


နှစ်ယောက်တွဲခြင်္သေ့ပါ၊ ရှေ့တစ်ယောက်က ခြင်္သေ့ခေါင်းနဲ့ ကိုယ်အရှေ့ပိုင်း၊ နောက်တစ်ယောက်က ကျန်တဲ့ အောက်ပိုင်းကို ကရပါတယ်၊ ခေါင်းနဲ့ဖင် ပေါ့လေ။ နှစ်ယောက်လုံး မစားသာဘူး၊ အရှေ့က ခြင်္သေ့ခေါင်းကို တချိန်လုံး မ ထားရတာ အတော်ညောင်းမှာပဲ။ နောက်ကလူဆို ပိုတောင်ဆိုးသေး၊ ခါးကို တချိန်လုံး ကိုင်းထားရတဲ့အပြင် ဆိုင်းသံနဲ့ အညီ ရှေ့ကလူကို လေထဲ မြှောက် မြှောက် တင်ရတယ်၊ အခက်ဆုံးက မြေကြီးပေါ် က တာ မဟုတ်ပဲ ခြေတစ်ဖက် ချစရာ အကျယ်ပဲရှိတဲ့ သံတိုင်ကြီးတွေပေါ် က ရတာပါ၊ တချက် မှားနင်းတာနဲ့ ခြင်္သေ့ကြီး ဇောက်ထိုးကျပြီ။ ဒီအသင်းမှာတော့ နှစ်ယောက်လုံးက ကိုယ်အလေးချိန်ချင်း တူတယ်လို့ ပြောကြပဲ၊ တခြားအသင်းတွေ ဘယ်လိုနေလဲ မသိဘူး။

ပရိသတ်ကြီးကတော့ လမ်းအပြည့်ပဲ၊ တခုခုဖြစ်ရင် ဘယ်အပေါက်က ပြေးရမှန်းတောင် မသိပါဘူး။

ခြုံပြောရရင် ကြိုက်ပါတယ်၊ သို့သော် အစ အဆုံး အရမ်းရှည်တယ်လို့ ထင်မိတယ်၊ ဆိုင်းသံအလိုက် အတက် အကျ ရှိတယ် ဆိုပေမယ့် ကြားထဲမှာ တချက်တချက် ဇာတ်ရှိန်ကျသွားတယ်။

ခြင်္သေ့ကြီးက ပွဲအလယ်လောက်မှာ ခဏလေး အိပ်ပါသေးတယ်၊ ပြီးမှဆက်ကတယ်။ တကယ်တမ်း က တဲ့သူ နှစ်ယောက်စလုံး တအား ပင်ပန်းမှာပါ၊ ဒါကြောင့် ပြင်းထန်တဲ့ ကကွက်မျိုး သုံးလေးကွက် ဆက်တိုက် ကလိုက်၊ နည်းနည်း နှေးတဲ့ ကကွက် ပြောင်းပြီး နားလိုက်နဲ့ လုပ်တာဖြစ်မှာပါ၊ အသာလေး ထိုင်ကြည့်နေတဲ့ ပရိသတ် အဖို့တော့ တောက်လျှောက်ကြီးကို အုံးဒိုင်းအုံးဒိုင်းနဲ့ က နေစေချင်တာပေါ့။

ကပွဲအပြီး ခြင်္သေ့ကနေ လူပြန်ဖြစ်လာကြတဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ပါ၊ တစ်လမ်းလုံး သူရဲကောင်းအလား ကောင်းချီး ဩဘာပေးကြတယ်။ အမှန်တော့ သူတို့ချည်းပဲ ပင်ပန်းတာ မဟုတ်ဘူး၊ တစ်သင်းလုံး ပါဝင်ရတဲ့ ပြိုင်ပွဲပါ၊ သံတိုင်အောက်မှာ သုံးလေးဆယ်ထက်မနည်း ရှိတဲ့ အသင်းသားတွေ တန်းစီးထိုင်ပြီး ထိန်းပေးရတဲ့အပြင် အပေါ်ကလူ ခြေကြွပြီးသွားတိုင်း နောက်တခါ နင်းရင် ချော်မကျအောင် အဝတ်နဲ့ သုတ်ပေးရသေးတယ်။ (ဗယ်အောက် ထိပ်ပြောင်ပြောင်နဲ့က အသင်းခေါင်းဆောင်ပါ)

ဒီထက်ပိုပင်ပန်းတာက ခြင်္သေ့ခုန်လိုက်ရင် မလွတ်လို့ လမ်းကိုခွထားတဲ့ ဓာတ်ကြိုးကို ဝါးလုံးရှည်ကြီးနဲ့ တောက်လျှောက် ထောက်ပေးရတဲ့ ပုဂ္ဂိုလ်ပါပဲ၊ ဒီမှာ သွားကြည့်နိုင်ပါတယ်။ နောက်ပြီး ခြင်္သေ့ကို ရှုထောင့်မျိုးစုံက မြင်ရအောင် မီးထိုးပေးရတဲ့ မီးဆရာတွေလည်း တော်တော့်ကို ပင်ပန်းတယ်။ နောက်နှစ်တွေမှာ ဒီလိုပွဲမျိုးလုပ်တဲ့အခါ ဓာတ်ကြိုးတွေလည်းလွတ်၊ အလင်းရောင်လည်း ကောင်းကောင်းရတဲ့ အားကစားကွင်းလို နေရာမျိုးမှာ လုပ်သင့်တယ်။ လမ်းထဲ လုပ်တာကတော့ အန္တရာယ် အရမ်းများတယ်လို့ ထင်မိပါတယ်၊ နောက်ပြီး လမ်းထဲမှာ အိမ်တိုင်းစေ့ တုံချမ်းချမ်း တီးလုံးကို ကြိုက်တာမှ မဟုတ်ပဲလေ။

အပေါ်ပုံက မင်းသားခန့်စည်သူကို ဝိုင်းနှုတ်ဆက်နေတာပါ။ ပွဲပြီးလို့ သူ့ကားဆီ ပြန်လျှောက်သွားတော့ အတော်လေး ရီရတယ်၊ ကလေးအုပ်ကြီးက နောက်ကလိုက်၊ သူက ရှေ့ကပြေးရတာ။ လိုက်ပြေးတဲ့ ကလေးတွေကလည်း ဘာလုပ်တယ် မှတ်လဲ၊ မင်းသားဗိုက်ကို လိုက်ပွတ်တာဗျ။ အဲဒါနဲ့ လုံခြုံရေး နှစ်ယောက်က သူ့ကို တဖက်တချက် ညှပ်ပြီးသွားတာ ဘာနဲ့တူသလဲ ဆိုတော့ရင် ဒုစရိုက်သမားကို လက်ပူးလက်ကြပ်မိလို့ စခန်းကို ခေါ်သွားတဲ့ပုံမျိုး၊ ကျနော်တို့ နောက်ကကြည့်ပြီး ရီနေရတယ်။

အပေါ်ပုံက အယ်လ်ပိုင်းရေသန့်ပိုင်ရှင် ရတနာပုံကလပ်ရဲ့ ကပ္ပတိန် ဆရာစိုင်းပါ။

၂ နှစ်ဆက်တိုက် ဗိုလ်စွဲတဲ့ ပတ္တမြားအသင်း ဆုဖလားကြီးနဲ့ ပျော်နေကြပုံပါ။ ဒီမကျေပွဲ ပြီးသွားတော့လည်း ပ၊ ဒု မခွဲပဲ ပူးတွဲပဲ ထပ်ပေးပါတယ်။ နောက်တစ်သင်းက ရွှေသံလွင်နဲ့ ပတ်သက်တယ်လို့ ပြောကြတယ်၊ ဒီပွဲကို ရွှေသံလွင်ကလည်း စပွန်ဆာ ပေးထားတော့၊ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလည်းဖြစ်၊ တကယ်လည်း ကောင်းတဲ့ ပတ္တမြား ကိုရော၊ အဲဒီ အသင်းကိုရော ဒုတိယနေရာ ပေးလို့မရဘူး လို့ အတည်မပြုနိုင်တဲ့ သတင်းရပ်ကွက်က ကြားရပါတယ်။ နှစ်သင်းလုံး လက်ရည် ညီနေလို့ ဖြစ်မှာပါ လို့ ဖြေတွေး တွေးလိုက်ပါတယ်၊ ပူးတွဲချန်ပီယံလည်း ကောင်းနေတာပဲလေ။
တော်သေးလို့ မကျေ့မကျေပွဲ ထပ်မပြိုင်တာ၊ ကျနော်တောင် သူတို့အစား မောမိတယ်။


ဒါက ခြင်္သေ့ပြိုင်ပွဲရဲ့ အမှတ်တရလက်ဆောင်ပါ၊ နောင်နှစ်မှာ ဆုံချင်ပါသေးတယ်။
နောင်နှစ်မှာ ဆုံနိုင်ပါစေဗျာ။
ReplyDeleteTZAကိုလည်း ခန့်စည်သူလို ဒုစရိုက်သမားကို လက်ပူးလက်ကြပ်မိလို့ စခန်းကို ခေါ်သွားခံရတဲ့ပုံမျိုး နောင်နှစ်မှာ တွေ့ရပါစေဗျာ။
ReplyDelete'ကတောက် ...!'
ReplyDeletekomကိုယ်စား
...
ReplyDeleteစလုံးက ခြင်သေ့လောက်တော့ မြန်မာပြည်က ခြင်သေ့တွေ ပျင်းတောင်ပျင်းသေးတယ်နော်....
ReplyDeleteလက်ဆောင်လေးကချစ်စရာ။
ReplyDeleteခြင်္သေ့ သေးသေးလေး။
လက်ဆောင် ခြင်္သေ့ရုပ်ကိုင်ထားတာ ဘလူ့ လက်လဲ....
ReplyDeleteအမှန်တော့ မသိချင်ပါဘူး...ဘာရေးရမှန်းမသိလို့....
ReplyDeleteကိုkma.. အရင်ဆုံးပေးတဲ့ဆုနဲ့ပဲ ပြည့်လိုပါတယ်ဗျာ၊ ဟားဟား။
ReplyDeleteအရီး.. အစက်တွေချသွားတာ ဘာတီပေါလဲ။
အမည်မသိ.. ဟုတ်တယ်၊ သူတို့ကို ngee ann city ရှေ့မှာ ခေါ်ကခိုင်းရမှာ၊ စင်္ကာပူရီယန်းတွေ အားပေးလိုက်မယ့်ဖြစ်ချင်း။
ကြည်.. ခြင်္သေ့မကျ နဂါးမကျဗျ။
အစ်မချစ်.. တစ်ယောက်သော ကောင်လေးပေါ့ကွယ်။
မင်းသားဖြစ်ရတာများ ကံကောင်းချက် ၊ ဗိုက်တောင် မင်းသားဗိုက်ဆိုပြီး အပွတ်ခံရတယ် .. ကတောက်
ReplyDeleteပုံ
ဗိုက်ချင်းတူတူ လူခြင်းမမျှ
ခမမ
ခမမ
ReplyDeleteလာခဲ့စမ်းပါ။
ဟုတ်တယ်၊ လာခဲ့၊ တကိုယ်လုံးပွတ်ပေးမယ်။
ReplyDeleteAnother joint winner is Black Pearl. :)
ReplyDeleteကျေးဇူးပါ Albert :)
ReplyDelete