ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက တင်ခဲ့တဲ့ ဒီပို့စ် ကို ပြန်ဖတ်မိတယ်၊ မနေ့က ဒုတိယအကြိမ် ထပ်ရောက်ဖြစ်လို့ပါ။ ဖြစ်ချင်တော့ တခြားပို့စ်တစ်ခုက ဒီလင်မယား နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ဖြစ်တယ်၊ စင်္ကာပူကသေးတယ်။
မနေ့က အလုပ်ဆင်းတော့ ခါတိုင်းသွားနေကျ ဘတ်စ်ကားဂိတ်မဟုတ်တဲ့ နောက်တဖက်ခြမ်းက ဘတ်စ်ကားဂိတ်ဆီ လျှောက်သွားတယ်၊ အဲဒီမှာ ထောင်ထောင် မောင်းမောင်း ဒေါင်ကောင်းကောင်း တောင့်တောင့် ဖြောင့်ဖြောင့် တင်းတင်း ရင်းရင်း ပြည့်ပြည့် မောက်မောက် (အင်း ရှုပ်ကုန်ပြီ) သတို့သား တပတ်နွမ်းနဲ့ သွားတွေ့တယ်၊ တပတ်နွမ်းလို့ ပြောရခြင်းက ကိုယ်တွေလို သတို့သား အသက်စက်စက်နဲ့ ခွဲခြားချင်လို့လေ၊ တပြားမှမလျှော့ပါဘူး။
ဘယ်သွားမလို့လဲ ပြိုင်တူမေးတယ်၊ ပြိုင်တူဖြေတယ်၊ အံ့အားသင့်စရာက နှစ်ယောက်လုံးရဲ့ အဖြေက အတူတူ အတူတူ အတူတူပဲဗျား (စကားထစ်သွား)။ Block 3xx တဲ့၊ အလို၊ တိုက်ဆိုင်လှချီလားပေါ့။ ဘယ်ဟုတ်မလဲ၊ ကိုယ်သွားမယ့် အိမ်နဲ့ သူတို့ နေတဲ့အိမ်က တစ်တိုက်တည်း၊ သုံးလွှာပဲခြားတာ။ စင်္ကာပူကျွန်းရဲ့ မြောက်ယွန်းယွန်းက အဲဒီ ဧရိယာလေးကို သဘောကျတယ်၊ ကိုယ့်အလုပ်နဲ့ နီးတာကိုး၊ တခြားနေရာထက်စာရင် လူလည်းပိုသန့်တယ်၊ အနားမှာလည်း ကုန်တိုက်ကြီးကြီး သေးသေးတွေ ရှိနေတော့ သွားရလာရ ဝယ်ရခြမ်းရ အဆင်ပြေတယ်လေ။
ဒီလိုနဲ့ လက်တွဲပြီး ချီတက်သွားကြတယ်၊ ကိုယ့်လက်ကိုယ်တွဲတာပါ၊ အထင်မလွဲပါနဲ့။ သူ့အိမ်အရင်ဝင်တယ်၊ သံပုရာရည်ကို အပေါ်ကန့်ထဲထည့်ပြီး ခဲထားတဲ့ သံပုရာတုံးလေး နှစ်တုံးတိတိနဲ့ ဘိလပ်ရည်ရောပြီး တိုက်တယ်၊ ချဉ်စုတ် ချဉ်စုတ် တမျိုးလေးပဲ။ သူတို့အိမ် အနောက်ဖက်နားမှာ ကွန်ဒိုဆောက်နေတယ်၊ ၄ နှစ်စောင့်ရမယ်၊ ၇ သိန်းကျော်က စပြီး တမီလီယံခွဲလောက်ထိ ဈေးအစားစားရှိတယ်တဲ့၊ ဝယ်ပါလားတဲ့။ တဒင်္ဂအတွင်း ဆံပင်တခြမ်း ဖြူထွက်သွားတယ်၊ အလှဆုံးပြုံးပြပြီး ကက်တလောက်ပဲ အာရုံစိုက်နေရတယ်၊ ဟင်း၊ လူကို ဘာများမှတ်နေလို့လဲ။
တအောင့်လောက် အာရုံစိုက်ချင်ယောင်ဆောင်ပြီး အပေါ်ထပ်ဆက်တက်တယ်၊ ဗိုက်ဆာပြီလေ၊ အပေါ်ထပ်မှာ ညစာစားဖို့ ခေါ်ထားတာကိုး၊ ဂြီဂြီဂြီ။
အိမ်ရှင်မလက်ရာ ဟင်း ၇ မယ် + ဟင်းရည် ၁ မယ် = ပေါင်း ၈ မယ်တိတိ ပြည့်နေတဲ့ စားပွဲကို စားပွဲ စ ခင်းကတည်းက သေချာ ထိုင်ကြည့်နေတာ အားလုံး ပြည့်သွားတဲ့ အထိပဲ။ ကြည်နူးစရာ ကောင်းလိုက်တာ၊ ဂြီဂြီဂြီ။

အလုပ်က တန်းလာတော့ ကင်မရာ မပါဘူး၊ သူများရိုက်ထားတာနဲ့ အငှားကြွားလိုက်ပါတယ် :D
သုံးပန်းကန် အားပေးပြီးတော့ တော်ကီပွားတယ်၊ အိမ်ရှင်က အောက်ထပ်က ဘော်ဒါကို ဖိတ်ခိုင်းတော့ ဖုန်းဆက်ပေးလိုက်တယ်၊ လင်မယားနှစ်ယောက် တက်လာတယ်၊ တော်ကီဝိုင်းထဲ အလိုက်သင့် ဝင်သွားတယ်၊ ချက်ကျွေးတဲ့ အိမ်ရှင်မက ဧည့်သည်တွေထဲက အိမ်ရှင်မ အသစ်တွေကို သူ့အိမ်လိုက်ပြတယ်၊ ကွင်းဆင်းလေ့လာပြီး အားကျတဲ့ မျက်နှာတွေနဲ့ ပြန်ထိုင်ကြတယ်။ ပြင်ဆင်တာ သုံးသောင်းကျော်၊ ပရိဘောဂ ခြောက်သောင်းကျော် တဲ့၊ ဟင်းဟင်း၊ အားမကျပဲ ခံနိုင်ရိုးလား။ ကိုယ်ကတော့ အချိုပွဲထဲမှာပဲ အာရုံစိုက်ချင် ယောင်ဆောင်နေလိုက်တယ်။
--
စကားမစပ်၊ မင်လာဆောင်ပြီးနောက်ပိုင်း စနေ တနင်္ဂနွေတိုင်းလိုလို သူမ ဘော်ဒါတွေအိမ်ကို သူမနဲ့ လိုက်သွားစားလိုက်၊ ကျနော့် ဘော်ဒါအိမ်ကို သူမကို ခေါ်ပြီး သွားစားလိုက်နဲ့ အလုပ်တွေ ရှုပ်နေတာ၊ ဟိုး ဒန်ပေါက် ပို့စ်ကတည်းက အခုထိပဲ။ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ဝက်သားတုတ်ထိုး၊ ကြာဇံကြော်၊ အစထရာ နဲ့ မနေ့ကတော့ ယူနန်တရုတ် အစားအသောက် ပေါ့လေ။ ကိုယ့်အိမ်မှာ ချက်ကျွေးဖို့ကတော့ ကိုယ်ပိုင် အိမ်လေး ယာလေး ရှိတော့မှ ဖြစ်မှာ၊ ခုဟာက ပန်းကန် ခွက်ယောက်တောင် သိပ်မလောက်ချင်ဘူး (ကြိုပိတ်ထားတာများ အိမ်ရှိတာတောင် မရသေးဘူး၊ ယာလည်း ရှိရဦးမှာ၊ သေချာဖတ်ပါ)။
--
မင်လာမဆောင်ခင်တုန်းကတော့ သူများအိမ်သွားမစားဘူးပေါ့ ဟတ်လား - (အစ်မချစ် အော်ပြီးမေး)
မနေ့က အလုပ်ဆင်းတော့ ခါတိုင်းသွားနေကျ ဘတ်စ်ကားဂိတ်မဟုတ်တဲ့ နောက်တဖက်ခြမ်းက ဘတ်စ်ကားဂိတ်ဆီ လျှောက်သွားတယ်၊ အဲဒီမှာ ထောင်ထောင် မောင်းမောင်း ဒေါင်ကောင်းကောင်း တောင့်တောင့် ဖြောင့်ဖြောင့် တင်းတင်း ရင်းရင်း ပြည့်ပြည့် မောက်မောက် (အင်း ရှုပ်ကုန်ပြီ) သတို့သား တပတ်နွမ်းနဲ့ သွားတွေ့တယ်၊ တပတ်နွမ်းလို့ ပြောရခြင်းက ကိုယ်တွေလို သတို့သား အသက်စက်စက်နဲ့ ခွဲခြားချင်လို့လေ၊ တပြားမှမလျှော့ပါဘူး။
ဘယ်သွားမလို့လဲ ပြိုင်တူမေးတယ်၊ ပြိုင်တူဖြေတယ်၊ အံ့အားသင့်စရာက နှစ်ယောက်လုံးရဲ့ အဖြေက အတူတူ အတူတူ အတူတူပဲဗျား (စကားထစ်သွား)။ Block 3xx တဲ့၊ အလို၊ တိုက်ဆိုင်လှချီလားပေါ့။ ဘယ်ဟုတ်မလဲ၊ ကိုယ်သွားမယ့် အိမ်နဲ့ သူတို့ နေတဲ့အိမ်က တစ်တိုက်တည်း၊ သုံးလွှာပဲခြားတာ။ စင်္ကာပူကျွန်းရဲ့ မြောက်ယွန်းယွန်းက အဲဒီ ဧရိယာလေးကို သဘောကျတယ်၊ ကိုယ့်အလုပ်နဲ့ နီးတာကိုး၊ တခြားနေရာထက်စာရင် လူလည်းပိုသန့်တယ်၊ အနားမှာလည်း ကုန်တိုက်ကြီးကြီး သေးသေးတွေ ရှိနေတော့ သွားရလာရ ဝယ်ရခြမ်းရ အဆင်ပြေတယ်လေ။
ဒီလိုနဲ့ လက်တွဲပြီး ချီတက်သွားကြတယ်၊ ကိုယ့်လက်ကိုယ်တွဲတာပါ၊ အထင်မလွဲပါနဲ့။ သူ့အိမ်အရင်ဝင်တယ်၊ သံပုရာရည်ကို အပေါ်ကန့်ထဲထည့်ပြီး ခဲထားတဲ့ သံပုရာတုံးလေး နှစ်တုံးတိတိနဲ့ ဘိလပ်ရည်ရောပြီး တိုက်တယ်၊ ချဉ်စုတ် ချဉ်စုတ် တမျိုးလေးပဲ။ သူတို့အိမ် အနောက်ဖက်နားမှာ ကွန်ဒိုဆောက်နေတယ်၊ ၄ နှစ်စောင့်ရမယ်၊ ၇ သိန်းကျော်က စပြီး တမီလီယံခွဲလောက်ထိ ဈေးအစားစားရှိတယ်တဲ့၊ ဝယ်ပါလားတဲ့။ တဒင်္ဂအတွင်း ဆံပင်တခြမ်း ဖြူထွက်သွားတယ်၊ အလှဆုံးပြုံးပြပြီး ကက်တလောက်ပဲ အာရုံစိုက်နေရတယ်၊ ဟင်း၊ လူကို ဘာများမှတ်နေလို့လဲ။
တအောင့်လောက် အာရုံစိုက်ချင်ယောင်ဆောင်ပြီး အပေါ်ထပ်ဆက်တက်တယ်၊ ဗိုက်ဆာပြီလေ၊ အပေါ်ထပ်မှာ ညစာစားဖို့ ခေါ်ထားတာကိုး၊ ဂြီဂြီဂြီ။
အိမ်ရှင်မလက်ရာ ဟင်း ၇ မယ် + ဟင်းရည် ၁ မယ် = ပေါင်း ၈ မယ်တိတိ ပြည့်နေတဲ့ စားပွဲကို စားပွဲ စ ခင်းကတည်းက သေချာ ထိုင်ကြည့်နေတာ အားလုံး ပြည့်သွားတဲ့ အထိပဲ။ ကြည်နူးစရာ ကောင်းလိုက်တာ၊ ဂြီဂြီဂြီ။

အလုပ်က တန်းလာတော့ ကင်မရာ မပါဘူး၊ သူများရိုက်ထားတာနဲ့ အငှားကြွားလိုက်ပါတယ် :D

--
စကားမစပ်၊ မင်လာဆောင်ပြီးနောက်ပိုင်း စနေ တနင်္ဂနွေတိုင်းလိုလို သူမ ဘော်ဒါတွေအိမ်ကို သူမနဲ့ လိုက်သွားစားလိုက်၊ ကျနော့် ဘော်ဒါအိမ်ကို သူမကို ခေါ်ပြီး သွားစားလိုက်နဲ့ အလုပ်တွေ ရှုပ်နေတာ၊ ဟိုး ဒန်ပေါက် ပို့စ်ကတည်းက အခုထိပဲ။ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ဝက်သားတုတ်ထိုး၊ ကြာဇံကြော်၊ အစထရာ နဲ့ မနေ့ကတော့ ယူနန်တရုတ် အစားအသောက် ပေါ့လေ။ ကိုယ့်အိမ်မှာ ချက်ကျွေးဖို့ကတော့ ကိုယ်ပိုင် အိမ်လေး ယာလေး ရှိတော့မှ ဖြစ်မှာ၊ ခုဟာက ပန်းကန် ခွက်ယောက်တောင် သိပ်မလောက်ချင်ဘူး (ကြိုပိတ်ထားတာများ အိမ်ရှိတာတောင် မရသေးဘူး၊ ယာလည်း ရှိရဦးမှာ၊ သေချာဖတ်ပါ)။
--
မင်လာမဆောင်ခင်တုန်းကတော့ သူများအိမ်သွားမစားဘူးပေါ့ ဟတ်လား - (အစ်မချစ် အော်ပြီးမေး)
အော် ..မေးမလို့ပဲ။ အမချစ်က အရင်အော်မေးလိုက်တာကိုး။ :)
ReplyDeleteကြည်
That's what I love about SG, I mean if we have friends: gathering and eating!
ReplyDeleteတိုးတိုးတိတ်တိတ်လက်ကုတ်မေးတတ်သူတစ်ဦးလာဖတ်သည်။ စီပုံးမရှိသောအ်မ်ကိုလာဖတ်သည်မှာ စိမ်းကားသောအိမ်ရှင်ထံလာလည်သကဲ့သို့ခံစားရပါသည်။ အရင်ကလိုဝင်ခလုပ်ထွက်ခလုပ်ရေဝင်သောက်သော ခံစားမှုကို ပျက်ပြယ်စေပါသည်။ အိနေရေကြီးသောအိမ်ရှင်နင့်တူပါသည်. တန်းပလိတ်အသစ်ကိုကြိုက်ပါသည်။ဇတ်လမ်းက နဲနဲမျက်စိလည်ပါသည်။လင့်တွေကိုလည်းပြန်ဖတ်ပါမည်.စိတ်ချပါရန်။
ReplyDeleteဟင်းတွေကို ကြည့်ပီးမျက်စိ ပသာဒဖြစ်နေချိန်တွင် ” ယာယီဟောင်းလောင်းပေါက်“ ကြီးထွက်လာရာ အလွန်လန့် သွားပါသည်။
ReplyDeleteယာယီ ဟောင်းလောင်းပေါက်ကို တခုခုနှင့် ပိတ်ပြီး ကာလိုက်ပါ...
ReplyDeleteပုံ/
ရှက်တတ်သူ တဦး
ဟင်းတွေကို ဘယ်လောက်တောင် ငန်းလေလဲဆိုရင် မန့်တွေထဲက ယာယီဟောင်းလောင်းပေါက် လို့ဆိုတာကို ဘာကိုရေးထားပါလိမ့်လို့ ပိုစ့်ထဲကို တခါပြန်သွား ပြန်ရှာနေသေတယ်။
ReplyDeleteအဆုံးမှ တွေ့လိုက်ပါပီ ။ ....
အိနေရေကြီးသောအိမ်ရှင် (သတ်ပုံ မူရင်းအတိုင်း)
ReplyDeleteယာယီဟောင်းလောင်းပေါက်ကို သတိမထားမိပါ။ ကွန်မန့်တွေဖတ်ပြီး ပို့စ်ထဲမှာ ပြန်ရှာသည်။ မတွေ့ပါ။ scroll bar ကို ဟိုဆွဲဒီဆွဲလုပ်ရင်း နောက်ဆုံးမှ တွေ့သွားပါသည်။
အိနေရေကြီးသောအဲ့သယ်
ဟားဟားဟား နင်က နာလာအော်မှာ ကြိုသိနေသပေါ့လေ.....။ လူပျိုဘဝ၊ လူပျိုလုံးလုံးဘဝ၊ လူ မပျိုတပျိုဘဝ၊ လူပျိုသိုးဘဝ၊ လူပျိုကြီးဘဝတွေ ကတည်းက စနေ တနင်္ဂနွေတွေမှာ စလုံးက အိမ်ပေါက်စေ့ အလှုစာရင်းတွေ လစ်စ် လုပ်ပြီး လိုက်စားနေတဲ့ဟာများ.... စားပဲစားနေ အရှေ့အနောက်နဲ့ ဘေးတိုက်ကြီးပဲ ထွားလာလိမ့်မယ် ခွိ...:)
ReplyDeleteပြောရရင် နာလည်း ဒီနေ့ သူများ ကျွေးတာတွေ လိုက်စားနေတာ... ဟဟဟ :P
သတို့သား အေးတိအေးစက်ရေ....ဘယ်မလဲ ဆီဘုံး.... အော်ရအောင်..
ReplyDeleteစားရုံဘဲစားပြီး အားမကျခဲ့ဘူးပေါ့... ကောင်းလေစွ :)
ReplyDeleteThis comment has been removed by the author.
ReplyDeleteမေ့ပြီး ဒီတိုင်းမန့်လိုက်လိုက်မိလို့...
ReplyDeleteစားစရာ တွေ လည်စားနေတယ်ဆိုတော့..
အဆင်ပြေလိုက်တာနော်..ဟောင်းလောင်းပေါက်လဲကြည့် ရသေး...အဟင်း
အိနေရေကြီးသောအိမ်ရှင် ဆိုတာဘာကိုဆိုလိုတာလဲ။
ReplyDeleteရီတာက သတ်ပုံမှားတယ်လို့သာပြောသွားတာ.အမှန်မပြင်ပေး
သွားဘူး။
ပေါက်ထုံ
မှတ်ချက် ။ ။ မုကွားကျီး ပါတယ်လား။(木瓜雞)
အိန်ဒရေ ကြီးတယ်လို့ပြောတာပါ ပေါက်ထုံ
ReplyDeleteအမည်မဖော်လိုသူ
myo
ညကကြည့်တာ ဟင်းပုံတွေက ဒီလိုမဟုတ်သလိုပဲ.. အိပ်ချင်မူးတူးနဲ့ ကြည့်မိတယ်ထင်တယ်
ReplyDeletemyo