ဆက်ပါမယ်။
--
3. 周永明

သူက smart phone တွေထုတ်တဲ့ hTC ကုမ္ပဏီရဲ့ CEO ပါ၊ ကျနော် လူမိုက်၊ လူမိုက် ကျနော် ပန်းသီး 3Gs ကိုကျောခိုင်းပြီး မျက်စိကို စုံမှိတ်လို့ ရွေးဖြစ်ခဲ့တဲ့ hd2 ကို သူတို့ထုတ်တာပါ။ Windows WM OS နဲ့ Google Android OS သုံးတဲ့ဖုန်းတွေ အဓိက ထုတ်ပါတယ်။ Chair woman ကတော့ အခုထက်ထိ ဟိုးအရင် ရေးခဲ့ဖူးတဲ့ ဝိုင်စီဝမ်းရဲ့ သမီးပါပဲ။ ၂၀၀၉ ဝင်ငွေက ပန်းသီးရဲ့ ၁၀ ပုံ ၁ ပုံပဲ ရှိပေမယ့် ထိုင်ဝမ်လို ကျွန်းပေါက်စ အတွက်တော့ အတော့်ကို မဆိုးလှတဲ့ ကုမ္ပဏီတစ်ခုပါ။ အောင်မြင်တဲ့ ကုမ္ပဏီတိုင်းကို ပဲ့ကိုင် မောင်းနှင်နေကြတဲ့ လူပုဂ္ဂိုလ်တိုင်းဟာ လေးစားစရာကောင်းတယ် ဆိုပေမယ့် ဒီလူကိုမှ သီးသန့် ရွေးထုတ်ရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းတော့ ရှိပါတယ်။
ဒါက သူ့ကို ခေါ်ရိုက်ထားတဲ့ ထိုင်ဝမ်ထုတ် Luxgen ကား ကြော်ငြာပါ။
နောက်ကွယ်က အကြောင်းကတော့ ဒီပုဂ္ဂိုလ်က မြန်မာပြည်ပေါက်ပါ။ ဒီလိုင်းထဲဝင်ဖို့ နည်းပညာ အတတ်ပညာတွေ မဆိုထားနဲ့၊ ထိုင်ဝမ် ရောက်စက အချင်းချင်း ဆက်ဆံပြောဆိုဖို့ ဘာသာ စကားတောင် အခက်အခဲ ဖြစ်နေတဲ့ အနေအထားကနေ ခေါင်းမာမာနဲ့ ဇွဲမလျှော့ပဲ တလှမ်းချင်း လျှောက်ခဲ့တာ အခုတော့ ကုမ္ပဏီကြီး တစ်ခုရဲ့ CEO ဝန်ထုပ်ကြီးကို ပိုးထားနိုင်ပြီ။ ဒီပုဂ္ဂိုလ်ထက် အောင်မြင်တဲ့ ပြည်ပရောက် မြန်မာတွေ (မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့သူ၊ မြန်မာ့ရေသောက် မြန်မာ့ဆန်စားခဲ့သူ မှန်သမျှကို ဆိုလိုပါတယ်၊ အောင်မြင်ခြင်းမှာ ဗမာ ရခိုင် တရုတ် ကုလား အဖြူ အဝါ အမည်း စသဖြင့် ထပ်ခွဲစရာ မလိုပါ) အများကြီး ရှိမှာပါ၊ ဖြစ်နိုင်ရင် အားလုံးကို တစုတစည်းတည်း တင်ပြနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ဖြစ်၊ စာအုပ်ဖြစ်ဖြစ် ရှိစေချင်တယ်၊ အင်မတန် inspire ဖြစ်စေတဲ့ အရှင်လတ်လတ် သာဓကတွေပါပဲ။
ဒါက Microsoft ရဲ့ CEO ဖြစ်သူ Steve Ballmer နဲ့ hd2 ကြော်ငြာနေတာပါ။

--
4. 陳樹菊
ဒီ သာမည အမျိုးသမီးကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံလွန်လွန်းလို့ living goddess လို့တောင် တင်စားကြတဲ့အထိပါ။ သူမဟာ ၁၉၆၃ ခုနှစ်ကစပြီး အခုထက်ထိ ထိုင်ဝမ် အရှေ့တောင်ပိုင်းက ထိုင်တုံးမြို့ရဲ့ ဈေးကြီးထဲမှာ ဟင်းသီးဟင်းရွက် ရောင်းနေပါတယ်။ နေ့စဉ်နေ့တိုင်း မနက် ၃၊ ၄ နာရီထပြီး မိုးလင်း မိုးချုပ် ဈေးရောင်းရာက ရလာတဲ့ ဝင်ငွေတွေကို ခြစ်ချုပ် စုဆောင်းရင်း လူ့အဖွဲ့အစည်းကို လူမသိ သူမသိ ပေးဆပ်နေရာက Forbes ရဲ့ 2010 ခုနှစ် 48 Heroes of Philanthropy စာရင်းထဲ ပါသွားပြီး လူသိရှင်ကြား ဖြစ်သွားတယ်။
Chen Shu-chu 59 (Taiwan) [FORBES]
A vegetable vendor in the Central Market in Taitung in eastern Taiwan since 1963. Dropped out of school after her mother died and began selling vegetables to help support the family of 7. Works virtually every day. Donated $32,000 for a children's fund in 2004 and another $144,000 the next year to help build a library at a school she attended. Gave $31,000 in 2006 to the city's Kids Alive International orphanage and has spent $11,000 to support 3 orphans there. Plans to set up a $313,000 fund this year to help the poor with education and health care.
TIMES မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံး လူတွေစာရင်းထဲမှာ ထပ်ပါသွားတဲ့အခါ လူသိရှင်ကြားတင် မဟုတ်တော့ပဲ ကမ္ဘာကျော် ကုန်စိမ်းသည် ဖြစ်သွားပါတော့တယ်။
Chen Shu-chu By Ang Lee Thursday, Apr. 29, 2010 [TIMES]
Chen Shu-chu is a seller of vegetables in a stall in Taitung County's central market, in eastern Taiwan. Out of her modest living, Chen, 59, has managed to donate nearly NT$10 million (that's $320,000) to various causes, including $32,000 for a children's fund, $144,000 to help build a library at a school she attended and another $32,000 for the local orphanage, where she also gives financial support to three children.
What's so wonderful about Chen's achievement is not its extraordinariness but that it is so simple and matter of fact in its generosity. "Money serves its purpose only when it is used for those who need it," she told a newspaper. And rather than bask in her celebrity, Chen seems to dismiss the whole thing with a wave of her hand, perhaps even with a hint of irritation. "There isn't much to talk about, because I did not enter any competition," she says. "I haven't really made any huge donations."
She's planning to establish a fund to help the poor with education, food and health care. Amazing, but of all she has given away, her greatest gift is her example.
Lee is the Taiwanese-born director of Brokeback Mountain (ဒါရိုက်တာအန်းလီရေးပေးတယ်)
သူမ နှစ်ပေါင်း ၂၀ ကျော်တိုင် ဆက်တိုက် လှူဒါန်းခဲ့တဲ့ ငွေပမာဏက (NT$) ၁၀ မီလီယံနီးပါးတောင် ရှိနေပါပြီ။ ဘီလ်ဂိတ်စ်တို့လို ဒေါ်လာဘီလီယံများစွာ ဖင်ခုထိုင်ထားတဲ့ သူဌေးကြီးတွေ ဒီလောက်လှူရင် မထူးဆန်းပေမယ့် ဒီအမျိုးသမီးကြီးက ပင်ပင်ပန်းပန်း ရှာဖွာထားတဲ့ ချွေးနဲ့စာကို မစားရက် မသောက်ရက် ချွေတာဆုဆောင်းပြီး လိုအပ်တဲ့ နေရာတွေမှာ လှူပစ်တာဆိုတော့ အင်မတန်မှ လေးစားစရာ ကောင်းပါတယ်။ သူမရဲ့ စံနမူနာကြောင့် ထိုင်ဝမ်မှာ (ငွေပမာဏ များများစားစား မဟုတ်ပေမယ့်) အလှူရှင်လေးတွေ သိသိသာသာ များလာတယ်လို့ ဒီမှာ ဖတ်မိပါတယ်။ သူမ ပြောတဲ့ ဒီစကားတွေကို အရမ်းကြိုက်ပါတယ်...
“ပြိုင်ပွဲဝင်နေတာမဟုတ်ဘူး၊ လာမဗျူးကြနဲ့ဟေ့”
“ပိုက်ဆံဆိုတာ လိုအပ်တဲ့သူတွေသုံးမှ အဓိပ္ပါယ်ရှိတာတော့်”
(အင်း၊ မြန်မာပြည်မှာတော့ ကုန်စိမ်းရောင်းလို့ မီလီယံနဲ့ချီ စုမိတာမျိုး မရှိဘူးထင်တယ်နော့ :p)
--
3. 周永明

သူက smart phone တွေထုတ်တဲ့ hTC ကုမ္ပဏီရဲ့ CEO ပါ၊ ကျနော် လူမိုက်၊ လူမိုက် ကျနော် ပန်းသီး 3Gs ကိုကျောခိုင်းပြီး မျက်စိကို စုံမှိတ်လို့ ရွေးဖြစ်ခဲ့တဲ့ hd2 ကို သူတို့ထုတ်တာပါ။ Windows WM OS နဲ့ Google Android OS သုံးတဲ့ဖုန်းတွေ အဓိက ထုတ်ပါတယ်။ Chair woman ကတော့ အခုထက်ထိ ဟိုးအရင် ရေးခဲ့ဖူးတဲ့ ဝိုင်စီဝမ်းရဲ့ သမီးပါပဲ။ ၂၀၀၉ ဝင်ငွေက ပန်းသီးရဲ့ ၁၀ ပုံ ၁ ပုံပဲ ရှိပေမယ့် ထိုင်ဝမ်လို ကျွန်းပေါက်စ အတွက်တော့ အတော့်ကို မဆိုးလှတဲ့ ကုမ္ပဏီတစ်ခုပါ။ အောင်မြင်တဲ့ ကုမ္ပဏီတိုင်းကို ပဲ့ကိုင် မောင်းနှင်နေကြတဲ့ လူပုဂ္ဂိုလ်တိုင်းဟာ လေးစားစရာကောင်းတယ် ဆိုပေမယ့် ဒီလူကိုမှ သီးသန့် ရွေးထုတ်ရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းတော့ ရှိပါတယ်။
ဒါက သူ့ကို ခေါ်ရိုက်ထားတဲ့ ထိုင်ဝမ်ထုတ် Luxgen ကား ကြော်ငြာပါ။
နောက်ကွယ်က အကြောင်းကတော့ ဒီပုဂ္ဂိုလ်က မြန်မာပြည်ပေါက်ပါ။ ဒီလိုင်းထဲဝင်ဖို့ နည်းပညာ အတတ်ပညာတွေ မဆိုထားနဲ့၊ ထိုင်ဝမ် ရောက်စက အချင်းချင်း ဆက်ဆံပြောဆိုဖို့ ဘာသာ စကားတောင် အခက်အခဲ ဖြစ်နေတဲ့ အနေအထားကနေ ခေါင်းမာမာနဲ့ ဇွဲမလျှော့ပဲ တလှမ်းချင်း လျှောက်ခဲ့တာ အခုတော့ ကုမ္ပဏီကြီး တစ်ခုရဲ့ CEO ဝန်ထုပ်ကြီးကို ပိုးထားနိုင်ပြီ။ ဒီပုဂ္ဂိုလ်ထက် အောင်မြင်တဲ့ ပြည်ပရောက် မြန်မာတွေ (မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့သူ၊ မြန်မာ့ရေသောက် မြန်မာ့ဆန်စားခဲ့သူ မှန်သမျှကို ဆိုလိုပါတယ်၊ အောင်မြင်ခြင်းမှာ ဗမာ ရခိုင် တရုတ် ကုလား အဖြူ အဝါ အမည်း စသဖြင့် ထပ်ခွဲစရာ မလိုပါ) အများကြီး ရှိမှာပါ၊ ဖြစ်နိုင်ရင် အားလုံးကို တစုတစည်းတည်း တင်ပြနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ဖြစ်၊ စာအုပ်ဖြစ်ဖြစ် ရှိစေချင်တယ်၊ အင်မတန် inspire ဖြစ်စေတဲ့ အရှင်လတ်လတ် သာဓကတွေပါပဲ။
ဒါက Microsoft ရဲ့ CEO ဖြစ်သူ Steve Ballmer နဲ့ hd2 ကြော်ငြာနေတာပါ။

--
4. 陳樹菊

Chen Shu-chu 59 (Taiwan) [FORBES]
A vegetable vendor in the Central Market in Taitung in eastern Taiwan since 1963. Dropped out of school after her mother died and began selling vegetables to help support the family of 7. Works virtually every day. Donated $32,000 for a children's fund in 2004 and another $144,000 the next year to help build a library at a school she attended. Gave $31,000 in 2006 to the city's Kids Alive International orphanage and has spent $11,000 to support 3 orphans there. Plans to set up a $313,000 fund this year to help the poor with education and health care.
TIMES မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံး လူတွေစာရင်းထဲမှာ ထပ်ပါသွားတဲ့အခါ လူသိရှင်ကြားတင် မဟုတ်တော့ပဲ ကမ္ဘာကျော် ကုန်စိမ်းသည် ဖြစ်သွားပါတော့တယ်။
Chen Shu-chu By Ang Lee Thursday, Apr. 29, 2010 [TIMES]
Chen Shu-chu is a seller of vegetables in a stall in Taitung County's central market, in eastern Taiwan. Out of her modest living, Chen, 59, has managed to donate nearly NT$10 million (that's $320,000) to various causes, including $32,000 for a children's fund, $144,000 to help build a library at a school she attended and another $32,000 for the local orphanage, where she also gives financial support to three children.
What's so wonderful about Chen's achievement is not its extraordinariness but that it is so simple and matter of fact in its generosity. "Money serves its purpose only when it is used for those who need it," she told a newspaper. And rather than bask in her celebrity, Chen seems to dismiss the whole thing with a wave of her hand, perhaps even with a hint of irritation. "There isn't much to talk about, because I did not enter any competition," she says. "I haven't really made any huge donations."
She's planning to establish a fund to help the poor with education, food and health care. Amazing, but of all she has given away, her greatest gift is her example.
Lee is the Taiwanese-born director of Brokeback Mountain (ဒါရိုက်တာအန်းလီရေးပေးတယ်)
သူမ နှစ်ပေါင်း ၂၀ ကျော်တိုင် ဆက်တိုက် လှူဒါန်းခဲ့တဲ့ ငွေပမာဏက (NT$) ၁၀ မီလီယံနီးပါးတောင် ရှိနေပါပြီ။ ဘီလ်ဂိတ်စ်တို့လို ဒေါ်လာဘီလီယံများစွာ ဖင်ခုထိုင်ထားတဲ့ သူဌေးကြီးတွေ ဒီလောက်လှူရင် မထူးဆန်းပေမယ့် ဒီအမျိုးသမီးကြီးက ပင်ပင်ပန်းပန်း ရှာဖွာထားတဲ့ ချွေးနဲ့စာကို မစားရက် မသောက်ရက် ချွေတာဆုဆောင်းပြီး လိုအပ်တဲ့ နေရာတွေမှာ လှူပစ်တာဆိုတော့ အင်မတန်မှ လေးစားစရာ ကောင်းပါတယ်။ သူမရဲ့ စံနမူနာကြောင့် ထိုင်ဝမ်မှာ (ငွေပမာဏ များများစားစား မဟုတ်ပေမယ့်) အလှူရှင်လေးတွေ သိသိသာသာ များလာတယ်လို့ ဒီမှာ ဖတ်မိပါတယ်။ သူမ ပြောတဲ့ ဒီစကားတွေကို အရမ်းကြိုက်ပါတယ်...
“ပြိုင်ပွဲဝင်နေတာမဟုတ်ဘူး၊ လာမဗျူးကြနဲ့ဟေ့”
“ပိုက်ဆံဆိုတာ လိုအပ်တဲ့သူတွေသုံးမှ အဓိပ္ပါယ်ရှိတာတော့်”
(အင်း၊ မြန်မာပြည်မှာတော့ ကုန်စိမ်းရောင်းလို့ မီလီယံနဲ့ချီ စုမိတာမျိုး မရှိဘူးထင်တယ်နော့ :p)
Forbes: In Pictures: 48 Heroes of Philanthropy
自由時報: 陳樹菊效應 小額捐款1日增3倍
The 2010 TIME 100: the people who most affect our world
paul355322@痞客邦: C 咖出頭天!
大紀元: 台宏達電推新款Windows Phone
မောင်ရင်ပဲ အဲ့စာအုပ်တွေကို ပြုစုလိုက်ပါတော့.
ReplyDeleteဘယ်သူမှ မောင်ရင့်လောက် ဇွဲရှိမှာ မဟုတ်လို့ပါ
(လို့ မြှောက်လိုက်ပါရစေ...။)
အဟက်
အပေါ်ကလူကြီးကို အားကျတယ်ကွယ်.. မြန်မာပြည်က ဘုရားဒကာတွေလဲ တိုင်းမ်က ဖော်ပြသင့်တယ်။ သူတို့ခမျာလဲ မျက်နှာပြောင်ပြောင်နဲ့ ရှာထား တာတွေ လှူနေရတာ..သက်သာတာမှတ်လို့ ....
ReplyDeleteအဖြူ အဝါ အမည်း စသဖြင့် ထပ်ခွဲစရာ မလိုတဲ့ အောင်မြင်တဲ့ ပြည်ပရောက် မြန်မာတွေကို လေးစား တန်ဘိုးထားတတ်တဲ့ တစ်နေ့.. အဲ့ဒီနေ့ကို အရင်မျှော်လင့် နေမိပါတယ်။ အဲ့ဒီအခါကျ တစုတစည်းတည်း တင်ပြနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ဖြစ်၊ စာအုပ်ဖြစ်ဖြစ် အများကြီးတွေ့ရမှာပါလေ။
ReplyDeleteကုန်စိမ်းသည်ကို ကယ်ရီကေးချားထားတာ မောင်ရင်ပဲ ဆိုရင်တော့ ချီးကျူးပါတယ်လေ....။
ReplyDeleteအောင်မြင်ကြော်ကြား မြန်မာ များ ဆိုပြီး လုပ်ရအောင်လေ။
ReplyDeleteအစ်ကို TZA ပြုစုဗျာ။ ကျနော် website လုပ်ပေးမယ်။
အောင်မြင်သူတွေ ထည့်လိုက်ပေါ့ ဥပမာ ကိုဘ ၊ တီဇက်အေ . စသဖြင့်ဘယ်လောက်အောင်မြင်လည်း နာမည်ပါမှ ခေတ်မှီတယ်တောင်ဖြစ်နေတာနော့ ဟိဟိ။။
ReplyDeleteဘွိုက်ဇ်ရေ ...ကုန်စိမ်းသည်ကို ကယ်ရီကေးချားထားတာ TZA မဟုတ်လောက်ဘူးထင်တယ်နော့..သူဒီလောက် အချိန်ရှိမယ်မထင်ဘူး။ တစ်ကယ်သာသူဆိုရင်တော့ ဘွိုက်ဇ်ချီးကျူးတာမလွန်ပါဘူး။
ReplyDeleteThank you for sharing valuable news.
ReplyDeleteသူတို့လိုဖြစ်အောင်ကြိုးစားတော့မည် ဟု
ReplyDeleteကျွန်ုပ်ကြုံးဝါးသွားပါသည်။
TZM ( mon )
ကုန်စိမ်းရောင်းချင်လိုက်တာ !!!
ReplyDeleteကိုဘ.. မြောက်သွားတယ်၊ ဘုကြီးတစ်လုံးနဲ့ ပြန်ကျလာတယ်။
ReplyDeleteဖြိုးအောင်.. ဟာ၊ ဒါဘဘတွေကို စော်ကားတာပဲ၊ မခံနိုင်ဘူး မခံနိုင်ဘူး။ (သူရို့က လှူရောလှူရဲ့လားဟယ်)
ကိုkma.. ဟုတ်ပါတယ်၊ လာမှာပါ၊ မျှော့်။
ကိုဘ.. မှုတ်ပါဘူး၊ ချိတ်ကောင်းပါဘူး။
ကိုဇေယျာ.. အဟုတ်ပြောတာလား၊ စိတ်ဝင်စားတယ်ဗျာ၊ လုပ်ရအောင်။
Vista.. ဒီလူတွေသာပါရင်တော့ တွားမှာပဲ။ ဟီးဟီး။
ကြည်.. ဟုတ်ပါ့၊ TIMES က ယူထားတာပါ၊ ကျနော်ဆွဲတာဆို flickr ဖြစ်ဖြစ် fb ဖြစ်ဖြစ် တင်မှာပေါ့ဗျ။
အမည်မသိ.. ရပါတယ်၊ တခုခုရသွားရင် ရေးရကျိုးနပ်ပါတယ်။
TZM.. အိုးကေ၊ မှတ်ထားတယ်။
ရီတာ.. လှူရမယ်နော်၊ ကုန်စိမ်းချည်းရောင်းလို့မရဘူး :p
တိတ်တိတ်ကလေးဖတ်နေတဲ့သူကိုရော.စာပြန်ပါဦး။
ReplyDeletehttp://soeminhtike.com/?p=378
ReplyDeleteမြန်မာပြည်ကနေ တိုင်းတပါးမှာ တကယ့်ကို ပညာတတ်စွာနဲ့ အလုပ်လာလုပ်သူတွေ တပုံကြီးပါ။ တကယ့်ကို ဂုဏ်ယူ ချီးကျူးစရာပါ။ ဟိုတလောက က ကိုဒီဂိုလာ ဆိုဒ်မှာ တင်ထားတာ ဘယ်လောက် အားကျဂုဏ်ယူစရာကောင်းသလဲ။ ................
Prior to joining HTC, Mr. Chou was the Server Division Director at the Digital Equipment Corporation. Peter graduated with an electronic engineering degree from National Taiwan Ocean University in 1985 and entered National Chengchi University's Executive MBA Program in 2003. In 2006, Mr. Chou completed Harvard Business School's prestigious Advanced Management Program.
ReplyDelete@Anonymous.. thanks for your info:.
ReplyDelete