Search This Blog

Loading...

10 June 2010

♠ Fifa fever

ပွဲမစခင်တော့ ဒီလိုပဲ မှန်းကြတာပဲလေ၊ အိပ်မက်ထဲမှာ ပေါ်တူဂီ ဗိုလ်စွဲသွားသတဲ့။ (သင့်အိပ်မက်ကရော?)








ဘာလိုလိုနဲ့ စင်္ကာပူအချိန် မနက်ဖြန်ည ၁၀ နာရီမှာ ပထမဆုံး အုပ်စုပွဲစဉ်ဖြစ်တဲ့ တောင်အာဖရိက - မက္ကစီကို ပွဲကို စပြီး ကန်ပါတော့မယ်။ (စင်္ကာပူအချိန်နဲ့ ပွဲစဉ်ဇယားကို ဒီမှာ ကြည့်ပါ)

စင်္ကာပူမှာတော့ Singtel နဲ့ Starhub ကနေ အခပေး ကြည့်နိုင်ပါတယ်၊ ဒီနှစ်က 9416 ကြိမ်မြောက် ကမ္ဘာ့ဖလား မို့လား မပြောတတ်ဘူး၊ နှစ်ဖက်လုံး ညီတူညီမျှ (အခွန်ပေါင်းပြီး) 94.16 သတ်မှတ်တယ်၊ ပွဲစဉ်ပေါင်း 64 ပွဲ ဆိုတော့ တစ်ပွဲကို 1.47 ဒေါ်လာ ကျတာပေါ့။ ကျနော်ကတော့ ခုနလေးတင်မှ mio ကနေ ဝယ်လိုက်တာပါ၊ အလုပ်တက်ရမှာဆိုတော့ ပွဲတိုင်း အားမပေးနိုင်ပေမယ့် ဖခင်ဖေဖေက 64 ပွဲ မကလို့ ပွဲပေါင်း 640 ကန်သွားလည်း မလွတ်တမ်း ကြည့်နိုင်မှာပါ။ အင်း၊ မမိုက်ဆုံးကတော့ ဖိုင်နယ်ပွဲပါပဲ၊ စင်္ကာပူ အချိန် တနင်္လာနေ့ မနက်စောစော ၂ နာရီခွဲမှာ ကန်မယ်တဲ့ဗျာ၊ တနင်္လာနေ့ ခွင့်ယူလို့ သိပ်ခက်တယ်ဆိုတာ သူတို့ နားလည်ထားဖို့သင့်တယ်၊ ဟုတ်သလား မဟုတ်ဘူးလား။

excel ဖိုင်ကို excely.com ဆီက ယူထားတာပါ၊ မြန်မာစာ win researcher နဲ့ ရိုက်ပြီးသား ရှိပါတယ်။ (သို့သော် ခ နဲ့ ဃ မှားနေတယ်)

5 comments:

  1. တောင်ပေါ်သား (TWN)June 11, 2010 2:34 AM

    တို့ဒီမှာကတော့ မက်ဒေါနဒ်သွားရင် အခမဲ့ ကြည့်နိုင်တယ်တဲ့။ (အရေထူရင်တော့ ဘာမှမဝယ်ဘဲ ခပ်တည်တည် ဝင်ထိုင်တာပေါ့။ ဟား) ဒီတလော ကြော်ငြာမှာ တွေ့တာကို ပြောပါတယ်။ ပွဲစဉ် အားလုံး ပါမပါတော့ မသိပါ။ ဒီမှာက မက်ဒေါနဒ်ဆိုင်တချို့က တွမ်တီးဖိုး အာဝါ ဖွင့်တာဆိုတော့ ညပိုင်း လူပိုလာအောင်နဲ့ တူတယ်။

    ReplyDelete
  2. တောင်ပေါ်သား (TWN)June 11, 2010 2:38 AM

    အရင်ကန်တဲ့ပွဲက ဘာလို့ "ဒုတိယ"အကြို ဗိုလ်လုပွဲ ဖြစ်သွားရတာလဲ။ ဘာရယ်မုတ်ပါဘူး။ လက်အားလို့ မေးကြည့်တာ။

    ReplyDelete
  3. နားမလည်ဆုံ့းဘာသာရပ်ဘဲ။

    ReplyDelete
  4. တနင်္လာနေ့ ခွင့်ယူလို့ သိပ်ခက်တယ်ဆိုတာ သူတို့ နားလည်ထားဖို့သင့်တယ်၊ ဟုတ်သလား မဟုတ်ဘူးလား။ ( ဟုတ်ဘူး :P)

    ReplyDelete
  5. ကိုယ့်အိပ်မက်ကတော့ Brazil ပါကွယ်...

    ReplyDelete