Search This Blog

Loading...

25 June 2010

♠ Yet another FIFA night

မျက်လုံးကို အားစိုက်ဖွင့်ပြီး ပို့စ်တင်လိုက်သည်၊ အရာရာ ဝိုးတဝါးဆိုသော်ငြား သမိုင်းပေး တာဝန်ကြီး ရှိနေပြန်သည် တမုံ့။ (အဟွတ်)

ပြင်သစ်၊ အီတလီ စသော ဘောလုံးဘိုးအေများ အုပ်စုပတ်လည်အဆင့်ကိုပင် မကျော်နိုင်ပဲ အသီးသီး အသက အသက ဘိတ်ချီးစွဲ၍ ဖျာလိပ်ပြန်ရလေပြီ၊ သံဝေဂရဖွယ်အတိပါတကား။

အရယ်ရဆုံးမှာ ၃၂ သင်း မတိုင်ခင် ခြေစစ်ပွဲအဆင့်၌ အိုင်ယာလန်ကို အနိုင်ယူခဲ့သော ပြင်သစ်ပင် (သစ်ပင် မဟုတ်၊ ပြင်သစ်ပင် ဟူသည်မှာ ပြင်သစ်ဖြစ်တော့သည် ဟု ဆိုလိုသည်)။

အိုင်ယာလန်ကို ဒိုင်လူကြီး မတွေ့လိုက်သော ဟန်းဘောဖြင့် ဂိုးသွင်းခဲ့၍သာ အပေါ်တက်သွားသော ပြင်သစ်ကို အိုင်ယာလန်သူ လန်သားများ လုံးလုံး မကျေပါချေ။

ထို့ကြောင့် အိုင်ယာလန်ရှိ ပီဇာဟတ်(ထ) ခေါ်သော ပီဇာဆိုင်မှ ဖဘ ပေါ်တွင် ပြင်သစ်အသင်း တဂိုး အသွင်းခံရတိုင်း သူတို့ထံမှ ပီဇာ အချပ်ပေါင်း ၃၅၀ အခမဲ့ကျွေးမည်ဟု ကြေညာ၏။

ပြင်သစ်အသင်းကြီး အလွဲလွဲ အကွဲကွဲ အပြဲပြဲ ပြည်တော်ပြန်ကြသည့် တချိန်တည်းတွင် အိုင်ယာလန်သူ လန်သားများက အလကားရသော ပီဇာများ တမြုံ့မြုံ့စား၍ ဝမ်းသာနေချိမ့်မည်။

ထိုနည်းတူစွာ အီတလီနှင့် ကျောင်းတော်ကရန်စ ရှိခဲ့ပြီး အငြိုးအတေး ထားနေကြသော တချို့ တချို့ နိုင်ငံများလည်း အလားတူ ပျော်နေကြချိမ့်မည်။ ထားပါလေ။

ကျွန်ုပ်မှာမူ ပီဇာလည်း မစားရ၊ အိပ်ရေးလည်းပျက်ရ၊ ဖေ့လည်းမဘွတ်ရ၊ ဘလော့လည်း မဂင်းရ၊ ဘောပွဲပင် အခပေးကြည့်နေရသဖြင့် ဘာဆိုဘာမျှ မကိုက်ပါချေ။ သို့တိုင်အောင် ကျွန်ုပ် ဆိုသူမှာလည်း သမုဒ္ဒရာကြီး ခြားနေသည့် ဟိုး အာဖရိကတိုက်တွင် အရှင်လတ်လတ် ဖြစ်ပျက်နေသည့် “အလုံးတစ်လုံးတည်းကို လူ အယောက်နှစ်ဆယ်လောက်က လက်ရှိပါလျက် ခြေထောက်ဖြင့်သာ ဝိုင်းလုနေကြသော ထူးဆန်းအံ့ဖွယ် အဖြစ်အပျက်ကြီး” ကို စက္ကန့်နှင့်မခြား ကြည့်နေရခြင်းကိုပင် တပ်မက်လွန်းလှသည်။ ဩော်၊ နားလည်ရန် ခက်လှပါတော့သည်၊ ဤပွဲကြီး မြန်မြန်သာ ပြီးပါစေတော့။
--
ရေးရင်း ရေးရင်း လေပြေတချက်အဝှေ့မှာ ဖယောင်းတိုင်မီးမှောင်ကျပြီး ဘလော့ဂ္ဂါအိပ်ပျော်သွား။

21 comments:

  1. စိတ်နာနေတယ်။

    ReplyDelete
  2. တောင်ပေါ်သား (TWN)June 25, 2010 1:53 AM

    ဟုတ်ပါ့ ကိုယ်တိုင်က မျက်မှန် မတပ်ပေမဲ့ ပုလင်းကွဲတွေ လိုက်ကောက်နေရတာ အမောပဲ။ လက်ရှိ ချံပီယံ အီတလီ ဒီလောက်အစောကြီး အိပ်ယာလိပ်သွား ရမယ်လို့ မထင်မိဘူး။

    ReplyDelete
  3. ပြောသားပဲ.....
    ဘရာဇီးပါဆို..... မယုံကြပဲကိုးးးးးးးး

    ReplyDelete
  4. ဟဟိ.. တစ်လုံးမှ နားမလည်ဘူး အဲလေ. နားလည်ပါတယ်။

    ReplyDelete
  5. ဒို့ကတော့...ဒို့ကတော့..
    ဒို့အမေဂျီးကန် ပဲ အားပေးဒယ်..
    အလုပ်လုပ်ရဒါတောင် မဖြောင့်ဘူး

    ReplyDelete
  6. ဘရာဇီး ဘရာဇီး ဘရာဇီး Yay !!!!!!

    ReplyDelete
  7. မပြောချင်ဘူး၊ ဘာဆိုဘာမှ မပြောချင်တော့ဘူးးးးးးးး-(

    ReplyDelete
  8. တစ်ယောက်တလုံး ပေးကန်လိုက်ရင် ပြီးနေတာ။ အခုတော့ တစ်လုံးတည်းကို အယောက် ၂၀ ဝိုင်းလု နေကြတယ်။ အီတလီ ပွဲမှာ ဂိုးထဲ ဘောလုံး ဝင်လုရင်း ထိုးကြကြိတ်ကြတာ ရယ်စရာကြီး။ :D

    ReplyDelete
  9. “အလုံးတစ်လုံးတည်းကို လူ အယောက်နှစ်ဆယ်လောက်က လက်ရှိပါလျက် ခြေထောက်ဖြင့်သာ ဝိုင်းလုနေကြသော ထူးဆန်းအံ့ဖွယ် အဖြစ်အပျက်ကြီး”

    ဟားဟားဟား... မိုက်သဟ...

    ReplyDelete
  10. "ရေးရင်း ရေးရင်း လေပြေတချက်အဝှေ့မှာ ဖယောင်းတိုင်မီးမှောင်ကျပြီး ဘလော့ဂ္ဂါအိပ်ပျော်သွား။" and the blog reader, myself, fall asleep.

    ReplyDelete
  11. ဖဘ ကို ပထမ နားမလည်လို့ ခေါင်းစားသွားသေးတယ်။ ဒါကြောင့် ဖန်နီလို့ ရီအက်ရှင်စ်မှာ ခြစ်လိုက်တယ်။

    ReplyDelete
  12. တော်ပါသေးရဲ့ အီတလီကို ရက်ရက်စက်စက် မှိုချိုးမျှစ်ချိုး နင်ပဲငဆ (ဘကြီးလို မြန်မာစကား မကြွယ်ဝဘူး...ဒီသုံးလုံးပဲ စဉ်းစားလို့ ရတယ်) ဝေဖန်မသွားလို့...

    ReplyDelete
  13. ဘော်လုံးပွဲများညစဉ်ကြည့်ပြီး အိပ်ရေးပျက် အိပ်ငိုက်နေသူတစ်ဦးမှ ကော်မန့်လာပွတ်သွားခဲ့ပါကြောင်း.....

    ReplyDelete
  14. "World Cup 2006 final Italy v France

    World Cup 2010 will be Italy v France play in the airport on the way back home."
    ဟီး.. ဖဘက သူများစတေးတပ်ကို ကူးတင်လာတာ...။

    ဒါနဲ့ ဒီပို့စ်က ချပ်ချိန်း ပြတာလား....ငှင်

    ReplyDelete
  15. kma ပြောမှ သတိရလို့ funny ထဲပြန်သွားချစ်လိုက်ရတယ်။ လူတိုင်းက funny လို့ပြောတော့ ဘယ်ကောင်းမလဲ။ TZA က ငပေါကြီးဖြစ်နေတာပေါ့။

    အမည်မသိပြည်သူတစ်ဦးက အမည်ဖော်နေပါလားဒီတစ်ခေါက်. log out ဘို့မေ့သွားတယ်နဲ့တူတယ်. စိတ်နာနေရတာနဲ့

    .
    စင်စက် ပြောတဲ့ ချပ်ချီန်ကိုနားမလည်လို့သုံးခါလောက်ပြန်ဖတ်လိုက်ရတယ်။ ပြီးတော့မှ (sdl: နတ်ဒိုးတီးရင်ကောင်းမလား.. ပူနောင် ချပ်ချိန်း.. ချပ်ချိန်း.) အဲဒါကိုသတိရသွားတယ။်

    ပိုစ်ဖတ်ရုံ့တင်မက ဟိုစဉ်းစားဒီစဉ်းစားတွေပါလုပ်ရတယ် သိတ်မောတယ်။ ဟူး........

    ပုံ
    မောလာသူ

    ReplyDelete
  16. သုနှင်းဆီ.. လောင်းထားမှန်း သိပ်သိသာတယ်။

    တောင်ပေါ်သား(twn).. ဟားဟား၊ ဒီစကားကို ခုမှကြားဖူးတယ်၊ မှန်လိုက်လေဗျာ။

    နှလုံးသားပြတိုက်.. ဘရာနဲ့ဇီး ပေါင်းထားမှတော့ဗျာ၊ ဘာပြောကောင်းမလဲ။

    အန်တီကွန်.. လွယ်ပါတယ်၊ ဘောလုံးလေ၊ ဘောလုံး၊ ကန်ကြတာလေ၊ ကန်ကြတာ။

    ကိုကြီးကျောက်.. အမေဂျီးကန်က ပွဲပြီးခါနီးမှ ကန်သွင်းနေတာ ရင်သိမ့်တုန်ပါပဲ။

    အမချစ်.. စိတ်ထိန်းပါ၊ အပျော်မလွန်ပါစေနဲ့။

    ဇွန်မိုးစက်.. စိတ်ထိန်းပါ၊ စိတ်ဓာတ်မကျပါနဲ့။

    ZT.. ဟုတ်တယ်၊ အိုက်တင်တွေ သိပ်များတယ်၊ ဒိုင်က သရုပ်ဆောင် ကောင်းမကောင်း လိုက်ကြည့်နေရသလိုပဲ။

    သက်ဝေ.. ဟာဟ၊ ကြိုက်သပေါ့လေ။

    Mon Petit Avatar.. ဒါဆို စွဲဆောင်မှုရှိလွန်းလို့ပဲ ဖြစ်ရမယ်။

    kma.. ဖန်နီနဲ့ဖေ့ဘွတ်နဲ့ ညီအကိုဖြစ်ရမယ်။

    ဂျင်ဂျင်း.. နောက်ဆုံး ကစားသမားတစ်ယောက် ငိုသွားလို့ပေါ့၊ နို့မို့ဆို ရက်ရက်စက်စက် မှိုချိုးမျှစ်ချိုး နင်ပဲငဆ ပြောထဲ့လိုက်မှာ။

    ကြည်.. ဟားဟား၊ ဘောပွဲကြိုက်တဲ့ မိန်းခလေးမရှားပါလား။

    စင်စင်.. အဟုတ်ပဲ၊ နောက်ပို့စ်လည်း ချပ်ချိန်းပြနေတာ။

    မောလာသူ အရီးကွန်.. ကိုပေါကို ခလုတ်မတိုက်ပါနဲ့၊ အမည်မသိက သူ့နှင်းဆီကို ပြောတာလား၊ နာ့ဂန္ဓမာကို ပြောတာလား။

    ReplyDelete
  17. ဘောလုံး မလောင်းပါဘူး။ မလောင်းတတ်ဘူး။ အားပေးတာသက်သက်ပါ။ log outဖို့ မေ့သွားတာမဟုတ်ဘူး။ ဟိုဘက်မှ ပို့စ်တင်ပြီး ဒီမှာလာဖတ်တော့ log in၀င်ပြီးသာဖြစ်လို့ပါ။ ခါတိုင်းက ဒီတိုင်းလာဖတ်ာတာမို့ ၀င်ရတာပျင်းလို့ပါ။ အမည်မသိဆိုပေမယ့် တီဇက်အေသိနေမယ်ထင်လို့ပါလေ..မောလိုက်တာ ရှင်းပြရတာ။

    ဘောလုံးချစ်ခင်သူတစ်ဦး
    mm

    ReplyDelete
  18. သူ့နှင်းဆီကို ပြောတာလား၊ နာ့ဂန္ဓမာကို ပြောတာလား။
    ဆိုတာလဲဘာလဲဆိုတာ စဉ်းစားရပြန်ရော..ဟင်း...... အခုတော့သိပြီ

    သုနင်းဆီ.
    သူသိပြီးသား မသိချင်ယောင်ဆောင်နေတာ

    TZA
    ကလည်းသုနင်းဆီသိပြီးသားဆိုတာ သိပြီးသား

    ဟူး
    သက်ပြင်းများမကြာခဏချနေရသူ

    ReplyDelete
  19. အစက ဂူဂယ်ဖတ်စာထဲကနေ တိတ်တိတ်လေးဖတ်နေသေးတယ် ရေးထားတာ သဘောကျလွန်းလို့ စိတ်မထိန်းနိုင်တော့ပဲ ဒီအထိကို အရောက်လာမိတယ် ။ ဖန်နီခလုပ်လာနှိုပ်ချင်လို့ .၊ နှိုပ်ပြီးတော့မှ ကျန် အင်ထရက်စတင်းတွေရော၊ ခူးလ်တွေပါ အားရပါးရ နှိုပ်ပစ်ခဲ့လိုက်တယ် ၊
    ၂၀၁၀ ဘောလုံးပွဲတွေ ခုထိ တပွဲမှ မကြည့်သေးဘူး ၊ ရင်သိမ့်တုန်ပွဲစဉ်တွေရောက်မှ ကြည့်မယ်တေးထားတယ်လေ ။ ဟင်းဟင်း


    ပုံ
    မျှမျှတတ အားပေးသူတစ်ဦး

    ReplyDelete
  20. နောက်ဆုံးပိုင်း အရမ်းမိုကမတယ်...တကယ်ကြိုက်တယ်...တကယ်..တကယ်....

    ReplyDelete
  21. အရမ်းခိုက်တယ်အကိုရေ....
    အရေးအသားတွေကိုပါ...

    ReplyDelete