Android ကို hd2 မှာသွင်းပြီးတော့ စက်ဖွင့်တဲ့အခါ WM နဲ့ ပြေးမလား၊ Android နဲ့ ပြေးမလား ဆိုပြီး ရွေးလို့ရတဲ့ dualboot ကို အကျဉ်းချူံးရေးပါမယ်၊ သူငယ်ချင်း ရှင်းပြတာကိုပဲ ဘာသာပြန်တဲ့ သဘောပါ၊ ကျနော်က အဲဒါတွေ သိပ်နားလည်တာ မဟုတ်ဘူး။ ကဲ၊ စပါပြီ...
==
အခုပြောမယ့် Exceller Dual Boot ဆိုတာ တကယ်တမ်း ကိုယ်ကြိုက်ရာ OS ရွေးပြီးမှ run တာ မဟုတ်ပါဘူး၊ WM ထဲဝင်ပြီးမှ ရွေးစရာ စာမျက်နှာလေး ပေါ်လာတာပါ။ တနည်းအားဖြင့် dualboot အတုအယောင်သာ ဖြစ်ပါတယ်။ WM လို့ ရွေးလိုက်ရင် Android မပြေးတော့ဘူး၊ Android ရွေးရင်တော့ SD ကဒ်ထဲက Android folder အောက်က CLRCAD.exe နဲ့ haret.exe ကို ရှေ့ဆင့်နောက်ဆင့် execute သွားပြီး Android ထဲ ဝင်သွားတဲ့ နည်းလမ်းပါပဲ။
အဲဒီအတွက် .cab ဖိုင် ၂ ခု သွင်းရပါမယ်။ မသွင်းခင် .NET Compact Framework ဗားရှင်းသစ် လိုကောင်း လိုပါလိမ့်မယ်၊ NETCFv37.cab ကို google ရှာပြီး သွင်းလိုက်ပါ၊ ဗားရှင်းဟောင်းမှာ အောက်က .cab တွေ သွင်းလို့ မရပါဘူး။
(၁) DualBoot 1.02.CAB - အောက်ပုံထဲကလို ရွေးစရာ ပေါ်လာအောင် သွင်းရတာ။

အချိန်အကန့်အသတ်နဲ့ default OS တစ်ခုခု ရွေးထားခွင့်ရှိတယ်၊ ဥပမာ ကျနော့်ဟာက ၁၀ စက္ကန့်နေလို့ interrupt မလုပ်ရင် android ထဲ ဝင်သွားပါတယ်။
(၂) mskip_Android_Loader_V3.1.cab - အောက်ပုံထဲကလို WM home မှာ shortcut ပေါ်အောင်သွင်းရတာ။
ဒါကိုတော့ သုံးခဲတယ်၊ WM ထဲရောက်ပြီးမှ စိတ်ပြောင်းပြီး ဟိုဖက်ကူးချင်ရင် ဒါနဲ့သွားလို့ရတယ်၊ ဒါမရှိပဲ SD ကဒ်ထဲ ဝင်နှိပ်လည်း အတူတူပါပဲ။
.cab တွေကို xda ဆိုက်မှာ ရှာနိုင်တယ်၊ အခု ဒီလင့်ခ်မှာ သူငယ်ချင်း ပို့ပေးတဲ့ဟာကို တင်ထားတယ်၊ အဟောင်းဆိုပေမယ့် သုံးလို့ရတဲ့အတွက် အသစ် ထပ်မရှာမိပါဘူး။
Download: Dual-Boot.7z (WINRAR နဲ့ ဖြည်နိုင်ပါတယ်)
ပုံပြင်လေးကတော့ ဒါပါပဲ၊ အဆင်ပြေပါစေ။
==
အခုပြောမယ့် Exceller Dual Boot ဆိုတာ တကယ်တမ်း ကိုယ်ကြိုက်ရာ OS ရွေးပြီးမှ run တာ မဟုတ်ပါဘူး၊ WM ထဲဝင်ပြီးမှ ရွေးစရာ စာမျက်နှာလေး ပေါ်လာတာပါ။ တနည်းအားဖြင့် dualboot အတုအယောင်သာ ဖြစ်ပါတယ်။ WM လို့ ရွေးလိုက်ရင် Android မပြေးတော့ဘူး၊ Android ရွေးရင်တော့ SD ကဒ်ထဲက Android folder အောက်က CLRCAD.exe နဲ့ haret.exe ကို ရှေ့ဆင့်နောက်ဆင့် execute သွားပြီး Android ထဲ ဝင်သွားတဲ့ နည်းလမ်းပါပဲ။
အဲဒီအတွက် .cab ဖိုင် ၂ ခု သွင်းရပါမယ်။ မသွင်းခင် .NET Compact Framework ဗားရှင်းသစ် လိုကောင်း လိုပါလိမ့်မယ်၊ NETCFv37.cab ကို google ရှာပြီး သွင်းလိုက်ပါ၊ ဗားရှင်းဟောင်းမှာ အောက်က .cab တွေ သွင်းလို့ မရပါဘူး။
(၁) DualBoot 1.02.CAB - အောက်ပုံထဲကလို ရွေးစရာ ပေါ်လာအောင် သွင်းရတာ။

အချိန်အကန့်အသတ်နဲ့ default OS တစ်ခုခု ရွေးထားခွင့်ရှိတယ်၊ ဥပမာ ကျနော့်ဟာက ၁၀ စက္ကန့်နေလို့ interrupt မလုပ်ရင် android ထဲ ဝင်သွားပါတယ်။
(၂) mskip_Android_Loader_V3.1.cab - အောက်ပုံထဲကလို WM home မှာ shortcut ပေါ်အောင်သွင်းရတာ။

.cab တွေကို xda ဆိုက်မှာ ရှာနိုင်တယ်၊ အခု ဒီလင့်ခ်မှာ သူငယ်ချင်း ပို့ပေးတဲ့ဟာကို တင်ထားတယ်၊ အဟောင်းဆိုပေမယ့် သုံးလို့ရတဲ့အတွက် အသစ် ထပ်မရှာမိပါဘူး။
Download: Dual-Boot.7z (WINRAR နဲ့ ဖြည်နိုင်ပါတယ်)
ပုံပြင်လေးကတော့ ဒါပါပဲ၊ အဆင်ပြေပါစေ။
Is that only working on TouchScreen phone? I've windows mobile standard handset and wanna run Android
ReplyDeleteဘာဖုန်းများလဲခင်မျာ၊ ဒီပို့စ်မှာရေးတာက android သွင်းပြီးသားကို စက်ဖွင့်တဲ့အခါ ရွေးလို့ရအောင် လုပ်ပုံသက်သက်ပါ၊ သွင်းတာက အဲသလောက် မလွယ်ဘူးဗျ၊ အဆင့်အများကြီး လုပ်ရပြီး အင်မတန် လက်ဝင်တယ်၊ အကောင်းဆုံးကတော့ http://www.xda-developers.com/ မှာ ကိုယ့်ဖုန်းသွားရှာကြည့်ပါ၊ လုပ်လို့ရရင် အဲဒီမှာ လုပ်နည်းတွေ တွေ့ပါလိမ့်မယ်။
ReplyDeleteHTC Cavalier, yeah I've been searching long time and didn't achieve my wish, unless I buy native android device :(
ReplyDeletedualboot ကိုစမ်းကြည့်ဦးမယ် အကို ။ HTC ဖုန်းတွေအတွက်အဆင်ပြေပေမယ့် Samsung Omnia အတွက် သိပ်မသေချာလောက်ဘူး ။ xda forum တွေမှာ အားရင် ရှာကြည့်ပါဦးမယ် ။ 10Q!!
ReplyDelete:-)
ဟင်းဟင်းဟင်း T ခုတော့လဲ အစားအသောက်အကြောင်းတွေ မတင်နိုင်တော့ဘူးပေါ့... ဟီးဟီးဟီး (အလွန်သဘောကျ ဝမ်းသာစွာဖြင့် ရယ်သည်)
ReplyDeleteညီမူရာ.. ဒါဆိုရင်တော့ လုပ်လို့မရလို့ထင်တယ်၊ ကျနော်ကံကောင်းတာပေါ့နော်။
ReplyDeleteခမမ.. ရှာကြည့်ပါအုံး၊ လုပ်လို့ရရင်လည်း ပြောပါအုံး။
ရုပ်ဖျက်ထားသော အရီး.. လာမယ်၊ လာမယ်၊ စုထားဆောင်းထားတာ။