သူငယ်ချင်း KDY ရဲ့လက်ရာအသစ်တွေ ကြည့်မိလို့ ဒီမှာတင်လိုက်ပါတယ်။
猜猜我是誰?- ခေါင်းစဉ်က “ငါဘယ်သူလဲ” တဲ့၊ ဒို့ကတော့ ကောင်မလေး လှတာပဲသိတယ် :)
百一奉獻 情誼久久 - ဒါက သူ့ကျောင်းရံပုံငွေအတွက် ရိုက်ထားတာပါ၊ မြင်ကွင်းတွေလှတယ်
華新街紀事 - ဒါက ဒါရိုက်တာကြီးတွေ ကြီးကြပ်ပေးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းပါ၊ ဖရုဿဝါစာတွေ လှိုင်လှိုင်ကြီး သုံးထားတဲ့အတွက် မိန်းခလေးတွေ မကြည့်ချင် မကြည့်ကြပါနဲ့။ ဟိုမှာ အဲလောက် မရှုပ်ပါဘူး၊ ရုပ်ရှင်ထဲမှာတော့ အပေအတေတွေရဲ့ ဘဝကို အသားပေးထားတာ ဆိုတော့ ကြမ်းကြမ်း ရမ်းရမ်းတွေ များပါတယ်။ ငြိမ်သက်ပြီး ချစ်စရာကောင်းတဲ့ မြန်မာတွေ စုဝေးရာလမ်း ခေါ် ဟွာရှင်းလမ်းကို အဲသလိုမျိုး အက်ရှင်ဇာတ်ကားရဲ့ နောက်ခံအနေနဲ့ ရိုက်ထားတာ ကျနော်ကတော့ ကြိုက်ပါတယ်။ သူငယ်ချင်းတစ်ယောက်က ဝက်သားသည် အရက်သမားအဖြစ် သရုပ်ဆောင်ထားတာ အတော့်ကို ပီပြင်တယ် (သို့သော် ပထမအပိုင်းမှာပဲ အသတ်ခံလိုက်ရတယ်၊ ကြုံမှ နောက်ရအုံးမယ် :p)၊ သုံးပိုင်းလုံး ကြည့်မပြီးသေးဘူး၊ မျက်စိ အရမ်းစင်းလာလို့ မနက်ဖြန်မှပဲ ဆက်ကြည့်တော့မယ်။

အားလုံးကြည့်သွားပြီ..ကောင်မလေးလည်းလှတယ်..မြင်ကွင်းလေးတွေလည်းလှတယ်..။
ReplyDeleteအဲ..ဗမာအသံ ပယ်ပယ်နယ်နယ်ကြီးကို ထွက်လာပါလား။ အသံသရုပ်ဆောင် ပီပြင်လိုက်တာ..
ReplyDelete:D
:D
ဗမာလို ပယ်ပယ်နယ်နယ် ဆဲ လိုက် တဲ့အချိန် မှာ အသံထွက် ပြီး ရယ် လိုက်
ReplyDeleteမိတယ် .... ဇာတ်လမ်း သာ ကြည့် နေပေမယ့် မျက်လုံးက ဗမာစာတမ်းထိုး
ဟင်း မန်နူး တွေ ဆီ ဘဲ ရောက် သွားတယ် ....
mie nge
အောက်ဆုံး ဗီဒီယိုကိုတော့ ၃ပိုင်းစလုံး ပြီးအောင်ကြည့်ဖြစ်လိုက်တယ်..။ Happy ending မှာ မြန်မာသီချင်းတီးလုံးလေးထည့်ပြဖြစ်သွားတာလေး အရမ်း နှစ်သက်မိတယ်..။ ပြီးတော့ မြန်မာတွေရဲ့ သနားကြင်နာတတ်တဲ့ ဓလေ့လေးတခုကို မက်ဆေ့ခ်ျလေးပေးသွားတာ ပေါ်လွင်တယ်လို့ထင်မိပါတယ်..။
ReplyDeleteThanks for sharing, TZA.
အခုမှပဲကြည့်ပြီးသွားတယ်၊ ဇာတ်သိမ်းပိုင်းလေး မဆိုးဘူး။ အားလုံးက လူသတ်မိပြီအထင်နဲ့ နယ်ဖက်ကို ထွက်ပြေးကြမလို့၊ ဖက်တီးကြီး မသေပဲ ထော့နဲ့ထော့နဲ့ ထွက်လာတော့မှ အားရှိပါးရှိ ရယ်နိုင်ကြတော့တယ်၊ ဟားဟား..
ReplyDeletemie nge လိုပဲ ကျနော်လည်းရယ်မိတယ်၊ သစ်ရွက်ကြွေကျ ဆိုတာကြီးက ဆဲတာမဟုတ်လောက်ဘူး.. ဟားဟားဟား..
သစ်ရွက်ကြွေကျ ဆိုတာကြီးက ဗမာစကားမှာ မကြားဖူးဘူး..တိုင်ဝမ်မှာ သုံးလေ့ရှိတဲ့ တရုတ် စကားပုံ တခုခုနဲ့များ ဆိုင်နေမလား..၊ ဒါမှမဟုတ် အုတ်ကြား မြက်ပေါက် ဆိုတာနဲ့ တကြောထဲ ပတ်သက်အောင်လို့ ဆက်စပ်ပြီး ဆဲလိုက်တာနဲ့ တူရဲ့..။ ကာယကံရှင်ကို ကြုံရင် မေးပေးပါ။
ReplyDeleteဆဲနည်း အသစ်အဆန်းများ လေ့လာနေသူ တဦး။
ကိုkma.. ဟုတ်မယ်ဗျ၊ အုတ်ကြားမြက်ပေါက် ဗာရှင်းအသစ်ပဲ ဖြစ်ရမယ်။ ဆဲနည်းဆဲပုံအဖုံဖုံ ဆိုတဲ့စာအုပ်လေး မထုတ်ချင်ဘူးလားဗျာ။
ReplyDeleteCan I watch it with burmese subtitle??
ReplyDeleteအမည်မသိ.. မရှိဘူးဗျ၊ တရုတ်စာတန်းထိုးပဲရှိတယ်။ ဒါရိုက်တာကို ကြုံရင်မေးကြည့်ပါမယ်။
ReplyDelete