ဒီပို့စ်ကတော့ ရေထိုးတယ်ပြောပြော၊ ရေလျှံတယ်ပြောပြော၊ အကြွေးဆပ်တယ်ပြောပြော ရပါတယ်။
ကိုကိုဒီဘီက ဖုန်းနဲ့ကြည့်ဖို့ သီးသန့် template သုံးထားတဲ့အတွက် သူ့ဘလော့ဂ်ကို ဖုန်းနဲ့ ဖတ်တဲ့အခါ မြင်ရတဲ့ပုံကို capture ပေးမယ်လို့ ပြောခဲ့ဖူးတယ်၊ ဒါကြောင့် ဒီပို့စ်ဟာ အကြွေးဆပ်တဲ့ ပို့စ်ပါ။ လွန်လေပြီးသောအခါများက ဘော်ဒါတွေ တက်ဂ် tag ထားတာတွေကိုတော့ ဆက်ပြီး မေ့ချင်ယောင်ဆောင် လိုက်အုံးမယ်။ :p
ဗယ်ဖက်က မိုဘိုင်းလ်ဗားရှင်းနဲ့ ဝင်ဝင်ချင်းမြင်ရတာ၊ အောက်ဆုံးထိ ဆင်းသွားရင် Exit နှိပ်လို့ရတယ်၊ နှိပ်ပြီးရင် ညာဖက်မှာ မြင်ရတဲ့အတိုင်း ရိုးရိုး သာမန် ဗားရှင်းကို ဝင်သွားပါတယ်။

pinch to zoom ဆိုတဲ့ လက်မ လက်ညိုး ပေါင်းပြီး ချဲ့လိုက်တဲ့အခါ (လက်ခလယ်နဲ့ လက်သန်းလည်း ဖြစ်ပါတယ်) မြင်ရတဲ့ပုံပါ။ brownser က ပုံကို စခရင် အရွယ်အစားလိုက်ပြီး ချုံ့မပေးတဲ့အတွက် အပြည့် မမြင်ရပဲ ပြတ်နေတာ တွေ့ရပါမယ်၊ စီပုံးကတော့ ပိုပိုလိုလို အဆစ်ထည့်လိုက်တာ၊ စင်စင်နဲ့ ခွေဖြူ တူညီတဲ့အချက်ကို တစေ့တစောင်း တွေ့ရလိမ့်မယ်။

လက်ညိုးတွေ လက်ခလယ်တွေပြောတော့ ရီစရာတစ်ခု သတိရပါတယ်။ ကြားဖြတ်ရေးပါမယ်။ ဒီလိုပါ... ယောက်ျားတွေရဲ့ ကျန်းမာရေးကို လက်ချောင်းတွေနဲ့ ကြည့်နိုင်တယ် တဲ့။ လက်သီးဆုပ်ပါ၊ လက်မနဲ့ လက်သန်းကို ဆန့်ထုတ်ပြီး စားပွဲဖြစ်ဖြစ် ကြမ်းပြင်ဖြစ်ဖြစ်ပေါ်မှာ အဲဒီနှစ်ချောင်းနဲ့ ထောက်ထားပါ၊ ကဲ၊ စမ်းသပ်မှု စ ပါပြီ။ ဦးဆုံး ကွေးထားတဲ့လက်ညိုး ဆန့်ထုတ်ပြီး ထောင်ကြည့်ပါ၊ လက်မနဲ့ လက်သန်းက စားပွဲ သို့မဟုတ် ကြမ်းပြင်ပေါ်က မခွာရပါဘူး။ လက်ညိုးက ကျောက်ကပ်ကို ကိုယ်စားပြုတဲ့အတွက် ထောင်နိုင်ရင် အိုကေတယ်။ လက်ညိုးပြန်ကွေး၊ လက်ခလယ် ဆန့်ထုတ်ပြီး ခုနလိုပဲ ထောင်ကြည့်ပါ၊ ထောင်နိုင်ရင် လက်ခလယ်ကို ကိုယ်စားပြုတဲ့ အဆုတ်က အခြေအနေ ကောင်းနေပါတယ်။ ဟုတ်ပြီ၊ နောက်ဆုံးအနေနဲ့ လက်ခလယ် ပြန်ကွေးလိုက်ပြီး လက်သူကြွယ် ထောင်ပါ၊ စိတ်နှစ်ပြီး အားစိုက်ထောင်ပါ၊ ထောင်သလား၊ မထောင်သလား၊ အင်မတန် အရေးကြီးပါတယ်။ လက်သူကြွယ်က ယောက်ျားတို့ရဲ့ လိင်အင်္ဂါကို ကိုယ်စားပြုတဲ့အတွက် လက်သူကြွယ် မထောင်နိုင်ရင် ဟဝှာလည်း မထောင်နိုင်တဲ့ သဘောပါပဲ။ ဘွားဟားဟား။ (ကိုယ်တွေတော့ စမ်းတောင် မကြည့်ပါဘူး၊ ကွန်ဖီးဒန့်အပြည့်ပဲ)
ကိုကိုဒီဘီအကြောင်း ဆက်ပါမယ် (အဲ၊ လက်သူကြွယ်နဲ့ မပတ်သက်ပါဘူး)
ဒေါင်လိုက်မဖတ်ပဲ အလျားလိုက်ဖတ်ရင် ပုံကိစ္စ အဆင်ပြေသွားပါပြီ၊ gReader မှာတော့ အလျားလိုက် ဖတ်ဖတ်၊ ဒေါင်လိုက် ဖတ်ဖတ်၊ ပုံတွေကို ချုံ့ပေး ချဲ့ပေးတယ်။
ဒါက brownser

ဒါက gReader (ပုံမပါလိုက်ဘူး၊ ရှိစေတော့)

--
ဘာမှမဆိုင်တဲ့ စာကြွင်း - အရီးပို့ပေးတဲ့ပုံတွေရတယ်၊ ကျေးဇူးအထူးတင်ပါတယ်၊ နောက်ပို့စ်တွေမှာ တင်ပါမယ်။

ကိုကိုဒီဘီ. အိပ်ပလား.
ReplyDeleteစင်လဲအိပ်ဘီ.
ReplyDeleteဖုံးဆက်ပြီးနှိုးလိုက်ရင်ကောင်းမလားမသိ.
ReplyDeleteကွန်ဖီးဒန့်အပြည့်အိုက်တင်ကိုမြင်ယောင်က်ြည့်ရယ်ချင်သည်.
ကိုကိုဒီဘီအကြောင်း ဆက်ပါမယ် (အဲ၊ လက်သူကြွယ်နဲ့ မပတ်သက်ပါဘူး)
အဲ......ပုံတွေ ကဝါးကဝါးနဲ့ မတင်ပါနဲ့ အားနာစရာ။ အဲဒါသေချာချိန်ပြီးရိုက်တာတောင်ဝါးသေးတယ်။
ဘူးထွားဟားဟား.. တယ်လီဖုန်းမှာ စကရင် ကပ်ချား(capture) လုပ်တဲ့ဆော့ဝဲလ်တင်ထားရင် လွယ်လွယ်လေးပေါ့ဂျ.. ။ ;-)
ReplyDeleteဟင်...........ကြည်ပါတယ်ထင်နေတာ.
ReplyDeleteလက်ခလယ်နဲ့ လက်သန်းပေါးပြီး စခရင်ကိုချဲ့ကြည့်တာမှာ တော်တော်လေး ခက်ခဲကြောင်းတွေ့ရပါတယ်။
ReplyDeleteလက်တွေ့စမ်းသပ်မှုပြုပြီးနောက် (စခရင်ချဲ့ခြင်း) ချဲ့တဲံ့အခါသုံးမဲ့ လက် ၂ ချောင်းမှာ တစ်ချောင်းက လက်မ ဖြစ်ကို ဖြစ်သင့်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
ကျန်းမာရေးကိုလက်ချောင်းများနှင့် တိတ်တခိုးစမ်းသပ်အပြီးမှာ ဟွင်းဟွင်း ဘယ်ရမလဲ ငါတွ ဟု မပွင့်တပွင့်လေး ရယ်ပစ်လိုက်တယ် (ဟမ်)
ReplyDeleteလူပျိုနုထွတ်
pm ဘဲဖြစ်ရမယ်.
ReplyDeletekom
"Degolar" very popular, blog of the week in The Irrawaddy's blog. :)
ReplyDeletemz
pm ဘဲ မထားပါဘူး
ReplyDeleteကောင်မလေးပဲထားပါတယ် =P
တို့များ အမည်မရှိဆိုပြီး မရေးပါဘူး မွေးရာပါ နာမည်တစ်လုံးနဲ့ လုပ်စားချင်တဲ့အမျိုးပါ XD
ဒါဆိုရင်ဘယ်သူပါလိမ့်
ReplyDeleteတောင်းပန်ပါတယ် pm
အနောနိမတ်ဆိုတာ ကျနော်ပါပဲ အရီး (အနည်းငယ် ရှက်တက်တက် အမူအရာဖြင့် မပွင့်တပွင့် ပြော)
ReplyDeleteအဲဒီတုံးက ခမမပဲလို့ ဘာလို့ ငါထင်လိုက်မိတာပါလိမ့်.........
ReplyDelete( ငါကွ)