Search This Blog

Loading...

11 March 2011

♠ Unknown King's Grave

ဒီတလော စာရေးဖို့ အာရုံမရဘူး၊ ရုပ်ရှင်ချည်းပဲ ထိုင်ကြည့်နေတယ်။ ထွက်ဖို့မရှိတော့ ဝင်ဖို့ပဲလုပ်ရတယ်၊ သွင်းတယ်၊ ခေါင်းထဲဝင်သလောက် သွတ်သွင်းတယ်၊ ၃ ရက်ဆက်တိုက် ၃ ကားဝင်သွားတယ်။

1. Unknown (2006)

အခုရုံတင်နေတဲ့ကားမှတ်ပြီး ထိုင်ကြည့်လိုက်တာ နာမည်တူတဲ့ ကားဟောင်းဖြစ်နေတယ်၊ ဒါပေမဲ့လည်း ကျေနပ်ပါတယ်၊ အစ အဆုံး ရင်တုန် ပန်းတုန်ပဲ။ ယုတ္တိရှိမရှိ မစဉ်းစားရင်တော့ ကားကောင်းကြီး တစ်ကားပေါ့လေ။ ပြန်ပေးဆွဲ သမားတွေက ဓားစာခံတွေကို သဲကန္တာရထဲက အလုံပိတ် တိုက်ကြီးထဲမှာ အစောင့် နှစ်ယောက်နဲ့ ထားခဲ့ပြီး ကျန်တဲ့သူတွေက မြို့ထဲမှာ ပိုက်ဆံယူဖို့ လုပ်တယ်။ ပိုက်ဆံရပြီး တိုက်ထဲကလူတွေနဲ့ ပြန်သွားအတွေ့မှာ ဝရုန်းသုန်းကား ဖြစ်ကြတယ်၊ လူဆိုးသေကုန်တယ်၊ မင်းသားနဲ့ လူကောင်းတွေ ရှင်ကျန်တယ်၊ အဲ၊ မင်းသားက လူကောင်းလို့ ထင်ရပေမယ့် တကယ်တော့လည်း လူကောင်းမဟုတ်ပြန်ဘူး။

2. The King's Speech (2011)

ထစ်တယ်၊ ထစ်တယ်၊ ဒေါပွတယ်၊ ဆရာတွေခေါ်ပြီး အထစ်ပျောက်အောင် ကျင့်တယ်၊ မရဘူး၊ ဒေါပွတယ်၊ သိပ်ဒေါပွတယ်၊ နောက်ဆုံး ဆရာကောင်းတစ်ယောက်နဲ့ တွေ့ပြီး အထစ်အငေါ့မရှိသလောက် ဖြစ်သွားတဲ့အထိ တိုးတက်မှုတွေ ရသွားတယ်။ သာမန်လူတစ်ယောက် ဆိုရင်တော့ စိတ်ဝင်စားစရာ မရှိဘူးပေါ့လေ၊ ဒါပေသိ အနှီ အ,အ ထစ်ထစ် ပုဂ္ဂိုလ်က နယ်နယ်ရရ ဟုတ်ရိုးလား၊ သားကို ဘုရင်ပေးမလုပ်ချင်လို့ ခုထက်ထိ သန်မာဖျတ်လတ်နေသေးတဲ့ အဲလိဇဘက် ဘုရင်မရဲ့ ဖခမည်းတော် ဆဌမမြောက် ဂျော့ခ်ျဘုရင်ပေါ့။ နေမဝင် အင်ပါယာကြီးရဲ့ အရေးကြီးဆုံး အချိန်ကာလ တစ်ခုမှာ စားဗူးသီး အကို့ကျေးဇူးနဲ့ ဘုရင်တက်ဖြစ်ပြီး စကားကို ဖြောင့်ဖြောင့် မပြောနိုင်လို့ ဓာတ်ပျက်နေတုန်း ဆရာကောင်းတစ်ဆူနဲ့ တွေ့ပြီး အဆင်ပြေသွားပုံကို ဖွဲ့နွဲ့ထားတာပါ။

3. I Spit on Your Grave (2010)

ပိုစတာက ကားနာမည်က ခပ်ကြမ်းကြမ်းမို့ ကြည့်ထည့်လိုက်တာ လူတောင် ပြာထွက်သွားတယ်။ စာရေးဆရာမ ချောချော ပူပူ လှလှလေးက လူမရှိသူမရှိ တောထဲက အိမ်ကြီးကိုငှားပြီး စာရေးဖို့ ဈာန်သွင်းတယ်၊ အဲဒီကိုအသွား လမ်းပျောက်ပြီး ဓာတ်ဆီဆိုင်က အပေအတေ သုံးယောက်နဲ့ အလာပ သလာပ ပြောဖြစ်တယ်၊ သူတို့ညွှန်တဲ့အတိုင်း သွားလိုက်တာ ရောက်တော့ ရောက်သွားပါရဲ့၊ ဒါပေမဲ့ အဲဒီကောင်တွေကပဲ ဒုက္ခတွေ သယ်လာတယ်၊ ရဲနဲ့ပေါင်းပြီး မုဒိမ်းဝိုင်းကျင့်လိုက်တယ်၊ မိန်းခလေးက ချောင်းထဲခုန်ချပြီး ကိုယ့်ကိုကိုယ် အစဖျောက်ပစ်တော့ သကောင့်သားတွေ ခေါင်းနပန်းကြီးကုန်တယ်၊ ရှာတယ်၊ မတွေ့ဘူး။ နောက်တော့ မိန်းခလေးက တစ်ယောက်ချင်းစီကို ဇိမ်ပြေနပြေ လက်စားပြန်ချေတယ်၊ သူတို့ နှိပ်စက်ခဲ့တာထက်ကို ပိုပြီးနှိပ်စက်တယ်၊ ရက်စက်တယ်၊ အယုတ်မာဆုံး ရဲလူဆိုးကြီး သေသွားတော့ မိန်းခလေး ပြုံးနေလေရဲ့။
--
၃ ကားလုံး သူ့ဟာနဲ့သူ ကောင်းပါတယ်၊ နောက်ဆုံးကားကတော့ ကြည့်ဖို့ မတိုက်တွန်းလိုပါဘူး၊ စိတ္တဇရောဂါ ရှိနေမှသာ အရသာခံပြီး ကြည့်နိုင်တဲ့ ကားမျိုးပါ၊ ထားပါတော့၊ ကြိုက်တယ်လို့ ပြောရင်တော့ ကားထဲက မင်းသမီးလိုပဲ career suicide ဖြစ်သွားမှာပေါ့၊ ညှင်းညှင်း။

ပထမကားရဲ့ ဇာတ်လမ်းက ရိုးပေမယ့် တိုက်ထဲမှာ ကျန်နေတဲ့ လူဆိုးနဲ့ လူကောင်း ပေါင်း ငါးယောက်က ယာယီ အတိတ်မေ့ စေနိုင်တဲ့ အဆိပ်ဓာတ်ငွေ့ ရှူမိပြီး ကိုယ့်ကိုကိုယ် လူဆိုးလား လူကောင်းလား မဝေခွဲနိုင်တော့ဘူး၊ အဲဒီ အိုင်ဒီယာလေးကို သဘောကျတယ်။ အဲဒီအချိန်မှာ အပြင်ထွက်ဖို့ တံခါးဘေးက password ကိုလည်း မမှတ်မိတော့ အားလုံး အထဲမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ ဖြစ်သွားတယ်၊ မြေကြီးပေါ်က သတင်းစာအရ သူတို့ဟာ ပြန်ပေးဆွဲခံရတဲ့ အမှုထဲက လူတွေမှန်း သိကြပေမယ့် ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းမှန်း မသိကြဘူး၊ ယုတ္တိရှိမရှိ မစဉ်းစားနဲ့၊ အဲဒီအကွက်လေးက အင်မတန် လှတယ်၊ ဘာမှ သတိမရတော့ လူဆိုး လူကောင်း အားလုံး စိတ်ညီ လက်ညီပဲ၊ တိုက်ကြီးထဲက အပြင်ကို လွတ်ထွက်ဖို့ အတူတူ ကြိုးစားကြတယ်၊ ဘယ်သူ ဘာပြောပြော ယုံရအခက် မယုံလည်း အခက်ပဲ။ နောက် အတိတ်က ဖြစ်ရပ်တွေ တဖြည်းဖြည်း ပြန်သတိရလာတော့မှ သူ့နေရာသူ ပြန်သရုပ်ဆောင်ကြတယ်၊ ဒီအတွေးလေးကို အထူးကြိုက်တယ်ဗျ၊ တခြားဘာမှတော့ အရမ်းကြီး ကောင်းမနေပါဘူး။

ဒုတိယကားကတော့ မင်းသားရဲ့ သရုပ်ဆောင်ချက်ပေါ်မှာ လုံးလုံးမူတည်တဲ့ကားလို့ ပြောလို့ရတယ်၊ ထစ်တာကို သရုပ်ဆောင်ရတာ လွယ်တာမှတ်လို့၊ ထစ်ရင်း ဒေါသလည်း ထွက်ရသေးတယ်၊ အိနြေ္ဒလည်း ဆယ်ရသေးတယ်၊ ဟင်း၊ အော်စကာဆု ရသွားတာ နည်းတောင်နည်းသေးတယ် (ဟမ်)။ ဒီကားကြည့်ပြီးမှ စကားထစ်တာ မွေးရာပါ မဟုတ်မှန်း သိလိုက်တယ်၊ ဗယ်သန် ဖြစ်တာနဲ့လည်း ဆက်နွှယ်သေးတယ်ဆိုပဲ။ ဒီကားကြောင့်ပဲ တော်ဝင်မိသားစုတွေကို စိတ်ဝင်စားသွားလို့ ဝီကီမှာ တော်တော်ကြာကြာ လိုက်ဖတ်မိသေးတယ်၊ မူလလက်ဟောင်း ဆိုင်ခွဲမရှိ ဘုရင့်မိန့်ခွန်းကို မကြည့်မဖြစ် ကြည့်မိတာပေါ့။ ထစ်တော့ထစ်တယ်၊ ဒါပေမဲ့ အဲလောက်လည်း မဆိုးပါဘူး၊ ကျနော့် ဦးလေးတစ်ယောက် ထစ်တာကမှ ပါးစပ်ကြီးကို ဟနေတာပဲ အတော်ကြာတာ၊ သန်းနေသလား အောက်မေ့ရတယ်။


နောက်ဆုံးကားကတော့.. ဟင်း.. မပြောတော့ပါဘူး၊ တော်ကြာ စိတ္တဇရောဂါသည်တွေပဲ လာလာဖတ်နေရင်ဒုက္ခ။

22 comments:

  1. ရုပ်ရှင်ကြည့်ဖို့ အာရုံ မလာပါဘူး အထစ် မကြည့်ချင်ဘူး...အိမ်က အမူးကိုပဲ ထိုင်ထိုင် ထထ ကြည့်နေရတယ်.... ဟွန်း...သူက ခုထိ ညနေဆို ပါးပါးလေး မူးတုန်းလေ....

    ReplyDelete
  2. ဖြစ်ရမယ် အမကတော့ ရီရအခက် ငိုရအခက်ပါလား။

    ReplyDelete
  3. အင်္ဂလိပ်ဆေးနဲ့ မပျောက်လို့ ဗိန္ဓောဆေးနဲ့ ကုနေတယ်....ဒါပဲ အိပ်ပြီ....
    ကော်မန့် ၁-၂-၃ အားလုံး အီစကို....
    မမကွန် ဘာတတ်နိုင်သေးတုန်း....ညှင်းဟင်းဟင်း :P

    ReplyDelete
  4. ဟင် နင်က ၃နဲ့ ၄ ဝင်ယူသေးတယ်....ဗြဲ.....:((((

    ReplyDelete
  5. ခုတလော မအားတဲ့ကြားထဲက အချိန်လုပြီး ရုပ်ရှင်ရုံမှာ သွားကြည့်ဖြစ်အောင် ကြည့်လိုက်သေးတယ်။ :D
    Unknown, King's Speech နဲ့ Adjustment Bureau ကြည့်ပြီးပြီ။ မနက်ဖြန်ည ဟိုးအရင် ဟောလီးဝုဒ်က ရိုက်ခဲ့တဲ့ Ghost ကို အခု ဂျပန်မင်းသမီးနနကိုနဲ့ ကိုးရီယားမင်းသား ဂျွန်စောပြန်ရိုက်ထားတဲ့ Asian Version Ghost သွားကြည့်မလို့။ ဟဲ..ဟဲ။ ;)
    သြော်... 127 Hours က download ထားပြီး မကြည့်ရသေးတာ။ :D

    ReplyDelete
  6. မြန်မာပြည်ပူတာအိုမှာ ဟိုးတလောကမှရိုက်ထားတဲ့ ၇၂ နာရီ ရှိတယ်၊ ကြည့်ပြီးပလား.. ;p

    ReplyDelete
  7. တတိယကားပဲ ကြည့်မယ်။
    နည်းနည်းလေး ရူးနေသူတစ်ဦး
    mm

    ReplyDelete
  8. ဟမ်...သူလဲ ဂျီးတော်ကြီးနဲ့ ပူးပေါင်းနေပုံရတယ်..ဓါတ်ရှင်တွေ ကြည့်ပြီး ဓါတ်ရှင် ဇာတ်လမ်းတွေရေးနေလို့..ဗမာဓါတ်ရှင်အကြောင်းလဲ ရေးချင်စိတ်မရှိဘူးလား...မင်းသမီးလေးတွေကြည့်ရတာတော်တော်ကောင်းမဲ့ပုံပဲ..

    ReplyDelete
  9. The King's Speech ကြည့်ပီး ကိုယ်ပါထစ်သွားမှာစိုးတယ်။
    နောက်ဆုံးကားကတော့ မကြည့်တော့ပါဘူး အရင်ကမှ စိတ်ကသိပ်မှန်တာမဟုတ်ဘူး ။ ပထမဆုံးကားပဲကောင်းလိမ့်မယ်ထင်တယ်။

    ReplyDelete
  10. နောက်ဆုံးကားကို လွန်ခဲ့တဲ့ ၂လလောက်က ပိုစတာ ကြည့်ပြီး အပိုင်ပဲဆိုပြီး ကြည့်ထည့်လိုက်တာ .. အသည်းတုန် အူတုန်ဖြစ်သွားခဲ့သေးတယ်။

    ReplyDelete
  11. မကြည့်ဘူး။ အ လကားပြရင်တောင် မရဘူး နောက်ဆုံးကားကို.။ ဒုတိယကားလဲမကြည့်ဘူး ။ နားမလည်ဘူး။ ။ ပထမကားဘဲကြည့်မယ်။
    kom

    ReplyDelete
  12. ၇၂နာရီ ကားတော့ မကြည့်ရသေးဘူး။ ဂျွန်စော...အဲလေ... ဂိုစ့်ကားတော့ ကြည့်ပြီးသွားပြီ။ :D

    ReplyDelete
  13. the last one is the remake of early 80 slasher porn. disturbing :\

    ReplyDelete
  14. ဘယ်သန်ဖြစ်တာကြောင့် ဟုတ်ဘူးထင်တယ်.. ဘယ်သန်ကို ညာသန်ဖြစ်အောင် အတင်းလုပ်ယူလို့ဖြစ်တာလားလို့

    ReplyDelete
  15. ရီးစားဘဝဆို ဒီလိုလုပ်မယ်ပြောတာပါ။ ယူပြီ:ရင်တော့ (ဥပမာ တီဇက်အေ လို) -
    " မောင်ရေ အဗလွန် ချည်းစားရလို့ အငြည်းပြေ ငပိလေးဘာလေး စားချင်စားပေါ့ကွယ်၊ အိမ်နဲ့ ကားက မေ့နံမည်အောက်မာ ဆိုတာ ဒီညီမလေးကို အသိပေးလိုက်အုန်းနော်။ ဟင်းဟင်း"
    (တီဇက်အေ ကတော်နေရာမှ ခံစားတင်ပြသည်။ ပြောသာပြောတာပါ ဒီတယောက်တောင် ကံကောင်းလို့ရထားတယ်)

    ခွေဖြူ

    TZA - U took out cbox, never mind. I can write here also. hahaha!!!

    ReplyDelete
  16. come from here
    http://ritako.blogspot.com/2011/03/blog-post_10.html

    ခွေဖြူ

    ReplyDelete
  17. စီပုံးမမြင်ရပါ။
    kom

    ReplyDelete
  18. အကူအညီတခုတောင်းချင်လို့ပါရုပ်ရှင်နဲ့ပတ်သက်ပြီးတော့...မြန့်မာအသံက
    လွင့်တာကျန်ကျောင်းကား..မမေ့ရက်ဘူးအချစ်ဦးရယ်...အဲ့ကားကိုကြည့်ချင်
    တာဘယ်လိုရှာရမလဲမသိလို့ ...kenny ho ဆိုတဲ့နာမည်ပဲသိတယ်..ကား
    နာမည်ကိုဘယ်လိုမှရှာလို့မရလို့..ကူညီပါအုန်းမသင်ဇာအေး

    ReplyDelete
  19. http://www.tudou.com/playlist/p/l10556414.html

    ရှုစားတော်မူပါဗျား

    ReplyDelete
  20. ဟယ်တော့..ဒီဘလော့ဂါကြီးကအရမ်းခင်ဖို့ကောင်းတာပဲတော့...
    ကျေးဇူးတင်ချက်တော်...မြန်မာကားမော်ဒယ်ဗွေးတုတ်ကြည့်ပြီးကာစမို့လို့
    ဒီလေသံဖြစ်သွားတာပါ...ရှက်ရှက်နီ

    ReplyDelete