degolar at hotmail dot com ဆိုတဲ့ email ကို ဘလော့ဂ်ပေါ် တင်အပြီးမှာ မှိုတက်နေတဲ့ စာပုံးထဲ ၂ ရက် တခါလောက် ဝင်စစ်ဖြစ်တယ်။ အမြဲလိုလို ပြောင်တလင်းခါနေတဲ့ inbox ထဲမှာ ဒီနေ့တော့ ပူပူနွေးနွေး စာ ၂ စောင် တွေ့ရပါတယ်၊ ဒီ ပျော်ရွှင်မှုကို အားလုံးနဲ့ မျှဝေလိုက်ပါတယ်၊ အထူးသဖြင့် စတာလင်ပေါင် ငါးသိန်းကျော် အိတ်ထဲဝင်မယ့်အရေး တွေးတွေးပြီး တွေ့သမျှလူကို ကိုယ့်ပဲ ဓားပြ လာတိုက်မလားဆိုပြီး ယုန်ထင်ကြောင်ထင် ဖြစ်မိနေတယ်။
ဒါက ပထမတစောင်ပါ၊ တိုးတိုးပဲဖတ်ပါ၊ သူများကြားကုန်မယ်။
Dear Winner,
Congratulations you won £525,000.00Gbp randomly in our online Sweepstakes International Program, for payment contact .Tel;(+44)704-577-2891.Email;richard.matins@live.com
NOTE: ALL RESPONSE MUST BE ADDRESSED TO Richard Matins:richard.matins@live.com
Kim David
Public Announcer.
--
နောက်တစောင်က ပိုတောင်ရှည်သေးတယ်၊ ရှေ့ပိုင်းပဲ ကူးတင်လိုက်မယ်။
Hello,
We need your support!
I've recently discovered your website and wanted to share how impressed I am with its relevant content and its extensive following. I'm the Marketing Consultant at Sampsonia Way Magazine sponsored by the nonprofit City of Asylum/Pittsburgh. Sampsonia Way is an online magazine dedicated to celebrating literary free expression and supporting persecuted poets and novelists worldwide. Both your website and our online magazine are working towards the same goals and I think it would be beneficial if we started a relationship between our online publications. blah blah blah..
--
အထက်ပါ စာနှစ်စောင်သည် ကျွန်ုပ်၏ ပူလောင်သော စာပုံးထဲမှ နှစ်စောင်တည်းသောစာ ဖြစ်လေတော့သည်၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ ပျော်ရွှင်မှုများ စာဖတ်လာပရိသတ် အပေါင်းအား ကူးစက်ပါစေသား။
--
မှတ်ချက် (၁) - ဒီလိုရေးလို့ ကျနော့်ဆီစာရေးကြပါလို့ ပြောချင်တာမဟုတ်ပါဘူး၊ hotmail ရဲ့ spam စစ်ထုတ်တဲ့ အစွမ်းအစကို အားမလိုအားမရ ဖြစ်နေတာပါ၊ ဒီလိုစာမျိုး အော်တိုငုတ်တုတ် junk ထဲ ဝင်သင့်တာပေါ့။
မှတ်ချက် (၂) - ဒီမနက် ICA လေးထပ်မှာ ပို့စ်ကို အစပျိုးပြီး ပင်နီစူလာအောက်ထပ်က ရနံ့သစ်မှာ မုန့်ဟင်းခါးစားရင်း အချောသပ် ပို့စ်တင်ပါတယ်။ ဆက်စားလိုက်ဦးမယ်။

reaction မှာ ဒီပို့စ်ကို အလွန်မုန်းပါသည်။တစ်စက်မှမကြိုက်ပါ။ တောက်ရမ်းအမြင်ကပ်ပါသည်။ ဆိုတာလေးရော ထည့်ဖို့ စိတ်ကူးရှိပါသလားရှင့်။
ReplyDeleteသိချင်သူပြည်သူတစ်ဦး
mm
တခုလောက် ထပ်ဖြည့်ချင်သေးသည်။
ReplyDeleteလုပ်စားသည် ဟူသော အချက်။
ဖြည့်စွက်ချင်သူ
ထီပေါက်ကြောင်း အကြောင်းကြားတဲ့ ပထမစာနဲ့ ခပ်ဆင်ဆင် (စင်စင် မဟုတ်)စာမျိုး ဟိုတလောက 'တောင်ငူ'မှာနေတဲ့ တူတစ်ယောက်ရဲ့ ဂျီမေးလ်ထဲရောက်လာတယ်။ ခမြာ မလည်မဝယ် နုံအအနဲ့မို့ စိတ်လှုပ်ရှားပြီး အတော်ပျော်သွားရှာတာ..။ ကျနော့်ဆီ အဲ့ဒီအီးမေးလ် ဖော်ဝပ်ပို့လာပြီး ဆောင်ရွက်ရမယ့် အစီအစဉ်တွေ နားမလည်လို့ သူ့ကို ကူညီပါဆိုလို့ စာပြန်ပြီးရှင်းပြရသေးတယ်။ အေးဗျာ ကမ္ဘာပေါ်ကလူတွေ ဘယ်လောက်များ အချဉ်ဖမ်းခံရပြီးပြီးလဲ မသိဘူး.. ခုထိ ဒီလိမ်ဆင်ကြီးက မရိုးနိုင်သေးဘူးဗျာ..။
ReplyDeleteဒါမျိုး....ရိုး ဟိုး ဟိုး ဟိုး နေပြီ၊ တို့ဖြင့် ကားသော့ကြီးတောင် ရထားပါရောလား....
ReplyDeletemm.. ရှိမည်မဟုတ်၊ ဘယ်တော့မှ ရှိလိမ့်မည်ကိုမဟုတ်။
ReplyDeleteRita.. ထိုနည်းတူစွာ ရှိမည်မဟုတ်၊ ရှိမည်ကိုမဟုတ်၊ ဟင်းဟင်း။
KMA.. ဟုတ်တယ်၊ စင်္ကာပူမှာ ကလေးပြန်ပေးဆွဲခံရတဲ့ လုပ်ဇာတ်တွေ ခေတ်စားနေတုန်းပဲ။
အမချစ်.. အလို.. ကားသော့ကြီးအပြင် ရထားကြီးတောင် ရလိုက်သေးတယ်ပေါ့။ :P
ဒီပိုစ်သိတ်ရိုးတယ်ဆိုတဲ့ option ကော..
ReplyDeleteပရိတ်သိတများကို ထည့်ခွင်ပြုပါ.
like
dislike
ပို့စ်ကို အလွန်မုန်းပါသည်။တစ်စက်မှမကြိုက်ပါ။ တောက်ရမ်းအမြင်ကပ်ပါသည်။
ကြိုက်တယ်။
မကြိုက်ဘူး
ရယ်ရတယ။်
မရယ်ရဘူး
ိစိတ်ဝင်စားစရာဘဲ
စိတ်မဝင်စားဘူး
ကူးလ်တယ်။
မကူလ်ဘူး။
ရိုးနေပြီ။
လုပ်စားတယ်။
အဟောင်းကြီး.
ဓါတ်ပုံတွေချည်းဘဲ။
etc...အက်စ်ထရာ အက်စ်ထရာ..
မှတ်ချက်နစ်တစ်ခုဘဲစိတ်ဝင်စားတယ်။
ပုံ
စောစောကဘဲ ပန်နီစူလာမှာရှိနေသူ.
မတွေ့လိုက်ရတာ နာတာဘဲ။
ငါးထပ်က ပီအာဆက်ရှင်.
လေးထပ်က ဘာလဲ။
ကျောင်းသားလား။
သွားလေရာ လက်ပတော့ကြီးတစ်ကားကားလားံHTC နဲ့လား.
ဆိုးမန်းနီူ့းကွန်ရှင်နဲ့လူ.
ကိုယ်လိုလူ.
default အတိုင်းပဲထားတာ၊ ဟိုဟာ ဒီဟာ ထပ်ဖြည့်ရင် တချို့တွေက zif ချွန်းတယ်လေး ဘာလေး ပြောကြအုံးမယ်၊ ဟင်း။
ReplyDeleteဒီကော်မန့်ကတော့ အတော်ရှည်တယ်၊ မနဲဖတ်ရတယ်။ ပင်နီစူလာ ဘယ်အထပ်မှာလဲ၊ တွေ့မိကောင်း တွေ့မိနိုင်တယ်၊ လေးထပ်က နိုင်ဂျံကားသားတွေအတွက်၊ ဖားသားကြီးကို သက်တမ်းသွားတိုးပေးတာ။ တကယ့်ကို ဆိုးမန်းနီး ကွက်ရှင်ပါပဲ။
သွားလေရာ လက်ပတော့ကြီးတစ်ကားကားလားံHTC နဲ့လား.
ReplyDeleteကျန်သေးတယ်
ပိုစ်ကိုဘာနဲ့တင်တာလဲ.
အရီး.. မဟုတ်ဘူး၊ နိုးနိုး၊ ဟင့်အင်း။ ဒီနေ့ ကိစ္စရှိလို့ လက်ပတော့ထမ်းထားတာ၊ htc ကတော့ ဖတ်ဖို့ပဲ အဆင်ပြေတယ်၊ ရေးတင်ရင် မိုးလင်းသွားမယ်။
ReplyDeleteအဲလို မားကတ်တင်းတွေကို သိပ်မုန်းတယ် ...
ReplyDeleteလူတွေကို ချိ(ထ်) လုပ်နေတာနဲ့တောင် မထူးဘူး...
တို့ကတော့ တို့ကတော့ အပေါ်က အန်တီ ချစ်ကြည်အေးတို့လိုပဲ .... ရိုးဟိုးဟိုး နေပြီ .... ကားသော့ကိစ္စကတော့ .... ဟင်း ... ဟင်း ...ဟင်း ...
ဘောပွဲနားတုန်းလေး လာဖတ်ပါတယ်...ပြောကို မပြောချင်တော့ပါဘူး..
ReplyDeleteတီတီဆွိ.. ဟုတ်ပ.. ဟင်းဟင်းဟင်း..
ReplyDeleteကိုကြီးကျောက်.. ၂-၀ ကောင်းပါတယ်၊ ပြောချင်ပါ ပြောချင်ပါ။