ဆယ်လ၊ ဆယ်ရက်၊ နှစ်ထောင့်တစ်ဆယ်။ တရုတ်လို “၁၀”ကို 『十』လို့ရေးတယ်၊ ပို့စ်ခေါင်းစဉ်က ဒီနေ့နေ့စွဲပါ။
+++
တစ်ယောက်သောသူမသာ ကျနော့်လို အရေထူရင် ဒီနေ့ စင်တိုဆာရောက်နေကြမှာပါ၊ ဒီလိုရက်က ကြုံတောင့်ကြုံခဲပဲလေ။ စင်တိုဆာပို့စ် ဖြစ်မလာတဲ့ ဒီပို့စ်လေးကို တခြား မဆီမဆိုင် အကြောင်းအရာတစ်ခုနဲ့ ရသေ့စိတ်ဖြေ ရေးလိုက်ပါတယ်။
+++
ဒီကနေ့ဟာ ထိုင်ဝမ်ကျွန်းလေးရဲ့ အမျိုးသားနေ့ပါ၊ double ten day လို့ အတို ခေါ်ပါတယ်၊ လိုဂိုကတော့ အပေါ်မှာ မြင်ရတဲ့ အတိုင်း အနီရောင် ++ ပါ။ အောက်တိုဘာ ၁၀ ရက်နေ့ ဆိုတဲ့ သမိုင်းထဲက နေ့စွဲပါပဲ၊ ၁၉၁၁ အဲဒီနေ့မှာ ဝူချန်း အရေးအခင်း စ ဖြစ်တာကို အစွဲပြုပြီး သတ်မှတ်လိုက်တာပါ။ အဲဒီ အရေးအခင်းက မန်ချူးတွေကို စပြီး လက်နက်ကိုင် တော်လှန်ရာမှာ အနိုင်ရတဲ့ အရေးအခင်းပါ၊ နောက်ဆက်တွဲ အနေနဲ့ မန်ချူးမင်းဆက် ပြိုကျသွားရတဲ့ ရှင်းဟိုက် တော်လှန်ရေးကြီးကို ဖြစ်လာစေခဲ့တယ်။ နောက်တော့ တော်လှန်ရေး အောင်မြင်သွားပြီး ဘုရင်စံနစ် ကျဆုံးတယ်၊ Republic of China ဆိုတဲ့ ROC ပေါ်လာပါတယ်။ အောက်ပုံက လွန်ခဲ့တဲ့ ၉၉ နှစ်တုန်းက ဝူချန်း အရေးအခင်းမှာ မန်ချူးတွေကို တိုက်နေတဲ့ တော်လှန်ရေး တပ်သားတွေပါ၊ သမိုင်းမှာ ဘယ်လောက် အရေးပါသလဲဆိုတာ သူတို့ ကိုယ်တိုင်တောင် သိခဲ့ကြမှာ မဟုတ်ဘူး။

နှစ်စဉ်နှစ်တိုင်း ၁၀၊ ၁၀ ရောက်ရင် ထိုင်ဝမ်မှာ NDMP ရှိတယ်၊ စင်္ကာပူက NDP ထက် military ဆိုတဲ့ M တစ်လုံးပိုတယ်။ နေ့ဖက် parade ရှိပြီး ညရောက်ရင် ဟိုက ဒီက မီးပန်းကြီးတွေ ဖောက်ကြတယ်။ ကျနော် ဟိုမှာကျောင်းတက်တုန်းက တခါမှတော့ သွားမကြည့်ဖြစ်ပါဘူး။ လူဆိုတာကလည်း ရီရတယ်၊ ဟိုမှာနေတုန်းက အဲလိုပွဲတွေ သွားရိုက်ဖို့ စိတ်ကူးမရဘူး၊ ခု စင်္ကာပူရောက်တော့မှ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်နေတယ်။ အင်း၊ အဲသလို နောင်မှ မတရအောင် နောက်နှစ် စင်္ကာပူ NDP ကိုတော့ သွားရိုက်ဖြစ်အောင် ရိုက်မှပါလေ။

--
ထိုင်ဝမ်ကို အခုထိ ROC လို့ သမုတ်ကြဆဲပါ၊ ပြည်မကြီးက သိကြတဲ့အတိုင်း PRC ပေါ့၊ ဥရောပနဲ့ အနောက်နိုင်ငံတချို့က မခွဲတတ်ပါဘူး၊ ဒါကြောင့် ထိုင်ဝမ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်မကြီးနဲ့ မှားပြီး ပြည်ဝင်ခွင့် ပေးတာတွေ၊ မပေးတာတွေ ဖြစ်တတ်လို့ ၂၀၀၃ က စပြီး ထိုင်ဝမ် စာအုပ်ပေါ်မှာ ROC အပြင် အင်္ဂလိပ်လို TAIWAN ကိုပါ ရိုက်နှိပ်လိုက်ပါတယ်။ [ref]
ပျော်ရွှင်ဖွယ် triple ten day ဖြစ်ကြပါစေဗျား။

PRC
ROC
--
ပျော်ရွှင်ဖွယ် triple ten day ဖြစ်ကြပါစေဗျား။
淡水河မှာ
ReplyDeleteမီးပန်းတွေ ဖောက်မယ်တဲ့..။(စိတ်ကူးနဲ့ သွားလိုက်မယ်..
စိတ်ကူးထဲမှာ လူတန်း ကားတန်း မကြပ်ဖူး)
雙十節တခါမှ မသွားဖူးသေးဘူး..။
ပေါက်
စိတ်ဝင်စားစရာပါဘဲ.
ReplyDeleteNDP မရောက်ဘူးသေးဘူး..
kom
တို့က မြန်မာပြည်က NPD(NPT) ကိုရောက်ဖူးတယ်....
ReplyDeleteလူထူတယ် နေပူတယ် ချွေးဒီးဒီး ကျနိုင်တယ် ။ စလုံး နေရှင်နယ်ဒေး တစ်ခါမှ ရောက်ဖူးသေးဘူး ။
ReplyDeleteWow u did it five 10.
ReplyDeleteသြော်.. 雙十節 က အမျိုးသားနေ့လား။ ဟိုးအရင်က လူတွေ ပြောတာ ကြားဖူးတာ.. 雙十節နီးရင် ထိုင်ဝမ်ဗီဇာ ရလွယ်တယ်ဆိုလား။ အဲဒါဟုတ်လား။ ကိုယ့်ရဲ့အမျိုးတွေနဲ့ သွားပြီး tang qin လို့ရတယ်ဆိုလား။ (အမှတ်မှားသွားတာလည်း ဖြစ်နိုင်တယ်) 雙十節 ဆိုတော့ ရုတ်တရက် သတိရသွားလို့..
ReplyDelete"ပျော်ရွှင်ဖွယ် triple ten day ဖြစ်ကြပါစေဗျား။ "
ReplyDeleteအဲ့ဒါကို ပျော်ရွှင်ဖွယ် ရက်သုံးဆယ်ဖြစ်ပါစေလို့ပြောတယ်ထင်နေတာ
(e ကောင်းပုံက)..
ကိုယ်ဖြစ်ချင်တာလေ :P
10.10.10 post has been posted by 10:10am? =)
ReplyDeleteTotal TEN 5th times... ^V^
Happy October, ko TZA.
ပေါက်.. အရမ်းသွားသင့်တာပေါ့၊ တခြားနေရာရောက်သွားမှ နောင်တရမယ်။
ReplyDeleteအရီး.. နောက်နှစ်သွားဖြစ်ရင်လက်တို့လိုက်ပါ။
စင်စင်.. ဒါလည်းသွားသင့်တဲ့နေရာပဲ၊ ဆရာအော်ပီကျယ်ပြောသလို ဘေးကလူကိုတောင် “မီးတွေ မီးတွေ လင်းထိန်နေတာပဲ” ဆိုပြီး နှိုးပြောရတဲ့နေရာဆိုလား။
ခမမ.. အရီးလည်းမသွားဖူးသေးဘူးတဲ့၊ လူစုလိုက်ရအောင်။
အမည်မသိဧည့်သည်တော်.. အချိန်က ပြင်လို့ရတယ်၊ အဲဒါ တမင် ပြင်လိုက်တာပါ။
သဉ္ဖာ.. ဟုတ်တယ်၊ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်အထိ လွယ်အုံးမယ်ထင်တယ်၊ နောက်တော့ “အို”ကျန်ခဲ့တဲ့ လူတွေ အရမ်းများလာလို့ ဗီဇာလွယ်လွယ်မပေးတော့ဘူး၊ ယိုးဒယားမှာတောင် သွားလျှောက်ရတယ်၊ တိုးဖွဲ့တဖွဲ့ဆို အားလုံးနီးပါး အစအန ပျောက်သွားတယ်ဆိုလားပဲ။
မျိုး.. လခမျှော်နေပြီပေါ့လေ။
အမည်မသိဧည့်သည်တော် အမှတ် ၂.. အချိန်က သက်သက် ပြင်လိုက်တာပါ၊ ပို့စ်တင်တဲ့အချိန်ကို ကြိုက်သလို ပြင်လို့ရပါတယ်။