ထိုင်ဝမ်အကြောင်း မရေးဖြစ်တာကြာပြီ၊ ဒီပို့စ်နဲ့ နောက်ပို့စ်မှာ ဒီတစ်လနှစ်လအတွင်း ဖတ်ခဲ့ရ သိခဲ့ရတဲ့ ထိုင်ဝမ်က လေးစားထိုက်တဲ့ ပုဂ္ဂိုလ် လေးယောက်အကြောင်း ရေးပါမယ်။ လိုရင်းမရေးခင် ဒီဟာတွေ ရေးချင်စေတဲ့ တခြားကိစ္စတစ်ခု ကြားဖြတ် ရေးပါရစေ။
--
ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ်ကလာတဲ့ နှုတ်သီးကောင်းကောင်း လျှာပါးပါး အရောင်းတာဝန်ခံနဲ့ တခြား ဝန်ထမ်းတွေနဲ့ တက္ကစီ အတူစီးဖြစ်တယ်။ ကျနော်တို့အချင်းချင်း ပြောစရာ မရှိတော့တဲ့အခါ ခါတိုင်းလိုပဲ ကားဒရိုင်ဗာနဲ့ တောင်စဉ်ရေမရ ပြောဖြစ်ကြတယ်၊ ထိုင်ဝမ်ကလူ ပါနေပြီဆိုရင် ဘယ်အကြောင်းပဲ ပြောနေနေ၊ နိုင်ငံရေးဖက် ရောက်သွားတတ်တယ်။ ကြုံဖူးသလောက်တော့ တက္ကစီ ဒရိုင်ဗာတွေဟာ လီသားအဖရဲ့ ပီအေပီကို ချဉ်နေကြတာများတယ်၊ အဲဒါဆိုရင် လွတ်လပ်တဲ့ ကမ္ဘာက လာကြတဲ့ ထိုင်ဝမ်သားတွေနဲ့ စင်္ကာပူနယ်ခံ ဒရိုင်ဗာနဲ့ အတိုင်အဖောက်ညီညီ ပြောကြ ရှုံ့ချကြနဲ့ပေါ့။ ဖြစ်ချင်တော့ အဲဒီနေ့က ဒရိုင်ဗာက အဲသလိုလူမျိုး မဟုတ်ပဲ လီကွမ်ယူးကို ကိုးကွယ်သူ ဖြစ်နေတော့ ပွဲက ကြည့်ကောင်းသွားတယ်။ ထိုင်ဝမ် ပါလီမန်အမတ်တွေ ထိုးကြ ကြိတ်ကြတာကို ဒရိုင်ဗာက ထေ့တယ်၊ အစိမ်း အပြာ ကွဲပြဲနေတာကို သရော်တယ်။ ဆိုတော့ နှုတ်သီးကောင်း လျှာပါးကလည်း မနေပါဘူး၊ ချက်ချင်း ပြန်ပက်တယ်၊ ခင်များတို့တတွေ ကျုပ်တို့ကို အားကျရမှာ၊ ခင်များတို့မှာ ကျုပ်တို့လို ရွေးချယ်စရာကော ရှိရဲ့လား၊ ကျုပ်တို့က လွတ်လပ်ပေမယ့် ဗရမ်းဗတာ မဖြစ်ဘူး၊ ယိုးဒယားက အနီ အဝါ ဆော်သလို ဘယ်တော့မှ ဆော်မှာ မဟုတ်ဘူး၊ ဘာညာကွိကွ ပေါ့။
သူတို့နှစ်ယောက် တံတွေးစစ်ကြီး ပယ်ပယ်နယ်နယ် တိုက်နေချိန်မှာ အသံထွက်အောင်ရယ်ရင်း စဉ်းစားမိတယ်၊ ဒီလို စကား အသွားအလာမျိုး ကြားဖန်များပါပြီ၊ စင်္ကာပူပုံစံကို ထောက်ခံသူနဲ့ ထိုင်ဝမ်ပုံစံကို ထောက်ခံသူမှာ နိုင်ငံရေးဆိုင်ရာ ဆုံမှတ် မရှိနိုင်ပါဘူး၊ ရင့်ကျက်တဲ့ အနေအထားကို ဘယ်သူမှ မရောက်သေးပဲ။ သို့သော်...
နှစ်ဖက်စလုံး ကျေကျေနပ်နပ် လက်ခံကြတဲ့ အချက်ကတော့၊ ပိုလွတ်လပ်တဲ့ နိုင်ငံသားတွေမှာ ပိုပြီး တွေးခေါ်နိုင်စွမ်း ရှိသလို ၊ ပိုကြီးတဲ့ အိပ်မက်တွေရှိနေတယ် ဆိုတာပါပဲ။
--
1. 吳寶春
Pao Chun WU with Patrick Lesaffre and the Taipei Representative Office in France [source]သူကတော့ မတ်လ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ကျင်းပတဲ့ ဦးဆုံးအကြိမ် Les Masters De La Boulangerie (Master Bakers) ပြိုင်ပွဲရဲ့ ပေါင်မုန့် ကက်တီဂိုရီမှာ ပထမဆု ရခဲ့တဲ့ ပေါင်မုန့်ဖုတ်ဆရာပါ။ ၈ နာရီကြာ ပြိုင်ရတဲ့ ပြိုင်ပွဲမှာ ပေါင်မုန့်မျိုးစုံ ဖုတ်ရတဲ့အပြင် ကိုယ့်ရဲ့ နိုင်ငံ/ဒေသကို ကိုယ်စားပြုတဲ့ ပေါင်မုန့်တစ်မျိုးကိုပါ ထွင်ပြီးဖုတ်ရပါတယ်။ အဲဒီဟာအတွက် သူ့လက်ရာက ထိုင်ဝမ် ထွက်ကုန်တွေ ဖြစ်တဲ့ ဆန်ချက်အရက်ရယ်၊ လိုင်ချီးသီး အခြောက်ရယ်၊ နှင်းဆီပွင့်ရယ် ပေါင်းစပ်ထားတဲ့ စပယ်ရှယ်ပေါင်မုန့်ပါ။
အောက်က ပေါင်မုန့်လောကရဲ့ အိုလံပစ်လို့ တင်စားကြတဲ့ Coupe du Monde de la Boulangerie (Bakery World Cup) ၂၀၀၈ တုန်းက ဗီဒီယိုကလစ်ပါ၊ သုံးယောက်တစ်ဖွဲ့ ယှဉ်ပြိုင်ရတဲ့ အဲဒီပွဲမှာ သူနဲ့ တခြား ထိုင်ဝမ်သားနှစ်ယောက် ပေါင်းထားတဲ့အဖွဲ့က ငွေတံဆိပ် ရခဲ့ပါတယ် (ပြင်သစ်က ရွှေ၊ အီတလီက ကြေး အသီးသီး ရပါတယ်)။ နောက်လာမယ့် Bakery World Cup က ၂၀၁၂ မှာ ကျင်းပမှာပါ။ အဲသလို ပွဲကြီးတွေမှာ ဆုရပြီးသူတွေသာ Master Bakers ဝင်နွှဲခွင့် ရှိတာပါ။
လေးစားထိုက်တယ် ဆိုတာက ပေါင်မုန့်ဖုတ်ခြင်း အတတ်ပညာ/အနုပညာရယ် အရသာနဲ့ အနုအရွ အလှအပတွေကို (artisan baking) အင်မတန် အလေးထားတဲ့ ဥရောပသားတွေနဲ့ ပခုံးချင်းယှဉ်ပြီး ပြိုင်ခဲ့တဲ့အပြင် သူတို့တွေကို အနိုင်ယူ လိုက်နိုင်တဲ့ အချက်ကြောင့်ပါ။ ဒါ့အပြင် သူဟာ မွေးချင်း ရှစ်ယောက်ရှိတဲ့ ဆင်းရဲတဲ့ မိသားစုတစ်ခုက ကြီးပြင်းလာတဲ့ လူတစ်ယောက်ပါ၊ ဒီအချက်တွေဟာ ဒီလူရဲ့ ဇွဲလုံ့လနဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို ပိုပြီး ထင်ပေါ်စေပါတယ်။
အခုလို အောင်မြင်သွားတော့ သူ့ရှေ့ကလမ်းကြီးဟာလည်း ဖြောင့်လို့ဖြူးလို့ပေါ့၊ ပြိုင်ပွဲဝင် စပယ်ရှယ် သုံးမျိုးစပ်ပေါင်မုန့် ဆိုရင် စင်ပေါ်တင်လိုက်တာနဲ့ သိပ်မကြာဘူး၊ ပြောင်တာပဲတဲ့။ (ဒီမှာရောင်းတယ်)
--
2. 林育群
သူက ထိုင်ဝမ်ရဲ့ Susan Boyle လို့ ချစ်စနိုးခေါ်ကြတဲ့ ဖက်တီးလေးပါ။ ငယ်စဉ်အခါက သူများတကာ ဝိုင်းအနိုင်ကျင့်တာ ခံခဲ့ရပေမယ့် သူ့ရဲ့ ဝါသနာကို မထိမရှအောင် ပိုးလိုမွေးခဲ့တဲ့ ချာတိတ်လေးပါ။
အပေါ်က American Idol လို ထိုင်ဝမ်က အစီအစဉ်မှာ ဆန်ခါတင်တွေနဲ့ စိန်ခေါ်ပွဲတုန်းက ဆိုခဲ့တာ။ အောက်ကတော့ ကလစ်အဟောင်းပါ၊ အသံကောင်းပြီး အဆိုပိုင်ပါတယ်။
ဖက်တီးလေးက I will always love you နဲ့ နေ့ချင်းညချင်း ပေါက်သွားတော့ ပွဲတွေမပြတ်တော့ဘူး။
ဧပြီလ ၂၁ ရက်နေ့က The Ellen DeGeneres Show မှာ အပေါ်က ပေါင်မုန့်ဆရာရဲ့ သုံးမျိုးစပ် ပေါင်မုန့်လိုပဲ သူ့ကို ကျော်ကြားစေခဲ့တဲ့ I will always love you ကို တခါပြန်ဆိုခဲ့တယ်။ နောက်ပြီး Lopez Tonight အစီအစဉ်လည်း သူ့ကိုဖိတ်ပြီး အဆိုခိုင်းပါသေးတယ်။ ဒီလို ရုတ်ချည်း ရလာတဲ့ ကျော်ကြားမှုက လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို အချိန်နဲ့အမျှ စမ်းသပ်နေပါတယ်၊ ဖက်တီးလေးက အသက်ငယ်သေးတော့ လုံလောက်တဲ့ EQ မရှိပဲ အောင်မြင်မှုဒဏ်ကို မခံနိုင်မှာပဲ စိုးရတယ်။ အင်း၊ ဖက်တီးလေး ကနေ ဖက်တီးကြီး ဖြစ်သွားတဲ့အထိ အောင်မြင်စွာ ဆိုနေနိုင်ပါစေ။
--
ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ်ကလာတဲ့ နှုတ်သီးကောင်းကောင်း လျှာပါးပါး အရောင်းတာဝန်ခံနဲ့ တခြား ဝန်ထမ်းတွေနဲ့ တက္ကစီ အတူစီးဖြစ်တယ်။ ကျနော်တို့အချင်းချင်း ပြောစရာ မရှိတော့တဲ့အခါ ခါတိုင်းလိုပဲ ကားဒရိုင်ဗာနဲ့ တောင်စဉ်ရေမရ ပြောဖြစ်ကြတယ်၊ ထိုင်ဝမ်ကလူ ပါနေပြီဆိုရင် ဘယ်အကြောင်းပဲ ပြောနေနေ၊ နိုင်ငံရေးဖက် ရောက်သွားတတ်တယ်။ ကြုံဖူးသလောက်တော့ တက္ကစီ ဒရိုင်ဗာတွေဟာ လီသားအဖရဲ့ ပီအေပီကို ချဉ်နေကြတာများတယ်၊ အဲဒါဆိုရင် လွတ်လပ်တဲ့ ကမ္ဘာက လာကြတဲ့ ထိုင်ဝမ်သားတွေနဲ့ စင်္ကာပူနယ်ခံ ဒရိုင်ဗာနဲ့ အတိုင်အဖောက်ညီညီ ပြောကြ ရှုံ့ချကြနဲ့ပေါ့။ ဖြစ်ချင်တော့ အဲဒီနေ့က ဒရိုင်ဗာက အဲသလိုလူမျိုး မဟုတ်ပဲ လီကွမ်ယူးကို ကိုးကွယ်သူ ဖြစ်နေတော့ ပွဲက ကြည့်ကောင်းသွားတယ်။ ထိုင်ဝမ် ပါလီမန်အမတ်တွေ ထိုးကြ ကြိတ်ကြတာကို ဒရိုင်ဗာက ထေ့တယ်၊ အစိမ်း အပြာ ကွဲပြဲနေတာကို သရော်တယ်။ ဆိုတော့ နှုတ်သီးကောင်း လျှာပါးကလည်း မနေပါဘူး၊ ချက်ချင်း ပြန်ပက်တယ်၊ ခင်များတို့တတွေ ကျုပ်တို့ကို အားကျရမှာ၊ ခင်များတို့မှာ ကျုပ်တို့လို ရွေးချယ်စရာကော ရှိရဲ့လား၊ ကျုပ်တို့က လွတ်လပ်ပေမယ့် ဗရမ်းဗတာ မဖြစ်ဘူး၊ ယိုးဒယားက အနီ အဝါ ဆော်သလို ဘယ်တော့မှ ဆော်မှာ မဟုတ်ဘူး၊ ဘာညာကွိကွ ပေါ့။
သူတို့နှစ်ယောက် တံတွေးစစ်ကြီး ပယ်ပယ်နယ်နယ် တိုက်နေချိန်မှာ အသံထွက်အောင်ရယ်ရင်း စဉ်းစားမိတယ်၊ ဒီလို စကား အသွားအလာမျိုး ကြားဖန်များပါပြီ၊ စင်္ကာပူပုံစံကို ထောက်ခံသူနဲ့ ထိုင်ဝမ်ပုံစံကို ထောက်ခံသူမှာ နိုင်ငံရေးဆိုင်ရာ ဆုံမှတ် မရှိနိုင်ပါဘူး၊ ရင့်ကျက်တဲ့ အနေအထားကို ဘယ်သူမှ မရောက်သေးပဲ။ သို့သော်...
နှစ်ဖက်စလုံး ကျေကျေနပ်နပ် လက်ခံကြတဲ့ အချက်ကတော့၊ ပိုလွတ်လပ်တဲ့ နိုင်ငံသားတွေမှာ ပိုပြီး တွေးခေါ်နိုင်စွမ်း ရှိသလို ၊ ပိုကြီးတဲ့ အိပ်မက်တွေရှိနေတယ် ဆိုတာပါပဲ။
--
1. 吳寶春

Pao Chun WU with Patrick Lesaffre and the Taipei Representative Office in France [source]
အောက်က ပေါင်မုန့်လောကရဲ့ အိုလံပစ်လို့ တင်စားကြတဲ့ Coupe du Monde de la Boulangerie (Bakery World Cup) ၂၀၀၈ တုန်းက ဗီဒီယိုကလစ်ပါ၊ သုံးယောက်တစ်ဖွဲ့ ယှဉ်ပြိုင်ရတဲ့ အဲဒီပွဲမှာ သူနဲ့ တခြား ထိုင်ဝမ်သားနှစ်ယောက် ပေါင်းထားတဲ့အဖွဲ့က ငွေတံဆိပ် ရခဲ့ပါတယ် (ပြင်သစ်က ရွှေ၊ အီတလီက ကြေး အသီးသီး ရပါတယ်)။ နောက်လာမယ့် Bakery World Cup က ၂၀၁၂ မှာ ကျင်းပမှာပါ။ အဲသလို ပွဲကြီးတွေမှာ ဆုရပြီးသူတွေသာ Master Bakers ဝင်နွှဲခွင့် ရှိတာပါ။
လေးစားထိုက်တယ် ဆိုတာက ပေါင်မုန့်ဖုတ်ခြင်း အတတ်ပညာ/အနုပညာရယ် အရသာနဲ့ အနုအရွ အလှအပတွေကို (artisan baking) အင်မတန် အလေးထားတဲ့ ဥရောပသားတွေနဲ့ ပခုံးချင်းယှဉ်ပြီး ပြိုင်ခဲ့တဲ့အပြင် သူတို့တွေကို အနိုင်ယူ လိုက်နိုင်တဲ့ အချက်ကြောင့်ပါ။ ဒါ့အပြင် သူဟာ မွေးချင်း ရှစ်ယောက်ရှိတဲ့ ဆင်းရဲတဲ့ မိသားစုတစ်ခုက ကြီးပြင်းလာတဲ့ လူတစ်ယောက်ပါ၊ ဒီအချက်တွေဟာ ဒီလူရဲ့ ဇွဲလုံ့လနဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို ပိုပြီး ထင်ပေါ်စေပါတယ်။
အခုလို အောင်မြင်သွားတော့ သူ့ရှေ့ကလမ်းကြီးဟာလည်း ဖြောင့်လို့ဖြူးလို့ပေါ့၊ ပြိုင်ပွဲဝင် စပယ်ရှယ် သုံးမျိုးစပ်ပေါင်မုန့် ဆိုရင် စင်ပေါ်တင်လိုက်တာနဲ့ သိပ်မကြာဘူး၊ ပြောင်တာပဲတဲ့။ (ဒီမှာရောင်းတယ်)
--
2. 林育群

အပေါ်က American Idol လို ထိုင်ဝမ်က အစီအစဉ်မှာ ဆန်ခါတင်တွေနဲ့ စိန်ခေါ်ပွဲတုန်းက ဆိုခဲ့တာ။ အောက်ကတော့ ကလစ်အဟောင်းပါ၊ အသံကောင်းပြီး အဆိုပိုင်ပါတယ်။
ဖက်တီးလေးက I will always love you နဲ့ နေ့ချင်းညချင်း ပေါက်သွားတော့ ပွဲတွေမပြတ်တော့ဘူး။
ဧပြီလ ၂၁ ရက်နေ့က The Ellen DeGeneres Show မှာ အပေါ်က ပေါင်မုန့်ဆရာရဲ့ သုံးမျိုးစပ် ပေါင်မုန့်လိုပဲ သူ့ကို ကျော်ကြားစေခဲ့တဲ့ I will always love you ကို တခါပြန်ဆိုခဲ့တယ်။ နောက်ပြီး Lopez Tonight အစီအစဉ်လည်း သူ့ကိုဖိတ်ပြီး အဆိုခိုင်းပါသေးတယ်။ ဒီလို ရုတ်ချည်း ရလာတဲ့ ကျော်ကြားမှုက လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို အချိန်နဲ့အမျှ စမ်းသပ်နေပါတယ်၊ ဖက်တီးလေးက အသက်ငယ်သေးတော့ လုံလောက်တဲ့ EQ မရှိပဲ အောင်မြင်မှုဒဏ်ကို မခံနိုင်မှာပဲ စိုးရတယ်။ အင်း၊ ဖက်တီးလေး ကနေ ဖက်တီးကြီး ဖြစ်သွားတဲ့အထိ အောင်မြင်စွာ ဆိုနေနိုင်ပါစေ။
NOW News: 麵包師傅吳寶春 勇奪世界麵包大師賽冠軍
台灣之光: Taiwanese pastry chef wins 2010 master baker competition
Coupe Louis Lesaffre: 2012 Bakery World Cup
互動百科: 林育群
ဂျီမှာမီးစိမ်းနေကတည်းကထိုင်စောင့်နေတာ။
ReplyDeleteနောက်တစ်ယောက်ကျန်သွားတယ်နော။ သဒါတရား ထက်သန်လွန်းလို့ တိုင်းမ်စ်ရဲ့ ဒီနှစ် သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်တဲ့ ကုန်စိမ်းသည် (陳樹菊女士) ရဲ့ အကြောင်းကိုရော မရေးတော့ဘူးလား။ သူလဲ ဒီမှာ ခုတလော အရမ်းကို ဟစ်တို့ ဖြစ်နေတာ။ :D
ReplyDeleteအန်တီကွန်.. အဟုတ်?
ReplyDeleteတောင်ပေါ်သား.. နောက်ပို့စ်မှာ သူ့အကြောင်းပါမှာပါ၊ ၄ ယောက်လို့ ပြောတယ်လေ (နောက်တစ်ယောက်က ဘယ်သူဖြစ်မယ်ထင်သလဲ)။
ပေါင်မုန့်ပုံကြီးက စိတ်ဝင်စားစရာလည်း မကောင်းဘူး၊ စာနဲ့ရေးပြတုန်းကမှ စားချင်သလိုလို ရှိသေး....။
ReplyDeleteဖက်တီးလေးကတော့ အသံရော ဆိုဟန်ပါ အတော်ပိုင်တာပဲ...။ အယ်လင်န် ရှိုးမှာ သူစကားပြောတာ အတော် ချစ်စရာကောင်းတာ၊ ငယ်သေးတော့ ရိုးသားနေသေးတယ်....။
နောက်တစ်ယောက်က ကြေးစား ဂေါက်သီးသမား (曾雅妮) လား။ ထင်တာ ရမ်းတုတ်လိုက်တာ။ သူ(သူမ)လဲ နံမည်ကြီးပဲ။
ReplyDeletehee.. အဲဖက်တီးလေးက ကြည့်ရင်းကြည့်ရင်း Susan Boyle နဲ့တောင် ခပ်ဆင်ဆင် ဖြစ်လာတယ် :D
ReplyDeleteဝသောသူများ အသံကောင်း၏ ထင်တယ်။
ReplyDeleteအစ်မချစ်ကြည်အေး.. စားချင်စရာပါဗျာ၊ အပြင်ပန်းပဲ ကြည့်လို့မရဘူးလေ၊ ဖဲ့ဖဲ့ပြီး နွားနို့နဲ့တို့စားချင်တယ်။
ReplyDeleteတောင်ပေါ်သား.. ဟင့်အင်း နိုးနိုး ဟုတ်ဘူး။
သဉ္ဇာ.. မျက်စိသွားစမ်းပါ၊ ပါဝါတိုးနေပြီ။
ရီတာ.. ဟုတ်မယ်၊ အသံကောင်းချင်ရင် အဆီများများစားလေ။