
ဒီသတင်းကို ကြိုက်လို့ကူးတင်တယ်၊ ဖြစ်သင့်တာကြာပြီ။ စင်္ကာပူ ယှဉ်ပြိုင်မှုကော်မစ်ရှင် Competition Commission of Singapore (CCS) က Sistic ကို ဒေါ်လာ တစ်သန်းနီးပါး ဒဏ်ရိုက်လိုက်တဲ့သတင်းပါ။
တရားမျှတတဲ့ ကစားကွင်း level playing field ကို ဖော်ဆောင်ပေးတဲ့ အဲဒီကော်မတီရဲ့ သမိုင်းမှာ အပြင်းထန်ဆုံး ဒဏ်ကြေးပါ တဲ့။ (ဝမ်းသာတယ်၊ ကောင်းတယ်၊ နည်းတောင် နည်းသေးတယ် :p)
Sistic က တခြားပြိုင်ဖက်တွေ ဘာမှမလုပ်နိုင်အောင် event promoters ၁၇ ခုနဲ့ ပွဲစဉ်တွေ ကျင်းပတဲ့ အဓိက နေရာ ၂ ခု (ဒူးရင်းသီး ကဇာတ်ရုံရယ် အမျိုးသား မိုးလုံလေလုံ အားကစားရုံ) ရယ်ကို လက်မှတ် သူများဆီ သွားမရောင်းရဘူး ဆိုတဲ့ ကတိခံဝန်ချက် အတင်းထိုးခိုင်း ထားတယ်။ ဒါကြောင့် စင်္ကာပူမှာ ဘာပွဲပဲ ကြည့်ကြည့် သူတို့ဆီမှာပဲ လက်မှတ်ဝယ်ရ တော့တယ်၊ ဈေးနှုန်းကိုလည်း ကြိုက်သလို ထိန်းချုပ်ထားလို့ ရသွားတာပေါ့။ ဒီသတင်း အရတော့ တကျွန်းလုံးရဲ့ ၆၀% - ၇၀% လောက်ထိကို ချုပ်ကိုင်ထားတယ် ဆိုပါတယ်။ စာဖတ်သူတွေလည်း သူ့ကို အားပေးဖူးမှာပါ။
TICKETING giant Sistic was fined $989,000 yesterday, the heaviest sanction handed down by the Competition Commission of Singapore (CCS) since it began policing the Republic's entrepreneurial landscape in 2006 to ensure a level playing field.
The CCS ruled that Sistic had abused its dominant position in the ticketing industry to block other firms from competing, and harmed consumer interests in the process. It did this by forcing 17 event promoters and two of the biggest venues in Singapore - the Esplanade and Indoor Stadium - into signing exclusive contracts with it.
This meant that anyone here who wanted to watch a concert or play at either venue would have had no choice but to buy a ticket from Sistic. This effectively locked up 60 to 70 per cent of all ticket deals in Singapore. Customers were deprived of choice, and were forced to swallow higher ticket prices as a result, the CCS said.
Read the full story in Saturday's edition of the Straits Times.
--
သိကြတဲ့အတိုင်း ပြိုင်ဆိုင်မှု ဆိုတာ တကယ့်ကို အရေးကြီးတာပါ၊ အပြိုင်အဆိုင် မရှိရင် “လူ” တွေဟာ ဖြစ်ချင်တိုင်း ဖြစ်သွားတတ်တယ်ဆိုတာ ကျနော် လက်ခံထားပါတယ်၊ ညံ့ဖျင်းသွားမယ်၊ သို့မဟုတ်၊ ကိုယ့်ရဲ့ အားသာချက်ကို အားကိုးပြီး သူများကို နိုင်ထက်စီးနင်း လုပ်ရင်လုပ်မယ်၊ ဒီသတင်းထဲက ဇာတ်လိုက်ကြီး လိုပေါ့။ သို့ပေမယ့်၊ ဒင်္ဂါးပြားတိုင်းမှာ ခေါင်းတဖက်၊ ပန်းတဖက် ရှိတာချည်းပါပဲ။
--
“အပြိုင်အဆိုင် မရှိလို့မဖြစ်ဘူး၊ ပရမ်းပတာ ပြိုင်ဆိုင်မှုကျတော့လည်း အလုပ်မဖြစ်ပြန်ဘူး။”
ယှဉ်ပြိုင်နိုင်ခွင့် မရှိပဲ တစ်စုံတစ်ယောက်ကသာ လက်ဝါးကြီးအုပ်ထားရင် စားသုံးသူမှာ ရွေးချယ်ပိုင်ခွင့် မရှိတော့လို့ တိုးတက်ပြောင်းလဲမှု ဆိုတာလည်း တော်ရုံ မရှိနိုင်ဘူး (ဈေးလျှော့တာလည်း တိုးတက်မှု တစ်ခုလို့ ယူဆပါတယ်)။ ဥပမာ Sistic လက်မှတ်ရောင်း ကုမ္ပဏီ
နောက် ယှဉ်ပြိုင်စရာ မလိုပဲ သူကတော့ ဘာမို့လို့၊ ဘယ်သူမို့လို့၊ (အရည်အချင်းကြောင့် မဟုတ်ပဲ) ဘယ်လို ခံစားခွင့်တွေ ခံစားနေရတာ ဆိုတာမျိုးလည်း လက်တွေ့မှာ အလုပ်မဖြစ်ဘူး။ ဥပမာ မလေးရှားက ပညာရေးစနစ်
စည်းဘောင်တစ်ခု သတ်သတ်မှတ်မှတ် မရှိပဲ ပြိုင်ဆိုင်တာမျိုးကျတော့ ယှဉ်ပြိုင်သူတွေသာ ခြေကုန် လက်ပန်းကျပြီး အားထုတ်သလောက် အကျိုးမရှိပြန်ဘူး။ ဥပမာ စင်္ကာပူက ပင်နီစူလာက Price war
အပေါ်နှစ်ခုက ဖတ်စရာရှိပြီးသားဆိုတော့ နောက်ဆုံးဥပမာကိုပဲ ကျနော်မြင်သလောက် ရေးကြည့်ပါမယ်။ ပင်နီစူလာမှာ မြန်မာဆိုင်တွေ မှိုလိုပေါက်နေတယ်၊ တချို့ဆိုင်ခန်းတွေမှာ ဆယ်စုနှစ်ချီပြီး ဖွင့်ထားတဲ့ ဆိုင်ကြီးတွေ ရှိနေသလို၊ တချို့ဆိုင်ခန်းတွေ ကျတော့ တစ်လက်ပြီးတစ်လက် ပြောင်းပြောင်းသွားတယ်။
ဆိုင်ခန်းခတွေ ခေါင်ခိုက်နေတာ အားလုံးအသိပါပဲ၊ ဒါတောင် အခန်းလွတ် တစ်ခန်း ရဖို့အရေး ဈေးတွေ တိုးတိုးပေးနေကြတယ် ဆိုပဲ။ ဆိုင်ဖွင့်တာက ဟုတ်ပါပြီ၊ ဈေးကွက်ထဲ သိပ်မရှိသေးတဲ့ ဝန်ဆောင်မှု ပေးတာမျိုးဆို ထားပါတော့၊ အဲလိုမဟုတ်ပဲ မြန်မာပြည်က ရောင်းကုန်တွေပဲ တင်ရောင်းတဲ့ ဆိုင်မျိုးက ဆယ်ဆိုင်ထက်မနည်း ရှိနေပြီ ထင်ပါတယ်။ ကျနော်ဆို ဘယ်ဆိုင်က ဘာနာမည်မှန်း မမှတ်မိပေမယ့် ရောင်းတဲ့ ပစ္စည်းတွေကို ဆင်တူတွေချည်းမို့ မှတ်မိနေတယ်။ အဲသလို ခပ်ဆင်ဆင် ဆိုင်မျိုးတွေ အချင်းချင်း ယှဉ်ပြိုင်ဖို့ အဓိကလက်နက်က ဈေးနှုန်း ပါပဲ။
ဟိုဆိုင်က ဒီလောက်ဆို ကိုယ်က ဘယ်လောက်ထပ်လျှော့၊ ကိုယ့်ထက် ပိုနိမ့်တဲ့ဈေး ပေါ်လာရင် ပိုပိုနိမ့်အောင် ထပ်ထပ်လျှော့၊ ဒီလိုပဲ ပြိုင်ရတာပဲ။ ဝန်ဆောင်မှု ကောင်း၏၊ မကောင်း၏၊ ပစ္စည်း လတ်၏၊ မလတ်၏၊ ဆိုတာတွေကို စားသုံးသူတွေ အကဲဖြတ်နိုင်ပေမယ့် အဲဒါက ရေတိုမှာ မသိနိုင်ဘူး၊ လတ်တလော ဈေးကွက်ထဲ တိုးဝင်ဖို့လမ်းက ဈေးချဖို့ပဲ ဖြစ်နေတယ်။ တခါတလေ စဉ်းစားမိတယ်၊ ငွေလွှဲ၊ ပစ္စည်းပို့၊ ကွမ်းရောင်း စတဲ့ တခြားဟာတွေ တွဲမလုပ်ပဲ ဈေးရောင်းရုံ သက်သက်နဲ့ သူတို့ ကျန်ပါ့မလား ပေါ့။ တဆိုင်ပြီး တဆိုင် ပြောင်းပြောင်းသွားတဲ့ ဆိုင်ခန်းတွေက ဒီမေးခွန်းရဲ့ အဖြေ မဖြစ်ကောင်းပါဘူးလေ။
ဝယ်လိုအားကိုလိုက်ပြီး အဓိက အရောင်းသမားတွေ အချင်းချင်း ဈေးညှိယူသူတွေကို cartel တွေလို့ ခေါ်ကြတယ်၊ ပင်နီစူလာမှာလည်း အဲသလို cartel တွေ ရှိကောင်းရှိမယ်၊ ကျနော်မသိဘူး။ ဈေးသည် ရှုထောင့်က ကြည့်ရင်တော့ ရှိဖို့သင့်တာ အမှန်ပါပဲ။ ဒါမှမဟုတ်လို့ရှိရင် ကော်မတီ တစ်ခုခု သို့မဟုတ် ပင်နီစူလာ ကုန်တိုက်ရဲ့ အုပ်ချုပ်မှု ယန္တရားက ရောင်းမယ့်ကုန်၊ ပေးမယ့် ဝန်ဆောင်မှုကို မူတည်ပြီး ဆိုင်ခန်း ခွဲတန်းကို အချိုးကျ ခွဲပြီးမှ ငှားထုတ်ရင် ပိုကောင်းမယ်။ မဟုတ်လို့ကတော့ အလု အယက် ငှားကြ၊ အပြိုင် အဆိုင် ဖွင့်ကြ၊ လပိုင်းဖွင့်ပြီး ပြန်ပိတ်ကြ၊ နောက်ဆုံး ခံရသူက (အိမ်စာ ကောင်းကောင်း မလုပ်တဲ့) ရွှေတွေပဲ ဖြစ်မှာပါပဲ၊ ဆိုင်ပိုင်ရှင်က အနေသာကြီးပါ။
Oligopoly ခေါ်တဲ့ ကစားသမား အနည်းစုကသာ ထိန်းချုပ်နေတဲ့ ကစားကွင်းတွေထဲမှာ စင်္ကာပူလည်း ပါပါတယ်။ ဥပမာ ဖုန်းဆို အနီ၊ အစိမ်း၊ လိမ္မော် သုံးဦးစပ် tripoly ၊ သူတို့တွေရော cartel မဟုတ်ဘူးလား၊ ဖုန်းခ တစ်လကို ၂၀ ကျော် ဘယ်သူသတ်မှတ်တာလဲ၊ 3G data bundle 12G ဆိုတာရော ဘယ်သူ သတ်မှတ်တာလဲ၊ လိမ္မော်ကတော့ သူရှေ့ကသွား ကျန်တဲ့ကောင် နောက်ကလိုက် လို့ ပြောတာပဲ၊ အစိမ်းနဲ့ အနီက ဂဏန်းတစ်လုံး ချပေးပြီး သူ့ကို ကြွက်ဖြူအဖြစ် စမ်းသပ်နေတာကော မဖြစ်နိုင်ဘူးလား။ “တရားဝင်” ဈေးညှိတာ မရှိပေမယ့် ကမ္ဘာ့ဖလားအတွက် ပေါ်တင် ညှိယူကြတာကျတော့ ဘယ်လို ပြောရမလဲ၊ သူတို့ အစက ဖီဖာကို ဈေးတိုးပေးပြီး အကြိတ်အနယ် ပြိုင်နေတာ မကောင်းလို့ နောက်ဆုံး အစိုးရက ကြားဝင်ပြီး ညှိပေးရတာပဲ၊ အဓိကအချက်က ဦးတည်ချက် ကောင်းမကောင်း ပါပဲ။
ချုပ်ပါမယ်၊ အစက သတင်းကိုကူးတင်ပြီး ပို့စ်တစ်ခုလုပ်မလို့၊ ရေးရင်းရေးရင်း ရှည်သွားပြီ။
ပြိုင်တာကောင်းတယ်၊ သို့သော်၊ စည်းနဲ့ကမ်းနဲ့ ပြိုင်ရပါမယ်၊ ရေရှည်ကြည့်ပြီး ပြိုင်ရပါမယ်။
ပင်နီစူလား ကိစ္စ စိတ်အဝင်စားဆုံးပဲ။
ReplyDeleteဒါမျိုး အကြောင်းအရာတွေ များများ ဖတ်ချင်ပါတယ်။
ပင်နီစူလား က တချို့ ဆိုင်တွေ က ငွေဖြူ ပြချင်လို့  ဖွင့်တာတွေလဲ ရှိပါတယ်
ReplyDeleteBusiness EP လျှောက်လို့ ရအောင် ဖွင့်တာတွေလဲ ရှိပါတယ်
တော်တော်များများက လူကြီးသားသမီးတွေပါ
ကြည့်ရတာ တယ်လီဖုံးဘီလ် ရာဂဏန်းထိသွားပုံဘဲ.
ReplyDeleteHeart ထိသွားရာကနေ ဒီပိုစ်ဖြစ်သွားတာလား ဒီပိုစ့်ရေးရင်းကနေ heart ထိသွားတာတွေ သတိရသွားတာလား. တစ်ခုခုတော့တစ်ခုခုဘဲ။ ဒုတိယအချက်ကပိုဖြစ်နိုင်တယ်။
ReplyDeleteပြိုင်တာကောင်းပါတယ်..
ReplyDeleteပြိုင်တာမရှိရင် ဘယ်မှာ တိုးတက်မှုဆိုတာ ရှိနိုင်ပါ့မလဲ..
''ဝယ်လိုအားကိုလိုက်ပြီး အဓိက အရောင်းသမားတွေ အချင်းချင်း ဈေးညှိယူသူတွေကို cartel တွေလို့ ခေါ်ကြတယ်၊ ''
အဲလိုခေါ်တာမသိဘူး..ဒါပေမယ့် ဈေးညှိပြီး ကိုယ့်ဆိုင်မှာ
တိုးတိုးတိတ်တိတ်ဈေးချရောင်းနေတတ်တဲ့ စီးပွားရေးသမားမျိုး
(မသမာတဲ့စီးပွားရေးသမားပေါ့)(賤商 )လဲ ရှိတတ်တာပဲလေ..
ပေါက်
CCS က လုပ်သင့်တာတော့ အများကြီးပဲ။
ReplyDeleteSMRT vs SBS (Public Transport အပေါ်မှာ အမြတ်အစွန်းယူတာ ညစ်ပတ်တာ မဟုတ်ဘူး လို့ ပြောသွားတဲ့ ဝန်ကြီး စကားကို မကျေနပ်ဘူး။) 6 Taxi Companies (ဘယ်နိုင်ငံမှာမှ မတွေ့ဖူးတဲ့ Surchages ဆိုတာတွေ နင်းကန် တောင်းနေလို့။) Singtel vs Starhub (လောလောဆယ် ကမ္ဘာ့ဖလား ကြည့်ဖို့ ၇၀ ပေးလိုက်ရလို့ တင်းနေတယ်။)
အဲနောက်ဆုံး စစ်သင့်တာတော့
ပီအေပီ Vs. .... :D
Sistic ထိတာ ဝမ်းသာတယ်။ လက်ဝါးကြီးအုပ်လွန်းလို့...။
ReplyDeleteပန်နီစူလာက ဆိုင်ခန်းတွေက ပုံမှန် သူလိုကိုယ်လို လူတွေသွားဖွင့်ရင် တောင့်မခံနိုင်လောက်ဖူး၊ ပထမ ၆လလောက် အရှုံးနဲ့တောင့်ခံနိုင်ဖို့ လိုတယ်။ ကိုယ်တိုင်ငွေရင်းကိုင်ပြီး မလုပ်စားပဲ ငွေကောက်ရုံကောက်ပြီး ဈေးဖြတ်တဲ့ဆိုင်ကြီးတွေဆီ ပြန်သွင်းနေတဲ့ ဆိုင်ကလေးတွေလည်း ရှိသေးတယ်။ အဝတ်အထည်တွေ၊ တခြားပစ္စည်းတွေကတော့ အလုပ်မှ ဖြစ်ရဲ့လားတောင် ထင်မိတယ်။ အစားအသောက်ဆိုင်တော့ စိတ်ဝင်စား တယ်။ စေတနာပါပါနဲ့သာ ရောင်း...၊ ဈေးချင်း အရသာချင်း တူရင် တောင် ကိုယ့်ဆိုင် လူစည်မှာပဲ။
ဒါပေမဲ့ကွယ်...ငွေလွှဲတာ၊ ကွမ်းရောင်းတာတွေက တရားဝင်မဟုတ် တော့ မလုပ်ချင်ပါဘူး...တို့က သေဋ္ဌေးမှ မဖြစ်ချင်တာ...:P
Rita.. များများရေးချင်ပေမယ့် ဒေတာများများမရှိဘူးလေ။
ReplyDeleteအမည်မသိ.. မျှဝေတာကျေးဇူးပါ။
အရီးကွန်.. ဒဏ်ရာဟောင်းတွေ လာလာမဆွပါနဲ့။
ပေါက်.. ဟုတ်ပ၊ ဈေးတင်ရောင်းရင် ဝိသမလောဘသားလို့ ခေါ်ကြပြီး ဈေးအလျှော့လွန်သွားရင် ဈေးကွက်ဖျက်တယ်လို့ ခေါ်ကြပြန်ရော။
ZT.. ဟမ်မလေး၊ နောက်ဆုံးတကြောင်းကို ရေးမှ ရေးပါ့မလားလို့ စိတ်ပူလိုက်ရတာ :) သူ့မှာ ပြိုင်ဖက်တွေ မရှိမဟုတ် ရှိပါတယ်၊ ဒါပေမဲ့ပေါ့လေ..
အစ်မချစ်.. ဝမ်းသာတာချင်းတူနေပြီ၊ ဟေးဟေး။ ဟုတ်တယ်၊ ကွမ်းက တရားမဝင်လို့ပဲ တော်တော့တယ်၊ နို့မို့ဆို ကွမ်းဆိုင်တွေချည်း တန်းစီနေမှာ၊ အမြတ်အစွန်းက တော်တော်များတယ် ပြောတာပဲ။
ပင်နီစူလားလဲ သူ့ဝမ်းနာ သူသာ သိပါဒယ်လေ...။
ReplyDeleteဟိုနေ့က ဝင်းမြန်မာမှာ ခေါက်ဆွဲမှာစားတယ်၊ လမ်းပြကြယ်မှာသွာ:ထိုင်တာမို့ ၁ထပ်တည်းစိုပီး အမြန်ပြေးဝယ်လိုက်တာပါ။ ခေါက်ဆွဲဖတ်ကို ဗူးသီးကြော်စားရင်ရတဲ့အချဉ်ရည်နဲ့နယ်ပီး ကိုယ့်ကို ဘာကြော်ထည့်မလဲ လို့လှန်:မေးပါတယ်။ ပဲကြော်လို့လဲပြောရော ၄ကျပ်ခွဲပါတဲ့။ ခေါက်ဆွဲဖတ် အချဉ်ရည်နဲ့ ပဲကြော်၁ခုကို ၄ကျပ်ခွဲပေးရလို့၊ ဘာမှ မပြောခဲ့ရလို့ (စလုံ:ဆိုင်ဆို နင့်မန်နေဂျာဘယ်မာလဲ၊ ဘယ်လိုတွက်ပီးယူတာလဲ စိုပီး ခွေဖြူတို့ ကောင်းကောင်းရစ်နေကျ) စိတ်ထဲတနုတ်၂ဖြစ်နေတာ ခုထိပဲ၊ နောက် ဝင်းမြန်မာ မှာဘယ်တော့မှ မစားတော့ပါဘူးဟု တီဇက်အေ ဘလောက်မာ သစ်စာ(မမကွန်ကို အားကျလို့) ဆိုပါတယ်
ReplyDeleteခရေဖြူ