Search This Blog

Loading...

09 May 2010

♠ DYY - May's May May's Day

ကျွန်ုပ်တို့ ယခု ဖြတ်သန်းနေသောလသည် တစ်နှစ်တာ၏ ငါးလမြောက်ဖြစ်ပြီး ဤငါးလမြောက်သောလ တနည်း မေလ၏ ဒုတိယမြောက် တနင်္ဂနွေနေ့သည် ယနေ့ပင် ဖြစ်ပေသည်၊ တိုက်ဆိုင်စွာဖြင့် မေလ၏ ဒုတိယမြောက် တနင်္ဂနွေနေ့သည် ကမ္ဘာတဝှမ်းရှိ မိခင်များအား ဂုဏ်ပြုရန် သီးသန့် ရွေးချယ်ထားသည့် မိခင်များနေ့ ဖြစ်သည့်အလျောက် ကမ္ဘာသူ ကမ္ဘာသားများ လုပ်ကြသည့်အတိုင်း ကျွန်ုပ်၏ မာတာမိခင် ဒေါ်ရင်ရင်အတွက် ပို့စ်တစ်ပို့စ် တင်ရပေတော့မည်။

သူမ၏ အကြောင်း
သူမသည် ကျွန်ုပ်၏ မွေးသမိခင်ဖြစ်သည့်အပြင် ကျွန်ုပ် မွေးသဖခင်၏ ဇနီးမယားလည်း ဖြစ်သေးသည်။

သူမ၏ အမည်
ဒေါ်ရင်ရင်။ (တစ်ရင်တည်းရှိတယ်ဟေ့ ဟု သူမ မပြောနိုင်ပါ၊ နှစ်ရင် ဖြစ်နေပေသည်)

သူမ၏ အသက်
၆၅ နှင့် ၇၀ အကြား တစ်နေရာရာ (အမျိုးသမီးများသည် မိမိအသက်ကိုလျှို့ဝှက်ထားတတ်သည်)။

သူမ၏ အံ့မခန်းစွမ်းဆောင်မှု
ချစ်ခင်နှစ်လိုဖွယ် သားသမီး ၄ ယောက်တိတိကို မွေးဖွားထားသည်။

သူမ တတ်ကျွမ်း(ခဲ့)သော အတတ်ပညာများ၊ အသက်မွေးဝမ်းကြောင်းမှုများနှင့် ဝါသနာများ
စာသင်၊ ဈေးရောင်း၊ သိုးမွေးလက်ထိုး/စက်ထိုး၊ ဘတ်စကက်ဘော၊ တရုတ်အပ်စိုက်၊ အကော်ဒီယံ၊ ဘာဂျာ၊ အဆို၊ အက၊ တီဗွီ/ရုပ်ရှင်ကြည့်၊ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ ထမင်းဟင်းချက်၊ အင်တာနက်သုံး စသဖြင့် မရေမတွက်နိုင်အောင် နေ့စဉ်နှင့်အမျှ တိုးပွားဆဲဖြစ်သည်။

အထက်ပါ အချက်အလက်များသည် ကျွန်ုပ်သိသမျှ သူမ အကြောင်းပင် ဖြစ်တော့သည်၊ ဆက်လက်ပြီး သူမ၏ တိတ်တိတ်ပုန်း လက်နက်ဟု ထင်ရသော မှတ်စုစာအုပ်ကလေး အတွင်းရှိ စာမျက်နှာတချို့ကို သူမ မသိအောင် တိတ်တိတ်ပုန်း ရိုက်ယူပြီး တင်လိုက်ပါသည်၊ တိတ်တိတ်ကလေး အတုယူကြပါ။ (ဝန်ခံချက် - ဤကဲ့သို့သော စေ့စပ်သေချာခြင်းတွင် ကျွန်ုပ် သူမ၏ ခြေဖျားပင် မမှီပါ)

ပုံ ၁ - အင်တာနက်အသုံးပြုနည်း သင်ယူစဉ်ကမှတ်စု (Google အရောင်ပင် ခြယ်ထားသေးသည်)

ပုံ ၂ - မြန်မာစာရိုက်နည်း သင်ယူစဉ်ကမှတ်စု

ပုံ ၃ - အင်္ဂလိပ်စာ သင်ယူစဉ်ကမှတ်စု

ပုံ ၄ - တခြားအကြောင်းအရာ (ဤစာမျက်နှာသည် လင်ဇီး Lingzhi စားသုံးနည်း ဖြစ်ပါသည်)

--
ကမ္ဘာတလွှားရှိ မိခင်များအားလုံး မိခင်ကောင်းများ ဖြစ်ကြပြီး ရှိရှိသမျှသော မိခင်ကောင်းများအားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။

28 comments:

  1. စာအုပ်ထုတ်ရရင်ကောင်းမယ်။

    ReplyDelete
  2. အံ့မခန်းဒေါ်ရင်ရင်ပါတကား.။

    ReplyDelete
  3. So funny!
    And lovely !!!!!!!!
    She's such a clever mom :)

    ReplyDelete
  4. ချီးကျူးစရာ ကောင်းလောက်အောင် တိကျတဲ့ ဒေါ်ရင်ရင်ပါလား.. သူ့ရဲ့မှတ်စုတွေကို ငှားချင်တာ.. အိမ်မှာ အမေတွေ အဒေါ်တွေကို ကွန်ပျူတာ ဘယ်လိုမှ သင်ပေးလို့ မရ ဖြစ်နေလို့.. ဒေါ်ရင်ရင်ဆီမှာဘဲ သင်တန်းသွားတက်ခိုင်းရင် ကောင်းမလား..

    ReplyDelete
  5.့ ဒေါ်ရင်ရင်ပျော်ရွင်ပါစေ....
    Happy mother day ပါကို TZA.

    ReplyDelete
  6. ကြိုက်သွားပြီးဟေ့ :D

    ReplyDelete
  7. ဖြိုးအောင်May 9, 2010 5:49 PM

    ကိုတီဇက်အေ မာမားကို ဘလော့်ဂ်တခု တကယ်ဖွင့်ပေးသင့်တယ်ဗျ..
    သားထက် အမေက ပိုစွံမှာ သေချာတယ်။
    စိတ်ဝင်စားဘွယ် ပိုစ့်တွေ ထွက်လာမှာ မြင်ယောင်သေးတော့....

    ReplyDelete
  8. အန်တီရင်ရင်က ချစ်ဖို့ကောင်းလိုက်တာ...တော်လိုက်တာနော်...အန်တီရင်ရင် ကျမ်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်...

    ReplyDelete
  9. မေမေကို တော်တော်ချစ်တဲ့သား
    မေမေကလည်း တော်တော်ချစ်တဲ့သားပဲ
    နောက် တစ်ခြားမေမေတွေကလည်း လေးစားစရာကောင်းတဲ့ မေမေ
    တစ်နေ့တစ်မျိုး သားကို မရိုးရအောင် အတွေးတွေ ပေးတတ်တဲ့မေမေပဲ...
    တကယ်ပါပဲ...
    အံ့မခန်းတဲ့ ဒေါ်ရင်ရင်ပါ :)

    ReplyDelete
  10. Happy Mother Day to Aunty Daw Yin Yin. ဒီပို့ ကို အကြိုက်ဆုံးပဲဗျာ

    ReplyDelete
  11. လက်ရေးလေးက လှလိုက်တာ
    ဒို့များလဲ Mother Day ကျင်းပတယ်
    Ponggol Country Club Sakuraမှာ သွားဝါးပီး :P


    P.S အမေစားတာ နနဲ ကိုယ်တို့ညီအမစားတာက များများ :)

    ခွေဖြူ

    ReplyDelete
  12. အန်တီဒေါ်ရင်ရင်နှင့်မိခင်များအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

    TZM

    ReplyDelete
  13. မိခင်ကောင်းဖြစ်ဖို့ ကျွန်ုပ် ကြိုးစားဦးမည်။

    ဒေါ်ရင်ရင်ကို အားကျပြီး သစ္စာအဓိဋ္ဌာန် မျက်စိမှိတ်၍ဆိုသွားသည်။

    မသီတာ

    ReplyDelete
  14. Lovely Anty DawYY !!!!


    pifpif

    ReplyDelete
  15.း)

    အမေများအားလုံး ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  16. တီဇက်အေ ရဲ့ ဒေါ်ရင်ရင် အကြောင်းလေးတွေ ဖတ်ပြီး ပြုံးမိ သဘောကျနေတာကြာပြီ..။
    ခုတော့.. အင်တာနက် သုံးနည်း..မြန်မာစာရိုက်နည်းလေးတွေ ကြည့်ပြီး.. ကြီးကြီး ဒေါ်ရင်ရင် ကို.. သဘောကျ ကြည်နူးစွာ..ထပ်ပြုံးလိုက်မိတော့တယ်။း))

    ReplyDelete
  17. 我妈妈也是这样,学好多东西,每次打电话回家就会听到她又在学新东西了呢! 好可爱:D
    祝妈妈们身心健康

    ReplyDelete
  18. ချစ်စရာကောင်းတဲ့ အန်တီဒေါ်ရင်ရင်...
    စာလေးတွေ စိတ်ရှည် လက်ရှည် ရေးမှတ်ထားတာ ချစ်လိုက်တာ...
    စေ့စပ်သေချာလိုက်တာလဲ လွန်ပါရော...

    ချစ်ရတဲ့ အမေတွေ အားလုံးအတွက် ပျော်စရာ အမေများနေ့ဖြစ်ကြပါစေ...

    ReplyDelete
  19. ကော်မန့်ရေးသွားသူများအားလုံးကို ကျနော့်မားသားကြီးကိုယ်စား ကျေးဇူးတင်လိုက်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။

    ReplyDelete
  20. ကျနော်(ကိုယ်၊ ငါ၊ ကျွန်ုပ်၊ I)တို့ဆီမှာ အခုမှ Mother's Day စ တာဆိုတော့ မှီပါသေးတယ်.. တာဝန်ကျေစွာ ဆုတောင်းပေးဘို့..။
    xxx သားသမီးရှိသော မရှိသော အိမ်ထောင်သည် အမျိုးသမီးများ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေသတည်း..။xxx

    ReplyDelete
  21. TZA.....the way you express about your mother is very lively with humour. It makes us feel how much you love and treasure your mother. I am sure everyday is your marmar mom maymay day for you. Anyway I like to wish you "Happy Mother's day" TZA .
    May TZA's mother Daw Yin Yin be happy and healthy!

    ReplyDelete
  22. ဒေါ်ရင်ရင်ရဲ့သားက ကြွက်ကြောက်သေးလား သိချင်တယ် ခိခိ
    အမ ခင်မင်းဇော်

    အာရီးဒေါ်ရင်ရင် သို့မဟုတ် ကောကော ဒေါ်ရင်ရင်
    ကျမ်းမာချမ်းသာပျော်ရွှင်နိုင်ပါစေ....

    ReplyDelete
  23. loading လုပ်နေတာ စောင့် ဆိုတာကို ဖတ်ပြီး သဘောကျလိုက်တာ..။ TZA မောင်လေး၊ အန်တီ ဒေါ်ရင်ရင် အကြောင်းချည်း ရေးတဲ့ ပို့စ်တွေ စာအုပ် ထုတ်ဖြစ်အောင် ထုတ်ပါ။ အရမ်း သဘောကျဖို့ ကောင်းတယ်။ အမ ပထမဆုံး ၀ယ်မယ်လို့ စာရင်းတို့သာ ထားပေတော့..

    ReplyDelete
  24. Google ကို အရောင်ချယ်ရေးထားတာကြည့်ပြီး သဘောကျလို့ အသံထွက်အောင်ပင် ရယ်မိပါသည်။ အန်တီ ဒေါ်ရင်ရင်တိကျပုံကို မျက်ဝါးထင်ထင်မြင်တွေ့သွားပါပြီ။ သားအမိ၂ယောက်လုံး ပျော်ရွှင်ကြပါစေ။

    ReplyDelete
  25. အန်တီအကြောင်းရေးပါဦး..ကြိုက်တယ်

    ReplyDelete
  26. ကိုkma.. ဟုတ်တယ်နော်၊ အိမ်ထောင်ရှင်မများအတွက်လည်း ရက်တစ်ရက်ရှိသင့်တယ်။

    xxx သားသမီးရှိသော မရှိသော အိမ်ထောင်သည် အမျိုးသမီးများ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေသတည်း..။xxx

    အားလုံးကို ကျေးဇူးထပ်တင်ပါတယ်၊ မားသားကြီးအကြောင်း အလျင်းသင့်သလို ရေးပါ့မယ်။

    ReplyDelete
  27. Aunty Daw Yin Yin ko chit like tar.
    Aunty pyaw shwin chan myay par zay........

    ReplyDelete
  28. ဒေါ်ရင်ရင်ထံမှ ဖြည့်စွက်ချက်...

    မြန်မာစာရိုက်နည်း သူမသင်လိုက်ရဘူး တဲ့၊ အဲဒီ မှတ်စုက သူများဆီက ကူးထားတာပါ တဲ့၊ ပိုပိုလိုလို ကူးထားရုံပါ တဲ့၊ မရိုက်တတ်ပါ တဲ့၊ သူများ အထင်တွေကြီးကုန်မှာစိုးလို့ ဖြည့်စွက်ပေးပါ တဲ့ဗျား။

    ReplyDelete