Search This Blog

Loading...

12 August 2008

♥ Myanmar Taipei

အိုလံပစ်ဖွင့်ပွဲအကြောင်းထဲမှာ မြန်မာအကြောင်းလည်းပါတဲ့ ထိုင်ဝမ်သတင်းတစ်ပုဒ်ကို ၉ ရက်နေ့က ဖတ်မိတယ်၊ အဲဒီတုန်းက တင်ဖို့စိတ်ကူးခဲ့ပေမယ့် မတင်ဖြစ်ဘူး၊ အခုတော့ နောက်ဆက်တွဲ သတင်းကြောင့် နည်းနည်းလေး ရေးချင်စိတ်ပေါက်သွားတယ်။

သိကြတဲ့အတိုင်း ထိုင်ဝမ်အလံဟာ မြန်မာအလံနဲ့ ခပ်ဆင်ဆင်ပါ၊ အဓိကအားဖြင့် အနီရောင်နောက်ခံနဲ့ ဗယ်ဖက်ထောင့်က အပြာရောင်ပေါ်မှာ အဖြူရောင် အမှတ်အသားတွေရှိတယ်။ မြန်မာ့အလံက တိုင်းနဲ့ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ်ဖြူ ၁၄ လုံး ဝိုင်းထားတဲ့ ပင်နယံနဲ့ စပါးနှံပေါ့၊ ထိုင်ဝမ်ကျတော့ ကူမင်တန် အမှတ်အသားဖြစ်တဲ့၊ နေမင်းကိုယ်စားပြု အဖြူရောင်စက်ဝိုင်းမှာ အချိန်ကို ကိုယ်စားပြုတဲ့ ရောင်ခြည် ၁၂ ခု ဖြာထွက်နေတဲ့ပုံပေါ့။ မြန်မာ့အလံအကြောင်း ထူးတေဇာ ဆီမှာ ဖတ်နိုင်ပါတယ်။ အောက်ပုံတွေကိုတော့ flagspot.net ဆီက ယူထားတယ်။


တရုတ်ပြည်က ထိုင်ဝမ်ကျွန်းကို သူ့ရဲ့တစိပ်တဒေသလို့ပဲ အတင်းသတ်မှတ်ထားတာဆိုတော့ နိုင်ငံတကာပွဲတွေ၊ အခမ်းအနားတွေမှာ ထိုင်ဝမ်အလံကို သုံးခွင့်မပေးဘူး၊ လက်ခံကျင်းပတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကို လိုက်တားတယ်။ ဒီတခေါက် ဘေဂျင်းအိုလံပစ်ကျတော့ တရုတ်မြေပေါ်မှာ ကျင်းပတဲ့အတွက် စဉ်းစားစရာတောင် မလိုတော့ဘူး၊ ထိုင်ဝမ်အလံ မြင်ရဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတရပ်ပေါ့။ ထုံးစံအတိုင်း အိုလံပစ်ကော်မတီရဲ့ အလံနဲ့ပဲ ပြိုင်ပွဲဝင်ရတယ်။ အောက်ပုံက အဲဒီအလံလေးပါ။

ဖွင့်ပွဲနေ့မှာ အပေါ်ကအလံနဲ့ပဲ ကွင်းထဲဝင်ကြတယ်၊ ဒါပေမဲ့ မြန်မာအဖွဲ့ ကွင်းထဲအရင်ဝင်ကြတော့ ထိုင်ဝမ်အလံများလား ဆိုပြီး ဝမ်းသာမိတဲ့အကြောင်း ရေးထားတဲ့ သတင်းလေးရဲ့ ခေါင်းစဉ်ကြောင့် ရီလိုက်မိတယ်၊ ခေါင်းစဉ်က "ငါတို့နိုင်ငံအလံပါလား၊ အိုး၊ မြန်မာ့အလံကိုး" ပါတဲ့။


看到國旗了?呃,是…緬甸的

此外,讓我驚訝的,是差點以為自己看到中華民國國旗。原來,緬甸的國旗,也是青天白日滿地紅,遠看幾可亂真,認清後又讓人悵然若失。若以 阿Q 的「精神勝利法」角度觀之,咱們的國旗,也算進了奧運了!

緬甸國旗跟我國國旗一樣,底色為紅色,左上方為深藍色長方形。最大的差異就是藍色方格裡的圖案,緬甸是由麥穗和齒輪構成,齒輪外有十四顆星星圍繞。但由於十四顆星星也是白色,遠看還有點像我們的十二道光芒。每次看奧運各國運動員進場,總會發現原來世上有這麼多你我所不認識的國家,因為不熟悉,也顯得過程枯燥。在昨晚冗長的各國運動員進場秀中,緬甸國旗真是讓人眼睛一亮。

မြန်မာ့အလံနဲ့ ထိုင်ဝမ်အလံတွေဟာ အရောင်နဲ့ပုံပန်းသဏ္ဍန်ချင်း အတော်တူတဲ့အတွက် အဝေးကကြည့်ရင် မခွဲခြားနိုင်ကြောင်း၊ အိုလံပစ်ဖွင့်ပွဲမှာ ကွင်းထဲဝင်ကြတဲ့ အစီအစဉ်ထဲက မကြားဖူးတဲ့ နိုင်ငံတွေဝင်လာရင် ကြည့်ရတာ ပျင်းစရာဖြစ်တတ်တဲ့အကြောင်း၊ သို့သော် မြန်မာ့အလံကို မြင်လိုက်ရတော့ အာရုံဖမ်းစားနိုင်တဲ့ အကြောင်း စသဖြင့် ရေးသားထားပါတယ်။ ဩော်၊ မြန်မာတွေသာ ဒါကိုဘာမှစိတ်ထဲမထားတာ၊ သူများက မြန်မာ့အလံကို စိတ်ကူးထဲမှာ မြင်ချင်သလိုဆွဲမြင်ပြီး ကြည်နူးနေတာကိုး လို့ တွေးမိသေးတယ်။

ဒီနေ့ သယ်ရင်းတစ်ယောက် ပို့ပေးတဲ့လင့်ခ်ကို ဝင်ဖတ်တော့ ဩော်၊ ဖြစ်မှဖြစ်ရလေ ဆိုပြီး သနားသလိုလို ဖြစ်သွားတယ်။ ဖြစ်ပုံက၊ ဒီအလံကိစ္စကို မကျေမလည်ဖြစ်နေတဲ့ ထိုင်ဝမ်အားကစား ပရိသတ်တွေက ပွဲတွေမှာ တားမြစ်ထားတဲ့ သူတို့အလံအစား မြန်မာ့အလံကို လွှင့်ကြမယ်ဆိုပဲ။ ဒီတော့ ထိုင်ဝမ်ဘော့စ်ဘောအသင်းနဲ့ နယ်သာလန်အသင်းရဲ့ ဗုဒ္ဓဟူးနေ့ပွဲမှာ မြန်မာ့အလံ တလူလူလွှင့်နေတာ တွေ့မိကောင်း တွေ့နိုင်လိမ့်မယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်.. (ဟမ်)


Taiwanese plan to skirt Olympics flag ban

TAIPEI, Taiwan (AP) — A Taiwanese newspaper says fans are preparing to skirt a Chinese ban on displaying the Taiwan flag at the Olympics by waving the Myanmar flag instead. Tuesday's United Daily News reports that fans plan to wave the Myanmar flag because, like the Taiwan flag, it features a blue star-studded square on the upper left corner of a red backdrop.

From a distance, the two might be confused. Taiwan competes in the Olympics under the name of "Chinese Taipei." China considers the self-ruled island a part of its territory. The two sides split amid civil war in 1949. Taiwan's baseball team is to compete against the Netherlands on Wednesday.
京奧觀察:看到國旗了?呃,是…緬甸的

USA Today : Taiwanese plan to skirt Olympics flag ban

3 comments:

  1. အစတော့ ပြုံးမိတယ်။ နောက်တော့ ရီမိတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။

    ReplyDelete
  2. သူတို့တွေ အဖြစ်က ကျွန်တော်လိုပါပဲ ကျွန်တော်လည်း ဂိမ်းဆော့ရင် မြန်မာ အလံနဲ့ တူတဲ့ ထိုင်ဝမ် အလံ ယူဆော့ရတယ် worm 4 mayhem ဂိမ်းဆော့ရင် အမြဲယူတယ်.. ထိုင်ဝမ်တွေ အလံ သုံးခွင့် မရတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး ကျွန်တော့်ပို့စ်ကို လင့်ချိတ်ပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ

    ReplyDelete
  3. Reo.. ဟုတ်ပါ့၊ စိတ်ဝင်စားဖို့ကောင်းတယ်။

    ထူးတေဇာ.. ဟားဟား၊ လက်စသတ်တော့ ဘဝတူတွေကိုး၊ ကော်မန့်အတွက် ကျေးဇူးပါဗျာ။

    ReplyDelete