စားစရာတွေ မတင်တာကြာတော့ အဟောင်းထဲက မရမက ရှာထုတ်ပြီး တင်လိုက်ပါတယ်။ :p
ဖားသား မားသားတို့ ဒုတိယအကြိမ် ရန်ကုန်မပြန်ခင် (ပထမအကြိမ်က လေယာဉ်မမှီဘူးလကွယ်၊ တော်သေးလို့ တတိယအကြိမ် မရှိတာ) နှုတ်ဆက်တဲ့အနေနဲ့ Jurong Point က Zhou's Kitchen မှာ သွားစားခဲ့တဲ့ ပုံတွေပါ၊ ကြာသွားပါပြီ။ လက်ရှိဘန်နာ မလဲခင် အမှီတင်လိုက်ပါတယ်။
ဘန်နာပုံ မဖြတ်မတောက်ခင်ပါ၊ အလုံးလေးက ငံပြာရည်၊ ရှာလကာရည်တွေ ထည့်တဲ့ ပစ္စည်းလေးရဲ့ လက်ကိုင်ဘုပါ။

ဝက်နံရိုးကို ကော်ဖီနဲ့ချက်တယ်၊ တမျိုးလေးပဲ၊ ချိုလည်းချို၊ မွှေးလည်းမွှေးတယ်၊ ကော်ဖီနံ့သင်းနေတာပဲ။

ဝက်လား ငါးလား မသိတော့ဘူး၊ ချိုချဉ်ပေါ့။ အရောင်လှလို့ တင်လိုက်ပါတယ်။

ဒါက signature dish ဖြစ်တဲ့ ဝက်ခြေထောက်ပါ၊ ကောင်းတယ်၊ အားကြီးကောင်းတယ်။

ဒါက ဇောက်ထိုးပေါ်နေတဲ့ ညီမပုံပါ၊ စားလိုက်၊ ကစားလိုက်ပေါ့လေ။

တူတော်မောင်ကတော့ ထီးလုပ်ဆောင်းတယ်၊ ကိုယ်သန်ရာ သန်ရာပေါ့၊ ဆိုင်ရှင်ပြန်မသိမ်းသွားတာ ကံကောင်း။

ဒါမျိုးအရေမရမဖတ်မရဘဲကြိုက်တယ်။ ညီမက ချစ်ချာလေး ခမမက ကွန်ပြူတာကို ပြောင်းပြန်လုပ်လုပ်ကြည့်နေမှာ မြင်ယောင်သေး ဒါကြောင့်အကို အကိုနဲ့ကပ်နေတာကိုး။သွားကျဲလေးကလဲချစ်စာလေး. အိမ်ကိုပို့လိုက်ပါ.။
ReplyDeletepost ဆုံးတဲ့အထိတောင် မဖတ်လိုက်ပဲ ခေါင်းကို နာရီလက်တံ ၆နာရီ လှည့်ကြည့်မိပါကြောင်း ဝန်ခံပါသည် ။ ကွန်ပျူတာ ပြောင်းပြန်လှည့်ဖို့တော့ ကွန်မန့်ဖတ်မိမှပဲ သတိရပါတော့သည် ^_*
ReplyDeleteသွားကျဲလေးက ဟိုတစ်ခါ စင်ကာပူမြစ်ကမ်းဘေးက ရုပ်တုတွေရဲ့ဥ သွားကိုင်တဲ့ တစ်ယောက်မို့လား။ မှတ်မိတယ် အားကြီးမှတ်မိတယ်။
ReplyDeleteLaptop ကို ကြိုးတွေအကုန်ဖြုတ်ပြီး ပြောင်းပြန်လုပ်ကြည့်သွားတယ်... ခမမရေ... အားကြီး ချစ်ချာကောင်းတယ်ဝေ့... (ဟမ်)
ReplyDeleteပြောင်းပြန်မလုပ်တော့ဘူး ဝါးတားတားလေးနဲ့တင် တော်တော်ချစ်ဖို့ကောင်းနေပြီ..
ReplyDeleteဝါးတာလေးကို ကြည်အောင် ပြန်လုပ်ပေးတဲ့ ဆော့ဖ်ဝဲရှိနေလို့ လည်ပင်းမညောင်းတော့တာပေါ့ကွာ...။
ReplyDelete(စိတ်နာနာနဲ့ ပို့စ်တွေ တင်နေသလား အောက်မေ့ရတယ်။)
သဂျဲလေး ဆံပင်တွေဘယ်ရောက်ကုန်လဲ...
ReplyDeleteအနက်လက်ပြတ်လေးနဲ့ ညီမငှေး.. ဘေးက ခရမ်းရောင်နဲ့ပါလား....
ခေါင်းတကယ်စောင်းကြည့်လိုက်သေးတယ်.... ။ ပုံပေါ်ရုံပေါ့
ဝက်နံရိုးနဲ့ ကော်ဖီနဲ့ဆိုတာ စားကြည့်ချင်တယ်..
ReplyDeleteအရီး.. အရေမရ အဖတ်မရ ရေးဖို့လည်း အချိန်အတော်ယူရတာဗျ၊ ဘာမှတ်လဲ၊ ဟင်း... ခမမကတော့ ခေါင်းစောင်းကြည့်တယ် ပြောသွားတာပဲ၊ ဥာဏ်ကို လွှာသုံးသွားတာပေါ့လေ။ သွားကျဲလေးကို အိမ်ပို့လို့မဖြစ်ဘူး၊ သူ့အမေရဲ့ အသည်းတုံးလေးဗျ။
ReplyDeleteခမမ.. အလေးပြုပါတယ်၊ ကျွန်ုပ်သာဆိုရင်လည်း အဲသလိုပဲလုပ်မိမှာပါ။
ကဒီဘီ.. ရုပ်တုတွေရဲ့ ဂွကြားမှာကပ်နေတဲ့ ဖုန်မှုန့်တွေ သွားသုတ်ပေးတာပါဗျာ။
သက်ဝေ.. ဓာတ်ခဲနဲ့ပါဝါကြိုးပါဖြုတ်လိုက်၊ အလှဆုံးဖြစ်သွားစေရမယ်။
မြိုး.. ဒေါင်းမျိုးလေ ဒေါင်းမျိုး (ဖဘထဲက စာတွေကူးလိုက်တာ)
ကဘွိုက်.. ဟုတ်ပါ့မလားဂျာ၊ အသေအချာဝါးအောင် လုပ်ပြီးကာမှ ပြန်ကြည်သွားတော့ ခဲလေသမျှ သဲရေကျပြီပေါ့ဗျာ။ (ဟင်)
စင်စင်.. အရမ်းမစောင်းပါစေနဲ့၊ မိန်းမဖောင်စီးရင် ယောက်ျားက မီးနေရတယ်ဆိုတာ အမြဲသတိရပါ။
Sunny.. ဝက်အရသာမထွက်ပဲ ကော်ဖီအရသာပဲထွက်နေတယ်၊ ဓာတ်ပုံကြည့်ပြီး ကော်ဖီတခွက်သောက်လိုက်ပါ၊ အတူတူလောက်ပဲဗျ။ :p