နောက် ၅ ရက် ကျော်သွားတယ်၊ ၆ ကားမပြည့်တပြည့် ကြည့်ဖြစ်တယ်၊ အဲဒီထဲက ၃ ကားကို ချရေးလိုက်ပါတယ်။ အသက် ကြီးလာတော့ မေ့တာမြန်တယ်လေ (ဆွေးဆွေးမြေ့မြေ့ပြော)။

1. The Next Three Days (2010)
ပြင်သစ်ကား Anything for Her ကို ပြန်ရိုက်ထားတာ။ ယောက်ျားကောင်း ယောက်ျားမြတ်တို့မည်သည် မိန်းမက လူသတ်မှုနဲ့ ထောင်ထဲမှာ ငုတ်တုတ်ထိုင်နေသည့်တိုင် သင်္ကာမကင်း လုံးဝ လုံးဝ မဖြစ်ရတဲ့။ အဲ၊ မဖြစ်ရတဲ့အပြင် မရ ရတဲ့နည်းနဲ့ ကယ်ထုတ်ရမည် တဲ့။ ဒါက ဒီကားပြောချင်တဲ့ အဓိကအချက်ပဲ :p အင်း၊ ခြုံပြောရရင် ကြည့်ပျော်ပါတယ်၊ အသည်းတယားယားပဲ၊ ရိုးရိုးသားသား ကျောင်းဆရာကြီးက ထောင်ဖောက်တဲ့ Scoldfield နီးပါး တော်နေတာကတော့ ယုတ္တိမရှိဘူး။
Russell Crowe ကို ဒီလိုဇာတ်လမ်းနဲ့ ပြန်ကြည့်ရတော့ Gladiator ထဲက မိန်းမနဲ့ သားကို အရမ်းချစ်တဲ့ ဗိုလ်ချုပ် Maximus ကို သတိရစေတယ်၊ အဲဒီကားကို ရှယ်ကြိုက်တယ်ဗျာ၊ ပြန်ကြည့်ချင်သေးတယ်။

2. The Social Network (2010)
ဘုရင့်မိန့်ခွန်းလိုပဲ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ထားတာ၊ ဒါပေမဲ့ ဒီကားကတော့ လူငယ်ပိုင်းတွေ ပိုကြိုက်မယ်ထင်တယ်။ ငါလည်း တချိန်မှာ ဒီလိုဖြစ်နိုင်တာပဲ ဆိုတဲ့ အတွေးမျိုးတွေ အိပ်မက်မျိုးတွေ ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားပါ။ အရင်က မသိခဲ့တဲ့ အချက်လေးတွေ ဒီကားထဲမှာ သိလိုက်ရတယ်၊ ဥပမာ Sean Parker ရဲ့ အခန်းကဏ္ဍမျိုးပေါ့။ စကားမစပ်၊ သူ့ရဲ့ Napster ကို ပေါ်ပေါ်ချင်းမှာပဲ ကြားဖူးခဲ့တယ်၊ ရန်ကုန်က အန်တီလေး ရေးပေးတဲ့ စာထဲမှာ ပါလို့ပါ၊ သူက ဘယ်ကနေ ဖတ်မိတာလဲ မသိဘူး၊ peer to peer ဆိုတာ အထီးလား အမလား သူမသိပေမယ့် တူတော်မောင် အသုံးတည့်လိုတည့်ငြား စာထဲမှာ ထည့်ရေးရှာတယ်၊ ခက်တာက အီဖေကိုယ်ကလည်း ကွန်ပြူတာတောင် ကောင်းကောင်း သုံးတတ်သေးတာ မဟုတ်ဘူး၊ ဒါတွေနဲ့ ပတ်သက်ရင် သူ့နဲ့ ထူးမခြားနားပါ။ အင်း၊ လွမ်းစရာပါပဲ။
ဒီကားရဲ့ တင်ပြပုံလေးကို သဘောကျတယ်၊ ကားအစအဆုံး အမှုဆိုင်နေတဲ့ စကားအသွားအလာတွေရယ်၊ အမှုနဲ့ သက်ဆိုင်တဲ့ နောက်ကြောင်းပြန် ရိုက်ကွက်တွေရယ် ရောထွေးပြီး တွဲပြသွားတယ်။ စိတ်ဝင်စားစရာ ကောင်းလွန်းတယ်၊ ဒီလို ဇာတ်လမ်းမျိုး လန်ကြုတ် လုပ်ရေးဖို့တောင် မလွယ်ဘူး၊ အခုတော့ အရှင်လတ်လတ်ကြီး မျက်စိရှေ့တင် ဖြစ်နေတာ။ ခရမ်းချဉ်သီးပုပ်က ဒီကားကို 96% တောင် ပေးထားတာ အဓိပ္ပါယ်ရှိတယ်။ မကြည့်ရသေးသူများ ကြည့်ကြပါ။

3. The Experiment (2010) - Das Experiment (2001)
မမွန် ညွှန်းလို့ ကြည့်ဖြစ်တဲ့ကားပါ၊ မိုက်တယ်၊ ရင်တဖိုဖိုနဲ့ ရှက်စိတ်ပိုရတယ်၊ အဲလေ၊ ရင်တမမနဲ့ ရှက်စိတ်ပွရတယ် ပြောတာ၊ ဩော်၊ ရှုပ်ကုန်ပြီ။ အင်း၊ ကားနာမည်အတိုင်းပဲ စမ်းသပ်မှုတစ်ခုအကြောင်း ရိုက်ပြထားတဲ့ကားပါ။ ခရမ်းချဉ်သီး မီတာမှာ 72% ရှိတဲ့ Das Experiment ဆိုတဲ့ ဂျာမန် မူရင်းကားကို အရင်ကြည့်ဖြစ်တယ်၊ မူရင်းကားနဲ့ ပြန်ရိုက်ကားနဲ့ နှစ်ကားရှိနေရင် ဘယ်ကားအရင်ကြည့်မလဲ ဆိုတဲ့ စစ်တမ်းမျိုး ကောက်ကြည့်ချင်တယ်၊ စာဖတ်သူ အားနေရင် ကော်မန့်မှာ ဖြေသွားပါ။
၂ ကားယှဉ်ပြောရရင် ဂျာမန်ကားကို ပိုကြိုက်တယ်၊ ဇာတ်လမ်းကျောရိုးက အတူတူပဲ၊ မင်းသားရဲ့ ထောင်ထဲက ကိုယ်ပိုင်နံပါတ် ၇၇ က အစ အတူတူပဲ။ အမေရိကန်ကတော့ ယုတ္တိပိုရှိအောင် နည်းနည်းပြင်ထားတယ်၊ သို့သော် မင်းသမီးကို အိန္ဒိယပို့ပြီး ဇာတ်အိမ်ထဲက ပ ထုတ်ထားတဲ့အတွက် ဂျာမန်ကားထဲက မင်းသားကို တသသဖြစ်နေတဲ့ မင်းသမီးလောက် ဇာတ်လမ်းအပေါ် လွှမ်းမိုးမှု မရှိဘူး၊ ရင် သိပ်မခုန်ရဘူးပေါ့။ ဒါပေမဲ့ ကိုယ်လည်းလေ လောကီသားပေမို့၊ အဟမ်း၊ ယူအက်စ်ဗားရှင်းရဲ့ နောက်ဆုံးခန်းမှာ မင်းသားက လူဆိုးကို လက်သီးတွေ တလုံးပြီးတလုံး ပစ်ပစ်ထည့်တဲ့ အခန်းကိုတော့ အားကြီးကြိုက်တယ်။ ဂျာမန်ကားက လူဆိုးကို ဘာမှ မလုပ်လိုက်ဘူး၊ လူစိတ်တွေ ပြန်ဝင်လာပြီး ခွင့်လွှတ်လိုက်ကြတယ် တဲ့၊ ကတောက်။
--
လောလောဆယ် ၁၃ ကြည့်နေတယ်။

ဘာကားမှ မကြည့်ဘူး။
ReplyDelete(အခုတလော)
တကယ်တော့..အခုမတလောလဲ ဘာကားမှ
ကြည့်ဖြစ်မယ်မထင်ပါဘူး။
(ကာတွန်းကားနဲ့... ဟာသကားမှလွှဲ၍..)
ပေါက်
စီဘောက်ဖြုတ်ထားတာလား..။
ReplyDeleteဘာအတွက်လဲ..။
ပေါက်
Unknown , Splice, Rango သွားကြည့်လိုက်။ ကောင်းတယ်။
ReplyDeleteဒါရိုက်တာသုခရဲ့ ဂုဏ်ရည် မတူလို့လား ကိုလဲ အချိန်ရရင် ပြန်ကြည့်လိုက်ပါ...။
What happen to ur c box?....:(
ReplyDeleteGyidaw
ဟုတ်တယ် ကိုသင်ဇာအေး၊ template ကြီးက ဂွမ်းပုံ ဟော့ရှော့ဝတ်ထားသလို ပို့စ်တွေက ထင်ရှားသလောက် စွဲဆောင်အားမရှိဘူးဖြစ်နေတယ်။ အရင်လို 2 columns လေးလောက်မမိုက်ဘူး။
ReplyDeleteအရင်ဘဝနဲ့ မတူတော့ဘူးလေဗျာ ချွတ်တန်တာချွတ် ရောင်းတန်တာရောင်း ပေါင်တန်တာ အာ..မှားကုန်ပါပြီ။ အရင်ဘဝနဲ့မတူတော့တာမို့ ဘလော့ဂ်လဲ အရင်ပုံစံနဲ့မတူတော့တာနေမှာပေါ့ဗျာ။ ထင်တာမြင်တာကို ဝင်ပြောကြည့်တာ။
ReplyDeleteမင်္ဂလာဆောင်ပြီးတာနဲ့ ရုပ်ရှင်တွေချည်း လှိမ့်ကြည့်နေပါလား .. ဘယ်လိုတုန်း ..
ReplyDeleteရုပ်ရှင်တွေချည်း လှိမ့်ကြည့်နေတာက အိမ်ထောင်ကျသွားလို့လေ... ဂျလမ်း ဂျလမ်း လုပ်လို့မရတော့လို့။
ReplyDeleteပေါက်.. ကာတွန်းကားနဲ့ဟာသကားလည်း ကားပါပဲ၊ ကြည့်ရင်ကြည့်တယ်ပေါ့၊ ဟင်း.. စီဘောက်လား၊ ခုန်ခုန်ထွက်တဲ့ ကြော်ငြာတွေကို သည်းမခံနိုင်တော့လို့ ဖြုတ်လိုက်တာ။
ReplyDeleteကဘွိုက်.. Unknown , Splice, Rango ကြည့်ချင်တယ်၊ Rango အကြည့်ချင်ဆုံးပဲ၊ list ထဲ ထည့်ထားပြီးသား။ ဒါရိုက်တာသုခရဲ့ ဂုဏ်ရည် မတူလို့လား ကို ဘယ်မှာကြည့်ရမလဲငှင်..
ဂျီးဒေါ်.. ခုန်ခုန်ထွက်တဲ့ ကြော်ငြာတွေကို သောက်ညင်ကပ်လာလို့ဗျာ..
Raymond.. ခိုင်းနှိုင်းလိုက်တာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ပေါ်လာတာပဲ၊ ကျနော်လည်း တန်းပလိတ်ကို စိတ်ကုန်နေတာကြာပြီ၊ တစ်ခုလုံး ပြောင်းပစ်ဖို့ပဲ၊ ကြယ်တွေ လတွေ ကြည့်ကြည့်ပြီး မင်္ဂလာချိန်ကို စောင့်နေတာ။
မောင်ဝေး.. မှန်ထှာဗျာ၊ ဘဝတူတွေထင်ပါရဲ့.. ဟီးဟီး..
ကဒီဘီ.. ဒီလိုပဲလေဗျာ၊ အိမ်ထဲအောင်းနေတော့ ပိုက်ပိုက်မထွက်ဘူးပေါ့။ Raymond ပြောတာလည်း ရာနှုန်းပြည့်မဟုတ်တောင် ၉၉% လောက် မှန်နေပါတယ်။
13 ကြည့်ပီးတော့ russian roulette game ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ဖူးသွားတယ်.. အဲကားမှာ ကျနော်တို့ရဲ့ အရီးကြိုက်တဲ့ Jason Statham လဲပါတယ်လေ..
ReplyDeleteမူရင်းကားနဲ့ ပြန်ရိုက်ကား အရင်ဦးတဲ့ကားကြည့်မယ်.. ကျန်ခဲ့တာတော့ မကြည့်ဖြစ်တော့ဖို့များတယ်.. နို့မို့ဆို တခြားကားတွေအတွက် အလှည့်မပေးနိုင်ပဲနေမယ် ဟစ်ဟစ်..
rottentomatoes.com ကဖရီးလား ပိုက်ဆံပေးရလား တစ်ခါမှမကြည့်ဘူးလို့
ReplyDeleteခမမ.. ၁၃ ကို မူရင်းကားရရင် ကြည့်ကြည့်ပါ၊ အဖြူအမည်းနဲ့ မတူတဲ့ခံစားမှု ပေးပါတယ်။
ReplyDeleteအမည်မသိ.. အဲမှာကြည့်လို့မရပါဘူး၊ မိတ်ဆက်၊ ဝေဖန်၊ အမှတ်ပေးရုံ သက်သက်ပါ။
So Ko TZA, where can I watch those movie from online ?
ReplyDeleteဖြေရခက်ကြီးဗျာ.. အီးမေးလ်ပေး..
ReplyDeleteOk, pls email me to finalheartbreak.soul@gmail.com
ReplyDeleteThanks a million ! :)
Could u send the movie links to my account too? thank u in advance.
ReplyDeletetiffyniaung@gmail.com
ဟင်း..ဟင်း...ဟင်း...ရာမရာ...ဗိုလ်အောင်ဒင်ကို မယှဉ်နိုင်ပါဘူး...
ReplyDeleteCould u send the movie links to me three? Thanks
ReplyDeleteshanghual@hotmail.com