အကြည်ဓာတ်တွေ တဖွားဖွား စိမ့်ထွက်လာတဲ့ ကျနော့် ခန္ဓာကိုယ်ဟာ ပို့စ်တွေ တပို့စ်ပြီးတပို့စ် ဆက်တိုက်တင်ဖို့ အသင့်ဖြစ်နေပါပြီ။ (ဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့ကွယ်)
ဟိုး လွန်လေပြီးသော နှစ်ပေါင်းများစွာက အလုပ်အင်တာဗျူးတစ်ခုကို ခုထိ သတိတရဖြစ်နေတုန်းပဲ။ အဲဒီမှာ ဗျူးသူက ကျနော့်ကို အလုပ်နဲ့ သက်ဆိုင်တဲ့ (အတော် basic ကျတဲ့) အကြောင်းအရာတွေကို အရင်မေးတယ်၊ အဲဒါတွေ မဖြေတတ်လို့ ပြန်မလွှတ်ခင် နောက်ဆုံး အခွင့်အရေး ပေးတဲ့အနေနဲ့ မေးခွန်းတစ်ခုမေးတယ်၊ “မင်းအတွက် ခုတလော ဖြစ်နေတဲ့၊ ဖြစ်လာမယ့် စိတ်လှုပ်ရှားစရာ ကိစ္စတခုတလေများ ပြောပြနိုင်မလား” တဲ့၊ အဲဒီမေးခွန်းဟာ အဲဒီတုန်းက ကျနော့်အတွက် အင်မတိ အင်မတန် ခက်ခဲတာပဲဗျ၊ ဒါလေးတောင် ကျနော်ဖြေမထွက်ခဲ့ဘူး။
ခုပြန်တွေးမိတော့ ကိုယ့်ကိုကိုယ် အားမလို အားမရ အရမ်းဖြစ်တယ်၊ သနားလည်း သနားမိတယ်။
အခုတော့ အဲဒီမေးခွန်းရဲ့ အနက်အဓိပ္ပါယ်ကို သဘောပေါက်သွားပြီ၊ ဘာလို့လဲဆိုတော့ အခု ကိုယ့်ခံစားမှု ကိုယ့်စိတ်ဝင်စားမှုအပြင် ပတ်ဝန်းကျင်ကလူတွေ ဘာကိစ္စအတွက် စိတ်လှုပ်ရှားနေကြသလဲ ဆိုတာကိုပါ သိချင်လာလို့ပဲ။
ကျနော်စိတ်လှုပ်ရှားမိတဲ့ လတ်တလော အကြောင်းအရာတချို့ကို ချရေးလိုက်ပါမယ်၊ အလည်လာသူ စာဖတ်ပိတ်သတ်များလည်း ဖြစ်နိုင်ရင် ကော်မန့်မှာ မျှဝေကြပါ။
(၁) မြန်မာငလျင် (ငလျင်ကို ငလျှင်လို့ မှားပေါင်းတာ တော်တော်ဖတ်မိတယ်၊ ငလျင် ငလျင် တစ်မျက်နှာရေးပါ)
၆.၈၊ ၇.၀၊ ၇.၂ အမျိုးမျိုး ဖတ်မိပေမယ့် ၆.၈ လို့ပဲ မှတ်ပါတယ်၊ ဂျပန်က ၇.၀ ထက်ပျော့တယ် (ဂဏန်း ကြီးသွားရင် ဒဿမ ကိန်းလေးကအစ ပြင်းအားအရမ်းများတယ် ဆိုပဲ)၊ ကံကောင်းချင်တော့ ကမ်းရိုးတန်းဒေသ မဟုတ်ဘူး။ နို့မို့ဆို ဂျပန်လို ဆူနာမီဒဏ် ခံရဦးမှာ၊ နျူပြဿနာကတော့ မြန်မာပြည်မှာ မရှိသေးဘူးပေါ့လေ။ လွယ်မွေနားမှာ ဗဟိုပြုတယ် ပြောပါတယ်၊ အဲဒီတောင်ပေါ်မှာ အရမ်းသာယာတယ်လို့ ကြားဖူးတယ်၊ တခါမှ မရောက်ဖူးဘူး၊ ဆောင်းတွင်းဆို ချယ်ရီပန်းတွေ ဝေဝေဆာဆာပွင့်ပြီး အရမ်းလှတယ်တဲ့။ နောက်ပြီး အနူရွာလေး ရှိတယ်၊ အနူတွေ စုပြီးထားတာ။ ကျိုင်းတုံနဲ့ နီးပေမယ့် တခေါက်မှ မရောက်ဖူးလိုက်ဘူး။ ငလျင်ဒဏ်ကို အကြီးအကျယ်ခံရတဲ့ တာလေကိုတော့ တာချီလိတ်သွားတုန်းက ဖြတ်သွားဖူးတယ်၊ ခရီးတထောက် ဝင်နားလိုက်သေးတယ်။ အဲဒီတုန်းက DT ဆိုင်ကယ်နဲ့ တစ်ရက်နီးပါး မောင်းရတယ်၊ လမ်းကြမ်းသေးတယ်၊ အခုတော့ အရမ်းကောင်းသွားပြီဆိုပဲ၊ DT သရဲ အနှီ ဘော်ဒါနဲ့ ရေစက်ဆုံတယ်၊ ဝိုင်အိုင်တီ တက်တော့လည်း အတူတူပဲ၊ ဒီတခေါက် ရန်ကုန်ပြန်တော့ တွေ့ဖြစ်သေးတယ်၊ မင်္ဂလာပွဲလည်း လာတယ်၊ အမယ်၊ ကလေးအဖေဖြစ်နေပြီ။
ငလျင်အကြောင်း ပြန်ဆက်ရရင်၊ ဖတ်မိသလောက် ကျိုင်းတုံထက်စာရင် တာချီလိတ်က ပိုထိသလိုပဲ၊ အသိတွေ နှစ်မြို့စလုံးမှာ ရှိပေမယ့် တကူးတက မဆက်သွယ်ဖြစ်ဘူး၊ ခါတိုင်းလည်း မဆက်သွယ်တော့ ဖုန်းနံပါတ်တွေ ဘာတွေ မရှိဘူးလေ၊ နောက် တာချီလိတ်က အသိတွေက မရင်းကြီး မဟုတ်ဘူး၊ ထားပါတော့၊ အားလုံး ဘေးကင်း ရန်ကင်းပါစေလို့ ဆုတောင်းမိတာ အမှန်ပဲ။ စကားမစပ်၊ ၂၀၁၂ ကမ္ဘာပျက်တာကိုတော့ မယုံပါဘူး၊ သူ့ဟာသူ ပျက်ပျက် မပျက်ပျက်၊ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ရမှာပဲ။

(P.S. IE9 ကို Windows7 မှာပဲ သွင်းလို့ရတယ်၊ အရင်ဗားရှင်းတွေထက်လှတယ်၊ ရှင်းတယ်)
(၂) တရုတ်ပြည်က တိုးရစ်/ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ရန်ကုန် မန္တလေး ပုံရိပ်တွေ
အလုပ်ဖော်တစ်ယောက်က ပေးလာတဲ့ လင့်ခ်ကနေ ရလာတဲ့ စိတ်လှုပ်ရှားမှုပါ။ ပုံတွေက အရမ်းကောင်းပြီး အသက်ဝင်တယ်၊ အထူးသဖြင့် လူပုံတွေမှာ အရိုက်ခံရသူနဲ့ ရိုက်သူနဲ့ မျက်လုံးချင်း အမူအယာချင်း အပေးအယူ လုပ်နေတယ်လို့ ခံစားရတယ်၊ ကြည့်ပါ၊ တပုံမကျန်ကြည့်ပါ။
http://www.flickr.com/photos/phoenixvision/sets/72157626112207599/show/
သူ့လက်ရာတွေကို အောက်ကလင့်ခ်မှာလည်းကြည့်နိုင်တယ်၊
http://www.moko.cc/phoenixwang/
ဒါတွေအထူးကြိုက်တယ်။
စင်္ကာပူ - အရမ်းရင်းနှီးတဲ့ နေရာတွေပဲ။
木格措 - တရုတ်ပြည် စီချွမ်ပြည်နယ်က နေရာတစ်ခု၊ ရောက်ဖူးချင်တယ်။
(၃) 3 Idiots (2009)
ရုပ်ရှင်အကြောင်း ဖြစ်သွားပြန်ပြီ၊ စိတ်မရှိပါနဲ့၊ သိပ်ကောင်းတဲ့ကားမို့ ရေးချင်စိတ် တား၍ ဆီး၍ကို မရပါ :p အမှန်တိုင်း ပြောရရင် အိန္ဒိယကား (သို့) ကုလားကားတွေကို ကျနော့် မားသားကြီး ကြိုက်သလောက် ကျနော် မကြိုက်ပါဘူး၊ ဟိုး ငယ်ငယ်တုန်းက အမီတာဘဂျမ်းကားတွေကို မားသားကြီး ခေါ်ခေါ်သွားပြလို့ ကြည့်ဖြစ်တာ၊ တီဗွီလိုင်းပြောင်းရင်း မတော်တဆ ကြည့်မိ တာတွေကလွဲလို့ ကိုယ့်အသိစိတ်နဲ့ကိုယ် စိတ်ပါလက်ပါ အစအဆုံး နှစ်နှစ်သက်သက် ကြည့်ဖြစ်တဲ့ ကုလားကားက ဒီတကားပဲ ရှိသေးတယ်၊ Slumdog ကတော့ ဟောလီးဝုဒ်ကား၊ ကျနော်ပြောတဲ့ ဘောလီးဝုဒ်ကားထဲ အကျူံးမဝင်ဘူးပေါ့လေ။ ဒီကားကတော့ ကုလားကား စစ်စစ်၊ ရေလုံးဝမရောဘူး။ ကုလားကား ဆိုတဲ့အတိုင်း နည်းနည်းရှည်တယ်၊ ဒါပေမဲ့ ရှည်တယ်လို့ကို မထင်မိဘူးဗျာ၊ ပြီးသွားမှာတောင် စိုးသေးတယ်၊ ရီစရာတွေ၊ ဆွေးစရာတွေနဲ့ ၃ နာရီနီးပါး အားရပါးရ ကြည့်ရတယ်။ ဇာတ်လမ်းက ပရိသတ်ကို မိုးပေါ်ထိ ခေါ်သွားတဲ့အပြင် သရုပ်ဆောင်တိုင်းရဲ့ အိုက်တင်တွေလည်း သိပ်ကောင်းတယ်၊ ကျောင်းအုပ်ကြီးရဲ့ အိုက်တင်ကို အထူးကြိုက်တယ်။ မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်ပါ။ ဒီကားရဲ့ အစွမ်းပကားကြောင့် တခြား ကုလားကားတွေကိုပါ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်၊ လောလောဆယ် Aamir Khan ပဲ သရုပ်ဆောင်ထားတဲ့ Ghajini နဲ့ Shah Rukh Khan သရုပ်ဆောင်တဲ့ My Name Is Khan က ပိုက်လိုင်းထဲ တန်းစီနေတယ်၊ နောက်အပတ်ထဲမှာ အပြီးဖြိုရမယ်။
3 Idiots ဇာတ်သိမ်းခန်းက အိန္ဒိယနဲ့ တရုတ်ပြည် နယ်စပ်နားက Ladakh ဆိုတဲ့နေရာမှာ ရိုက်ထားတယ်၊ ရှုခင်းလေးက အင်မတန် အင်မတန် အင်မတန် လှပါတယ်၊ ရောက်ဖူးချင်တယ်။ အင်း၊ ကုလားကားမှန်ရင် ဒွန့်တာကတော့ မပါမဖြစ်ပေါ့။

3 idiots သာ မကြည့်မိရင် ဒီလောက် ကြည့်ကောင်းတဲ့ ကုလားကားတွေကို ဒီတစ်သက် ကြည့်သွားရရှာမှာ မဟုတ်ဘူးနော်။ ကုလားကားတွေက နောက်ပိုင်း တော်တော် ကြည့်လို့ ကောင်းလာတယ်။ မင်းသားမင်းသမီးတွေလည်း ချောလာတယ်.. :D နောက်ခံရှုခင်းတွေလှတယ်.. ဇာတ်လမ်းပြီးသွားရင် တွေးစရာ တစ်ခုခု ကျန်ခဲ့တယ်။ ရုံမှာကြည့်ရင် သုံးနာရီတောင် ကြည့်ရတာဆိုတော့ တန်လည်းတန်တယ်.. Gajini နဲ့ My name is Khan ပြီးရင် Amir Khan ကား Taare Zameen Par ရယ် Fanaa ရယ် Dobhi Ghat ရယ်ကြည့်.. သူ့ကို ရှာရွတ်ခန်းထက် ပိုကြိုက်တယ်..
ReplyDeleteဓါတ် ပုံ တွေ က တော့ McCurry အဆင် တွေ နဲ့ တူ သလို ပါ လား ။ ကျေး ဇူး ။
ReplyDeletehttp://www.stevemccurry.com/main.php
ReplyDelete:)
Thank you for sharing the photo links. Very nice!
ReplyDeleteEarthquake? Still spooked as I felt the tremor that very night!!!
ReplyDeletePictures? AWESOME!!!
3 idiots? Hilarious!!!
ရှာရွန်ခမ်းရဲ့ Veer-Zaara ကားကိုလည်း ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်..း)
ReplyDeletephotos are very dreamy especially scenes of U Pein bridge
ReplyDeleteကုလားမလေးနဲ့ကုလားလေးကတာ ကြာ့်ပြီး ကိုယ်ပါလိုက်ကလိုက်ရလို့
ReplyDeleteဖတ်ဖတ်ကိုမောသွားတာပဲ..ကုလားသီချင်းနဲ့ အကတွေတော့ တကယ်ကြိုက်သဗျား
3 idiots ကြည့်ပြီးပြီ။ တကယ်ကောင်းတယ်။
ReplyDelete99.. Veer-Zaara ကို ကြည့်ဖြစ်အောင်ကြည့်မယ်၊ ပြီးမှ ရီဗျူးဖြစ်ဖြစ် လာရေးအုံးမယ်။
ReplyDeleteကျောက်ရွတ်ခန်.. ဖြစ်နိုင်ရင် ယူတွတ်မှာဗီဒီယိုဖိုင်တင်ပေးပါ၊ ပိတ်သတ်ကြီး တခဲနက် တောင်းဆိုပါတယ်။
ကဒီဘီ.. ပြောသားပဲ.. ဟင်း..
သဉ္ဖာ.. Amir Khan က တချို့ရှုထောင့်ကကြည့်ရင် Jude Law နဲ့တူတယ်၊ ရှရွတ်ထက်ပိုကြိုက်တယ်။
ReplyDeleteတို့ကတော့ရှလွတ်ဘဲ။
ReplyDeleteTZA ကိုတော့ ရွှတ်တယ်။
ReplyDeleteခါတိုင်းလည်း မဆက်သွယ်တော့ ဖုန်းနံပါတ်တွေ ဘာတွေ မရှိဘူးလေ၊...
ReplyDeleteအင်း သေချာပြီ.. ရီးစားဟောင်းတွေပဲနေမယ်။
း)
mm