မရေးတာကြာပါပြီ၊ ကမ္ဘာ့ဖလား ဘောလုံးပွဲပယောဂ မကင်းဘူး၊ ပျင်းကြောဆွဲတာလည်း ပါတာပေါ့၊ ဘာရေးရမှန်း မသိတာက အဆိုးဆုံးပဲ၊ ရေးဖို့အချိန် မရှိဘူး လို့လည်း ပြောလို့ရတယ်၊ ရေးလက်စတွေ အဆုံးမသတ်တတ်ဘူး၊ ရေးပြီးတော့လည်း ဖတ်မယ့်သူမရှိဘူး၊ ဖတ်ပြန်တော့လည်း ကော်မန့်မရေးကြဘူး၊ ရေးပြန်တော့လည်း တိုတိုလေးတွေ၊ ဟာ၊ လူတွေ ငါ့အပေါ်မကောင်းကြဘူး၊ မကောင်းဘူး၊ မကောင်းဘူး။
နိဒါန်းကို လှလှပပ ပျိုးအပြီးမှာ ရန်ကုန်အကြောင်း ဆက်ရေးပါမယ်၊ သန်လျင်ရောက်ခဲ့တယ်။

仰光 ─ 丁茵大橋 ရန်ကုန်-သန်လျင် တံတားကြီး။

သန်လျင်ဖက်ရောက်တော့ သန်လျင်သား မြစ်ကျိုးအင်းကို သတိရလိုက်သေးတယ်။

ဒီလိုရှုခင်းတွေကို မလွမ်းဘူးလား။

ကျိုက်မှော်ဝန်းစေတီတော်လို့ပြောတာပဲ၊ သိပ်မသေချာဘူး။ ကျိုက်ခေါက်စေတီတော်ပါ။

ထားမလုံဈေးကိုဖြတ်တယ်။ ထမလုံ လို့ ဖတ်ပါတယ်။

ဒါက ဘွဲ့တော်အမည် မသိရတဲ့ နောက်စေတီလေးတစ်ဆူပါ။
--
ဟာ၊ နိုင်ဂျီးရီးယားနှင့် ဂရိသည် လူကိုမစောင့်တဲ့၊ ပွဲစ,ပြီ၊ ရပ်ပါဦးမယ်။
နိဒါန်းကို လှလှပပ ပျိုးအပြီးမှာ ရန်ကုန်အကြောင်း ဆက်ရေးပါမယ်၊ သန်လျင်ရောက်ခဲ့တယ်။

仰光 ─ 丁茵大橋 ရန်ကုန်-သန်လျင် တံတားကြီး။

သန်လျင်ဖက်ရောက်တော့ သန်လျင်သား မြစ်ကျိုးအင်းကို သတိရလိုက်သေးတယ်။

ဒီလိုရှုခင်းတွေကို မလွမ်းဘူးလား။


ထားမလုံဈေးကိုဖြတ်တယ်။ ထမလုံ လို့ ဖတ်ပါတယ်။

ဒါက ဘွဲ့တော်အမည် မသိရတဲ့ နောက်စေတီလေးတစ်ဆူပါ။
--
ဟာ၊ နိုင်ဂျီးရီးယားနှင့် ဂရိသည် လူကိုမစောင့်တဲ့၊ ပွဲစ,ပြီ၊ ရပ်ပါဦးမယ်။
တို့အမြဲရေးတယ်နော်.
ReplyDeleteအမာခံဂျီး။
TZA တော်တော်နဲ့မရေး
ရေးပြန်တော့လဲ တိုတိုလေး.
ဟာ………မကောင်းဘူး......မကောင်းဘူး ပရိသိတ်ကို တုံ့ပြန်တာမကောင်းဘူး။။ တို့ကို နိုင်ဂျီးဂရိနဲ့လဲသွားတယ်။ နစ်ကျပ်ခွဲနဲ့ပေါ့။ ကတောက်စ်
အိပ်ချင်လိုက်တာ..ဒီအချိန်ဆိုရင်..
Recent readers တွေ အဆိုးဆုံးပေါ့.
အသံမထွက်ဘဲဖတ်ကြတယ်။
Pm
win auk
KMA
Nyi
Andy Myint
Cowboi
Zaw z
ရှေ့ဆုံးက..
ကွန်မက်ပေးပြန်တော့လဲ ဘယ်သူမှ ဂရိတ်မပေးကြဘူး. Funny တို့.. Interesting တို့… cool တို့ကိုကျော်သွားကြတယ်။ ဘယ်သူမှ မကောင်းပါဘူးလေ. တို့လဲအတူတူဘဲ.
ကျွန်တော်မကောင်းဘူး...........ကျွန်တော်မကောင်းဘူးးးးးးးးးးဘူးးးးးးးးး
ကွန်မက်က စာစီစာကုန်းနဲ့လဲမတူဘူး ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ကိုပေါကို သတိရတယ်။
cool ပေးလိုက်ပါတယ်။ အပေါ်ကအစ်မကြီးပြောသွားလို့။
ReplyDeleteတကယ်လည်း cool ပါတယ်။ ဟိ
အသံထွက်လိုက်ပါပြီ။ ဒါပေမယ့် ကြယ်တံခွန် (comet?) ကို စာစီစာ“ကုန်း” နဲ့ တူအောင်တော့ မရေးပါရစေနဲ့။ ကုန်းနေအောင် လုပ်ရတာတွေကို စိတ်ညစ်လွန်းလို့ ကောက်ရိတ် ကောက်စိုက်တဲ့အလုပ်တောင် မလုပ်တာကြာခဲ့ပါပြီ။
ReplyDeleteကျိုက်မှော်ဝန်း ဆိုတာ ကျိုက်ခေါက်စေတီကို ပြောတာမို့လား ...
ReplyDeleteသန်လျင်က ထန်းသီးမုန့် စစ်စစ် စားဖူးလားဗျ .. အရမ်းကောင်းတယ်
သန်လျင် ရောက်တုန်းက ပါဒကြီး ဘုရားမှာ ထမင်းစားခဲ့တာ သတိရမိတယ် ... အိမ်ကထမင်းချိုင့် သယ် သွားပြီးစားကြတာ ... အဲ မှာလူရှင်း လို့ စားလို့ ကောင်းတယ်ဗျ .. interesting ပေးခဲ့တယ် အဲလို ပေးရမှန်း မမြင်လို့ မပေးခဲ့တာပါ ... နောက်ပေးပါ့မယ် ...
mie nge
ကော်မန့်ခဲ့ပါတယ်...
ReplyDeleteမမကွမ်နဲ့ကိုပေါတို့ကော်မန့်ဖတ်ပြီးရီလိုက်ရတာ...
( ပရိတ်သိတ် တော့ မဖြစ်ချင်ပါ)
မမကွမ် စာတွေစီပြီးတော့လဲ မကုန်းပါနဲ့တော့
ခင်တဲ့
mon
ကျိုက်မှော်ဝန်းစေတီ မဟုတ်ဘဲ ကျိုက်ခေါက်စေတီ ဖြစ်နိင်ပါတယ်။ ကျိုက်မှော်ဝန်းက သန်လျင်ကနေ ၉ မိုင်လောက် ဆက်သွားပြီးမှ ရောက်တဲ့ ကျောက်တန်းမြို့မှာ တည်ထားတာ။ ရေလယ်မှာ တည်ထားတဲ့ စေတီပေါ့။
ReplyDeleteကျိုက်ခေါက်ဘုရားပွဲတော်အချိန်ရောက်သွားရင် တော်တော်စည်တာ ကြုံရမှာပဲ။ လွမ်းပါတယ်.. လွမ်းပါတယ်..။
ဂရိစ် နှစ်ဂိုးရလို့ စိတ်ညစ်ပြီး ထလာခဲ့တာ...း((
ReplyDeleteနိုင်ဂျီးရီးယားလေးတွေ သနားပါတယ်...
သူတို့ခမျာ အသားလေး မည်းမည်းနဲ့ ပြီးတော့ ဆယ်ယောက်ထဲနဲ့ ကန်နေရရှာတာ... (ဟမ်)
ပုံ
အသားမည်းသောသူများကို သနားနေသူ တဦး...
အရီးကွန်.. ကော်မန့်ရှည်ကြီးအတွက် ကျေးဇူးကမ္ဘာပါပဲ။ ကိုပေါပြောသလိုပဲ ကြယ်တံခွန်က စာစီစာကုန်းနဲ့တော့ ဘယ်တူပါ့မလဲဗျာ။
ReplyDeleteစင်စင်.. ခူးလ်.. သိုင်းကျူး..
ကိုပေါ.. ကောက်ရိတ်တာကယ်သွားလို့ပေါ့ဗျာ..
mie nge.. စားဖူးတယ်၊ အရမ်းကြိုက်တယ်လို့ပဲ မှတ်မိတယ်၊ အရသာကို မမှတ်မိတော့ဘူး.. ဟားဟား။
mon.. ဟုတ်တယ်၊ အန်တီ kom က စာကို စကားပြောသလို ရေးနေတာ..
မြစ်ကျိုးအင်း.. ဂလိုကိုး၊ ဒါဆိုရင် ဒီစေတီက ကျိုက်ခေါက်ပဲဖြစ်မယ်။
သက်ဝေ.. ကံကောင်းလို့နိုင်သွားတာ၊ နိုင်ဂျီးရီးယားက ခြေအသာကြီးဗျ၊ အနီကဒ်သာ မထိရင် အိပ်ပြီးကန်တောင် နိုင်တယ်။ ပုံ.. အသားမည်းသူများကို သနားနေသူများကို သနားနေသူတစ်ဦး..
Ko TZA,
ReplyDeleteYou may not know me as I hardly comment (not comet ...... :) ) on blog posts. But, in this case I am quite curious why the name of the bridge in the first photo is written in Chinese. I myself is half Chinese. But, do they need to write that name of the bridge or any of that sort in public in Chinese? This is the Union of Myanmar, right? Quite confused. In addition, this is not on the China-Myanmar border. And, even if that bridge was constructed by a Chinese company or Chinese Engineers, that name still shouldn't have been written in Chinese. Confused confused.
(I know it is also written in English; but that is another story.)
meredith
Dear Meredithjohns,
ReplyDeleteThat Thanlyin bridge between Thanlyin and Yangon was built for Myanmar as a gift by People Republic of China, thus they labeled that bridge with Chinese letter.
:)
အသံမထွက်ဘဲ ဖတ်သွားတဲ့အထဲ အနော်လည်းပါတယ်။
ReplyDeleteဟမ်၊ ဒါမယ့် အနော့်ကို အသံထွက်စေချင်တာရော
ဟုတ်လို့ လားတွေးသွားပါတယ်။ အစားအသောက်ပိုစ့်တွေမှာတော့အသံထွက်တယ် ။
ကွန်မန့် မှာမဟုတ်ဘူး။အပြင်မှာပါ ၊ ကတောက် ! တဲ့။
အသံမထွက်ဖူးပြောလို့ တိတ်တိတ်လေး ဖတ်ပြီး ပြန်မသွားပဲ comment ရေးလိုက်ပါတယ်..... ကတောက်.....
ReplyDeletecomment ရှည်အောင် (၁၀)ခါတိတိ ပြန်ဖတ်ပါ။
ပုံ ပိတ်သတ်တဦး
comment တွေက ရီရလို့ funny လုပ်ပေးလိုက်တယ်။
ReplyDeleteရန်ကုန် သန်လျင်တံတား အမှတ်အသားက ဘာပုံကြီးလဲ
ReplyDeleteသိတဲ့သူများဖြေပေးပါ..
ကော်မန့်တွေက ရယ်ရတယ်တဲ့ နောက်ကို လူတွေမကောင်းဘူး လောက်ပဲ ပို့စ်ရေးပြီး ကော်မန့်များများရေးခိုင်းပါ
ဒါနဲ့ စင်စင် ကူးလ်က ဘာအဓိပ္ပါယ်လဲ ပုံတွေမှာ ရေခဲတုံးလည်း မတွေ့မိဘူး
အဲ့ဒါကြောင့် တခါမှလည်း ကူးလ်မပေးမိဘူး
ကော်မန့်ကတော့ ရေးချင်ရေးမှာပေါ့ မရေးချင်မရေးဘူးပေါ့အေ
တခါတလေ ပို့စ်အသစ်မတက်ပဲ မန့်ချင်တော့ရော ဘယ်လိုလုပ်ရမလဲ
TZA မကောင်းဘူး မကောင်းဘူး မကောင်းဘူး
မှတ်ချက် ။ ကော်မန့်သည် ပို့စ်နှင့်ဆိုင်စရာမလိုကြောင်း ကျွနုပ်ကောင်းကောင်း သဘောပေါက်လေပြီ
ညက ဂရိနဲ့နိုင်ဂျီးရီးယားပွဲ ကြည့်လို့ကောင်းတယ်။ ဇွန်က ဂရိဘက်က။ :))
ReplyDeleteပို့စ်နှင့်ပတ်သက်သော ကော်မန့် (တမင်) မပေးခဲ့ပါ။ :P
I am regular reader of We She Me, Ko Paw, KOM, Rita and your blogs. Just that I do not know how to type in Burmese, I decided not to leave comment. Thank you guys for sharing your thoughts, feelings and experiences. Happy writing, cheers!
ReplyDeleteMuyar
အလည်ရောက်လို့ ဖတ်ဖြစ်တဲ့ဘလော့ဂ်တွေမှာ ကွန်မန့်ပေးချင်ပါရဲ့၊ ပေးလဲပေးပါတယ်။ သို့ပေမယ့် တချို့နေရာတွေမှာက မှတ်ပုံတင်ပြမှတဲ့၊ အဲဒါကိုတော့ အလွန်မုန်းတယ်၊ အဲဒီအတွက်နဲ့လဲ သွားပြီးမှတ်ပုံတင်တခု မလုပ်ချင်ဘူး။ တချို့နေရာတွေမှာတော့ Name/URL ကိုရွေးပြီးရေးလို့ရတော့ ရေးတာပေါ့၊ ပြီးတော့ Post Comment (သို့) Publish ခလုတ်ကိုလဲနှိပ်လိုက်ရော ကိုယ်ရေးတာတွေ ဘယ်ရောက်လို့ဘယ်လိုအငွေ့ပျံသွားမှန်းမသိ ပေါ်လဲပေါ်မလာတော့ဘူး။ သေချာအောင် နှစ်ခါသုံးခါထပ်လုပ်ကြည့်ပါတယ်၊ ဒီတိုင်းပဲ ပျောက်ခြင်းမလှပျောက်သွားတာနဲ့ စိတ်ပျက်ပြီး နောင်ဆို ကွန်မန့်ပေးဖို့အလွန်ဝန်လေးသွားတယ်။ အော်..ဒါနဲ့ မေ့မသွားခင်၊ ပို့စ်နဲ့ပတ်သက်လို့ တမြေဝေးသူတွေမို့ ရွှေပြည်အကြောင်း ဓာတ်ပုံလေးတွေပါတဲ့ပို့စ်တိုင်းကို အမြဲမလွတ်တမ်း သွားရောက်ဖတ်ကြည့်ပြီးစိတ်ဖြေရတယ်။ ကျေးဇူးလဲအမြဲတင်ပါတယ်။
ReplyDeleteတမြေဝေးသူ မောင်ဝေး
အသံမထွက်ပဲ ဖတ်တတ်တဲ့ အမာခံပိတ်သတ်ဂျီးတွေ ရှိကြောင်း သက်သေထူပေးတဲ့ အရီးကွန်ကို ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းပြုပါတယ်..။ ဖျောင်းဖျောင်း ဖျောင်းဖျောင်း (လက်ခုပ်သံများ..)
ReplyDeleteအခေါက်ခေါက် အခါခါ၊ အကြိမ်ကြိမ် အထပ်ထပ်၊ အဖန်ဖန် အသွယ်သွယ်၊ အထွေထွေ အပြားပြား ပြောပြလိုက်စမ်းဘာာာာာာာ အရီးကွန်ရဲ့..
သို့ / မြိုး
ReplyDeleteရန်ကုန်-သန်လျင်တံတားဆိုင်းဘုတ်ကြီး မမြင်လား။
အဲဒီတံတားကြီးအောက်မှာ ရေတွေရှိတယ်။
အဲဒီရေတွေကို ကူးလ် တာဟေး....
Thank you Anonymous (June 18, 2010 8:59 AM ).
ReplyDeleteno more comment. ha ha
အမယ်..ဖတ်မယ့်လူရှိပါတယ်နော်...သူသာမရေးပဲနဲ့များးး
ReplyDeletemeredith.. အပေးအယူပါပဲဗျာ၊ အာဏာပိုင်တွေ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတာပဲ။
ReplyDeleteအမည်မသိ (၁).. ဟုတ်တယ်၊ ဟိုးတလောတုန်းက နာဂစ် ဒုက္ခသည် ကလေးတွေကို ဆောက်ပေးတဲ့ကျောင်းဆောင် ဆိုရင် ပိုတောင်ဆိုးသေး၊ တရုတ်ပုံစံကြီးကို ဆောက်ထားတာ။ ဘယ်အရာမဆို အလကားမရဘူး တဲ့၊ သိပ်မှန်တယ်။
ဇွန်.. ဂရိက ကံကောင်းလို့နိုင်တာပါဗျာ၊ ဟင်းဟင်း (ဒို့က ပေါ်တူဂီဖက်က)။
Muyar.. ဒီလိုပရိသတ်ရှိလို့ အားရှိတာပေါ့၊ ကျေးဇူးတင်တယ်ဗျာ။
တမြေဝေးသူ မောင်ဝေး.. ဟုတ်တယ်၊ ကျနော်လည်း ကြုံဖူးတယ်၊ ဒါပေမဲ့ တချို့ ဘလော့ဂ်ကျတော့ အဲသလို မှတ်ပုံမတင်ခိုင်းလို့ မရဘူး ထင်တာပဲ၊ ရေးတဲ့သူတွေက အထိန်းအကွပ်မရှိပဲ လျှောက်ရေးနေတာဗျာ။
KMA.. လက်ခုပ်သံကြားမှာ အရီးကွန်မျက်ရည်တွေ ဝဲနေပြီ။
စင်စင်.. ဒါလည်းဖြစ်တာပဲ၊ you win (again & again)..
potato.. ရေးမယ်၊ ရေးမယ်၊ ရေးမယ်။ ဘာမှမပူနဲ့။ Rita တို့ လုပ်စားတယ်တော့ လို့ ပြောရတဲ့အထိ ရေးပစ်မယ်၊ ဟင်းဟင်း။
ငှင်းငှင်း နာ့ကွန်မန့်ကို TZA မဖြေနိုင်ဘူး..
ReplyDeleteအချိန်ရတိုင်းလာဖတ်ဖြစ်ပါတယ်ဗျာ..
ReplyDeleteတခါတလေ သဘောတွေကျပြီး ပြုံးပြန်သွားပေမဲ့ ကတိုက်ကရိုက်မို့ ဘာမှမရေးခဲ့တာပါ။ အမာခံ ပိတ်သတ်ကြီးထဲမှာ တဦးအပါအ၀င်ဖြစ်ကြောင်းပါး))
ခုချိန် သူများတွေ ဖလားနေတာတောင် မဖလားနိုင်တဲ့သူပါ။
မျိုး(ဝါ)မြိုး.. အရမ်းခူးလ်သွားလို့ ဘာမှပြန်မပြောလိုက်နိုင်ဘူး၊ ဟင်းဟင်း။
ReplyDeleteဖြိုးအောင်.. အခုလို အမာခံပိတ်သတ်တစ်ယောက် ရှိနေတာ သိရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ဗျား၊ တကယ်ပါ။
အမြဲဖတ်တဲ့ ပိတ်သတ်ကြီး အသံမထွက်ဘူး ပြောခံရမှာစိုးလို့ပါ..
ReplyDeleteအသံထွက်သွားပါတယ် ကို တီဇက်အေ..
အသံ
အသံ
အသံ
သံ
သံ
သံ
....
...
..
sweetpeony.. ကြားတယ်၊ ကြားတယ်၊ ပဲ့တင်သံတွေတောင် ကြားလိုက်သေးတယ်၊ ဟားဟား။ ကျေးဇူးပါဗျာ။
ReplyDeleteကျွန်မက ကျောက်တန်းသူပါ... တင်ထားတဲ့ဘုရားပုံက ကျိုက်မှော်ဝန်းမဟုတ်ပါ... မှော်ဝန်းချောင်းထဲမှာ ရေပတ်လည်ဝိုင်းနေတဲ့ဘုရားကမှ ကျိုက်မှော်ဝန်းဘုရားပါ... ကျောက်တန်းမြို့မှာရှိပါတယ်... သန်လျင်ကနေဆက်သွားရင်ရောက်ပါတယ်... အခုပုံထဲကဘုရားက ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ပါ... သန်လျင်မြို့မှာရှိပါတယ်...မှားနေတာလေးကိုပြင်စေချင်ပါတယ်...
ReplyDeleteပုံတွေတင်ပေးတာကျေးဇူးတင်ပါတယ်...
HH
ကျောက်တန်းသူ HH, ကျေးဇူးတင်ပါတယ်၊ ပုံအောက်မှာ ပြင်ရေးလိုက်ပါပြီ။
ReplyDelete