Search This Blog

Loading...

26 June 2010

♠ FIFA 2010 round of 16

၁၆ သင်းထဲမှာ အမေရိကန်နဲ့ မက္ကစီကို ပေါင်း ၂ သင်းက မြောက်အမေရိက၊ ဥရုဂွေး၊ ဘရာဇီး၊ ချီလီ၊ အာဂျင်တီးနားနဲ့ ပါရာဂွေး ပေါင်း ၅ သင်းက တောင်အမေရိက၊ ဂါနာက ၁ သင်းတည်းသော အာဖရိက၊ နယ်သာလန်၊ စလိုဗက်ကီးယား၊ ဂျာမနီ၊ အင်္ဂလန်၊ စပိန်နဲ့ ပေါ်တူဂီ ပေါင်း ၆ သင်းက ဥရောပ၊ တောင်ကိုးရီးယားနဲ့ ဂျပန် ပေါင်း ၂ သင်းက အာရှ။

ဒီတကျော့မှာ ကြည့်ချင်တဲ့ပွဲတွေက ဘရာဇီး-ချီလီ၊ ဂျာမနီ-အင်္ဂလန်၊ စပိန်-ပေါ်တူဂီ၊ နောက်ပြီး အာရှသင်းပါတဲ့ ပွဲတွေပေါ့။ ယူအက်စ်နဲ့ အင်္ဂလန်က အုပ်စုပွဲမှာ အမှတ်တူ၊ ဂိုးအရေအတွက်လည်း တူခဲ့ပြီး ဂိုးပေါင်းနဲ့ ယူအက်စ်က ဗိုလ်စွဲသွားတာ သိပ်ကံကောင်းတယ်၊ ဒီတကျော့မှာ ဂါနာနဲ့ပဲ ကန်ရမှာ ဖြစ်တဲ့အတွက် ဂျာမနီနဲ့ ကန်ရမယ့် အင်္ဂလန်ထက် တက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ သို့သော်၊ ဘောလုံးက လုံးတယ် တဲ့။

FIFA matches - http://www.fifa.com/worldcup/matches/kostage.html

12 comments:

  1. အာဂျင်တီးနား-မက်ဆီကို လည်း ကြည့်ကောင်းမယ်ထင်ပါ၇ဲ့

    ReplyDelete
  2. ဟုတ်တယ်နော်၊ messi ဘယ်နှဂိုးသွင်းမလဲမသိဘူး။

    ReplyDelete
  3. မက်ဆီက ချစ်စရာလေးး)) (မျက်စိအောက်တင် ကြီးလာတာ)

    ReplyDelete
  4. nar lae wooo.

    ReplyDelete
  5. ရှင်ချင်တယ်... ရှင်ချင်တယ်... ရှင်ချင်ပါတယ်ကွယ်...

    ပုံ/
    အင်္ဂလန်နှင့် ဂျာမဏီပွဲအတွက် ရတက်မအေးသူတဦး

    ReplyDelete
  6. ဂျာမနီက အင်္ဂလန်ကို ၅ - ၁ ဖြင့် ချေမှုန်းခဲ့ဖူးတယ်ဆိုတာ မေ့ထားရမယ့်အရာ မဟုတ်ဖူးနော် အန်တီသက်ဝေ ၊ ညှင်းညှင်း ....

    ပုံ
    ဘောလုံးဆောင်းပါးများ အပြေးအလွှားဖတ်ထားသူ

    ReplyDelete
  7. ဖတ်သွား..မှတ်သွား..ငေးမောသွား။

    ReplyDelete
  8. USA နှင့် GHA ကလွဲရင် ကျန်တာ အားလုံးနီးပါး Good တယ်။

    ReplyDelete
  9. argintina က မနက်ဖြန် ၂၇ကန်မှာမဟုတ်ဘူးလား။
    ဇယားမှာ ၂၈ဖြစ်နေတယ်။ fifa website မှာလဲ ၂၇ တနင်္ဂနွေပဲ။ ဇဝေနဲ့ ဇ၀ါ ဖြစ်သွားတယ်။
    ဒီကိုလာရောက်တိုင်း ပေါချင်စိတ်ပေါက်ပေါက်လာတာ ဘယ်သူ့သွားအပြစ်တင်ရမလဲ။ :P

    ReplyDelete
  10. ဇွန်မိုးစက်.. ကလေးထိန်းအလုပ်ကို part time လုပ်တယ်လား။

    အမည်မသိ.. ကိစ္စမရှိဘူး၊ နောက်ဆုံး ဗိုလ်စွဲတဲ့အသင်းသိရင် ပြီးတာပါပဲ။

    သက်ဝေ.. အင်း၊ တစ်သင်းက ထွက်ကိုထွက်ရတော့မယ်။

    ခမမ.. ပိုင်တယ်ဗျာ။

    တောင်ငူသား.. နယ်သာလန်ပဲ။

    ကြည်.. အိပ်ပျော်သွားရော မပါဘူးလား။

    အရီးကွန်.. အိပ်ချင်ယောင်ဆောင်သူကို နှိုးရခက်တယ်ဆိုလား။

    အောင်သိန်း.. သူတို့က the best တွေမို့လို့ ခွဲခြားခွဲခြားလုပ်တာလား။

    sy.. စင်္ကာပူအချိန်က ၂၈ ပါ၊ အာဖရိကမှာ ၂၇ ဖြစ်ပါတယ်။

    ReplyDelete