種思想也太膚淺了點。至於其它造假的部份我倒覺得還好,不至於傷害到他人。找個替身來代唱不僅傷害到兩位小朋友,還毀掉中國的國家形象,難道外表有這麼重要嗎?
廖仕豪的blog : 為國造假

2 comments:

  1. ha ha...Like the cartoon creation!

    ReplyDelete
  2. LOL
    it really cracked me up.

    ReplyDelete