၂၀၀၄ ကနေ ၂၀၀၉ အထိ ဇွန်လဒုတိယပတ်တွေမှာ တင်ခဲ့တဲ့ပို့စ်တွေပါ၊ အမှတ်တရပေါ့။
၂၀၀၄ - ဇွန် ၁၂ မှာ SHE ရဲ့ Selina ကို ရိုက်မိတဲ့အကြောင်းရေးတယ်။

၂၀၀၅ - ခြေသေးမ,အကြောင်းရေးတယ်၊ National Geographic မှာ ပြတာကို ရိုက်တင်တယ်။

၂၀၀၆ - ဇွန် ၁၂ မှာ ဘန်ကောက်မှာ ကမ္ဘာ့ဖလားကြည့်နေတယ်၊ ဩော်ဇီနဲ့ဂျပန်ပွဲ၊ ရေလည်ပူတယ်။

၂၀၀၇ - ပူလောဝ်အူပင်သွားတဲ့အကြောင်း ပုံနဲ့တကွ ဖြေဆိုခဲ့တယ်။

၂၀၀၈ - အောချတ်လမ်းပေါ်က ယိုးဒယားသံရုံးမှာ ဝါးတီးပေးတဲ့အကြောင်း ရေးခဲ့တယ်။

၂၀၀၉ - ဒေါက်တာစင်သီယာမောင်အကြောင်းရေးခဲ့တယ်၊ ၂၀၀၆ တုန်းက ပုံတွေနဲ့။

၂၀၁၀ - အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားပွဲကြည့်ရင်း ပို့စ်အဟောင်းတွေနဲ့ ဆားချက်နေပါတယ်။

2004-2005-2006 အတိတ်ဆီသို့ ခြေဦးပြန်လှည့်နေပါသည်။
ReplyDeleteဘောပွအြပြီး ပို့စ်တက်လာလို့ တောင်ကို၇ီးယားအကြောင်းများလားလို့.. လပွတ္တာအကြောင်းဖြစ်နေတာကိုး..။
ReplyDeleteရေးပါ..မျှော်နေပါတယ်.... (:
ReplyDeleteသူလုပ်မှ မနဲပြန်ဖတ်ယူရတယ်.. ဘယ်မလဲလပွတ္တာ??
ReplyDeleteပိုတေးတိုး.. အချိန်အများကြီးယူပြီး ရေးရတာ ပိုအရသာရှိတယ်၊ ဒါပေမဲ့ပေါ့လေ.. ဘောပွဲကတဖက်ဆိုတော့..
ReplyDeleteဆားချက်နေတာဆို...
ReplyDeleteလပွတ္တာမှာဆားချက်တယ်လေ.... ဟီးဟီး
ပို့စ်အဟောင်းက ၂၂ရက်လေးလ နှစ်ထောင့်ခွန်နောက်ပိုင်း ဘယ်မှာရှာရမှာလဲ.. ပြော..ပြော..ပြော ၊ အရင်ဘလော့ဂ်မှာလား
ReplyDeleteဟိုး အဝေးကြီးမှာ ကျန်ခဲ့ပါပြီ စင်စင် (ပြတင်းပေါက်အပြင်ဖက်သို့ ငေးကြည့်၍ပြော)
ReplyDeletelink ထည့်ဖို့တောင် ပျင်းတဲ့ ကိုတီဇက်အေ။ :D
ReplyDeleteမဟုတ်ပါဘူး၊ ဘလော့ဂ်အဟောင်းက ပိတ်ထားတာ မှိုတောင်တက်နေပြီ။ :p
ReplyDeleteဟမ်... ဒါဆို မှိုတက်နေတာတွေ ဆွဲထုတ်လာတာပေါ့...
ReplyDeleteDirty...!!!
လူလဲမှိုတက်နေပြီလားမသိဘူး...
ReplyDeleteမှိုတက်နေတာ ကိုကြီးကျောက် ဘယ်လိုသိ....အိ အိ...:P
ReplyDeleteဟမ် ငါ မောင်တီ့ကို အဲသလို ပြောရက်ခဲ့သလား......:D
ReplyDeleteသက်ဝေ.. ဟုတ်ပါတယ်၊ ဒါဆိုသက်ဝေမှန်ပါတယ်။
ReplyDeleteကိုကြီးကျောက်.. ဒီနေ့တော့ နေထုတ်လှန်းမယ် စိတ်ကူးတယ်၊ ဟားဟား။
ချစ်ကြည်အေး.. အစ်မချစ်၊ မှန်ပါတယ်၊ ပြောရက်ခဲ့ပါတယ်။ :D
link လဲထည်.မပေးပါလား ..ခြေသေးမ ဖတ်ချင်လို.ပါ
ReplyDeleteဘာဖြစ်လို့ပိတ်ပလိုက်ရတာလဲ ဖတ်လို့တောင်မကုန်သေးဘူး.
ReplyDeleteဖုန်ပြန်ခါပါ။ မကျေနပ်ရင် ခမမ ကိုပါဆွဲခါ။
ဟင် စလီနာ...
ReplyDeletedote dote dote dote dote dote
-_-ll
အမည်မသိ.. ခြေသေးမ အကြောင်း ပို့စ်ပြန်တင်ရမလိုဖြစ်နေပြီ။ ဘာမှထွေထွေထူးထူး မရေးခဲ့ပါဘူး၊ ဒါပေမဲ့ အဲဒီနေ့မှ ပိတ်ဖြေထားတဲ့ ခြေထောက်သေးသေးလေးတွေ တွေ့ဖူးသွားတော့ ပို့စ်တင်မိတာပါ၊ အဲဒီခေတ်က တရုတ်အဘွားကြီးတွေ အတော်သနားဖို့ကောင်းတယ်။
ReplyDeleteအရီး.. ခမမကို ဆွဲတော့မခါနိုင်ဘူး၊ ပွေ့ပြီးမှခါလို့ရမယ်။
ဖြိုးမော်.. dote က ဘာကြီးလဲ?
ိdote dote ဆိုတာက ရင်ထဲ ကုလားဘုရားပွဲ လှည့်သွားတယ်နဲ့တူတယ်။ (တရုတ်လိုဆိုရင်တော့ သမင်လေး လျှောက်ခွေ့နေတယ်ပေါ့)
ReplyDeleteအရမ်းချစ်သည်။ တုန်နေအောင်ချစ်သည်။ တားဆီးလို့မရနိုင်အောင် ချစ်သည်။
ReplyDeleteသူလေးက တရုတ်ဆိုတော့ ကုလားဘုရားပွဲလှည့်တာနဲ့ မတူပဲ တရုတ်မင်းကြီး တိုင်းခမ်းလှည့်လည်သလို ခံစားရတယ်ဆိုရမလား...။