MBS ပေါ်ကပုံတွေကို ဒီပို့စ်နဲ့ အဆုံးသတ်ပါမယ်၊ စိတ်ရှည်သည်းခံပေးတဲ့ သန်းချီ ကြမ်းပိုးချီ ဖြုတ်ချီသော စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။ သုံးချောင်းထောက် ပါမသွားတဲ့အတွက် ပုံတွေအားလုံးကို လက်ချည်းသက်သက်နဲ့ပဲ ကိုင်ရိုက်ထားပါတယ်။ ညရှုခင်းအတွက် မှီစရာ နေရာတစ်ခုရှာပြီး၊ ကင်မရာနဲ့ အဲဒီ မှီစရာကြားမှာ လက်ဖဝါးဖြစ်ဖြစ် လက်ချောင်းဖြစ်ဖြစ် ခံထားပြီး နောက်လက်တဖက်နဲ့ ဖိကပ်ရိုက်ပါတယ်၊ ကင်မရာ မလှုပ်အောင် အသက်လည်း မရှူရပါဘူး၊ စကားလည်း မပြောရပါဘူး၊ ထမင်းကျွေးလည်း မစားရပါဘူး၊ ဘောလုံးတွေ့လည်း မကန်ရပါဘူး။
ဒါက ရေကူးကန်ရှိတဲ့အခြမ်းနဲ့ ဆန့်ကျင်ဖက်၊ ပင်လယ်ဖက်ကို မျက်နှာမူထားတဲ့ အခြမ်းပါ။ ည ၇း၂၇ မှာ ရိုက်ပါတယ်၊ ကောင်းကင်အရောင်နဲ့ မီးထိုးထားတဲ့ သစ်ပင်အရောင်နဲ့ ယှဉ်ကြည့်ပါ။

ဒါက စင်္ကာပူမြို့ထဲကို မျက်နှာမူထားတဲ့ ရေကူးကန်ဖက်ခြမ်း၊ ရေပေါ်ဆီ ဆိုတဲ့ အရက်ဆိုင်လေးပါ၊ စည်လှပါတယ်။

ဒီလို အငမ်းမရ ချိန်ရိုက်နေတုန်း မဒီပျိုလေးတစ်ဗွေ အရှေ့တည့်တည့်မှာ လာရပ်ပြီး ဖုန်းပြောပါတယ်၊ ဒေါသ ထွက်ရမလား၊ မထွက်ပဲ နေရမလား စဉ်းစားနေတုန်း တစ်ပုံ ရိုက်ဖြစ်သွားပါတယ်။ ဘီကီနီနဲ့ဆိုရင် လက်ညိုးတောင် ကြွက်တက်မလားပဲ။

အပေါ်တက်တက်၊ အောက်ဆင်းဆင်း၊ တစ်မိနစ်မပြည့်တဲ့ ဓာတ်လှေခါးစီးချိန်အတွက် နာရီဝက်နီးပါး တန်းစီရတယ်။

--
အပေါ်ပုံတွေကို မပြင်ထားဘူး၊ အောက်ပုံ ၂ ပုံကိုတော့ Lr နဲ့ လက်ဆော့ထားတယ်။

ဒီပုံရဲ့ မူရင်းပုံကို ဒီပို့စ် မှာ တင်ခဲ့ဖူးတယ်၊ ယှဉ်ကြည့်လို့ ရတာပေါ့။

Skypark ရှိလာတော့ ချားရဟတ်စီးတဲ့သူ ပိုတောင်နည်းသွားမယ်၊ ၂၀ ပေးပြီး ဒီပေါ်တက်မလား၊ ပိုက်ဆံ ပိုပေးရတဲ့အပြင် ပိုလည်းနိမ့်ပြီး တစ်ပတ်စာ နာရီဝက်နီးပါးပဲ စီးရတဲ့ ချားရဟတ် စီးမလား၊ အရှင်းကြီးပဲ။
ဤတွင် ပြီးပါပြီ။

ဘယ်ချိန်ကြည့်ကြည့် သိပ်လှတာပဲပုံတွေ။
ReplyDeleteyes the last photo come into alive compare with original. by the way i like the 3rd photo. :)
ReplyDeleteအရှင်းကြီးပဲ.. ဘယ်မှ မရောက်ဖူး၊ မစီးဖူးသေးဘူး..။
ReplyDeleteစာဖတ်သူတဦး
ReplyDeleteလက်ညိုးကြွက်တက်ရင် သေတတ်ပါသလား။
သိရင်ပြောပြပါ။
ပုံ(တွေ)က တအား ကြွစိုလင်းပြီး ကြည်တောက်ရှင်းပဲဗျာ.. ဟင်းးး
ReplyDeleteရိုက်ကွင်းကိုလာဖျက်တယ်..တော်တော်ဆိုးတဲ့ မဒီပျိုလေးပဲဗျာ...
ReplyDeletemyp
အပေါ်ဆုံးပုံ လှတယ်..
ReplyDeleteညက ပြာနေတယ်..။
ပေါက်
ကြွက်မတက်ဖြစ်ခဲ့တဲ့ လက်ညှိုးလေး လက်ထိပ်လေးတော့ နီသွားတယ် မဟုတ်လား။ bandage ကပ်ထားလိုက်ပါ။
ReplyDeleteကြည်.. ဓာတ်ပုံဆရာက ပိုတောင်လှသေး.. ဟင်းဟင်း။
ReplyDeleteမင်းဇော်.. မပြောလည်းသိပါတယ်ကွာ၊ ဒီလူနဲ့ဒီလူ။
စင်စင်.. မောင်ကြီးကို ချွဲပြလိုက်ပေါ့၊ လွယ်လွယ်လေးရယ်။
အမည်မသိ.. ဘယ်ပေါ်တက်သလဲ အပေါ်မှာ မူတည်ပါတယ်။
ခမမ.. ကြွစိုလင်းနဲ့ ကြည်တောက်ရှင်းက စားသောက်ဆိုင်နာမည်နဲ့ အရမ်းတူတယ်၊ ဗိုက်တောင်ဆာတယ်ဗျာ။
myp.. ဟုတ်တယ်၊ မိန်းမဆိုး.. အဆိုးလေးမို့ကွယ် ပိုချစ်တယ် ဆိုတာ ဒါမျိုးဗျ.. ဟင်း..
ပေါက်.. ဒါတင်ဘယ်ကမလဲ၊ အပင်ကစိမ်းနေသေးတာ။
ကိုkma.. ဘယ်လိုသိလဲ၊ အဲဒီကောင်မလေးပဲ ကပ်ပေးသွားတယ်ဗျ။