Draft ရဲ့ feature အသစ်တွေကြောင့် ဒီပိတ်ရက်ရှည်မှာ အချိန် တော်တော်များများကို ဟိုကလိ ဒီကလိ လုပ်ရင်းပဲ ကုန်လွန်စေခဲ့တယ်။
ဦးဆုံး ပြင်ဖြစ်တာက template ပါ၊ ကိုယ်ကြိုက်လို့ ရွေးထားခဲ့တဲ့ ၃ ကော်လံကို အမြင်ကပ်နေတာ ကြာပါပြီ၊ တခါတလေ စိတ်ကျဉ်းကြပ်တယ်လို့ ခံစားရလို့ပါ။ ဒီလိုပါပဲ၊ ဘောင်းဘီ အကြပ်ဝတ်လိုက်၊ ခေါင်းလောင်း ဝတ်လိုက်၊ အကြပ် ပြန်ဝတ်လိုက် ဖြစ်နေတဲ့ ပွတခါ ကျုံ့တလှည့် နိယာမအရ ဘလော့ဂ်ကိုလည်း ၂ ကော်လံမှ ၃ ကော်လံသို့၊ အခုတခါ ၃ ကော်လံမှ ၂ ကော်လံဆီသို့ ဆိုပြီး ပြန်ဖြစ်သွားရပါတယ်။
ပြင်ချင်နေတာ ကြာပြီဆိုပေမယ့် တစ်ခုလုံး ပြင်ပစ်ရမှာမို့ စိတ်လေးနေတယ်၊ သိတဲ့အတိုင်း သူများ လုပ်ပြီးသား template တစ်ခုခုကို သွားကူးပြီး တစ်ခုလုံး လဲပစ်ရမှာလေ၊ လဲရုံနဲ့ မပြီးဘူး၊ ပြင်ရ ဆင်ရမှာတွေ အများကြီး ကျန်သေးတယ်၊ ဆိုတော့ တွေးတွေးပြီး မပြင်ဖြစ်ဘူး။ ဒါပေမဲ့ အခု draft မှာ template ကို လွယ်လွယ်နဲ့ ပြင်နိုင်တဲ့ template designer ဆိုတာ ရှိလာတော့ ပြင်ချင်နေတဲ့ ကိုယ့်လိုလူအတွက် ရေငတ်တုန်း ကိုကာကိုလာ သောက်လိုက်ရသလိုပဲ။
အခု draft မှာ အဓိကပုံစံ ၄ ခု ပေးထားပြီး တစ်ခုချင်းကိုပဲ အရောင်လေးငါးမျိုး ပြောင်းလို့ရတယ်။ အဲဒါအပြင် နောက်ခံ ဘက်ဂရောင်းပုံလည်း စိတ်ကြိုက် ပြင်နိုင်တယ်၊ နောက်ပြီး ကျနော့်အတွက် တော်တော် အဆင်ပြေတဲ့ feature တစ်ခုကတော့ ကော်လံတွေရဲ့ အကျယ်ကို စိတ်ကြိုက် bar ကလေး ဆွဲပြီး ချဲ့ချုံ့နိုင်တာပါ။ နောက်ပြီး footer အပိုင်းကို ၁ ကော်လံ၊ ၂ ကော်လံ၊ ၃ ကော်လံ ဆိုပြီး ကြိုက်သလို လွယ်လင့်တကူ ပြင်နိုင်ပါသေးတယ်။
မြင်ကြတဲ့အတိုင်း template နဲ့ ပတ်သက်လို့ နောက်ဆုံး ပြင်ဖြစ်တာက body ကို ၂ ကော်လံ၊ footer ကို ၃ ကော်လံပါ။ ကာလာကိုတော့ မနေ့က ခပ်မှိုင်းမှိုင်း theme ရွေးခဲ့ပြီး အဲဒါက IE8 မှာ အဆင်မပြေလို့ ဟိုပြောင်း ဒီပြောင်း လုပ်လိုက်တာ နောက်ဆုံး အခုလက်ရှိ အဖြူနောက်ခံမှာပဲ တခန်းရပ် သွားပါတယ်။ စာဖတ်သူအတွက် အဆင်ပြေမယ် မျှော်လင့်ပါတယ်။
နောက် ဆော့ဖြစ်တာက pages ဆိုတာပါ၊ ဒါကတော့ ဒီနေ့မှ သိလိုက်ရတဲ့ feature ပါ။ ကျနော်တို့ တခါတလေ ဘလော့ဂ် ပေါ်မှာ ကြော်ငြာချက်တို့ ဆက်သွယ်ရန်တို့ ဘလော့ဂ်အကြောင်းတို့ ရေးချင်တဲ့အခါ ပို့စ်အနေနဲ့ တင်ဖို့ သိပ်မသင့်တော်ဘူး။ အလည် လာသူတွေ၊ အထူးသဖြင့် ဧည့်သည် အသစ်တွေ ပို့စ် မဖတ်ခင် အရင် ဖတ်ရမယ့် စာမျိုးဖြစ်လို့ ပင်မ စာမျက်နှာမှာ အဲဒီလင့်ခ်တွေ တင်ထားလေ့ရှိတယ်။ အဲသလို လိုအပ်ချက်မျိုးအတွက် သီးသန့် စာမျက်နှာတွေကို pages နဲ့ ရေးနိုင်ပါတယ်။ ဒီဘလော့ဂ်ရဲ့ အပေါ်နားက အသစ်ထည့်ထားတဲ့ ခလုပ် ၅ ခုထဲက photos ကို pages စာမျက်နှာနဲ့ ချိတ်ထားတာပါ (လင့်ခ်ကို သတိထားကြည့်ပါ)။ အဲဒါ ပို့စ်တစ်ခု မဟုတ်တဲ့အတွက် ဒီနေ့တင်ပေမယ့် ဘလော့ဂ်ပို့စ် အနေနဲ့ မတက်ပါဘူး။
နားပါဦးမယ်။ ၁၂ နာရီ ထိုးခါနီးမို့ ရပ်လိုက်တာပါ၊ နို့မို့ဆို အဲဒီစာမျက်နှာအတွက် layout သီးသန့် ထပ်လုပ်ချင်သေးတယ်၊ လုပ်ပုံလုပ်နည်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

အခုတန်းပလိပ်လေး ကောင်းလိုက်တာ။ footer မှာ ကော်လံသုံးခုဆိုတော့ website လိုမျိုးဖြစ်သွားတာပေါ့နော်။ လုပ်နည်းကို သိပ်နားမလည်ပေမယ့် ဒါလေးကိုတော့ တော်တော်သဘောကျသွားတယ်။ ဆက်ရန်ကို စောင့်ဖတ်ဦးမယ်..။ တင်ပေးတာ ကျေးဇူးတင်ပါတယ်..
ReplyDeleteလိုက်မလုပ်ပေမဲ့ဖတ်ပါတယ်။
ReplyDeletetweaking is my favorite part of blogging :)
ReplyDeleteတန်းပလိတ်သတင်းအရဆိုရင် စမ်းသပ်ဆဲကာလမှာရှိတုံးပဲပေါ့
ReplyDeleteကာလာ ကွန်ဘနေရှင်းက မဆိုးပါဘူး။ ကြည့်ရတာ မျက်စိအေးတယ်။ ကြည်ကြည်လင်လင်ရှိတယ်။ အဖြူအောက်ခံနဲု့ စာဖတ်တာ အသားကျနေလို့နဲ့တူတယ်။
ReplyDeleteသို့သော်ငြားလည်း ဘလော့ဂါရဲ့ စရိုက်ကိုတော့ ထင်ဟပ်မပြနိုင်ဘူးလားလို့။
အစမ်းပဲ ရှိသေးတယ်ဆိုတော့ အတည်ဖြစ်တဲ့အထိ စောင့်လိုက်ပါဦးမယ်။
Hi Ko TZA,
ReplyDeleteThe new tamplate is nice. But just let you know that it cannot be seen the Myanmar Fonts (in the comment portion, the body can be seen in Myanmar Fonts)with IE while with Firefox can be seen both portion in Myanmar. Just notify you only as I usually read from IE since added favourites. =) I have already changed to Firefox to read your blog. Waiting for your new post. Thanks for at all time sharing. =)
Keep going. Cheers!
lcy
လှတယ်...း))
ReplyDeleteဟမ်းး "Like" လည်းမရှိတော့ပါလား???
ReplyDeleteလသာည.. “ဆက်ရန်” ရေးဖို့စဉ်းစားနေပါတယ်၊ အားပေးတာ ကျေးဇူးပါဗျာ။
ReplyDeleteအရီးကွန်.. လိုက်မဖတ်ပေမယ့် လုပ်ပါတယ်။
ဥာဏ်မင်း.. ဟုတ်တယ်ဗျာ၊ အဲဒါလည်း အလုပ်တစ်ခုပဲ တဲ့။
:) .. ဟုတ်ပါတယ်၊ အတည်မဖြစ်သေးပါဘူး။
တောင်ပေါ်သား(ထဝ).. ဟားဟား.. ရှုပ်ပွနေမှ ဘလော့ဂါစရိုက် ပေါ်မယ်လို့ ပြောချင်တာလား။
Icy.. သတိပေးတာ ကျေးဇူးတင်ပါတယ်၊ ပြင်လိုက်ပါပြီ၊ IE နဲ့လည်း ဖတ်နိုင်ပါပြီ၊ comment feed ကိုလည်း ဇော်ဂျီပဲ ပေးလိုက်ပါတယ်။ (ကျနော့်ဖုန်းရဲ့ opera နဲ့ဖတ်လည်း အဆင်မပြေပါဘူး)
သက်ဝေ.. များကိုလားရင်င်င်..။
potato.. အဲဒါပြန်ထည့်ရကောင်းမလား မကောင်းဘူးလား ဝေခွဲမရဖြစ်နေတယ်၊ မနက်ဖြန် ဘုရားမှာ စာသွားချမလားလို့။
အခုထိ ညကလေး “ဉ” နဲ့ ဥ ကို မခွဲခြားတတ်သေးတဲ့ တီဇီးအာရ်းပါလား...။
ReplyDeleteသွား သွား... ရီတာ့ဆီမှာ ညကလေး “ဉ”နဲ့ ဥ နဲ့ ခွဲခြားနည်း သင်တန်း သွားတက်လိုက်ဦး။
ဥာဏ်မင်း = အုံမင်း ဟု အသံထွက်သည်။
ဉာဏ်မင်း = ညန်မင်းဟု အသံထွက်သည်...။
သြော် သြော်.. Nyan Min လဲ တီဇီးအာရ် လုပ်မှ အုံမင်း ဖြစ်ရရှာတော့တယ်။
ပုံ/
အမှားရှာဖွေထောက်ပြရန် ဝါသနာကြီးသူ (ကိုယ့်ကို အမှားလာရှာက လုံးးးးးးဝ လက်မခံနိုင်သူ)
ဟိဟိ
Ko Boyz, I've never known that it can be pronounced this way, it's fine though as long as you guys don't call me out loud if ever we met, oops!
ReplyDeleteဘွိုက်.. ဒါဆိုဥကလေးကို ဘယ်လိုရေးမလဲ၊ ဖြေပါ၊ အမြန်ဖြေပါ။
ReplyDeleteဉာဏ်မင်း.. အော်မှာပဲ၊ အော်မှာပဲ။ အုံမင်း အုံမင်း။
ဥုံမင်းဆို ခံသာသေး...။
ReplyDeletePifpif
ခုမှသတိထားမိတယ်၊ ဥာဏ်ကို အုံလို့ မဖတ်သင့်ဘူး၊ အမ်လို့ ဖတ်ရမှာ။ ဘဏ် ကဏ္ဍ စသဖြင့် ဥပမာတွေရှိပါတယ်။ ပစ်ဖ်ပစ်ဖ်ပြောတဲ့ ဥုံမင်းကတော့ တော်တော်မိုက်တဲ့နာမည်ပဲ၊ ဟားဟား။
ReplyDelete“ဉာဏ်”ကို အခုထိ မရိုတ်ဘူး..။ ညကလေးက ဘယ်နေရာကို ဘယ်လိုရိုက်ရမှန်းမသိလို့..။ အမြဲတမ်း “ဉာဏ်ရည်”ကို “ဥာဏ်ရည်”လို့ပဲရေးဖြစ်နေတယ်။ ရိုက်နည်းသိရင် ပြောပါဦး..။
ReplyDeleteအခုရေးတဲ့ “ဉာဏ်”က အပေါ်ကနေ ပြန်ကူးထားတယ်.. :))
ဟော. ရိုက်ရင်းနဲ့ “ဥာဏ်”တွေ ရှုပ်ကုန်ပြီ။ ဆောရီး..းD
ရှူး.. တိုးတိုး..
ReplyDelete(ကိုယ်လည်းကူးတင်ထားတာ)
ဘယ်ပို့စ်ကို နှိပ်နှိပ် (သွားသွား) Address မှာ http://degolar.info/ ပဲ ပေါ်အောင် တမင်များ လုပ်ထားတာလားမသိ။ တမျိုးပါလား။ Domain Name ယူတာ မိန်းမယူသလိုပဲနော်...ဘွာတေးလုပ်ရ ခက်တယ်။ ...... "ဂေါက်"
ReplyDeleteဟားဟား.. ပြောတော့မယ်ကိုအန်ဒီ.. တမင်မလုပ်ပါဘူး၊ လင့်ခ်အပြည့်ပေါ်အောင် မလုပ်တတ်လို့ဗျ (go daddy ရဲ့ interface မှာ လုပ်စရာနေရာ မတွေ့လို့ဆိုရင် ပိုမှန်တယ်)။ ကျနော် ၂ ခါလောက် ပြောင်းဖူးတယ်၊ “ဂေါက်” လို့တော့ မမြည်ပါဘူး၊ ဟဲဟဲ။
ReplyDelete