Search This Blog

Loading...

18 October 2010

♠ BD@Somerset

အစားအသောက်ပို့စ် မတင်တာကြာပြီဆိုတော့ မတင်ချင့်တင်ချင်နဲ့ တင်လိုက် ရပါတယ် :p မွေးနေ့ပွဲ အပိုင်း ၃ လို့လည်း ခေါ်နိုင်ပါတယ်။ somerset 313 က Marché® ဆိုတဲ့ ဈေးတန်းလေးမှာ စားခဲ့တာပါ၊ နွားရုပ်တွေ အများကြီးရှိလို့ တချို့က ဆိုင်နာမည်ရဲ့ အဓိပ္ပါယ်က နို့စားနွား ဖြစ်မယ်ထင်တယ်လို့ ပြောကြတယ်၊ အင်တာနက်မှာ ရှာကြည့်တော့ သင့်လျော်တဲ့ အဓိပ္ပါယ်က “ဈေးတန်း” ပါ၊ အော်ဒါမှာပြီးတာနဲ့ ကိုယ့်ရှေ့မှာ လတ်လတ်ဆတ်ဆတ် ပြင်ဆင် ချက်ပြုတ်ပေးတဲ့ ဈေးတန်းတွေရဲ့ သဘာဝကို တွေ့ရမှာပါ။ ဒါက စင်္ကာပူရဲ့ ဒုတိယမြောက် ဆိုင်ခွဲဖြစ်ပြီး vivocity မှာ ပထမဦးဆုံးဆိုင် ရှိပါတယ်။ ဆွစ်ဇာလန် ကုမ္ပဏီ moevenpick အောက်က စားသောက်ဆိုင် ဖြစ်တဲ့အတွက် ဆွစ် အလံလေးတွေ အများကြီး ချိတ်ထားပါသေးတယ်၊ alps တောင်တန်းပေါ်က chalet တွေရဲ့ ပုံစံအတိုင်း ပြင်ဆင်ထားတာ ကျနော့်အတွက်တော့ မြင်မြင်သမျှ ဆန်းသစ်နေပါတယ်။ ပုံစံမတူ တူအောင် ဆွစ်ရွာလေးတွေထဲက ရှေးဟောင်း chalet ၆ ခု ဖျက်ပြီး ဒီကို လေယာဉ်နဲ့ပို့ပြီး ပြန်ဆင်၊ ပြန်ဆောက် ထားတဲ့အပြင် ဟိုကနေ လက်သမားအဖွဲ့ တစ်ဖွဲ့တောင် လာကြီးကြပ်တယ်လို့ ဝက်ဘ်ဆိုက်မှာ ဖတ်ရပါတယ်။ ဒါကြောင့် အမြင်ဆန်းပြီး အသွင်လန်းတဲ့ မာရှေးကို အလည်တခေါက်တော့ ရောက်အောင် သွားကြပါလို့ တိုက်တွန်းရင်းနဲ့ နိဒါန်းလေးကို နိဂုံးချုပ်လိုက်ပါတယ်။

ဒါက “ဗိုက်ခေါက်ဆီသို့ ပထမခြေလှမ်း” ဆိုတဲ့ စတတ်တာပါ။

အထဲက အခင်းအကျင်းက food republic လိုမျိုးပဲ ဆိုင်လေးတွေ အများကြီးကို ကွေ့ပတ်သွားရတယ်၊ လုံးဝ မတူတဲ့ အချက်ကတော့ ငွေပေးချေတဲ့ စနစ်ပါ။ ဒီဆိုင်မှာ ငွေလက်ငင်း မရှင်းရဘူး၊ အဝင်ဝမှာ လူတစ်ယောက်အတွက် ကဒ်တစ်ကဒ် ဝေပေးတယ်၊ အဲဒီကဒ်နဲ့ပဲ မှာသမျှကို မှတ်ပြီး ပြန်တော့မှ ကောင်တာမှာ ကျသင့်သလောက် ရှင်းရပါတယ်။ ဆိုတော့ ဝယ်ရပြုရတာ အဆင်ပြေပြီး မြန်တယ်၊ ဒါပေမဲ့ စားကောင်းတဲ့ အစားအသောက် ကောင်တာတွေမှာတော့ အကြာကြီး တန်းစီရတာပါပဲ။ ငွေချေတဲ့ ကဒ်ကလေး ပျောက်သွားရင် စင်္ကာပူဒေါ်လာ ၁၀၀ လျော်ရပါမယ်၊ အဲဒီ လျော်ကြေးကို ဆိုင်က ယူတာမဟုတ်ပဲ ကိုယ်နှစ်သက်ရာ အသင်းအဖွဲ့ တစ်ခုရွေးပြီး လှူဒါန်းရပါမယ် ဆိုပြီး ကဒ်နောက်ကျောမှာ ရေးထားပါတယ်၊ ဒါကြောင့် ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝချင်သူများ ၂၀၀ ဘိုးလောက်စား၊ ကဒ်ကို အပျောက်ရိုက်ပြီး ၁၀၀ ဘိုး လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးရင်း အင်မတန် တန်ဖိုးရှိတဲ့ စာကိုယ်လေးကို နိဂုံးချုပ်အပ်ပါတယ်။ (မြန်မာပြည်မှာ ဒီစနစ်မျိုး လုပ်လို့ကတော့ကွာ)

အောက်ပုံကတော့ “မီးဘေးရှောင် မလောင်ခင်တား” ဆိုတဲ့ ဟင်းလျာပါ။

“ကွန်တိန်နာထဲက စကွစ်များ” ဆိုတဲ့ ဟင်းလျာပါ။

“ဝက်အူနှစ်ချောင်းနဲ့ အာလူးတစ်ပုံ” ဖြစ်ပါတယ်။

ဒါကိုတော့ “သွား၊ ရပ်၊ ကြည့်” လို့ နာမည်ပေးထားပါတယ်၊ တကယ်လည်း သွားရပ်ကြည့်ခဲ့ပါတယ်။

ဒါက “အနောက်တိုင်းခေါက်မုန့်” ပါ၊ ၃၇ လမ်းထိပ်မှာ ၈ တန်း တစ်နှစ်လုံး အဝတွယ်ခဲ့တဲ့ ခေါက်မုန့်ကို လွမ်းသွားတယ်။

“ရုပ်ဖျက်ထားတဲ့ ညှီနံ့နည်းနည်းထွက် စုံထောက်မှိုပွင့်ဟင်းရည်” ပူနွေးနွေးပါ၊ လူတိုင်း ကုန်အောင် မသောက်နိုင်ပါဘူး။

ဈေးတန်းလေး ဆိုတဲ့အတိုင်း ဈေးဆိုင်လေးတွေက ချစ်စရာပါ၊ ကျောက်သင်ပုန်းတွေနဲ့ ဈေးနှုန်းရေးထားတယ်။

ဒါက အပြင်စာပါ၊ မာရှေးမှာ မရောင်းပါဘူး။ ကိတ်မုန့် လို့ အမည်ရပါတယ်၊ စိတ်ကူးနဲ့ နားသောတ ဆင်ကြည့်ပါ။

ဇွန်း၊ ခက်ရင်းနဲ့ တိုလီမုတ်စတွေထားတဲ့ ကောင်တာပါ၊ အဲဒါကို ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး၊ ကြပ်ကြပ် သတိပြုပါ။

ခုံတိုင်းမှာ အသည်းနှလုံးရှိပါတယ်၊ စားပွဲတွေမှာတော့ မရှိပါဘူး၊ ဝမ်းနည်းတတ်ရင် ဝမ်းနည်းစရာပါပဲ။

အပေါ်မှာ ရေးခဲ့ပြီးပါပြီ၊ ကျောက်သင်ပုန်းနဲ့ စားစရာနာမည်တွေ ဈေးနှုန်းတွေ ရေးပါတယ်၊ ထပ်မမေးကြပါနဲ့တော့။

လူစည်တဲ့ဈေးတန်းလေးပါ၊ မျက်နှာကျက် အမြင့်ကြီးဆိုရင် ပိုကောင်းမယ်၊ အခုဟာက မွန်းကြပ်သလို ခံစားရတယ်။

စာလည်းရှည်သွားပြီမို့ တော်သေးပြီ ဒေါ်ဌေးကြည်လို့ နှုတ်ဆက်ရင်း နိဂုံးပိုင်းကို နိဂုံးချုပ်လိုက်ပါတယ်။

နောက်ဆုံးအနေနဲ့ အဖော်လုပ်ပေးကြတဲ့ မဒီလှပျိုဖြူ ၄ ယောက်ကို ကျေးဇူးတင်လိုက်ပါတယ်။
--
နောက်နှစ်မွေးနေ့ကို ဘုန်းကြီးကျောင်းမှာ ကူးမယ်လို့ စဉ်းစားမိတယ်၊ အင်း...

28 comments:

  1. ပုံပြရေးတဲ့စာတွေ အရမ်းရီရတယ်...
    မချော ၄ ယောက် ကိုယ်တစ်ယောက်ပုံလည်း မြင်ချင်ပါတယ် :)

    ReplyDelete
  2. ညှီနံ့နည်းနည်းထွက် စုံထောက်မှိုပွင့်ဟင်းရည်က (mushroom) chowder ဖြစ်မယ်။ ပင်လယ်စာတမျိုးမျိုးနဲ့ နို့ဟင်းရည်အပျစ် တမျိုးပါပဲ။ ယူအက်စ်မှာ (New England) clam chowder ကို လူကြိုက်ပိုများတယ်။ ဘီစကွတ်တို့ crackerတို့နဲ့ တွဲဖက်စားလေ့ရှိကြတယ်။ မြန်မာမုန့်ဟင်းခါးကိုလည်း တချို့က (Burmese) fish chowder လို့ဘာသာပြန်ကြတယ်။

    (မြန်မာပြည်မှာ ဒီစနစ်မျိုး လုပ်လို့ကတော့ကွာ)..
    ဝက်သားပေါက်စီထဲက ဌာပနာအစာတွေ ဖောက်စားပြီး ပုံမပျက်ပြန်ထား၊
    လမ်းဘေး မရှိဆင်းရဲသားရောင်းတဲ့ ဝက်သားတုတ်ထိုးက တုတ်ချောင်းတွေတောင်မှ ဖျောက်ပစ်တတ်သေးတာ ရီတာပေါ့..ရီတာပေါ့.. ရီတာပေါ့ (Rita Pot မဟုတ်ပါ)

    ReplyDelete
  3. ဓာတ်ပုံတွေကတော့ မိုက်တယ်ဗျာ... အဲဒီမှာစားရင် တခါတလေ အဆင်မသင့်တာမှာမိလို့ကတော့ စားလို့လည်းမကောင်း ပိုက်ပိုက်လည်း ကုန်တယ်...

    အရင်ကတော့ Orchard က The Heeren နဲ့ Suntec City မှာ ရှိဖူးတယ်။ အဲဒီဆိုင်တွေပိတ်သွားပြီးမှ VivoCity မှာဖွင့်တာ... Vivo မှာ ဖွင့်ပြီးကတည်း မစားဖူးတော့ပါ။

    ReplyDelete
  4. လှပျိုဖြူ ၄ ယောက်ဆိုပြီး ၃ ယောက်ပဲ ပါ ပါ့လား၊
    သူတို့ကြည့်ရတာ အတော်စားကြမဲ့ ပုံပဲ..အပြာရောင်နံဘေးက ကတုံးက TZA ထင်ပါ့..

    ReplyDelete
  5. စားပွဲတွေမှာ အသည်းနှလုံးမရှိတာကို ၀မ်းနည်းသွားပါတယ်....ဒါနဲ့ မချောလေးယောက် ကိုယ်တစ်ယောက်ဆိုတဲ့အကြောင်း မသိမသာနဲ့ (တကယ်တော့ သိသိသာသာကြီးပါ) ကြွားသွားတယ်ပေါ့လေ....

    ReplyDelete
  6. သဘောကျတဲ့ဆိုင်တွေထဲက တဆိုင်ပါပဲ...
    စားစရာတွေထက် ထိုင်ရတာ ပိုသဘောကျတယ်...
    အရင် Heeren က ဆိုင်လေးကို သတိရနေသေးတယ်... အခုဆိုင်တွေနဲ့စာရင် အဲဒီဆိုင်လေးက ပိုကျယ်ပြီး ထိုင်လို့ကောင်းတယ်...

    ၂၀၀ ဖိုး စားဖို့ ကဒ်က လက်မခံဘူးလေ... ၁၀၀ ဆိုတာနဲ့ ဆက်စားလို့မရတော့ဘူး...
    TZA လို အတွေးမျိုးနဲ့ လူတွေကို ကြောက်လို့ တဲ့...

    ပြီးတော့ ကိုယ်သိသလောက် အဲဒီဆိုင်က ဓါတ်ပုံရိုက်ခွင့်မရှိဘူး... ဘယ်လိုရိုက်လာခဲ့တာလဲဟင်...............

    ReplyDelete
  7. ပုံလေးတွေ အရမ်းကောင်းတာပဲ :)

    ReplyDelete
  8. အဲဒီအစားတွေကိုတော့ သိပ်စိတ်မဝင်စားဘူး။
    ထုံးစံအတိုင်း အရေးအသား အတင်အပြပဲ စိတ်ဝင်စားတယ်။

    ဒါနဲ့ ကို kma ရေးတဲ့ လမ်းဘေး မရှိဆင်းရဲသားရောင်းတဲ့ ဝက်သားတုတ်ထိုး ဆိုလို့... မြန်မာပြည်မှာနေတုန်းက ကိုယ်တွေမှာ အဲဒီ လမ်းဘေး ဝက်သားတုတ်ထိုးသည်ရဲ့ ဝင်ငွေကို မယှဉ်နိုင်တဲ့ အကြောင်း ပြေးသတိရမိတယ်။

    ReplyDelete
  9. Marché® က “အနောက်တိုင်းခေါက်မုန့်” နဲ့ "ချိစ်အာလူး" ကြိုက်တယ်..
    အစားအသောက်တွေက စားကောင်းပေမဲ့ တပွဲတပွဲက များလွန်းတယ်..မကုန်နိုင်ဘူး..

    မြန်မာတွေရောင်းတဲ့ တဆိုင်လည်းရှိတယ်လေ. “မီးဘေးရှောင် မလောင်ခင်တား”၊“ကွန်တိန်နာထဲက စကွစ်များ” တွေက အဲ့ဆိုင်ကလားမသိဘူး.. ဝိတ်တာထဲမှာလည်းရှိတယ်...တခါတလေ ကဒ်ပေးတဲ့နေရာမှာလည်း မြန်မာဘဲ..

    ဟုတ်တယ် ..တကဒ်ကို ၁၀၀ ဘိုးထိဘဲ စားလို့ရတယ်... ဓါတ်ပုံဘယ်လိုများရိုက်လာခဲ့တာလဲ ရိုက်လို့မရဘူးဆိုလို့ ...

    ReplyDelete
  10. ကျန်ခဲ့လို့..အီတာလျံထမင်းကြော်က ဈေးကြီးပြီး စားမကောင်းဘူး ...

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. သူငယ်ချင်းတစ်ယောက် လိုက်ကျွေးလို့ အဲသည်ဆိုင်မှာ တခါတိတိ စားဖူးတယ်။ ငွေချေပုံစနစ်နဲ့ပတ်သက်လို့ တီဇက်အေလို အတွေးမျိုးလည်း ဝင်ဖူးတယ်။ ဒါကြောင့်လည်း Great minds think alike ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတာဖြစ်မယ်။

    ReplyDelete
  13. ကိတ်မုန့်ဆိုင်က မြန်မာလိုရေးတတ်တယ်လား..

    ReplyDelete
  14. ကိတ်မုန့်ဆိုင်က မြန်မာလိုရေးတတ်တယ်လား.. >>> @313 ရဲ့ B1 မှာလား..L1 မှာလား မမှတ်မိဘူး ..ကိုယ်တိုင်ဒီဇိုင်းဆွဲလို့ရတဲ့ ကိတ်မုန့်ဆိုင်ရှိတယ်.. အဲ့ဆိုင်ကထင်တယ် :))

    စပ်စုသူတဦး

    ReplyDelete
  15. အိုင်ဆေး ကိုတီဇက်အေ သွားရပ်ကြည့် ဘေးက မျဉ်းကြား မတွေ့ပါလားဗျ၊ ကင်မရာကြီးက ပုံထွက် သိတ်ကောင်းပါလားဗျိုးး
    ကျုပ်ကတော့ ကိုတီဇက်အေရဲ့ စာရေးသားပုံထက် တင်ပြပုံကို ပိုနှစ်သက်မိသဗျာ ((ဟမ်))

    ပုံ / ဆားပုလင်း စီကေအေ

    ReplyDelete
  16. Happy belated Birthday!!!
    The place seems nice and your photos are great.

    ReplyDelete
  17. နိုင်းနိုင်း.. မချောလေးယောက် ကိုယ်တစ်ယောက် တွဲတောင်မရိုက်မိဘူး၊ ကတောက်။

    ကိုkma.. ဟုတ်မယ်ဗျ၊ ဘာခေါ်မှန်းတော့ မသိပါဘူး၊ သောက်ပစ်လိုက်တာပဲ။ ပေါက်စီပုံပြင်ကတော့ နောင်လာနောက်သားတွေဆီ လက်ဆင့်ကမ်းသွားရမှာပဲ :p

    ပီတိ.. အလို၊ အရင်က ဖွင့်ခဲ့မှန်း မသိဘူးဗျ၊ ဒီဆိုင်ကိုလည်း တစ်ယောက်သော လှပျိုဖြူညွှန်းလို့သိတာ။

    ကိုကြီးကျောက်.. ကတုံးနဲ့ကျနော် အဟုတ်ပဲ၊ တွေးကြည့်တာ ပြေးကြည့်တာထက်မှန်တယ်ဗျာ။

    အင်ကြင်း.. မသိမသာ ကြွားတယ်ဆိုရုံလေးပါပဲ၊ ညှင်းညှင်း။

    သက်ဝေ.. မသိပါဘူး၊ ၁၀၀ ဘိုးထက်ပိုစားလို့ရတယ် ထင်နေတာ၊ အင်းပေါ့လေ၊ ကိုယ့်ထက်လည်လို့ လူလုပ်နေကြတာပဲ၊ ဟင်း.. ဓာတ်ပုံကတော့ ရိုက်ခွင့် ၁၀၀% ရှိတယ်၊ ဖွတ်ကောင်တာ ဆိုတဲ့ အစားအသောက်ထားတဲ့ ကောင်တာတွေကိုသာ ရိုက်ခွင့်မရှိတာ။

    မေ.. ချီးကျူးတာ အပြည့်အဝ ခံယူပါတယ် (ဟမ်)

    ရီတာ.. သိပ်မှန်တယ်၊ ကိုယ်တွေလည်း အဲလိုပဲ၊ အားကျပြီး ဝက်သားတုတ်ထိုးသည် မဖြစ်တာကံကောင်း။

    အမည်မသိ.. ဟုတ်တယ်၊ မြန်မာဝန်ထမ်း အမျိုးသမီးတစ်ယောက် တွေ့တယ်၊ ချိစ်စ်အာလူးက စီတဲ့သူ အရမ်းများလို့ မစားဖြစ်လိုက်ဘူးဗျ။ ဓာတ်ပုံလား၊ ရိုက်လို့ရတယ်၊ အားမနာနဲ့၊ ရိုက်သာရိုက်။

    ကိုပေါ.. ဟားဟား၊ ဖြစ်ရမယ်လေဗျာ။

    စင်စင်.. ဟုတ်တယ်၊ အဲ၊ ဟုတ်ဘူး၊ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက် ရေးထားတာ။

    စပ်စုသူတစ်ဦး.. ဟုတ်တယ်၊ အဲဒီမှာရှိတယ်ပြောတယ်၊ ဒါပေမဲ့ ဒီကိတ်ကတော့ အဲဒီက မဟုတ်ဘူးလို့ ပြောတာပဲ။

    အစ်မချစ်.. တင်မပြမိပါလားဗျာ (ဟမ်)

    Mon Petit Avatar.. ကျေးဇူးအထူးပါဗျာ၊ ပျော်ရွှင်ပါစေ။

    ရွှန်းမီ.. ကျေးဇူးပါ၊ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  18. ပုံတွေ သိပ်ကောင်းတယ်နော်။ ဒါနဲ့ ဆိုင်ထဲမှာ ဓာတ်ပုံရိုက်ဖြစ်အောင် တိုက်တွန်းလိုက်တာ ဘယ်သူများပါလိမ့်... ;-/

    ReplyDelete
  19. Marche used to be in Heeren's basement. Then it moved to Suntec. now its in vivo . i hvn't been to 313 branch. hehehehe.

    ReplyDelete
  20. ဇွန်.. ဘယ်သူရှိရမလဲ၊ ဟို ကင်မရာယူမလာပဲ သူများကို အတင်းရိုက်ခိုင်းတဲ့ အစ်မကြီးပေါ့၊ ဟင်း။

    အမည်မသိ.. သဘောကတော့ ကျန်တာအကုန်သွားစားဖူးတယ် ပေါ့လေ၊ ဟာ၊ နာတယ်ကွာ၊ စင်္ကာပူလာတာ နောက်ကျသွားတော့ သူများကြွားသမျှ ခံရတော့တာပေါ့.. ကတောက်..

    ReplyDelete
  21. ဇွန်.. ဘယ်သူရှိရမလဲ၊ ဟို ကင်မရာယူမလာပဲ သူများကို အတင်းရိုက်ခိုင်းတဲ့ အစ်မကြီးပေါ့၊ ဟင်း။

    အံမယ် မောင်တီ နာ့အတင်းပြောနေတယ်... ဟင်း!!

    ReplyDelete
  22. သြော် .. အဲသာကြောင့် ကိတ်မုန့်မှာ ဖြူ ဇွန် ? ချစ် ဆိုပြီး တွေ့မိတာကိုး။
    ပုံ/ ကိုကိုစပ်စု

    ReplyDelete
  23. Why didnt you try Knuckles Roasted Pork? I think the whole marche only salad and Roasted Pork are the Best!!! Other than that........ I would say Expensive :(

    ReplyDelete
  24. ဖြူ၊ ဇွန်၊ ဂျင်း ပါအေ့.. ကိုကိုဒီကေဘီအေ ရယ်..

    ReplyDelete
  25. နှစ်ယောက်လုံး မှားနေသေးတယ်
    ဖြူ ဇွန် ဂျင်း ချစ် တဲ့..

    (အုန်းသီးဖြူဖြူလေးကို ဇွန်းခြစ်တောင်စားချင်သွားတယ် ဂျင်းနဲ့တွဲပြီး ဟမ်)

    ReplyDelete
  26. အဲဒီ ဂျင်းကို မသေချာလို့ ? လုပ်ထားတာအေ့ မယ်ဆင်နဲ့ မယ်မြိုး။

    ReplyDelete
  27. miss the one in Heeren...

    ReplyDelete