Search This Blog

Loading...

28 March 2011

♠ Myanmar Models

တင်မယ် တင်မယ်နဲ့ မတင်ဖြစ်တဲ့ ပုံတချို့ပါ၊ မနှစ်က ဒီဇင်ဘာတုန်းက ရိုက်ခဲ့တဲ့ပုံတွေ။ ကြိုက်တာ တချို့တဝက်ရှိတယ်၊ မကြိုက်တာ အပုံကြီး၊ အဲဒီ အပုံကြီးထဲမှာ တချို့က ကိုယ်မရိုက်တတ်လို့၊ တချို့က သူမနေတတ်လို့၊ တချို့က ဘယ်လိုပဲ နေတတ် နေတတ်၊ လှအောင်ကို ရိုက်လို့မထွက်လို့။ အောက်ပုံကတော့ တော်တော်ကြီးကို ကြိုက်တဲ့ပုံထဲပါတယ်၊ နေတတ်တယ်၊ ပင်ကိုယ်အလှလည်း ရှိတယ်။ (ကိုကြီးကျောက် စကရင်နဲ့ သိပ်မကပ်ပါနဲ့)


ဒီပုံကိုလည်းကြိုက်တယ်၊ နည်းနည်းပိုလင်းအောင် ရောင်ပြန်ပြားထိုးပေးထားရင် ပိုမိုက်မယ်။


လှပတဲ့ မျက်ခုံးတွေ၊ မျက်လုံးတွေ၊ နှာတံလေးနဲ့ သွားဖြူဖြူလေးတွေ ပေါင်းထားတဲ့ ကုလားဆင်လေး။


ဒီပုံကတော့ အရောင်တွေကို သဘောကျလို့တင်လိုက်တာ။

--
ရာသီဥတုကပူတော့ ချွေးတလုံးလုံးနဲ့ ခပ်မြန်မြန်လေး ရိုက်ရတာပါ (ပထမဆုံးပုံထဲက ဗယ်ပုံနဲ့ ညာပုံ ရိုက်တဲ့အချိန်ဟာ မိနစ်ဝက်တောင် မခြားပါဘူး)၊ မော်ဒယ်လ်လေးတွေ အများကြီးတန်းစီနေတယ်၊ တစ်ယောက်ကို နှစ်ပုံ သုံးပုံ ရိုက်ရတယ်၊ လူပုံရိုက်တဲ့ အတွေ့အကြုံ အတော်လေးရလိုက်တယ်။ ပုံပြင်ဖို့တော့ ပျင်းတုန်းပဲ၊ ဘာမှမပြင်ဖြစ်ဘူး။

13 comments:

  1. ပုံတွေ လှတယ်၊ ဒုတိယပုံက Pole dance ကိုတောင် သတိရသွားစေတယ်၊း)
    တတိယနဲ့ စတုတ္ထပုံတွေရဲ့ high-key အယူအဆလေးတွေ ကြိုက်တယ်၊ စတုတ္ထပုံက ဘယ်ဖက်ပုခုံးလေးပါ frame ထဲပါလာရင် Symmetry အပေါ် ဘယ်လိုများ အကျိုးသက်ရောက်စေမလဲလို့ တွေးမိစေတယ်၊ Cheers...!!!

    ReplyDelete
  2. အောက်ဆုံးက ကောင်မလေး အကြည့်ကို ခိုက်တယ်ကွယ်....

    ReplyDelete
  3. ပုံတွေ မိုက်တယ်ကွာ...
    တို့ကတော့ လူပုံရိုက်ရတာ သိပ်မကြိုက်လို့ သေချာ မရိုက်ဖူးဘူး...

    ကိုညီလင်း ကော်မန့်ကို ဖတ်ပြီး သူပြောတာတွေကိုလည်း လိုက်တွေးကြည့်နေတယ်...

    ReplyDelete
  4. ပထမဆုံးပုံထဲက ဒုတိယပုံကို အသေကြည့်သွားပါတယ်။ တင်သမျှ ပို့စ်တွေထဲမှာ ဒီပို့စ် အကြိုက်ဆုံးပါပဲ

    ReplyDelete
  5. ဒုပုံက 鋼管舞女郎


    ပေါက်

    ReplyDelete
  6. India elephant လေးကြိုက်ထှာ ပုံရဲ့ ပြတ်သား ကြည်တောက်ရှင်းချက်ကတော့ ဆံပင်ချည်လားမသိ ကပ်နေတာတောင်တွေ့ရတယ်ဗျာ B-)

    ReplyDelete
  7. ကုလားဆင်လေးကို အကြိုက်ဆုံး
    သူ့အပြုံးလေးက ချစ်စရာ

    ReplyDelete
  8. ဖိုတိုဂရပ်ဖာကျောက်March 29, 2011 7:45 AM

    ကုလားဆင်လေးကို သူသာသာထိုးထိုးပြထားတဲ့ အကြောင်းအရာပဲ ကြည့်မိတယ်..
    မျက်လုံးတွေ သွားတွေနှာတန်တွေတော့ သေချာ မကြည့်တော့ပါဘူး

    ReplyDelete
  9. ကုလားဆင်လေး has သွားဖြူဖြူလေး
    but under armpit is :)

    ReplyDelete
  10. ကိုညီလင်းသစ်.. အလံတိုင်နားသွားရိုက်မယ်ပြောတော့ သူတို့ကြောင်သွားတယ်၊ သူတို့က အလေးပြုရမလား ဘာလား တွေးနေပေမယ့် ကျနော့်မျက်လုံးထဲမှာ pole dance ပဲ မြင်နေတာ.. :p

    အမချစ်.. စကရင်နားသိပ်မကပ်ပါနဲ့..

    မသက်ဝေ.. အင်းနော်၊ တွေးစရာတွေပဲ.. လူပုံရိုက်ချင်ရင်ပြောလေ၊ မေတ္တာနဲ့ မော်လဒယ်လုပ်ပေးမယ်..

    ကဘွိုက်.. အောက်ကပင့်ကြည့်သေးတယ်မဟုတ်လား၊ မသိရင် ခက်မယ်..

    ပေါက်.. အင်းလေ၊ အဲလိုအိုက်တင်ထုတ်ခိုင်းတာပဲ..

    ခမမ.. ပုံနာမည်က ဆံချည်တစ်စ ရှာမရ တဲ့.. ပိတ်သတ်ကိုရှာခိုင်းတာ..

    အစိမ်းရောင်ချော.. ဒို့အပြုံးလေးလည်း ချစ်စရာပါ (ဟင်)

    ဖိုတိုကျောက်.. သူတို့ကို အရမ်းကော့ထားခိုင်းမှ ဒီလောက်အနေအထား ရတာဗျ၊ ဒါမှလည်း ကြည့်ကောင်းတာ..

    အမည်မသိ.. အဲဒီနေရာမကြည့်နဲ့လေ.. ခမမလို ဆံပင်စပဲ ရှာကြည့်ပေါ့.. ဟင်း..

    ReplyDelete
  11. ဘကျောက်၏သားတပည့်March 30, 2011 11:03 PM

    အားလုံးကို သိမ်းပိုက်လိုက်ပါသည်။ Ctrl+C ဖြင့်

    ReplyDelete
  12. ဝါးး သိပီ သိပီ ကုလား ကားတွေကြိုက်သွားစေတဲ့ အကြောင်ရင်း လူပုံရိုတ်တဲ့အတွေ့ အကြုံလေးလဲ မျှပါဦး




    ပုံ/
    အသေခံငမ်းသွားတဲ့ပိတ်သတ်

    ReplyDelete
  13. ဟိုက်.. စ်..

    ReplyDelete