Search This Blog

Loading...

10 October 2010

♠ C for Cancer

ပျော်ပျော်နေတတ်တဲ့ ကိုကြီးကျောက် တစ်ယောက် အသည်းကင်ဆာဖြစ်နေတာ အစ်မချစ် ဘလော့ဂ်ပေါ်ကတဆင့် ဟိုးတလောက သိခဲ့ရတယ်။ အခု အခြေအနေ ကောင်းမလာပဲ ဆရာဝန်တောင် လက်လျှော့ရတဲ့ အဆင့်ထိ ရောက်သွားတာ ထပ်သိလိုက်ရတော့ စိတ်ထဲမှာ မကောင်းပါဘူး၊ အထူးသဖြင့် ဒီလို ပျော်တတ် ရွှင်တတ်တဲ့၊ လူတွေကိုလည်း ပျော်ရွှင်စေချင်တဲ့ လူတစ်ယောက်က သူ့ဘဝ နေ့ရက်တွေကို countdown လုပ်နေရတာ တွေးကြည့်လိုက်ရင် ကံတရားရဲ့ အစီအမံကိုပဲ အံ့အား သင့်ရမလိုလို၊ ဆရာအော်ပီကျယ် ကာတွန်းထဲက လက်မဖြောင့်တဲ့ သိကြားမင်းကြီးကိုပဲ အပြစ်တင်ရမလိုလို ဖြစ်မိပါတယ်။

အမှန်တိုင်းပြောရရင် ကျနော်ဟာ စိတ်ကူးယဉ်တတ်တဲ့ လူစားထဲကပါ၊ ထီပေါက်ရင် ဘာလုပ်မယ်၊ ရာထူးတက်ရင် ဘာလုပ်မယ် စတဲ့ ကောင်းသော လှသော လူတစ်ယောက်ကို သာယာစေသော စိတ်ကူးအိပ်မက်တွေအပြင်၊ ငါသာ မနက်ဖြန် သေရတော့မယ်ဆိုရင် ဘာလုပ်မလဲ၊ ငါသာ အက်စီးဒန့်ဖြစ်ပြီး ခြေပြတ် လက်ပြတ်ဖြစ်ရင် ဘယ်လိုနေမလဲ ဆိုတဲ့ ကဗျာမဆန်တဲ့ စိတ်ကူးယဉ် အိပ်မက်တွေကိုပါ မက်တတ်ပါတယ်။ အဲသလို ဇာတ်နာကြီးထဲမှာ မျောနေမိတိုင်း ကျနော့်မှာ ကြောက်ရွံ့ခြင်း လုံးဝ မဖြစ်ဖူးသေးပါဘူး၊ အထူးသဖြင့် မိုးလင်းပေါက် ကေတီဗွီမှာ အသံဝင်အောင် လျှောက်ဆိုတဲ့ ညမျိုးတွေ၊ အရည်မရ အဖတ်မရ အွန်လိုင်းမှာပဲ တညလုံး အချိန်ကုန်သွားတဲ့ ညမျိုးတွေ ကူးပြီးလို့ နောက်တနေ့ မနက်တွေမှာ ဒီလို စိတ်ကူးမျိုး ယဉ်မိတတ်တယ်။ အချိန်ကို တန်ဖိုး မထားတတ်လေခြင်း၊ ကိုယ့်ရဲ့ ကျန်းမာသန်စွမ်းမှုကို အသုံးမချ တတ်လေခြင်း၊ စသည် စသည် စိတ်ထဲမှာ ခပ်ရေးရေးကျန်နေတဲ့ အပြစ်တွေကို ပြေလိုပြေညား၊ ကျေလိုကျေညား စိတ်ကူးယဉ်တာပါ။ အဲလို အနေအထားမျိုး ရောက်သွားရင် ကိုယ်ဟာ အချိန်ကို တန်ဖိုးထားတတ်လာမယ်၊ ဟိုဟို ဒီဒီ လျှောက်သွားဖို့လည်း မဖြစ်နိုင်တော့လို့ အချိန်တွေလည်း အများကြီး ပိုထွက်လာမယ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကိစ္စတွေ ပိုလုပ်လို့ရပြီ လို့ပဲ စိတ်ထဲမှာ ထင်နေမိတာပဲ။ (လက်တွေ့မှာတော့ သွေးပျက်ပြီး အရူးတပိုင်း ဖြစ်ကောင်း ဖြစ်နေပါမယ်)

ကျနော်ကံကောင်းပါတယ်၊ ခုထိ ကျန်းကျန်းမာမာ ကိုယ်ခန္ဓာက ဘာဒုက္ခမှ မပေးပါဘူး။ သို့သော် ကိုကြီးကျောက်ကတော့..
--
ကိုကြီးကျောက် ၆ လ ၉ လ ဆိုတဲ့ ကာလတွေထက် အများကြီး အများကြီး ကျော်လွန်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စာကောင်းတွေ ဆက်ရေးနိုင်ပါစေ၊ ဒီကို အလည်လာကြသူများလည်း ကိုကြီးကျောက်လို နေရာမျိုး (မပြောကောင်း မဆိုကောင်း) တနေ့မှာ ရောက်ခဲ့ရင် ဘယ်လို ရင်ဆိုင်မယ်၊ ဘယ်လို ဖြတ်သန်းမယ် ဆိုတာကိုလည်း အားတဲ့အခါ စဉ်းစားစေလိုပါတယ်။
--
သိကြားမင်းကြီး ခုထိတော့ လက်မတည့်သေးပါဘူး။

14 comments:

  1. အသက်နဲ့ ခန္ဓာကိုယ်ကို အလောင်းအစား လုပ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်သူမို့ အဲသလို တွေးမိတာ ခဏခဏပါဗျာ....... :)

    ReplyDelete
  2. C series ထဲမှာတော့ ဒီခေါင်းစဉ် မမြင်ချင်ဆုံးပါပဲ ... ။
    နောက်မှ အေးမေးဆေးဆေး ဆက်ရေးမယ်...

    ReplyDelete
  3. အင်း.. ဘာလိုလိုနဲ့ သေဖို့ တစ်ရက် နီးလာပြီ။

    ReplyDelete
  4. i feel so sad!


    khine

    ReplyDelete
  5. HeartMuseum ရဲ့ comment ကိုဖတ်ပြီးတော့ 007 ကြီးကိုမျက်စိထဲမြင်ယောင်သွားတယ်..။ :P double O အဆင့်ရသူများလဲ မန့်ကြသကိုး....

    ReplyDelete
  6. ကျနော်ကံကောင်းပါတယ်၊ ခုထိ ကျန်းကျန်းမာမာ ကိုယ်ခန္ဓာက ဘာဒုက္ခမှ မပေးပါဘူး။ - မှားပါတယ်၊ အချိန်မရွေးသေနိုင်ပါတယ်၊ ကားတိုက်ပြီ:ဖြစ်ဖြစ်ပေါ့။ တို့ကတော့ ဗြုံးခနဲ သေတာကို အကြိုက်ဆုံးပဲ။ ကျန်ခဲ့တဲ့လူတွေလဲ ဝမ်းနဲပက်လက်ဖြစ်လို့။ ဝေဒနာလဲ ကြာကြာမခံရဘူး။

    ခရေဖြူ

    ReplyDelete
  7. ဗြုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး..................

    ReplyDelete
  8. ကိုTZA ရာ အခုကျနော် ဗမာ လူမျိုး specialist (ကျနော့ စာဖတ်ပရိဿတ်တယောက်) ကို ကျနော့ဆေးမှတ်တမ်းတွေ ပေးဖတ်ခိုင်းတော့ ကင်ဆာက 5 cm ရှိလို့ ကြီးတော့ကြီးတယ် ဆေးစားပြီးသေးမှ transplant လုပ်ရင်ရနိုင်တယ်ပြောတယ်၊ ဒီမှာက organ လှူမဲ့သူကနဲပြီး အလှူခံကများနေတော့ စိတ်ဓါတ်ကျပြီးမြန်မြန်သေအောင် တော်ရိရော်ရိ ပြောလွှတ်လိုက်တယ် ထင်တာပဲ..
    ကျနော်ကတော့ မနက်ဖြန်ကို ဆရာဝန်နဲ့ appointment ပြီး သွားချဲလိုက်ဦးမယ်၊ ဒီကလဲ ခပ်တင်းတင်းချဲနိုင်မှ တော်ကာကြတာ

    ကိုကြီးကျောက်

    ReplyDelete
  9. စင်စင်နဲ့ခွေဖြူ.. ညီအမတွေလားဟင်.. အတိုင်အဖောက်ညီလိုက်ထှာ..

    ကိုကြီးကျောက်.. ချဲသာချဲဗျာ၊ လူကိုယ်တိုင် အရောက်သွားပြီး ကူမချဲနိုင်ပေမယ့် အဝေးတနေရာက အားပေးနေပါတယ်၊ ငှဲငှဲငှဲ..

    ReplyDelete
  10. တီဇက်အေရဲ့ မြှောက်ထိုးပင့်ကော်..အဲလေ.. အားပေးမှုကြောင့် ကိုကြီးကျောက် (ဆရာဝန်ကို သွား ချဲ မချဲတော့ မသိရပါ... ကိုဘ သွားကိုတော့ ဆရာဝန်က ချဲလိုက်တယ်ဆိုလား... အီကား စကားချပ်) .. သတင်းကောင်းကို မရွှေစင်ဦးဘလော့ဂ်မှာ ဖတ်ရလို့ ကော်ပီကူးပြီး လာပြပါတယ်..


    Good News (14 Oct 10, 06:48)

    ကိုကြီးကျောက် အခြေအနေကောင်းတယ်ရွှေစင်ရေ..ဆေးစားပြီး ကင်ဆာ ကို ကြုံ့အောင်လုပ်ပြီးခွဲရင်ရမယ်..

    ငါ့နှမတွေ စိတ်ညစ်လိုက်ရလို့ ကိုကြီးကျောက် စိတ်တောင် မကောင်းဘူး..

    ကိုကြီးကျောက်

    ReplyDelete
  11. သတင်းကောင်းကြားရတယ် ဝမ်းသာပါတယ်၊ ကိုယ့်မွေးနေ့မှာ ကြားလိုက်ရတော့ သာတောင်ဝမ်းသာသေး။

    ReplyDelete
  12. ညီအမတော့ဖြစ်ချင်ပါတယ် တူ့လိုတော့ ပူချင်ပါဝူး ရုပ်ဆိုးမာ အဟိ ဟိ

    ခွေဖြူ

    ReplyDelete
  13. တူ.. ခွေဖူ
    ဒီက လှရုံလေး ပူတာ... ဟင်းဟင်း...

    ReplyDelete