Marina Barrage လက်ကျန်ပုံတွေ တင်လိုက်ပါတယ်။ အရှေ့ဆုံးက မာမီ၊ အလယ်က ကာစင် ခေါ် စစ္စတာဝမ်းကွဲ၊ နောက်ဆုံးက ဒယ်ဒီ၊ စီတန်း၍ လာချေပြီ။

ဒီတခေါက်သွားတော့ အရင်က မတွေ့လိုက်တာတွေ တွေ့ဖူးသွားတယ်၊ ဥပမာတစ်ခုအနေနဲ့ ဒီနေရာမှာ ရေကစားလို့ရတာ ခုမှ သိတယ်။

စွန်လွှတ်တာလည်း ဟိုးအရင်တခါသွားတုန်းက မတွေ့ခဲ့ဘူး၊ နေပြင်းတဲ့ နေ့လည်ခင်းမို့ ထင်တယ်။ ဒီတခါရောက်တော့ အချိန်က ညနေစောင်း၊ လေပြေကလေး တအေးအေးနဲ့ စွန်လွှတ်နေကြတာ တော်တော်ကြီးကို ပျော်စရာကောင်းတယ်၊ ဒါတောင် ကိုယ်တိုင် လွှတ်နေတာ မဟုတ်ဘူးနော်။ မိုးချုပ်သွားတော့ ပိုတောင် လှသေးတယ်၊ မြို့ရှုခင်းရော၊ ကောင်းကင်ပေါ် ထိုးတက်သွားတဲ့ ရောင်စုံ စွန်ကြိုးတွေရော၊ မြင်ကွင်းတခုလုံး အတော့်ကို ကြည့်ကောင်းတယ်။ စွန်ကြိုးတွေမှာ ရောင်စုံ Led မီးသီးတွေ ချိတ်ထားတာလည်း အဲဒီညမှာ ဦးဆုံးအကြိမ် မြင်ဖူးခြင်းပဲ။

အပေါ်ပုံက ရေလှောင်ပေးတဲ့ အတားအဆီးပါ၊ အပေါ်က အမိုးအကာနဲ့ နေရာလေးတွေက BBQ pits တွေ ရှိတယ်နဲ့ တူတယ်။ တကယ်သာ အဲဒီမှာ အသားကင်ပြီး အပန်းဖြေလို့ရရင် မဆိုးဘူး။

လေတဖြူးဖြူးနဲ့ နားနားနေနေ စကားပြောလို့ကောင်း၊ ငေးလို့ကောင်းတဲ့ နေရာလေးပါ။

တိမ်တွေက ကောင်းကင်ရဲ့ ဟိုဖက်နဲ့ ဒီဖက်ကို သွယ်ထားတဲ့ ဖဲကြိုးကြီးနဲ့တူတယ်။

ခေါင်မိုးပေါ်မှာ ဆိုလာပြားတွေရှိတာကိုလည်း အရင်က မသိခဲ့ဘူး၊ ။

နှုတ်ဆက်လိုက်ပါတယ် မရီနာ၊ အဆင်ပြေတဲ့ ညနေစောင်းတစ်ခုမှာ ပြန်တွေ့ကြတာပေါ့။

wow... really great photos. must visit again soon.
ReplyDeletethanks!
ပျော်စရာကြီး....၊ ပုံတွေ အရမ်းလှတာပဲဟေ့...အဲဒီ ကင်မလာကြီး လိုချင်ထှာ...:)
ReplyDeleteသိတ်စကားများတယ။် သောကြာသား။
ReplyDeleteလှလိုက်တာပါလား။
ReplyDeleteတစ်ချက်လေးနောက်ကိုစောင်းငဲ့ကြည့်ဦး၊အဲ..တစ်ပုံလောက်စောင်းရိုက်လိုက်ပါအုံး
ReplyDelete...ကားပါတ်ကင် ကိုကျော်ကြည့်လိုက်..
ညဆိုင်းအလုပ်ဆင်းတဲ့ ဂရိမ်းတွေ၊မြေတူးစက်တွေ၊......တွေ...တွေ...
အဲဒီတွေ တွေ က အမေ့ခံတွေ....
ွွီီၤြ
Glacier : "Marina Barrage လွတယ္ဗ်ာ။ လာလည်ဦးမယ်။ မာတာပီတုကာဆင်တွေကို ကြည်လင်ပြတ်သားစွာရိုက်တဲ့ပညာကိုယူသွားပါတယ်။ ဇွန်းတွေခရင်းတွေပါယူသွားလေ။"
ReplyDelete