Search This Blog
Loading...
09 October 2010
♠ Thank You!
ပြီးခဲ့တဲ့ပို့စ်မှာ mz ရေးသွားတဲ့ ကော်မန့်ဖတ်မိတော့ ဒီလူ တော်တော်နောက်တာပဲ လို့ ထင်လိုက်တယ်။ ဒါပေမဲ့ ဧရာဝတီဆိုက်မှာ သွားကြည့်လိုက်တော့မှ တကယ်ကြီး ဖြစ်နေတာ ဝမ်းသာဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျေးဇူးပါ သတင်းပေးတဲ့ mz နဲ့ ကျနော့် ပေါတောတော ဘလော့ဂ်ကို အရေးတယူ ဖော်ပြပေးတဲ့ ဧရာဝတီ။
အဲဒါပြောလို့ မိုးမခမှာ ကိုယ့်ပို့စ်လေး ဖတ်မိတုန်းက ဝမ်းသာတဲ့အကြောင်းကိုလည်း သတိရသွားတယ်။
မူရင်းပို့စ် Penang Trip (1) က ဒီမှာ ပါ။
ဟိုးတလောက ပွက်ပွက်ညံသွားတဲ့ ကျေးဇူးရှိ၏၊ မရှိ၏ ကိစ္စလိုမျိုး ကိုယ်က ကိုယ့်ဘလော့ဂ်ကိုယ်ရေးတာ၊ သူလည်း သူ့အလုပ်သူလုပ်ပြီး ကောင်းနိုးရာရာတွေ ကောက်တင်လိုက်တာ၊ ဘာမှ ကျေးဇူးတင်စရာ မလိုဘူးလို့ ပြောချင်ပြောပါ၊ ကျနော်ကတော့ မအောင့်မအီးနိုင်ပဲ ကျေးဇူးတင်လိုက်ချင်ပါတယ်။
15 comments:
  1. ထန်းပင်တက် လက်မှတ်ရတာကိုများ ကျေးဇူးတင်ရတယ်လို့ဗျာ..။
    မနာလိုသူ စာဖတ်ပိတ်သတ်တဦး
    ReplyDelete
  2. Congratulations! I'm really happy for you. Thank you for your precious time and effort to please your blog guests. Keep up with your good work but I hope you do balance your time accordingly.
    ReplyDelete
  3. မအောင့်မအီး ? မအောင့်မအည်း. ?
    ReplyDelete
  4. အို.. ဒါဟာ.. fင်ပေါ်လို့ ...အဲလေ.. ထင်ပေါ်လို့. စင်တော်ကကောက်တာပေါ့...။ ဟိဟိ
    ပုံ/
    တစ်ရေးနိုး ထ မန့်သူတစ်ဦး...
    ReplyDelete
  5. တူ.. မမကေအိုအမ်...
    မသြောင့်မသြည်း... ဟု စာလုံးပေါင်းပါရန်
    ReplyDelete
  6. နောက်ဆုံးတော့ ကိုတီလည်း ဆိုလိုချင်တာနဲ့ အယူအကောက်လွဲနေတာပါလား။ ခုမှ သိတယ်။
    =)
    ReplyDelete
  7. တလောကမှ ရန်ကုန်ကပြန်လာပြီး ဘလော့ကိုဖုန်ခါထားတဲ့မရွှေမိ က ဘာလို့ ပါနေရပါလိမ့် :D JKMML ကိုအင်မတန်စိတ်ဝင်စားကြလို့ ထင်ပါရဲ့။ Anyway, TZA ရေးမှသိလို့ TZA ကိုပဲကျေးဇူးတင်လိုက်တော့မယ် ;)
    ReplyDelete
  8. နောက်ဆုံးစာပိုဒ်ကို ဖတ်လိုက်ရတဲ့အခါ တကယ် စိတ်ထဲက လှိုက်လှိုက်လှဲလှဲ သန့်သန့်ရှင်းရှင်းလေး ကျေးဇူးတင်ချင်လို့မဟုတ်ဘဲနဲ့ အယူအဆတစ်ခုကို ထောက်ခံခြင်း မထောက်ခံခြင်းကို ပြသလိုတဲ့အတွက်သာ မဖြစ်မနေ ကောက်ထည့်လိုက်ရတဲ့ အဓိပ္ပါယ်မျိုး ထွက်နေတာကိုလည်း တွေ့ရပါတယ်။
    ReplyDelete
  9. သတိထားဗျ.။.ဟို၂ယောက်က တချောင်းထိုးဆူးမဟုတ်ဘူး။
    ဆူးကား..ဆူးကား..ဘေးမဲ့ပေးလိုက်
    ReplyDelete
  10. ကိုkmaနဲ့ မkom.. သိုင်းခရုပါဗျာ။
    စင်စင်.. မဩောင့်မဩည်း ပေါင်းပြရရင်ဖြင့် pင်pင် ဖြစ်တော့မှာပဲ၊ ဟားဟား။
    ရီတာ.. ကျနော်တစုံတယောက်ကို ရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး၊ ဟိုက နည်းနည်းဖတ်၊ ဒီကနည်းနည်းဖတ်ပြီး ရလာတဲ့ ခံစားချက်ကို ရေးတာပါဗျာ၊ ဒီလို ကွန်ကလူးရှင်းဆွဲလိုက်ရတာ ကျနော့်ခံစားမှုသက်သက် ဖြစ်ပါတယ်။
    MSM.. JKMML ဆိုလို့ မနည်းစဉ်းစားလိုက်ရသေးတယ်၊ ဟားဟား။
    ကိုပေါ.. ကျနော့်လိုရင်းက ကျေးဇူးတင်ဖို့ပါပဲ၊ ဒါပေမဲ့ ကျေးဇူးတင်တဲ့အခါ အလိုလို သတိရမိတဲ့ အကြောင်းအရာကိုပါ ထည့်ရေးလိုက်တာပါ၊ တိုတိုတုတ်တုတ် “ကျေးဇူးပဲ”မဟုတ်ပေမယ့် သန့်သန့်လေးပါပဲ :p
    အမည်မသိရှေးစာဆို.. ရှာရှည်တယ်ဆိုတော့ အရပ်ရှည်တဲ့လူ ဝင်ရှာတာလားဟင်.. :)
    ReplyDelete
  11. congratulation TZA. comment+TZA = new post :)
    mz
    ReplyDelete
  12. စကား မစပ် နာက တီဇက်အေ ဘလောက်မှာပဲ ပုံမှန် မန့်တာ ဒါကြောင့် နာ့ကို ကျေးဇူးတင်သင့်တယ် အမောင်တီ
    ပုံ (ဟထိုးကို ကြိုးစားရေးနေသူ)
    ခွေဖြူ
    ReplyDelete
  13. နာလည်းတစ်နေ့ ဆယ်ခေါက်လာတယ် .နာ့လည်းကျေးဇူးတင်။
    ပုံ
    ဂျီးဒေါ်ကြီးkom
    (ဓ:Lါ် u uကို ကြိုးစားရေးနေသူ)
    ReplyDelete
  14. mz.. ဟားဟား၊ ကျေးဇူးပါဗျာ။
    ခွေဖြူ.. ဟုတ်တယ်၊ တင်သင့် မတင်သင့် သုံးနာရီလောက် စဉ်းစားလိုက်တော့ ဟထိုး မပါပဲ ရေးတတ်လို့ မတင်သေးဘူးလို့ ယာယီဆုံးဖြတ်လိုက်တယ်၊ ညှင်းညှင်း။
    အရီး.. ခွေဖြူနဲ့တူညီတဲ့ အချက်ကတော့ သတ်ပုံကိုခွေးချီးလို့ထင်တာပဲ။ ဟားဟား.. :p
    ReplyDelete