

ဧပြီလ ၂၅ ရက်နေ့က Marina Barrage ရောက်သွားတယ်၊ အဲဒီနေ့မှာပဲ ဟောင်ကောင်ကနေ လာလည်တဲ့ မောင်အောင်သိန်းနဲ့ ဆုံဖြစ်တယ်၊ သူက Marina Barrage ကို အရင်ရက်က တခြား ဘော်ဒါတွေနဲ့ သွားပြီးခဲ့ပေမယ့် ကျနော်တို့ အဲဒီကိုသွားဖို့ရှိနေတော့ သူ့နဲ့လည်း အဲဒီမှာပဲ ဆုံဖို့ ချိန်းဖြစ်လိုက်တယ်၊ D90 ပိုင်ရှင် အောင်သိန်းကလည်း ဓာတ်ပုံထပ်ရိုက်ချင်နေပုံရတယ်၊ “လာမယ် လာခဲ့မယ်” ဆိုပြီး ပေါက်ချလာပါတယ်။ ဟောင်ကောင်ကနေ တကူးတကလာပြီး ရေလှောင်တမံကို နှစ်ကြိမ်တိတိ ကွင်းဆင်း လေ့လာသွားတဲ့ ရှားပါး ဧည့်သည်တော်ပေါ့။ ဒါက ရထားမှတ်တိုင် အပြင်ဖက် ဘတ်စ်ကား တဆင့်စီးဖို့ စောင့်ရတဲ့ နေရာက မြင်ကွင်းလေးပါ၊ နေ့လည်တုန်းက ပြာလဲ့လဲ့ ကောင်းကင်ကြီးက မွဲမွဲကြီး ဖြစ်သွားပါပြီ။

ဆည်းဆာချိန်ခါရှုခင်းသာ၊ Windows desktop က Stonehenge နဲ့ မတူဘူးလား...

ပိတ်ရက်ဆိုတော့ လူတွေ အများကြီးပဲ၊ နေရာအနှံ့ စွန်တွေလွှတ်နေကြတာ ပျော်စရာကြီး။
--
ရေးရင်း ရေးရင်း ရုတ်တရက်အိပ်ပျော်သွား... (ဆက်မည်)
xx
ReplyDeleteဟုတ်ပါ့...တီဇက်အေပြောမှ ကြည့်လိုက်တာ Stonehenge နဲ့ တူနေတယ်။ သြော်...လွမ်းသွားပြန်ပြီ အင်္ဂလန်ကို။ :(
ReplyDeleteဟွန့် ပြောတော့။ မာမားပါပါး မင်္ဂလာဆောင်ပုံတင်မယ်တဲ့။ ပီးတော့ မဟုတ်တာတွေလျှောက်တင်နေတယ်။ ကိုတီဇက်အေကြီး။
ReplyDeleteမကျေနပ်သူတစ်ဦး........
sy
အရီး.. ဒါဘာလဲ။
ReplyDeleteဇွန်မိုးစက်.. ကျနော်အစက အီစတာကျွန်းလို့ ထင်နေတာ၊ မနေ့က ဒီပို့စ်တင်ခါနီး ရှာကြည့်လိုက်တော့မှ အင်္ဂလန် ဖြစ်နေတာကိုး။
sy.. (အသစ်ကလေးဟ) အဲဒီပုံတွေ စကင်တောင် မဖတ်ရသေးဘူး၊ ဒေါ်ရင်ရင်ကတော့ ဆန့်ကျင်နေတယ်၊ သူ့ပုံတွေ တင်ရမလားဆိုပြီး။
xx ဆိုတာ ထ..ထ လို့ပြောတာ။ (control + shift ) ကို လိုသလို သုံးပြီး ဟိုဘက်လှည့်ရိုက်လိုက်ဒီဘက် လှည့်ရိုက်လိုက်လုပ်နေတာနဲ့ အဲသလိုဖြစ်သွားတာ။
ReplyDeleteရုတ်စရက်အိပ်ပျော်သွားတယ်ဆိုတော့နှိုးပြီးဆက်ရေးခိုင်တာလို့ အဓိပါယ်ရပါတယ်။ ထထ ဆိုတာ အိပ်ရာကနေနှိုးတာ။
ကိုတီဇက်အေကြီး။ လို့ချစ်စနိုးခေါ်တာ sy ကိုဘယ်သူလေးလဲ လို့စဉ်းစားနေတယ်။ မားမားပါးပါးမင်္ဂလာဆောင်မယ်လို့ ဘလော့မှာမပြောမိဘူးလို့စာကြေသူတစ်ဦးက ထင်နေတယ် ဘယ်မှာ ဘယ်လိုပြောခဲ့မိသလဲ။ မကျေနပ်သူတစ်ဦးဆိုတော့လာဖတ်နေကျသူတစ်ဦးတော့ဖြစ်ရမယ။် ဒီအမှူက နဲနဲနက်နဲတယ်။
welcome to ဆိုတာ ညက ပါလား.အခုမှ ထပ်ထည့်တာလား။
Facebook မှာ Like သလိုမျိုး ဒီမှာ မရှိလို့ .. Comment မှာပဲ လိုက် လိုက်ပါတယ် ...
ReplyDelete