Search This Blog

Loading...

26 June 2010

♠ Tsa manna manna eh eh

ဒီလ ၁၉ ရက်နေ့က (အမေစု မွေးနေ့ပါ) ကိုးရီးယား စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖြစ်ခဲ့တယ်၊ ဆိုင်နာမည်က Manna တဲ့၊ စားရင်းသောက်ရင်း နယ်သာလန်နဲ့ ဂျပန်ပွဲကို ကြည့်ခဲ့ရလို့ ပို့စ်ခေါင်းစဉ်ကို ဆိုင်နာမည်လည်း ပါအောင်၊ ကမ္ဘာ့ဖလားနဲ့လည်း မဆိုင်ဆိုင်အောင် ပေးလိုက်ပါတယ်.. စာ မန်နာ မန်နာ အေ့.. အေ.. ဝါကာ ဝါကာ.. အေးအေ။

ဒါက လူတကာလှန်ကြတဲ့ မိနုပါ၊ မိအေးက နှစ်ခါပဲနာပေမယ့် မိနုကတော့ ခဏခဏပါပဲ။ (ဟမ်)


သောက်စရာအတွက် ဒါလေးရွေးလိုက်တယ်၊ ထမင်းနဲ့ ကြံသကာရည် ရောချက်ထားတဲ့ ရှမ်းသွားရေစာ “ခေါက်ဆွေ” နဲ့ တော်တော်လေး တူတယ်။


စကားမစပ်၊ flickr က အပြောင်းအလဲတွေ လုပ်နေတယ်၊ အရင်က ပုံသေးနှိပ်ရင် 500px အရွယ်ဆီ ရောက်ပေမယ့် အခုတော့ ပိုကြီးတဲ့ 640px အရွယ်ကို တန်းရောက်တယ်၊ ကွန်ပြူတာ စကရင် ကြီးလာတာနဲ့ အမျှ၊ အင်တာနက် အရှိန် မြန်လာတာနဲ့ အမျှ၊ အမျှ အမျှ ယူတော်မူကြပါကုန်၊ အဲလေ၊ ပုံတွေရဲ့ အရွယ်အစားကိုလည်း လိုက်ကြီးတာ ဖြစ်မှာပေါ့။ ဒီပို့စ်ကစပြီး ကျနော်လည်း flickr က ပုံတွေဆိုရင် 640px အရွယ်ပဲ တင်ပါတော့မယ်၊ ရန်ကုန်လို အင်တာနက် နှေးတဲ့နေရာကနေ ပုံကြီးတွေ ကြည့်ရတာ အဆင်မပြေလှဘူး ဆိုပေမယ့် နဂိုကတည်းက flickr ကို ban ထားတော့ ထူးမသွားပါဘူး။ ပုံကြီးတင်တော့ ကြည့်ရတာ ပိုအားရတယ် မဟုတ်လား။

appetizer တွေပါ၊ အားလုံး စားကောင်းတယ်။

ဒါကတော့ ကင်မ်ချီဟင်းရည်၊ နည်းနည်းစပ်တယ်၊ အရသာကတော့ ကောင်းမှကောင်းပဲ။


အိမ်က အင်တာနက်က တော်တော်ဆန်းကြယ်တယ်၊ ဘာလုပ်လုပ် ရနေပေမယ့် flickr ပေါ်တင်ရင် အင်မတန် နှေးတယ်၊ မိနစ် ၂၀ လောက်မှာ ၃ ပုံပဲ တင်ပြီးသေးတယ်။ အပေါ်ပုံတွေက ဟိုနေ့က တပိုင်းတစ တင်ထားတာ၊ ဒါတွေကတော့ ခုလေးတင် တင်လိုက်တာပါ။ (အတူတူ ဝါးတီးပေးခဲ့တဲ့ ဘော်ဘော်တွေကိုတောင် ပုံတွေ မပို့ရသေးဘူး၊ ဟဲဟဲ)

မာလာဟင်းထဲက အဖတ်တွေနဲ့တူတယ်၊ စားပွဲပြည့်သွားလို့ အောက်ခြေလွတ်နေတာ။

ပုံအားလုံး တင်ပြီးတော့မှ ဆက်ရေးပါမယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါဦး။


--
ဆိုင်မြေပုံကို ဒီမှာ ကြည့်ပါ။

14 comments:

  1. ကိုTZA ရဲ့Post Post မဖတ်ခင်ကတည်းက ဗိုက်ဆာနေတာ။အခုဖတ်ပြီးတော့ပိုဆာသွားပြီ။

    ReplyDelete
  2. ဝါကာ ဝါကာ အေ့အေး....
    ဟယ်...လက်ဝတုတ်ကြီးတော့...:P

    ReplyDelete
  3. ၁. cool ထဲထည့်လိုက်တယ်။

    ၂. ပြင်ပြန်ပြီ. ..ချွန်းချင်လို့လား. (comment တွေ မြင်နေရတယ်။)

    ၃.
    ဒါက လူတကာလှန်ကြတဲ့ မိနုပါ၊ မိအေးက နှစ်ခါပဲနာပေမယ့် မိနုကတော့ ခဏခဏပါပဲ။ (ဟမ်)
    အဲဒါကိုတော့ funny ထဲထည့်ချင်တယ်။

    ၄. အမေစုမွေးနေ့မှာ စားသောက်ဆိုင်သွားတာနဲ့ ဘယ်လိုပက်သက်မှူရှိသလဲ.ကာရန် ချိတ်ဆက်မိရဲ့လား။

    ၅. ခေါက်ဆွေ လာတိုက်ရင်တော့ငြင်းမှာဘဲ။

    ၆. ဒီတစ်ခါ မစားသေးခင်ရိုက်တယ် ထူးဆန်နးတယ်

    ရ. ဒီလက်ကို ဝတုတ်လို့ဆိုရင်တော့.........ဟင်း..........

    ၈။ သွားစားမှာမဟုတ်တဲ့အတူတူမြေပုံကိုတော့မနိပ်တော့ပါဘူး.

    ReplyDelete
  4. အဟမ်း အဟမ်း .... (ဘာမှမဟုတ်ပါဘူး ကြည့်ပြီး သွားရည်ယိုသွားတယ်လို့)

    ReplyDelete
  5. လက်ဝတုတ်ကြီးက ဒီပို့နဲ့ ဆိုင်လို့လား..(Interesting?) ပြော ပြော အခုပဲ ချက်ချင်းပြော (Funny?)။ ကိုရီးယားအစာတော့ အရမ်းကြိုက်ပါတယ်၊ ဖေးဗရိတ်ပဲ (Cool?)။

    ReplyDelete
  6. ဘယ်သူ့မှ မေးတာ မဖြေထားပါလား ။ ဖြေပါ့မည်
    ပုံကြီးတင်တော့ ကြည့်ရတာ ပို၍အားရပါသည် ။ ပုံကြီးကြီးတွေဆိုတော့ ပိုပြီး ဟိုက်ဒဖနေးရှင်း ဖြစ်သွားတာပေါ့ ။

    ReplyDelete
  7. မေ့လို့..
    ဟိုက်ဒဖနေးရှင်းပုံ၊ မူဗွီတွေကို မြန်မာမှုပြုရရင် ဖလန်းဖလန်းထ ကြည်တောက်ရှင်း ပုံတွေလို့ပြောကြပါကြောင်း ။
    :D

    ReplyDelete
  8. ၁. မိနု << ROFL
    ၂. Flickr ကိစ္စ
    ဟုတ်တယ်ဗျ ကျနော်လဲ ဖြစ်နေတယ်။ Flickr Uploader မှာ 400 MB လောက်ပဲရှိတဲ့ ပုံတွေ တင်တာ တစ်ညလုံး မပြီးဘူးဖြစ်နေတယ်။ ၁၀ ပုံလောက်ပဲတက်ပြီး ရပ်သွားတယ်။ ပထမတော့ internet connection ကြောင့်ထင်ပြီး ထပ်တင်ကြည့်တယ်။ အတူတူပဲ အတော်ကြာတယ်။ ၃ ခါလောက် ခွဲပြီး တင်လိုက်ရတယ်။ site ပေါ်မှာသွားပြီး upload လုပ်လဲ တူတူပဲ။ google ရဲ့ picasa မှာဆို အတော်လေးကို မြန်တယ်။

    ReplyDelete
  9. စားပွဲကပြည့်တော့မပေါ့ ..ဟင်းနဲနဲစီကို ပုဂံကြီးကြီးတွေထဲထည့်ထားတာကိုး။

    ReplyDelete
  10. ဆန်နဲ့လုပ်ထားတဲ့ဖျော်ရည်က ကျနော်တို့ရဲ့ရိုးရာဖျော်ရည်
    တစ်မျိုးပါပဲ...။။
    ကျနော်တို့ကတော့ မယ့်ယာချာ(麥芽茶)လို့ခေါ်တယ်။
    ကောက်ညှင်းနဲ့ 麥芽 မှုန့်နဲ့..သကြားနဲ့ လုပ်ရတယ်..
    လို့ထင်တာပဲလေ..။။
    အိမ်မှာလုပ်တာတွေ့ဖူးတာပြောပြတာ..။။



    ပေါက်

    ReplyDelete
  11. စားချင်လိုက်တာာာာ အဲ့လိုဆိုင်မျိုးလေးမှာာာာ ရှလွပ်

    ReplyDelete
  12. cool သွားပါတယ်..

    ReplyDelete
  13. kma ပျောက်နေတာကြာပီ။

    ReplyDelete