Search This Blog

Loading...

03 October 2010

♠ Bowling Friday

နေသာတဲ့ သောကြာညတစ်ညမှာ အလုပ်က team building ဆိုပြီး အုပ်စုလိုက် ဘိုးလင်း ပြိုင်လှိမ့်ကြပါတယ်။ Team building ဆိုလို့ ပြောရဦးမယ်၊ ကျနော်တို့ ကုမ္ပဏီရဲ့ ပြတ်သားချက်ကတော့ အဲဒါ တခါမှ မလုပ်ဖူးဘူးဗျ၊ ယူအက်စ် ကုမ္ပဏီကြီးတစ်ခုမှာ အကြာကြီး လုပ်ခဲ့ဖူးတဲ့ ဂျီအမ် အသစ် ပြောင်းလာပြီးမှ team building ရယ်လို့ လုပ်လာတာ။ ဥရောပကုမ္ပဏီ တစ်ခုကနေ ပြောင်းလာတဲ့ အလုပ်ဖော်တစ်ယောက်ကတော့ သူ့အရင် ကုမ္ပဏီဟောင်းမှာ ခဏ ခဏ လုပ်လွန်းလို့ စိတ်တောင်ပျက်တယ် ပြောတာပဲ၊ မသွားမနေရ၊ စရိတ်လည်း ကုမ္ပဏီက ရာနှုန်းပြည့် စိုက်မပေးဘူးတဲ့။ ဒီ ဘိုးလင်းပြိုင်ပွဲကတော့ ကစားတာ၊ စားတာ သောက်တာ၊ သွားဖို့အတွက် ကားစီစဉ်ပေးတာ စသဖြင့် အားလုံး စရိတ်ငြိမ်း လုပ်ပေးလို့ တော်သေးတယ်ပဲ ပြောရမှာပေါ့။

OCC orchid country club မှာ လှိမ့်ကြပါတယ်။

ဘောလုံးက စကားအရမ်းပြောတယ်၊ လက်ပေါက်ကပ်တဲ့ ဘောလုံးတွေနဲ့ အဆင်မပြေဘူး၊ ကြပ်လို့။

ဘိုးလင်းဆိုတာ လှိမ့်တာမဟုတ်လားကွယ်။

ဟုတ်ပါတယ်၊ လှိမ့်တာပါကွယ်။

အကြိတ်အနယ်ပါပဲ၊ lane ၆ ခု၊ ၆ သင်း ခွဲပစ်တယ်၊ တစ်သင်းကို ရှစ်ယောက် ဆယ်ယောက်လောက်ရှိမယ်။

အမယ်၊ ဆုပေးဦးမှာဗျား၊ ရွှေ ငွေ ကြေး ပုလင်းသုံးလုံး စားပွဲပေါ် ထောင်ထားတယ်။

--
ပွဲပြီးတော့ ကျနော်တို့အသင်းက ငွေတံဆိပ်ရပါတယ်၊ အဲဒီ ငွေရောင်ပုလင်းကြီးကို ကိုင်ပြီး အိမ်ပြန်ရတယ်၊ ခါးကြားထိုးရင် ကောင်းမလား တွေးမိသေးတယ်။ ဆုကလည်း လုပ်ထားတာ လက်ရာမသေသပ်ဘူး၊ အိမ်ရောက်ခါနီး အောက်ကအထိုင် မူလီကျွတ်ကျလို့ ပြုတ်ထွက်သွားတယ်၊ အဲဒါ ဓာတ်တိုင်ဘေးမှာ သေချာထိုင်ပြီး မူလီ ပြန်စုပ်လိုက်ရသေးတယ်၊ မသိရင် ဗုံးထောင်နေသလိုလိုဗျ။ ဆုချည်းပဲ ပေးရင် ဘာမှ သုံးလို့မရဘူး၊ တော်သေးလို့ အန်တီယုစီ ၂၀ တန်ဘောက်ချာ တစ်ယောက်တစ်ရွက် ရလိုက်သေးတာ။ ဩော်၊ ဘိုးလင်း ဘိုးလင်း၊ လူကို ဖမ်းစားနိုင်လွန်းပါတယ်။
--
မှတ်ချက်။ ။ ဘိုးလင်းပစ်တဲ့လက်မှာ လက်စွပ်မစွပ်ပါနဲ့၊ အန္တရာယ်များတယ်။ ဒီပုံ နဲ့ ဒီပုံ ကို ကြည့်ပါ။ (ကြောက်တတ်ရင် မကြည့်ပါနဲ့၊ သွေးသံရဲရဲပါပဲ)

11 comments:

  1. လက်ညှိုးရှည်ပြီး နှိပ်မိသဖြင့် ရှေ့တစ်ပုံမှာတင် အော့အန်ပြီး ဂေါ့ဂလန်ဖြစ်သွားကြောင်း..

    ReplyDelete
  2. ရင်တုန်ပန်းတုန်ဘာလားတီတီရယ်...


    khine

    ReplyDelete
  3. တကယ်ကို လန့်သွားတယ်ဗျာ။ ဗဟုသုတ တော့ ရပါတယ်။

    ReplyDelete
  4. သူ့ဟာသူတည့်တည့်မတ်မတ်နေနေတဲ့ဟာကို သွားသွားလှဲချ တဲ့ကစားနည်းပေါ့နော်။ :) တခါမှမပစ်ဖူးဘူး ပစ်ခိုင်းလည်းပစ်တော့ဘူးရယ် လက်ပေါက်ကပ်လို့ :)

    ခင်တဲ့ ( ချိုကျ )

    ReplyDelete
  5. လန့်သွားသူများကို အားလည်းနာပါတယ်၊ ထပ်ကြည့်ဖို့လည်း တိုက်တွန်းပါတယ် (ဒါမှ မှတ်မိမှာလေ၊ ငှဲငှဲ)။

    ချိုကျ.. လက်ပေါက်ကပ်တာ ဒီလိုလား..ဟားဟား..

    ReplyDelete
  6. Bowling မဆော့ဖူးပါဘူး။ လက်စွပ် မစွပ်ထားဖို့တော့ အခုမှ သိရပါတယ်။ တကယ် ဆော့ဖြစ်တဲ့အခါ ဆင်ခြင်နိုင်ပြီပေါ့။

    ReplyDelete
  7. ဒါ့ပုံတွေက ပေးတဲ့ အသိအတွက် ကျေးဇူးပါ...

    ReplyDelete
  8. ဆော့ဖူးတယ်။orchid country club မှာပဲ။အလုပ်လုပ်တုန်းက။လက်စွပ် တော့မချွတ်မိဘူး ဘယ်ဖက်မှာဝတ်ထားလို့ ဘာမှမဖြစ်ခဲ့ဘူး။တို့အလုပ်လုပ်တဲ့ကုမ္ပဏီ လဲ သိပ်team building လုပ်တာ။တော်ကြာကြက်တောင်၊စာပွဲတင်တင်းနစ်၊ဘိုးလင်း၊ဂေါက်......အစုံ အစုံ

    ReplyDelete
  9. ဟိုပုံတွေကို လက်ချောင်းကြားထဲကနေချောင်းကြည့်လိုက်တာ.......အီးးးးး........

    ReplyDelete
  10. ဖျတ်ခနဲကြည့်လိုက်မိတယ်။

    ပစ်တာက ဘောလုံးပစ်ထည့်လိုက်တာပဲ မဟုတ်လား။ ဘယ်လိုက ဘယ်လိုဖြစ်သွားတာပါလိမ့်။

    =(

    ReplyDelete
  11. ဇူလိုင်အိပ်မက်.. ဘာပဲဖြစ်ဖြစ် ဘောလုံးကိုင်တဲ့လက်မှာ စွပ်မထားတာ ကောင်းပါတယ်။

    Turn-on-ideas.. ကျနော်အီးမေးလ်ကရတာပါ၊ ဘိုးလင်းဆော့ရင်း ဖြစ်တာလို့ ရေးထားတယ်၊ ဒါပေမဲ့ ကျနော်က ယုံတဝက် မယုံတဝက်ပါ (လက်စွပ် တွန့်လိမ်နေလို့)၊ ဘာပဲဖြစ်ဖြစ် သတိထားနိုင်အောင်ပါ။

    ဇွန်တစ်.. ဟာ၊ သိပ်ကောင်းတယ်၊ တစ်ပတ်မှာ ငါးရက်လောက် လုပ်ပေးရင် သိပ်ကောင်းမှာ။

    သန့်.. လက်ချောင်းကြားမှာအီးရှိတယ်? ဝေါ့ ဝေါ့..

    ရီတာ.. ဖြစ်နိုင်တဲ့အခြေအနေက လက်စွပ်အရမ်းကြပ်တဲ့ အသားများများ လူဝတစ်ယောက် အပေါက်သေးတဲ့ ဘောလုံးကို အတင်းစွပ်သွင်းပြီး ပစ်ထည့်လိုက်တာပဲ။ လက်ထိုးတဲ့အပေါက်နဲ့ လက်စွပ်နဲ့ ကွက်တိဖြစ်ပြီး စွပ်လျက်သား ဖြစ်နေတာ သတိမထားမိပဲ ပစ်လိုက်တော့ လက်စွပ်က ဘောလုံးနဲ့ပါသွားတာပေါ့၊ လက်ချောင်းက အဆစ်ပါသွားတော့တာပေါ့။ ဒါပေမဲ့ ဓာတ်ပုံထဲက လက်စွပ်က တွန့်လိမ်နေတယ်၊ ဒါကြောင့် တခြား အက်စီးဒန့် တစ်ခုခုကြောင့် ဖြစ်တာလို့ ထင်မိတယ်၊ အဲနီးဝေး၊ တွေးစရာတစ်ခုတော့ ဖြစ်စေတာ အမှန်ပါပဲ။

    ReplyDelete