Search This Blog

Loading...

06 May 2010

♠ I am a star!(?)(:p)

ခွေဖြူရေးတဲ့ ကျနော့်အကြောင်း (scan ဖတ်ပြီး ပို့ပေးတဲ့ အစ်မချစ်ကြည်အေးကို ကျေးဇူးအထူးပါ)


လမ်းပြကြယ်စာကြည့်တိုက် ၃ နှစ်ပြည့် အမှတ်တရထုတ်တဲ့ စာအုပ်ထဲမှာ ခရေဖြူက မြင်တဲ့အတိုင်း ရေးထားတယ်၊ လူကိုများ တရုတ်ငချိတ်တဲ့၊ ရက်စက်တယ်။ မျိုးတော့ နာ့ကိုအဲလိုခေါ်မှာမဟုတ်ဘူး။
--
စကားမစပ်၊ လူကိုများ ဆိုလို့ လူကိုများနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခု သတိသွားရတယ်။

ရန်ကုန်မှာနေတုန်းကပေါ့၊ ကျနော်တို့အိမ်ရှေ့မှာ တရုတ်လူမျိုး မိသားစုတစ်စုနေတယ်၊ သူတို့ ညီအကို မောင်နှမတွေထဲက မိန်းခလေးတစ်ယောက်က အတော့်ကို ဝ ပါတယ် (မိန်းခလေးမခေါ်ပဲ မိန်းမကြီးလို့ ခေါ်ချင် ခေါ်နိုင်တဲ့ ဆိုက်မျိုးပါ)။ တနေ့တော့ အနှီ မိန်းခလေးနဲ့ အိမ်နီးနားချင်းနဲ့ (ကျနော်မဟုတ်ပါ) ရန်ဖြစ်ပါတယ်။ တစ်လမ်းလုံးကြားအောင် ဆဲရေး တိုင်းထွာကြတယ်၊ မကြားဝံ့ မနာသာအထိတော့ မဟုတ်ပေမယ့် နှစ်ဖက်စလုံး (အထူးသဖြင့် မိန်းမဝလေးရဲ့ နှုတ်က) ခပ်ကြမ်းကြမ်း စကားလုံးတွေ ပွင့်အန်ထွက်ကုန်တာပဲ။ နောက်ဆုံးပိတ်မှာတော့ ငိုအားထက် ရယ်အားသန်ရတဲ့ အပိတ်စကားတစ်ခွန်း မိန်းမဝလေးဆီက ထွက်လာတယ်၊ ဒီလိုပါ...

“ဟွန်း၊ လူကိုများ ဝက်မတဲ့”

13 comments:

  1. အဲဒီစာအုပ် ပြီးခဲ့တဲ့ အပတ်ကပဲ ရပြီးပြီ။

    လုံးဝ မဖတ်ရသေးဘူး။ ဖတ်ဦးမှပဲ။

    ReplyDelete
  2. ၁.။ အတော့်ကို မခံချိမခံသာဖြစ်နေပုံဘဲ။

    ၂။ scan ကဒါဘဲလား.ဆက်ဖတ်ချင်သေးတယ်။

    ၃။ ကိုပေါကိုသတိရမိတယ်.ဘာဖြစ်လို့လဲ မမေးပါနဲ့။

    ၄။ ရေခဲသုပ်ကလေးကို သုံးဇွန်းနဲ့စားတာရယ်။ လှယဉ်ကျးမယ်မျိုးရယ်။

    ၅။ ဘွာတေးနစ်ခါလုပ်သွားပြန်သည်။


    ၆။ လင့်တွေပြန်ရှာနေတာ အတော်အချိန်ကုန်သွားတယ။် ကိုပေါတွေ့တယ်။ စပီကာကော်နာတွေ့တယ်။
    မျိုးပျောက်နေတယ။်

    ၈။ ကျေးဇူးပါခွေဖြူ။

    ReplyDelete
  3. ရီတာ.. ကျနော်ကတော့ နောက်အပတ်မှ CKA ဆီက ငှားဖတ်ရမယ်။

    အရီး.. မျိုးရောခွေဖြူရော ပျောက်နေတာပါ၊ အဲ။ ကိုပေါကိုတွေ့ရင် မဒမ်ပေါကိုလည်း တွေ့ရမယ်။

    ReplyDelete
  4. မျက်လုံးမှေးမှေးနှင့် တရုတ်ငချိတ်..။ ပေါင်းပြီး နှပ်မှ ပြူးလာမှာ..၊ ပြုတ်ရင်တော့ ပြဲချင် ပြဲသွားနိုင်တယ်..။ :P

    ReplyDelete
  5. ကိုပေါကိုသတိရမိတယ်.ဘာဖြစ်လို့လဲ မမေးပါနဲ့။>
    Lan Kut Ti Ko Paw

    ReplyDelete
  6. ကိုkma.. ပွယောင်းယောင်းကြီးဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။

    Min.. ဒါတော့လွန်တယ်၊ သူများတခါတလေဝတ်တာပဲဟာ။ :p (ကိုပေါတော့ နားယားနေလောက်ပြီ)

    ReplyDelete
  7. ရှိ

    (ရိုးကောလ် ခေါ်နေတယ်မှတ်လို့)

    ဘလော့ထဲမှာ အပြောင်အပျက် ရယ်စရာ (ပေါတောတော) တွေရေးနေပေမယ့် အပြင်မှာကျတော့ ရုပ်တည်ကြီးနဲ့ဗျ.. စတွေ့တွေ့ချင်း ရယ်လည်းမရယ်ပြဘူး ခပ်တည်တည်ကြီး.. :P

    ReplyDelete
  8. တရုတ်ငချိတ်ထက် ပိုဆိုးသွားဘီ

    ReplyDelete
  9. TZA: ပွယောင်းယောင်းကြီးဖြစ်ချင်ရင် ဘေကင်ဆိုဒါနဲ့ တစ်ညတိတိနဲ့ နှစ်နာရီ၊ သုံးမိနစ်၊ လေးစက္ကန့်သာသာ ရေစိမ်ထားရမယ်..၊ ပွယောင်းယောင်းဖြစ် မဖြစ်တော့ မသိဘူး.. ပြောင်ချော်ချော် ပြောင်စပ်စပ်ဖြစ်သွားတော့ သေချာတယ်။ မယုံရင် အရီးကွန် (ခေတ်မီရန် အလို့ငှာ သူမနံမည်အား ဆိုင်ဆိုင် မဆိုင်ဆိုင် သုံးစွဲပါသည်) မေးကြည့်..။

    ReplyDelete
  10. ငှားမဖတ်ရပါဘူးတော် ငါ့မောင်လေး TZA=စာပူစတူး * အတွက် တအုပ်သပ်သပ် ယူလာပေးပါတယ် တွေ့တော့ ပေးပါ့မယ်...

    ဟုတ်ပ ငချိတ်မဟုတ်ပေါင်...ဒါ အော်ရီချင်တယ် အသားအရေ မှုတ်ဖူး လို့ ခွေဖြူ့ကို ပြောလိုက်စမ်းဘာာာ....:)

    ReplyDelete
  11. မျိုး.. တရုတ်ငချိတ်တွေ ရယ်လိုက်ရင် ပိုရုပ်ဆိုးတယ်လို့ အဖေပြောတာ ကြားဖူးတယ်။ ဒါကြောင့် ရုပ်တည်နဲ့ပဲနေတာ။

    ကိုkma.. အရီးက ပြောင်ချော်ချော်တွေ မကြိုက်ဘူး၊ ကျနော့်လို တည်တည်ကြည်ကြည်မှ (တဲ့)။ ငွားငွားငွား။

    အစ်မချစ်ကြည်အေး.. အိုးဟိုး၊ သိုင်းကျူးပါဗျာ၊ ဟုတ်တယ်၊ မျိုးကို သေချာပြောပြရမယ်၊ အဲဒါ မီးတွင်းမို့ နနွင်းလိမ်းထားတာပါ လို့ :p

    ReplyDelete
  12. တို့ကချစ်ထားတာကြာပြီနော်။

    ReplyDelete
  13. အားပါး လူစည်နေလိုက်တာ
    စက်ဘီးနဲ့ ဒီလောက်သလားနေမှတော့ (ရမ်းတုတ်လိုက်သည်) ငချိတ်ဖြစ်ပြီပေါ့။ သူများသာပြောင်ချော်ချော်ပြောတာ ကိုယ်လဲသိပ်တော့ထူးပါဘူး။
    မမကွန် - TZA ကိုနဲနဲမဲတယ်ပြောတာချိတ်အချိုးပါနဲ့နော် (ကြောက်ဟန်ဆောင် ဟိ)
    အမျိုး - Hi Hi
    မချစ်ကြည် - သူ့ရဲ့ အော်ရီချင်တယ် အသားအရေက ဘာရောင်လဲဟင်?
    ပျောက်နေရခြင်းအကြောင်းကတော့ - ကိုကိုက ဝတယ်ပြောလို့ (ဟွန်း၊ လူကိုများ !! -အဲလောက်ဆိုးသေးပါဘူး) True Fitness ဝင်ပီးသကာလ ၁ပတ်၃ရက် (တန်အောင်) သွားနေရပါတယ်။ စင်ကာပူတွင် ယခုတလော ခတ်မီသူတိုင်းအလုပ်ပြောင်းကြသည် စိုသည့်အတိုင်း နောက်တပတ်တွင် အလုပ်အဟောင်းလေးကို ဘိုင့် လုပ်မည်။ (ကိုကို့ ကိုတော့ ၅နှစ်ကြာဟောင်းနေသည့်တိုင် မဘိုင့်နိုင်ပါ) ချစ်လွန်းလို့မဟုတ် နောက်၁ယောက်ရှာမရ၍ (သို့) ပြောင်သူများသာတွေ့နေ၍
    အညိုရောင် တနင်းလာနေ့ကို ကြိုဆိုကျပါစို့

    ခွေဖြူ

    ReplyDelete