Search This Blog

Loading...

30 October 2010

♥ Numbers (1)

သတင်းတွေမှာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ မှတ်ထားမိတဲ့ ဂဏန်းတွေကို အမှတ်တရ သဘောမျိုး တင်လိုက်ပါတယ်၊ tag ကို numbers လို့ ပေးထားပါတယ်၊ နောက်ဆက်တွဲ တင်စရာတွေ ဆက်တိုက်ရှိနေမှာပါ။ (ဒီအတွေး ရှိနေတာ ကြာပါပြီ၊ ချီလီမိုင်းလုပ်သားတွေ ကိစ္စတုန်းက စ ရေးဖို့ စိတ်ကူးခဲ့ပေမယ့် ခုမှပဲ တကယ်ရေးဖြစ်တော့တယ်၊ တစ်ပို့စ်ကို ဂဏန်း ၅ လုံးနှုန်း ရေးပါမယ်)

3/2 (အခေါ်အဝေါ်)

သုံးခွက် နှစ်မယ် - အခါးရည်၊ ဟင်းရည်၊ အချိုရည် ဆိုတဲ့ အရည်သုံးမျိုးနဲ့ ဟင်းအမယ်နှစ်မျိုးကို ခေါ်တာပါ၊ ပြည့်စုံတဲ့ ထမင်း တနပ်ပေါ့။
三盅兩件 ဆိုတဲ့ Soup Restaurant ရဲ့ ဆိုင်နာမည်ရဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ 一盅兩件 ဆိုတာကတော့ အဲဒီမတိုင်ခင် ပေါ်ခဲ့တဲ့ အခေါ်အဝေါ်ဖြစ်ပြီး ဒင်းမ်ဆမ်း၊ ယန်းချာ စားသုံးတာကို ညွှန်းပါတယ်၊ အခါးရည်တစ်အိုး (သို့မဟုတ်) တစ်ခွက်နဲ့ ဒင်းမ်ဆမ်း နှစ်မျိုး ပေါင်းပြီး 1/2 ဖြစ်သွားတာပါ။ ဒါတွေဟာ Cantonese အသုံးအနှုန်းချည်းပါပဲ။ [Ref]

12/5 (စီမံကိန်း)

ဆယ့်နှစ်ငါး - ဒီဂဏန်းက တရုတ်ပြည်ရဲ့ ၁၂ ကြိမ်မြောက် ငါးနှစ်စီမံကိန်းရဲ့ အတိုကောက်ပါ၊ စီမံကိန်းအတွက် အဆိုပြုချက် ၁၂ ချက် ကို ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီမှာ တစ်ချက်ချင်းစီ ဘာသာပြန်ပြီး တင်ချင်ပေမယ့် တချို့ဟာတွေက ပြန်ဖို့ တော်တော်မလွယ်ဘူး။ နောက်ဆုံးအချက်က တပါတီလုံး၊ တနိုင်ငံလုံး၊ တမျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ ဆယ့်နှစ်ငါး စီမံကိန်းကို အားသွန်ခွန်စိုက် အကောင်အထည် ဖော်ကြပါစို့ ဆိုပဲ၊ ပိုတယ်၊ ဆယ့်တစ်ချက်ပဲ ထားလိုက်ပါတော့လား။ [Ref]

5 (နိုင်ငံ)

အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် - ဒီငါးနိုင်ငံကတော့ ထိုင်ဝမ် ရက် ၃၀ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ရတဲ့ (လျှောက်စရာမလိုပဲ ရက် ၃၀ နေနိုင်တဲ့) ထူးထူးခြားခြား ဖွံ့ဖြိုးဆဲ အာရှငါးနိုင်ငံပါ၊ T&C ကတော့ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ အင်္ဂလန်၊ ဥရောပ ရှင်ဂန်၊ ဩစတေးလျ၊ နယူးဇီလန် စတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ ဗီဇာ သို့မဟုတ် ပီအာရ် ရပြီးသား ဖြစ်ရမယ်။ [Ref]

65 (အချပ်ရေ)

ဝေဖာ အချပ်ရေ ၆၅ ချပ်၊ စက်တစ်လုံးကို target က ၁၃ ချပ်၊ ငါးလုံးဆိုတော့ ၆၅ ချပ်၊ ဒီ target ကို ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် hit လိုက်တယ်၊ လပေါင်းများစွာ မရခဲ့တဲ့ ကိန်းဂဏန်းပါ။ သို့သော် အရေးကြီးဆုံး ကာလကို ကျော်သွားပြီးခါမှ performance ပြန်ကောင်းလာတာ သိပ်တော့ ဝမ်းသာစရာ မရှိလှဘူး။ ခရစ္စမတ်အတွက် ကြိုပြီး တွန်းနေရတာဆိုတော့ နိုဝင်ဘာလထဲ ဝင်သွားပြီးရင် သိပ်ပြီး တွန်းစရာအကြောင်း မရှိတော့ဘူးလေ။

250 (ယူအက်စ်ဒေါ်လာ)

Marriott Vacation Club က လျှော့ဈေးနဲ့ရောင်းတဲ့ ဖူးခက် Mai Khao Resort ဟိုတယ်ခပါ၊ အိပ်ခန်း ၂ ခန်းပါတဲ့ Deluxe Suite ကို ၄ ရက် ၃ ည အတွက် အစိမ်း ၂၅၀ နဲ့ပဲ ရောင်းတယ်။ T&C ထဲက အရေးကြီးဆုံးအချက်က မိနစ် ၉၀ စာ presentation သွားနားထောင်ရမယ်။ ရီဗျူးတွေ ဖတ်ကြည့်တော့ မြို့ထဲနဲ့ အရမ်းဝေးတဲ့အကြောင်း၊ စားစရာတွေ၊ အပန်းဖြေစရာတွေ အစစ ဈေးကြီးတဲ့ အကြောင်းတွေ တွေ့ရတယ်၊ အပြင်မသွားပဲ resort ထဲမှာပဲ အောင်းနေရင် အဆင်ပြေပါတယ်။
--
Bonus

Soup Restaurant ရဲ့ signature dish
三水姜茸雞 ကြက်သားပါ၊ တကယ့် လျှာပေါ်ဝဲ ပါပဲ၊ ဂျင်းအနှစ်နဲ့ တွဲစားရတယ်။

တချပ်တချပ် နွှာထားပြီးသား ဆလပ်ရွတ်တွေလည်း ချပေးတယ်၊ ထုပ်ပြီး စားရပါတယ်။

ဒီပုံမှာ ဟင်းရည်တစ်ခွက်နဲ့ ဟင်းတစ်မယ်တွေ့ရတယ်၊ ဒီတော့ 1/1
一盅一件 ပေါ့ဗျာ။

ထမင်းကြော်နောက်မှာ sweet potato leaves ကြော်ထားတဲ့ ဟင်းနောက်တစ်မယ် တွေ့ရပါမယ်။

6 comments:

  1. ချဉ်ငံစပ်ကြိုက်တယ်။

    ReplyDelete
  2. နောက်တစ်ခါ စားရင် ခေါ်ပါ။ ကြက်သားလေး စားချင်လို့...။
    မမှာတတ်လို့ပါ...။

    ReplyDelete
  3. My favorite dish from Soup restaurant!! Have you tried 'PU TIEN' next to Soup restaurant (Jurong Point)? Also good.
    WD

    ReplyDelete
  4. အရီး.. မီးတူး..

    ကဘွိုက်.. ထပ်စားဖြစ်ရင်ခေါ်မယ်၊ မခေါ်လည်းမပူနဲ့၊ ဆစ်ကနေချာဒစ်ရှ် ကို ပီပီသသပြောထည့်လိုက်၊ ပြီးတော့ ကြက်တောင်ပံခတ်သလို လက်မောင်းနှစ်ဖက်ကို ဖလပ်ဖလပ် ခတ်ပြလိုက်၊ ဒီဟင်းအတိုင်း လာချပေးလိမ့်မယ်။

    WD.. အဲဒီ Pu Tien မှာ တကြိမ်တိတိ စားဖူးတယ်၊ Tampanies ဆိုင်ခွဲမှာ၊ JP တော့ မဟုတ်ဘူးဗျ။

    ReplyDelete
  5. ကြက်တစ်ကောင် ဂုတ်ဆွဲပြီး စားပွဲပေါ်လာတင်ပေးမှ ဟုတ်ပေ့ဖြစ်နေမယ်။

    ReplyDelete
  6. အီတလီသွားတာ အရပ်ကပုနေပြီး ဝယ်သွားတဲ့ ဘောင်းဘီက ရှည်နေတာနဲ့ အပ်ချုပ်ဆိုင်သွားပြီး.အီးလိုပြောတာ နားမလည်တာနဲ့ ဘောင်းဘီ အနားစ ကို ကိုင်ပြီး ကပ်ကြေးနဲ့ညှပ်သလိုလုပ်ပြတာ ok ok ဆိုပြီး. ကပ်ကြေးကြီးလာပေးလို့ အဲသည်ဘောင်းဘီ အီတလီမှာ မဝတ်ဘဲ စလုံးပြန်ယူခဲ့ရပါသကော.

    ReplyDelete