တရုတ်-မြန်မာ၊ သို့မဟုတ် အင်္ဂလိပ်-မြန်မာ ဘာသာပြန် ဗိုလံတီယာများအလိုရှိသည်။ မြန်မာစာပေ ကျွမ်းကျင်သော ကျောင်းသားများနှင့် အသိမိတ်ဆွေများ ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
YES အသင်းချုပ်သည် ၂၀၀၈ ခုနှစ် ၅ လပိုင်းမှစ၍ လက်ရှိကာလအထိ အိုင်တီပိုင်းဆိုင်ရာ ဗိုလံတီယာ လူငယ်များကို ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း ကွန်ပြူတာဌာနသို့ ကြိုကြားကြိုကြား စေလွှတ်ပြီး အိုင်တီနည်းပညာ သင်ကြားပို့ချရေးကို ဆောင်ရွက်စေခဲ့သည်။ သင်ယူကြသူများမှာ မြန်မာလူမျိုးများနှင့် ဆေးကုသပေးသော ဝန်ထမ်းလုပ်သားများဖြစ်ကြသည်။
သင်ကြားမှုအဆင်ပြေချောမွေ့စေရန်နှင့် မယ်တော်ဆေးခန်းတွင် တာဝန်ထမ်းဆောင်နေသော လူငယ်များ အိုင်တီနည်းပညာကို လွယ်လင့်တကူ သင်ယူနိုင်ရန်အလို့ငှာ၊ သင်ကြားပို့ချပေးမည့် စာအုပ်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်မည့် မြန်မာဘာသာကျွမ်းကျင်သော မိတ်ဆွေများကို အထူးလိုအပ်လျက်ရှိသည်။ ဘာသာပြန်ရန် အဓိကအကြောင်းအရာများမှာ အိုင်တီနှင့်ပတ်သက်သော ပညာရပ်များဖြစ်ပြီး (Html. C++. SPSS. Access. Dreamweaver အစရှိသဖြင့်) မူရင်းစာကို တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားထား၍ ဘာသာပြန်မည့် မိတ်ဆွေများ အဆင်ပြေသလို ရယူပြန်ဆိုနိုင်သည်။
ကူညီပြန်ဆိုပေးပါရန် မြန်မာဘာသာကျွမ်းကျင်သော သူငယ်ချင်းမိတ်ဆွေများအား လေးစားစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။ စိတ်ဝင်စားပါက အီးမေးလ်မှတဆင့် ဆက်သွယ်နိုင်ပါသည်၊ ကျေးဇူးတင်ပါသည်။ yes@yestaiwan.org

徵求 緬文翻譯志工 懇請熟識緬甸文的僑生或朋友們能夠協助!
2008年5月底至今,本會陸續派遣青年資訊志工前往泰緬邊境梅道診所(Mae Tao Clinic)電腦中心辦理資訊教育訓練,教學對象均為緬甸人、醫療工作者。
為使課堂進行順利,降低診所青年對資訊軟體技術學習上的門檻,因此極需熟識緬甸文的朋友協助翻譯教材,翻譯內容大都為資訊相關軟體(Html. C++. SPSS. Access. Dreamweaver等等),並備有中、英文字體,方便有興趣的朋友選擇較熟識的文字來翻譯。
懇請各位熟識緬甸文朋友們能夠協助!
如有意願,歡迎來信告知,謝謝 yes@yestaiwan.org
※梅道診所(Mae Tao Clinic)由緬甸女醫師辛西雅在1988年辭掉優渥的仰光醫師工作來到美索創辦梅道診所,靠著各國人道救援組織的援助,提供泰緬邊境難民與貧困民眾的義診服務,並訓練一批非醫學科班出身的青年「背包醫療服務隊」深入緬甸叢林照顧烽火邊緣的部落。
YES:徵求 緬文翻譯志工 懇請熟識緬甸文的僑生或朋友們能夠協助!
[မှတ်ချက်- ကျနော့်ပို့စ်ဟောင်းတစ်ခုမှာ လာရေးသွားတဲ့ ကော်မန့်နဲ့ဆက်စပ်ပြီး တင်ဖြစ်သွားတာပါ၊ ထိုင်ဝမ်က အိုင်တီလူငယ်များ စုပေါင်းပြီး မယ်တော်ဆေးခန်းမှာ အိုင်တီနည်းပညာ သင်ကြားရေးကို လုပ်ဆောင်နေပြီး teaching materials တွေကို မြန်မာလို ဘာသာပြန်ပေးနိုင်မယ့်သူ ရှာနေကြခြင်း ဖြစ်ပါတယ်။ ကျနော်က ဒီလို လူအများကြီး ဝိုင်းပြီး ဘာသာပြန်တော့ အသုံးအနှုန်းတွေ ကမောက်ကမ ဖြစ်မှာစိုးလို့ ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ မြန်မာဘာသာနဲ့ ရေးထားတဲ့ အိုင်တီစာအုပ်တွေကို တရုတ်လိုပြန်ပြီး သင်ဖို့ အကြံပြုခဲ့တယ်၊ ဒါပေမဲ့ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ဆိုတော့ (မြန်မာစာအုပ်အတိုင်း သင်ပေးနိုင်ဖို့ သူတို့နားလည်သလို အရင်သင်ယူရမှာ၊ အခုပြဿနာက သူတို့မှာ သင်ပေးစရာရှိပြီးသား၊ တဖက်သား နားလည်အောင် လုပ်ပေးဖို့ပဲ လိုနေတာ) မြန်မာစာအုပ်ကို တရုတ်လိုပြန်နေရရင် တော်တော်ရှာရခက်တဲ့ (ဘာသာပြန်နိုင်ရုံတင်မက အိုင်တီနဲ့ပတ်သက်တဲ့ ပညာရပ်ကိုလည်း တီးမိခေါက်မိ ရှိပြီးသား) မြန်မာမိတ်ဆွေတွေအပေါ် အခုထက်တောင် ပိုအားကိုးနေရမယ်ဆိုတော့ အဆင်သိပ်ပြေမှာ မဟုတ်ဘူးလို့ ပြန်ပြောပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အခုလို စေတနာရှေ့ထားပြီး လုပ်သင့်တာတွေ လုပ်ပေးနေတဲ့ သူတို့တတွေ သင်ကြားရေးမှာ အထောက်အကူဖြစ်စေဖို့ အချိန်ပေးနိုင်မယ့် သူငယ်ချင်းမိတ်ဆွေများရှိရင် အပေါ်က အီးမေးလ်နဲ့ သူ့ကိုဆက်သွယ်ကြပါလို့ တိုက်တွန်းပါရစေ။ ကျနော်ကတော့ ဖိုင် ၂ ခု ပြန်ပေးခဲ့ဖူးတယ်၊ အချိန်ကုန်တာထက် ကိုယ်ပြန်ထားတဲ့ ဝေါဟာရတွေ အမှားမှား အယွင်းယွင်း ဖြစ်ကုန်မှာ စိုးရိမ်မိတာ အမှန်ပါ]
0 comments:
Post a Comment