ဒီလိုသတင်းမျိုး သတင်းစာမှာ မရေးတာ၊ တီဗွီမှာ မကြေညာတာ ဆန်းတော့ဆန်းသား။ လန်ဒန် အခြေစိုက် အတိုင်ပင်ခံ ကုမ္ပဏီ Mercer ရဲ့ လူနေထိုင်မှု အရည်အသွေးကို နှိုင်းယှဉ်ပြထားတဲ့ စာရင်းစစ်တမ်းအရ စင်္ကာပူဟာ ကမ္ဘာမှာ နံပါတ် ၂၈ ချိတ်ပြီး အာရှမှာတော့ ပထမနေရာ ရပါတယ်။
အမှတ် ၁၀၀ ကို ကြမ်းခင်းမှတ် base အဖြစ် သတ်မှတ်ပြီး နယူးယောက်မြို့ကို ပေးထားတယ်၊ သူ့ထက်ကောင်းတဲ့ မြို့တွေက အမှတ် ၁၀၀ အထက်မှာ ရှိနေတဲ့ မြို့တွေပေါ့။ နယူးယောက်က ၄၉ ဖြစ်လို့ သူ့အပေါ်မှာ မြို့ကြီး ၄၈ မြို့ ရှိတယ်လို့ တနည်းအားဖြင့် ဆိုနိုင်တယ်။ ဟိုနိုလူလူ က နံပါတ် ၃၁ နဲ့ အမေရိကန်က မြို့ကြီးတွေထဲမှာ ပထမနေရာ ချိတ်ပါတယ်။

ဒီစာရင်းအပြင် ရေရရှိမှု၊ ရေသောက်သုံးနိုင်မှု၊ အမှိုက်သရိုက် ဖယ်ရှားနိုင်မှု၊ ရေထုနဲ့ လေထု ညစ်ညမ်းမှု၊ ကားလမ်း ပိတ်ဆို့မှု စတဲ့ အချက်တွေနဲ့ တိုင်းတာထားတဲ့ Eco-city ဆိုတာလည်း ရှိပါသေးတယ်။ အဲဒီစာရင်းမှာတော့ ဟိုနိုလူလူက ဒုတိယနေရာ ချိတ်တယ်။ စင်္ကာပူက ၂၂ ပါ။ စစ်တမ်း နှစ်ခုလုံးမှာ ထိပ် ၅၀ ထဲပါတဲ့ အာရှနိုင်ငံဆိုလို့ စင်္ကာပူနဲ့ ဂျပန်ပဲ ရှိပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့၊ အဟမ်း၊ စင်္ကာပူကို စွန့်ခွာပြီး ယူအက်စ်တို့ ယူကေတို့ဆီကို သွားနေကြသူများ၊ သွားဖို့ ဟန်ပြင်နေကြသူများ ရပ်တန်းကရပ်ပြီး စင်္ကာပူမှာပဲ အေးအေးချမ်းချမ်း နေထိုင်ကြပါ လို့ လေးလေး နက်နက် ပြင်းပြင်း ထန်ထန် တိုက်တွန်းလိုပါတယ်၊ အဟမ်း။
မှတ်ချက်။ ။ အရည်အသွေးမြင့်တာနဲ့ နေလို့ကောင်းတာနဲ့ မတူပါဘူး၊ မြင့်တာ နိမ့်တာက စံညွှန်းတွေနဲ့တိုင်းလို့ ရနိုင်ပေမယ့် ကောင်းတာ မကောင်းတာ ပျော်တာ မပျော်တာက နေတဲ့ လူနဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ ဥပမာ နယူးဇီလန်က Auckland ဆိုရင် စာရင်းနှစ်ခုလုံးမှာ အပေါ်နားက ပါပေမယ့် ပျင်းစရာ ကောင်းလွန်းလို့ မနေနိုင်ပဲ ထိုင်ဝမ်ပြန်ပြေးတဲ့ သူငယ်ချင်း ရှိပါတယ်။ ပျော်အောင် နေတတ်ရင်တော့ ဘိတ်ချီးစွဲတဲ့ ဘက်ဂဒက်မှာလည်း ပျော်မှာပါပဲ။
More
Mercer.com: Mercer's 2010 Quality of Living survey highlights - Global
Planetizen.com: No U.S. Cities in Top 25 Best Cities of the World
အမှတ် ၁၀၀ ကို ကြမ်းခင်းမှတ် base အဖြစ် သတ်မှတ်ပြီး နယူးယောက်မြို့ကို ပေးထားတယ်၊ သူ့ထက်ကောင်းတဲ့ မြို့တွေက အမှတ် ၁၀၀ အထက်မှာ ရှိနေတဲ့ မြို့တွေပေါ့။ နယူးယောက်က ၄၉ ဖြစ်လို့ သူ့အပေါ်မှာ မြို့ကြီး ၄၈ မြို့ ရှိတယ်လို့ တနည်းအားဖြင့် ဆိုနိုင်တယ်။ ဟိုနိုလူလူ က နံပါတ် ၃၁ နဲ့ အမေရိကန်က မြို့ကြီးတွေထဲမှာ ပထမနေရာ ချိတ်ပါတယ်။

ဒီစာရင်းအပြင် ရေရရှိမှု၊ ရေသောက်သုံးနိုင်မှု၊ အမှိုက်သရိုက် ဖယ်ရှားနိုင်မှု၊ ရေထုနဲ့ လေထု ညစ်ညမ်းမှု၊ ကားလမ်း ပိတ်ဆို့မှု စတဲ့ အချက်တွေနဲ့ တိုင်းတာထားတဲ့ Eco-city ဆိုတာလည်း ရှိပါသေးတယ်။ အဲဒီစာရင်းမှာတော့ ဟိုနိုလူလူက ဒုတိယနေရာ ချိတ်တယ်။ စင်္ကာပူက ၂၂ ပါ။ စစ်တမ်း နှစ်ခုလုံးမှာ ထိပ် ၅၀ ထဲပါတဲ့ အာရှနိုင်ငံဆိုလို့ စင်္ကာပူနဲ့ ဂျပန်ပဲ ရှိပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့၊ အဟမ်း၊ စင်္ကာပူကို စွန့်ခွာပြီး ယူအက်စ်တို့ ယူကေတို့ဆီကို သွားနေကြသူများ၊ သွားဖို့ ဟန်ပြင်နေကြသူများ ရပ်တန်းကရပ်ပြီး စင်္ကာပူမှာပဲ အေးအေးချမ်းချမ်း နေထိုင်ကြပါ လို့ လေးလေး နက်နက် ပြင်းပြင်း ထန်ထန် တိုက်တွန်းလိုပါတယ်၊ အဟမ်း။
မှတ်ချက်။ ။ အရည်အသွေးမြင့်တာနဲ့ နေလို့ကောင်းတာနဲ့ မတူပါဘူး၊ မြင့်တာ နိမ့်တာက စံညွှန်းတွေနဲ့တိုင်းလို့ ရနိုင်ပေမယ့် ကောင်းတာ မကောင်းတာ ပျော်တာ မပျော်တာက နေတဲ့ လူနဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ ဥပမာ နယူးဇီလန်က Auckland ဆိုရင် စာရင်းနှစ်ခုလုံးမှာ အပေါ်နားက ပါပေမယ့် ပျင်းစရာ ကောင်းလွန်းလို့ မနေနိုင်ပဲ ထိုင်ဝမ်ပြန်ပြေးတဲ့ သူငယ်ချင်း ရှိပါတယ်။ ပျော်အောင် နေတတ်ရင်တော့ ဘိတ်ချီးစွဲတဲ့ ဘက်ဂဒက်မှာလည်း ပျော်မှာပါပဲ။
More
Mercer.com: Mercer's 2010 Quality of Living survey highlights - Global
Planetizen.com: No U.S. Cities in Top 25 Best Cities of the World
The problem with Singapore is they ain't reliable, changing rules and policies as they like, non stop. Best city may be but I see life here pretty dull, working like a dog. I like high speed Internet though.
ReplyDeleteသူများတွေဆွေးနွေးမှ လာဖတ်တော့မယ်ဟေ့.........။
ReplyDeleteအဟမ်း
ReplyDeleteIt'll be interesting to see if people who have been above cities list down some pros and cons. For me I haven't got a chance to visit there except Singapore, so my view will be a lot biased.
ReplyDeletePros: Near to home land (cheaper to visit to and fro)
Pros: Girls are pretty
Cons: But you need to be rich!
Cons: Everything darn expensive
Cons: Too small
Pros & cons: Rules are strict, so you feel safe but at the expense of your freedom
Cons: Fine city (Don't throw a cigarette on the street)
Pls: continued...
Singapre::
ReplyDeletePros: Public transportation
Cons: A lot of shopping malls and 2 big casinos ( May be pros for some)
Cons: Fewer holidays
Pros: Good education, health care
Cons: Our Embassy :)
Singapore may be a heaven for them (Westerner expats who earns S$10,000-20,000, live in condos, and drive cars). But, for us (Shwe Myanmars who earns only S$2000-4000, live in HDB flats, and ride MRT/bus), we should look for better opportunities in other countries like USA, Aussie, UK.
ReplyDeleteအဆင့် ၅၀ထဲကို ရန်ကုန်ဝင်တဲ့အခါ ပြန်မယ်လို့ စိတ်ဒုံးဒုံး ဒုံးဒုံး ချလိုက်တယ်။
ReplyDeleteပျင်းစရာကောင်းတယ် မကောင်းဘူးဆိုတာနေတဲ့လူနဲ့ ပဲဆိုင်ပါတယ်
ReplyDeleteကျနော်ကတော့ နယူးဇီလန်က Auckland မှာ တစ်သက်လုံးနေလို့ ရတယ်
ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့လေ ။ ကျနော့်အတွက် အဓိက ကတော့ secure ဖြစ်ဖို့ ပါပဲ။ အမေရိကန်ကိုလုံးဝမကြိုက်ဘူး အလည်သွားတာတောင် တထိပ်ထပ်နဲ့ ။
True, it depends on an individual take. I assume poor guy may not be as happy as rich and successful man in the same city. I believe in statistics, it's just me :D
ReplyDeleteI love the fair, exposed, slim and sexy
ReplyDeletelegs of girls in Singapore. Just a bite
will be enough :D
@Anonymous you are the man, LOL
ReplyDeleteThis comment has been removed by the author.
ReplyDeleteဉာဏ်မင်းပြောတာဟုတ်တယ်၊ ကောင်းကွက် ဆိုးကွက်တွေကို ချရေးကြည့်တာ အကောင်းဆုံးပဲ၊ ရေးတဲ့သူများလေ အဖြစ်မှန်ကို ပိုထင်ဟပ်လေပေါ့။ အတိုင်းအတာတခုထိ များလာရင် ကျနော် ဇယားလေးလုပ်ပြီး ပို့စ်မှာဖြည့်ပါမယ်။
ReplyDeletePros:
- နိုင်ငံသေးတော့ သွားရလာရ အဆင်ပြေတယ်။
- CPF စနစ်ကြောင့် PR နဲ့ နိုင်ငံသားတွေ မစုမဖြစ် စုဖြစ်တယ်။
- နိုင်ငံခြား အတတ်ပညာရှင်တွေကို ကြိုဆိုတဲ့အတွက် (နိုင်ငံခြားသားဖြစ်တဲ့ ကျနော်တို့) အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးများတယ်။
- ကိုယ့်မှာ သူများနဲ့ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသရွေ့ အစိုးရက လက်ခံနေမယ်။
- micromanagement ကြောင့် (ကိုယ့်ကို ပြဿနာ မရှာသရွေ့၊ ကိုယ်က ပြဿနာ မရှာသရွေ့) လုံခြုံ စိတ်ချရတယ်လို့ ခံစားရတယ်။ တဖက်ကကြည့်ရင် ဒီလောက်သေးတဲ့ နေရာမျိုးမှာ ဒီလိုလုပ်တာ သဘာဝကျပါတယ်။
- ပထမကမ္ဘာက နိုင်ငံကြီးတွေနဲ့စာရင် အခွန်သက်သာတယ်။
- နိုင်ငံရေးက တင်းကြပ်ပြီး တည်ငြိမ်တယ်လို့ ပြောနိုင်တယ်။
- ပြည်ပက လူမျိုးပေါင်းစုံ လာနေကြတယ်၊ ယဉ်ကျေးမှုမျိုးစုံနဲ့ သဟဇာတဖြစ်အောင် ကြိုးစားပြီး နေနေကြတယ်။
Cons:
- နိုင်ငံသေးတော့ လည်စရာ ပတ်စရာ သိပ်မရှိဘူး၊ ပျင်းဖို့ကောင်းတယ်။
- CPF စနစ်ကြောင့် PR နဲ့ နိုင်ငံသားတွေ မစုချင်လည်း စုနေရတယ်၊ ကိုယ်ရှာသလောက် (ချက်ချင်းလက်ငင်း) ကိုယ့်အိတ်ထဲမဝင်ဘူး။
- နိုင်ငံခြား အတတ်ပညာရှင်တွေကို ကြိုဆိုတဲ့အတွက် ဘာပဲလုပ်လုပ် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်။
- ကိုယ့်မှာရှိတဲ့ အတတ်ပညာ၊ အသိပညာက လုပ်စားလို့ မရတော့တဲ့တနေ့ နေဖို့ခက်သွားမယ်။
- micromanagement ကြောင့် ကိုယ့်ကို အချိန်နဲ့အမျှ မျက်လုံးဒေါက်ထောက် ကြည့်နေတယ်လို့ ခံစားရတယ်၊ အတိမ်းအစောင်း မခံနိုင်တဲ့ ဘောင်တစ်ခုထဲမှာ ကြိုးတန်းလျှောက်သလို လျှောက်ကြရတယ်။
- ပထမကမ္ဘာက နိုင်ငံကြီးတွေနဲ့စာရင် (အလကားရတဲ့) ခံစားခွင့် နည်းတယ်။
- မလုပ်ရ မပြောရ မထိရတဲ့ တာဘူးနယ်မြေတွေများတယ်။
- ပြည်ပက အခြေချလာတဲ့ လူမျိုးပေါင်းစုံကို နိုင်ငံချစ်အောင် လုပ်ယူဖို့ အရမ်းခက်တယ်။ ကိုယ့်ကိုကိုယ် ဧည့်သည် လို့ ခံယူထားတဲ့ နိုင်ငံသားအသစ်တွေက တခုခုဖြစ်ရင် ချက်ချင်း ထွက်သွားကြဖို့ များပါတယ်။
ကောင်းတာ ၅၀% မကြိုက်တာ ၅၀%
ReplyDeleteဖတ်ပြီး ရင်မောပြီး ပြန်တွာပြီ..
TZA ပြန်ရေးတဲ့ Comment ကို ပိုကြိုက်တယ်...
ReplyDeleteဘယ်နေရာမှာ နေနေ Pros & Cons တွေ ရှိစမြဲပါပဲ...
ကောင်းတာ မကောင်းတာ ပျော်တာ မပျော်တာ နဲ့ ကျန်တဲ့ တချို့အရာတွေကတော့ လူနဲ့ပဲ ဆိုင်ပါတယ်...
Appreciate what you have ပါပဲ...း))
တို့က ဘယ်နားနေနေ ပျော်တာပဲ....:)
ReplyDeleteTZA good points man, and true enough, still here I want to add one of my take, again a lot biased based on individual feeling.
ReplyDeletepros: easy and comfortable life (that is to say compared to the one I'm going mention next) if you've got already settled down a while and you're a PR or the likes.
cons: not that easy if you're new comers or students, especially from private schools, those are facing instant uncertainties, and difficulties.
typo: pls change instant uncertainties to constant uncertainties :D
ReplyDeleteအဟမ်း....အဟမ်း......
ReplyDelete.....ဘွတ်...
ဟဲ..ထွက်သွားပြီ...
ပြောရခက်တယ်..
ReplyDeleteမြန်မာကိုလွမ်းလှပေမယ့်..
၁လထက်ပိုမနေနိုင်ဘူး..
အခုလောလောဆယ်မှာ ထ.ဝ က ကိုယ့်အတွက်အဆင်အပြေဆုံးလို့ ထင်နေတာပဲ...
ပေါက်
Ko Nay.. အခွန်ချည်းပဲ ၅၀၀၀ ကျော် ဆောင်နေတဲ့ ရွှေမြန်မာလည်း စင်္ကာပူမှာရှိတယ် (ကျနော် ရာဂဏန်းပဲ ဆောင်ရတယ်)၊ ပိုက်ပိုက်ရွှင်ရင်တော့ နေပျော်ကြတာပါပဲ၊ ရေရှည်ကြည့်ရင်သာ တခြား အရင်းအမြစ်လည်း ပေါ လူကို လူကိုလည်း ကိုင်တွယ်တဲ့ နိုင်ငံတွေဆီ သွားချင်သွားကြတာ၊ ရေတိုအတွက်တော့ ဝင်ငွေဖြောင့်နေတဲ့သူတွေက သိပ်မခွာချင်လှဘူး။
ReplyDeleteကလူသစ်.. ကလူသစ် မြေးလေးတွေရဲ့ မြစ်လေးတွေ အရွယ်ရောက်တဲ့အခါ ၅၀ ထဲ ဝင်ကောင်း ဝင်ပါလိမ့်မယ်၊ အသက်ရှည်အောင်သာ ကြိုးစားကြပါစို့။ (သို့တည်းမဟုတ်) တခြားနိုင်ငံတွေ အမြန်ဆုတ်ယုတ်အောင် ကြံဆောင်ကြပါစို့။
Vista.. ကျနော်တော့ မနေနိုင်ဘူးဗျ၊ ပျင်းပြီးသေသွားလိမ့်မယ် ထင်တာပဲ (သွားနိုင်စွမ်းလည်း မရှိပါဘူး၊ စကားအဖြစ် ပြောတာပါ)။ နယူးဇီလန်ကို အလည်ပဲ သွားချင်တယ်၊ အခြေချဖို့တော့ အခွင့်အရေး ပေးလာခဲ့ရင်တောင် အသေအချာ စဉ်းစားမိမှာအမှန်ပဲ။
ကိုက်ချင်နေတဲ့ အမည်မသိ.. ကောင်မလေးတွေက “ကျမတို့ တိုတိုဝတ်တာ ကိုက်ချင်စိတ်ဆွပေးဖို့ မဟုတ်ဘူးရှင့်” လို့ ပြောမှာပေါ့ဗျာ။
ရင်မောသွားတဲ့ အမည်မသိ.. ဒင်္ဂါးတိုင်းမှာ ခေါင်းနဲ့ပန်းရှိတယ်လေဗျာ။
သက်ဝေ.. ဟုတ်ပါတယ်၊ ဒါပေမဲ့ ရှိတာလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲ နေပြန်တော့လည်း မကောင်းဘူး၊ “တချို့” နိုင်ငံတွေဆို အုပ်ချုပ်သူညံ့လို့ ဒုက္ခပင်လယ် ဝေနေပေမယ့် ဖြစ်ဖြစ်သမျှ ကံ ကံ ကံ ကိုချည်း ပုံချနေတာဗျာ၊ အသည်းယားတယ်။
အစ်မချစ်.. T&C က ကိုကိုရှိနေသရွေ့ ဟုတ်တယ်မှတ်လား။
NyanMin.. ဟုတ်ပါတယ်၊ အနေကြာသွားရင်တော့ အတိုင်းအတာ တစ်ခုထိ အသားကျသွားမှာပါ။ ပေတံနဲ့လည်း ဆိုင်ပါတယ်၊ ရည်မှန်းချက် ကြီးကြီးမားမား မရှိတဲ့လူဟာ တဲအိမ်ကနေ ပျဉ်ထောင်အိမ်ပေါ် ရောက်သွားတာနဲ့ သာယာနေပါပြီ၊ လောဘသိပ်ကြီးတဲ့ သူတွေကျပြန်တော့ ကွန်ဒိုမှာနေလည်း ဗီလာကြီးတစ်လုံးကို အိပ်မက် မက်နေဦးမှာပဲ။ တင်းတိမ်ခြင်းနဲ့ ရမက်ကြီးခြင်း အကြားမှာ ကိုယ့်နဲ့ အသင့်တော်ဆုံး အမှတ်တစ်မှတ်ကို ရှာတတ်ဖို့က လူတစ်ယောက် သင်ယူရတဲ့ အခက်ခဲဆုံး ဘာသာရပ်တစ်ခုလို့ ကျနော်ထင်ပါတယ်၊ ကျနော့်အမြင် သက်သက်ပါ။ ပြောရင်း ပြောရင်း ပို့စ်နဲ့တောင် မဆိုင်တော့ဘူး :p
စမိုင်း.. ဒါကတော့ ဖောင်းပါတယ်၊ အဝါကဒ်ပါ၊ နောက်တခါ အသံမမြည်ပါစေနဲ့။
ပေါက်.. ဟုတ်တယ်၊ အခုမြန်မာပြည်မှာ ကျနော်လည်း ကြာကြာ မနေနိုင်ဘူး၊ ကိုယ်က ပျော်ပျော်ကြီး နေနိုင်ရင်တောင် စိတ်ထဲမှာ လိပ်ပြာမသန့်သလိုလို တမျိုးကြီးပဲ။ ထိုင်ဝမ်မှာ အဆင်ပြေရင် အဲဒီမှာပဲ ပျော်ပျော်ကြီး နေလိုက်ပေါ့ဗျာ။
"တင်းတိမ်ခြင်းနဲ့ ရမက်ကြီးခြင်း အကြားမှာ ကိုယ့်နဲ့ အသင့်တော်ဆုံး အမှတ်တစ်မှတ်ကို ရှာတတ်ဖို့က လူတစ်ယောက် သင်ယူရတဲ့ အခက်ခဲဆုံး ဘာသာရပ်တစ်ခုလို့ ကျနော်ထင်ပါတယ်၊" ကြိုက်တယ်ဗျာ။ FBမှာ တင်ပါရစေ။
ReplyDeleteဟုတ်တယ်၊ ကျနော်လည်း မြန်မာပြည်သွားတိုင်း လိပ်ပြာသန့်သန့် မပျော်ရက်ဘူး..
TZA, again well said from you and it was a great conversation.
ReplyDeleteContinuously, would you kindly share how you got such tax relief just to pay three digits. Thanks.
ReplyDelete