Search This Blog

Loading...

22 July 2011

♠ Honesty

စိတ်ပျက်တယ်။ ရှက်ဖို့ကောင်းတဲ့ အကျင့်တွေကို ဖျောက်သင့်ပါပြီ။

"Image copyrighted by Otto de Voogd and 3 unknown photographers"

စိတ်ဝင်စားရင် ဒီမှာ သွားဖတ်ပါ။

Related Posts:
Copyright or Copy is Right? by HTZ
C-O-P-Y ကိုယ်ပိုင် by Lionslayer
Copyright by Saturngod

54 comments:

  1. Honesty is the best policy တဲ့ ကိုတီရေ။ ဇာတ်စုံသိရဖို့ လင့်ခ်တွေ လိုက်ဖတ်ရင်း ဖတ်ရင်းနဲ့ ၁နာရီတောင် ထိုးခါနီးဖြစ်သွားတယ်။
    ကိုတီ့လိုပဲ ဇွန်လည်း အစပိုင်းက သူ့ဘလော့ဂ်ကို ၀င်ဖတ်ကြည့်သေးတယ်။ နောက်ပိုင်း ဖတ်ပြီးရင် ဒေါသဖြစ်စရာ၊ စိတ်ထဲ ဘ၀မကျတာလေးတွေ ဖြစ်လာလို့ သွားမဖတ်ဖြစ်တာ တော်တော်ကြာပြီ။ ခုမှပဲ အကြောင်းစုံသိရအောင် သွားဖတ်တာ။
    “ယိုသူမရှက် မြင်သူရှက်” လို့ပဲ ဆိုချင်ပါတယ်။း(
    ဟူးးးး..... သက်ပြင်းရှည်တစ်ချက် ချသွား....

    ReplyDelete
  2. လူတစ်ယောက်က အဲဒီဘလော့ကို သွားဖတ်ကြည့်ပါလို့ ညွန်းတယ်။
    တစ်ခုနှစ်ခုဖတ်ပြီး ဦးနှောက်နဲ့လိုက်မမီလို့လား.. အသိဉာဏ်မရင့်ကျက်သေးလို့လား မသိဘူး သွားမဖတ်ဖြစ်တော့ဘူး။
း(

    ReplyDelete
  3. စိတ်ပျက်စရာပဲ...၊ ကော်ပီရိုက်တွေ ဘာတွေ မပြောနဲ့၊ ကိုယ်ချင်းစာတတ်တဲ့စိတ်ကလေး ရှိရင်ပဲ သူများဟာ ကိုယ့်ဟာ လုပ်မယ် မထင်ဘူး။ လုပ်မိရင်လည်း ဝန်ခံပြီး ပြေလည်အောင် ပြောဆို ညှိနှိုင်းသင့်တယ်...

    ReplyDelete
  4. 48ဘတ်စ်ကားကိုတောင် ကိုယ့်ဟာကိုယ်မရိုက်နိုင်ဘူးလားဟင်..

    ReplyDelete
  5. ပြောနေကြတာတွေမြင်ရတာ အဲဒီဘလော့မှာရေးထားတဲ့ အကြောင်းအရာ တွေကို အနှစ်သာရမြင်အောင် သေချာဖတ်ဖူးကြသေးပုံမပေါ်ဘူး။ အဲဒီဘလော့မှာရေးထားတာတွေဟာ လပေါ်သရေ ဟေးလားဝါးလားနဲ့ ပေါ့ပေါ့ပါးပါး စိတ်ကူးယဉ်အတွေးတွေလောက်မဟုတ်ဘူး။ မြန်မာ့လူ့အသိုင်းအ၀ိုင်း အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ စိတ်ဓါတ်ဆိုး၊ အကျင့်ဆိုး၊ ကမ္ဘာ့လူ့အဖွဲ့စည်းစံချိန်နဲ့ လွဲနေတာတွေကို သူ့ကိုယ်ပိုင်ဟန်တခုနဲ့ သူတင်ပြနေတာတွေလို့ ကျနော်ဖတ်ဖူးသလောက်ထဲကနေ နားလည်မိတယ်။ အနည်းငယ် မြည်းစမ်းရုံမျှဖတ်မိပြီး မနှစ်မြို့ဘူးလို့ ခံစားမိသူတွေဟာ အဓိကကတော့ အဲဒီဘလော့ရေးသူရဲ့ တင်ပြပုံမှာ Humble မဖြစ်တာကြောင့်ဖြစ်မယ်လို့ထင်တယ်။ ဒါပေမယ့်ကျုပ်ကိုယ်တိုင်လဲ စွဲစွဲမြဲမြဲဖတ်ပြီး နှစ်သက်သူတွေထဲပါလို့တော့ မဟုတ်ဘူး။ အချို့အမြင်တွေမှာ တိုက်ဆိုင်တာတွေရှိနေလို့ အသိအမှတ်ပြုတာသာဖြစ်တယ်။
    အခုပုံကိစ္စကတော့ ဒါအပေါ်က တစ်ယောက်စွပ်စွဲထားသလို ကိုယ်ချင်းစာတရားမရှိပဲ ပေါ်တင်ကြီးသူများပစ္စည်းကို သူ့ဟာပါလို့ အစကတည်းက သူပြောနေတာမဟုတ်ဘူး (တခုပဲ ရှိတယ် မူရင်းပိုင်ရှင်က ပုံကိုလွတ်လပ်စွာ သုံးခွင့်ပြုထားတာကို အဲဒီဘလော့ပိုင်ရှင်က ပြန်လည်ဖန်တီးထားတဲ့ အဲဒီပုံကို သူ့ကော်ပီရိုက် တံဆိပ်တပ်ထားတာက လူပြောစရာဖြစ်သွားတယ်)။
    အစကတည်းက သူရိုက်တဲ့ ပုံမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောထားတာဖြစ်တယ်။ သူ့လိုအပ်ချက်က ပိုင်ရှင်အစစ်က လာပြောတဲ့ အချိန်မှာ ရှည်ရှည်ဝေးဝေး ကော်ပီရိုက်ကိစ္စတွေ ငြင်းခုန်မနေပဲ။ ဟုတ်လား Thank you ပဲဆိုပြီး acknowledge လုပ်ပေးလိုက်ရင် ပြီးသွားမယ့် ကိစ္စကို ဘယ်အပိုင်းအထိက ကော်ပီရိုက်မှာ ဘယ်လိုဆိုထားတယ် ဘာညာ လေရှည်နေလို့သာ ဖြစ်တယ်။ အဲဒီဘလော့ဖက်က ကာကွယ်နေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဝေဖန်ချင်ရင်တော့ ကိုယ်တိုင်က သူ့လို ကိုယ်ပိုင်အမြင်အတွေးအခေါ်တွေ ဘယ်လောက်တင်ပြပြီးပြီလဲ၊ သူများရေးထားတာတွေကိုပဲ ဘာသာလေးပြန်ပြနေတာလား၊ ကိုယ်တိုင်က လူတွေကြား အမြစ်ခိုင်နေတဲ့ အမြင်တွေကို ဘယ်လောက်များ သတ္တိရှိရှိနဲ့ ဆန့်ကျင်ပြီးဖြစ်သင့်တာကို ရေးသားရဲသလဲ စတာတွေနဲ့ ကိုယ့်ကိုယ်ကို အရင်ပြန်တိုင်းသင့်တယ်။

    ReplyDelete
  6. Nanda..

    1. “ပေါ်တင်ကြီးသူများပစ္စည်းကို သူ့ဟာပါလို့ အစကတည်းက သူပြောနေတာမဟုတ်ဘူး..”

    ဟုတ်ပါတယ်၊ အဲသလိုကြီးကို ပြောခဲ့လို့ မူရင်းပုံပိုင်ရှင်ဖက်က ခံပြင်းတာပါ။ နောက်မှ သူငယ်ချင်းဆီကယူတယ်လို့ ပြောင်းပြောတာပါ၊ နောက်ဆုံး ပိုင်ရှင်ဆီက ယူတော့ရော၊ ဘာဖြစ်သေးလဲ ဆိုတဲ့လေသံ ထွက်လာပါတယ်။

    2. “မူရင်းပိုင်ရှင်က ပုံကိုလွတ်လပ်စွာ သုံးခွင့်ပြုထားတာကို အဲဒီဘလော့ပိုင်ရှင်က ပြန်လည်ဖန်တီးထားတဲ့...”

    မူရင်းပိုင်ရှင်က လွတ်လပ်စွာ သုံးခွင့်ပေးတယ်ဆိုတာ ဘယ်မှာတွေ့မိပါသလဲ၊ ပိုင်ရှင်က ယူသုံးသူဆီကနေ ဖြေရှင်းချက်မရတဲ့အဆုံးမှာမှ သူ့မူရင်းပုံရဲ့ လိုင်စင်ကိုပဲ သူကိုယ်တိုင်ပြောင်းပစ်ရတာပါ၊ တကယ်တမ်း ဖြစ်သင့်တာက ယူသုံးသူက ပြင်ရမှာပါ (အောက်ကစာတွေကို ဖတ်မိမှာပါ)။

    Source: https://plus.google.com/114983097367885832270/posts/frtyLcebWSd#114983097367885832270/posts/frtyLcebWSd

    That leaves me no choice but to correct his mistake and release the image under the proper license.

    In as far as the bus is concerned the situation is clear, I permit use of the original picture under a license similar to cc-by-sa (Creative Commons - Attribution - Share Alike), for simplicity sake, we'll treat it as cc-by-sa since the difference is of no consequence in this case. Therefore the altered image of the bus is also available under cc-by-sa.
    --
    ဦးတည်ချက်သာ မှန်ပါစေ၊ ကိုယ့်အမြင်ကို ကိုယ်တင်ပြတာ လက်ခံလို့ရပါတယ်၊ ခုလို ကိုယ်မှားတာတောင် ဝန်မခံနိုင်တဲ့ စိတ်ဓာတ်အခံနဲ့ လူတစ်ယောက်ကို ကျမ်းစာမကလို့ ဘယ်လိုစာမျိုးပဲ ရေးထားပါစေ၊ မှန်တယ်လို့ကို မမြင်ပါဘူးခင်များ။

    သူ့စာတွေထဲမှာ ကောင်းတာရှိမယ်၊ မကောင်းတာရှိမယ်၊ ဖတ်တဲ့သူနဲ့ပဲ ဆိုင်ပါတယ်၊ သူမှန်တယ်လို့ပဲ ဆက်ထင်နေရင်လည်း ဘာမှမတတ်နိုင်ပါဘူး၊ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဖြစ်မှာစိုးလို့ အလိုမကျတာတွေ ဆက်မရေးချင်တော့ပါဘူး။

    ReplyDelete
  7.ွှTZA

    1. အတွက် အဲဒီလို သူများဓါတ်ပုံကို သူ့ပုံပါလို့ ပြောတဲ့စကားကို ကျနော်မတွေ့မိပါ။ အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ အဲဒီ ဗျူးတီးဖူးလ် မြန်မာ (၁) ဆိုတဲ့ ပို့စ်အပါအ၀င် ဓါတ်ပုံပိုင်ရှင်နဲ့ အပြန်အလှန်ရေးတဲ့စာတွေ၊ မူပိုင်ခွင့်အကြောင်း ဆက်ပြောနေကြတဲ့ ပို့စ်တွေမှာ TZA ပြောသလိုမျိုး သူပြောထားတာ မတွေ့မိပါ။ မျက်စိလျှမ်းလို့ မတွေ့တာလဲဖြစ်နိုင်ပါတယ်။ တကယ် အဲလိုသာမှန်ရင် (ကိုယ်တိုင်လဲတွေ့ခဲ့ရင်) ကျနော်လဲ TZA မှတ်ယူသလို မှတ်ယူရုံပါပဲ။

    2. ကိုယ်မကျွမ်းကျင်တဲ့ Copy right အကြောင်းတော့ မဆွေးနွေးချင်ပါ။ ဒါပေမယ့် မူရင်းပိုင်ရှင်ရေးထားတာတွေကနေ ကျုပ်နားလည်ရတာကတော့ သူဟာ သူ့ဓါတ်ပုံတွေကို လွတ်လပ်စွာသုံးခွင့်ပေးထားပါတယ်။ တခုပဲ . သူ့ကို attribute လုပ်ဖို့နဲ့ ဖန်တီးထားတဲ့လက်ရာကို သူ့လိုပဲ လွတ်လပ်စွာသုံးခွင့်ပြန်ပေးဖို့ပါပဲ။ ဒါ အလွန်မျှတတဲ့ သဘောထားပါ။ အငြင်းပွားဖွယ်မရှိပါ။ ကျုပ်ရဲ့ အမြင်အရက ဒီလိုမျှတတဲ့ အမြင်ကို (သူ့စံ၊ သူ့မူအရ )မလိုက်လျောပေးနိုင်တဲ့ ခေါင်းမာတဲ့ ဘလော့ပိုင်ရှင်ကို မှန်တယ်လို့မမြင်သလို၊ သူများပစ္စည်း အတည်ပေါက်ခိုးယူသူလို့လဲ မမြင်ပါဘူး။

    စာဖတ်သူတစ်ယောက်အနေနဲ့ကတော့ ကိုယ်က စာရေးသူမှန်တယ်မှားတယ်ကို သတ်မှတ်ပြီးဖတ်တာမဟုတ်ပဲ၊ ကိုယ်လိုချင်တာ ဘယ်လောက်ပေးနိုင်သလဲ၊ healthy, fresh and breakthrough view တွေ အရသာတွေ ဘယ်လောက်ပေးနိုင်သလဲ ဆိုတဲ့စံနဲ့ပဲဖတ်ပါတယ်။ TZA ဆီမှာလဲ ကျုပ်လိုချင်တဲ့ ပေါ့ပါးသွက်လက်တဲ့ အမြင်၊ ဟဒယ နဲ့ သုတ မျှတဲ့ ပို့စ်တွေ ရှိလို့ လာဖတ်တယ်။ ကျန်တဲ့ ဟီးဟီးဟားဟား ကလေးကလား ကွန်မန့်အများစုကိုတော့ မျက်စေ့နောက်လို့ ကျော်ဖတ်တယ်၊ အတည်အတံ့တွေကို သေချာဖတ်တယ်။ ဒီလောက်ပါပဲ။

    ReplyDelete
  8. To nanda, http://www.aung.info/?page_id=2276 လောလောဆယ်မှာ ကိုယ့်ဆီကလည်း ခိုးယူသွားသေးတယ်… ကိုယ့်လည်း လာပြန်ပြီး ခိုးထား သလိုလို လုပ်နေလို့သာ တုန့်ပြန် ဖြစ်သွား တာပါ။

    ReplyDelete
  9. ဇွန်မိုးစက်, ချစ်ကြည်အေး, နိုင်းနိုင်းစနေ
    Blogger အချင်းချင်း မနာလိုမဖြစ်ပါနဲ့။ စာဖတ်သူပရိတ်သတ် တဦးအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အကိုတို့ အမတို့လည်း Aung.info လို အကြောင်းအရာတွေကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တင်ပြပေးပါလား။ Aung.info က သူ့ရဲ့ ကိုယ်ပိုင်အမြင်အတွေးအခေါ်တွေကို အရိုးစွဲမြန်မာ(အများစုနော်) အုပ်စုအကြား ရဲရဲရင့်ရင့် ဖော်ပြနေတဲ့လူတယောက်ပါ။ ခေါင်းမာတတ်တာတချို့ကလွဲလို့ပေါ့ဗျား :)။ welcome လုပ်သင့်ပါတယ်။ ဘာလဲ..blogger တွေကြားထဲ သူက hi..hello မလုပ်လို့လား။ Blogger ချင်းချင်း ခင်လိုက်ပါဗျား။ :) C'mon.

    ReplyDelete
  10. အိုင်ဆေး.. ဒီတစ်ခါ ရန်ကုန်ပြန်ရင် အဲဒီကားပုံမျိုး ကျွန်တော် ကောင်းကောင်းရိုက်လာပေးနိုင်ပါဒယ်, :P Cheers!

    ReplyDelete
  11. ကျနော်ကတော့ကလေးကလား ကွန်မန့်တွေကိုကြိုက်တယ်
    ကိုယ်တိုင်က သူတို့နဲ့အဆက်အသွယ်မရှိပေမယ့်
    သူတို့တွေရဲ့ ပေါ့ပေါ့ပါးပါးနောက်ပြောတဲ့ ကွန်မန့်တွေကို
    စိတ်ဝင်စားတယ်

    ReplyDelete
  12. (ကို)ဖိုးတုတ်..

    ဒီကိစ္စနဲ့ပတ်သက်ပြီး ပုံပိုင်ရှင်ဖက်က ပြောနေကြတဲ့သူတွေဟာ ဘလော့ဂ်ပိုင်ရှင်ကို မနာလိုဖြစ်လို့ပြောနေတာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်၊ ဘာမှလည်း မနာလိုဖြစ်စရာမရှိပါဘူး၊ ပို့စ်များတာကို မနာလိုဖြစ်ရမလား၊ လူများတာကို မနာလိုဖြစ်ရမလား၊ ဘာကိုဖြစ်ရမလဲ မသိပါဘူး။

    စာဖတ်လို့ ဘာရသလဲ ဆိုတာက ယူသူနဲ့ ဆိုင်ပါတယ်၊ လူတစ်ယောက် ရေးတဲ့စာကို ကိုယ့်ရဲ့ အချိန်တွေ၊ အာရုံတွေနဲ့ အပေးအယူလုပ်ပြီး ဖတ်လိုက်ပြီဆိုတာနဲ့ တနည်းနည်းနဲ့တော့ တခုခုရလိုက်တာချည်းပဲ၊ အနည်းဆုံး ဩော်၊ ငါဘာမှမရလိုက်ပါလား ဆိုတဲ့ အသိတရားတော့ ရမှာပဲ။ စာရေးသူက အပေါ်ကနေ ရေတွေသွန်ချတယ်၊ စာဖတ်သူက အောက်ကနေ ခွက်နဲ့ခံတယ်၊ ခွက်ကြီးတဲ့သူ များများရမယ်၊ ခွက်သေးတဲ့သူ နည်းနည်းရမယ်၊ ခွက်မပါတဲ့သူ ဘာမှမရဘူး။ အဲ၊ ခွက်ကြီး ခွက်သေးတွေထက် ပိုအရေးကြီးတာက သွန်တဲ့သူက ရေကောင်း ရေသန့်တွေ သွန်ဖို့ပါပဲ။

    ရည်ရွယ်ချက်ကောင်းပြီး တဖက်သားလက်ခံနိုင်အောင် မတူတဲ့အမြင်ကို မတူတဲ့ ရှုထောင့်ကနေ ချပြနိုင်ရင် လေးစားဖို့ကောင်းပါတယ်၊ ချပြတယ်ဆိုတာ စာရေးသူပေးချင်တဲ့ မက်ဆေ့ခ်ျကို ဖတ်တဲ့သူက ဒက်ခနဲ ရသွားတာကို ပြောတာပါ၊ ဝေ့လည်ကြောင်ပတ် မဖြစ်သင့်ပါဘူး။ တဖက်သားလက်ခံတယ် ဆိုတာကလည်း အပြန်အလှန် အကျိုးသင့် အကြောင်းသင့် ဆွေးနွေးမယ်၊ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ပြီး ကိုယ်မှန်ရင်မှန်တယ်၊ မှားရင်မှားတယ် ဆိုတဲ့ တိတိကျကျ အနေအထားတခု ရောက်သွားတာကို ပြောတာပါ၊ တဝက်တန်းလန်း ပစ်ထားတာတို့၊ ကိုယ့်ပြန်မဖြေနိုင်တာကို ဖျက်ပစ်တာတို့၊ ကိုယ့်နဲ့အမြင်မတူတဲ့သူတွေကို တိရစ္ဆာန်နဲ့နှိုင်းတာမျိုးက မဖြစ်သင့်ပါဘူး။ (ကျနော်ကတော့ အဲလိုပဲ ခံယူထားပါတယ်)

    ဥပမာတခုပြောချင်ပါတယ်။ မြန်မာလေဆိပ်မှာ ပိုက်ဆံပေးခိုင်းရင် အလေးတောင်ပြုတယ် ဆိုတဲ့အကြောင်း တမင်သက်သက် ချပြစရာမလိုပါဘူး၊ လူတိုင်းသိပါတယ်။ ဒီလို အရမ်းသိသာတဲ့ ကိစ္စမျိုးကို မီးခိုးရောင်နယ်မြေထဲမှာပဲ ရေးနေတော့ ပေးချင်တဲ့ မက်ဆေ့ခ်ျက ဘာလဲ ဆိုတာ မေးစရာမဖြစ်ဘူးလား။ စာဖတ်သူကို အဲဒီအကျင့်ပျက်မျိုးတွေ ရွံမုန်းလာအောင် ပေးနိုင်ရမယ့် စာတစ်ပုဒ်က အဆုံးမှာတော့ စာရေးသူလို မဟုတ်တဲ့နေရာမှာ ပိုက်ဆံဖြုန်းတာကိုပဲ လေးစားရမလိုလို၊ အားကျရမလိုလို၊ အဖြူဆိုအဖြူ၊ အမည်းဆိုအမည်း ရှင်းနေရမယ့်ကိစ္စက မီးခိုးရောင်ဖြစ်နေတယ်။ စာဖတ်သူက မရှင်းဘူး၊ ပြန်ရှင်းပြပါလို့ မေးနေရရင် လိုရင်းတစ်ခုကို ရဲရဲရင့်ရင့် ဖော်ပြတယ်လို့ ပြောနိုင်ပါ့မလား။

    ReplyDelete
  13. I am the regular reader of most of the Myanmar blogs. I started reading Myanmar blogs a few years ago, and I subscribed blogs like Aung, TZA, ...etc from Google reader.
    I admitted that I liked some of his posts previously. But the more I read, I got a feel of that blogger (Aung)is not sincere/honest. He cast himself as a real gentleman, but I feel from his writing something is missing...
    Now is the time, he appeared the real himself. OMG, he is the one who is posting ethical issue on Burmese, and he did something like this...
    It is totally disgraceful behavior

    ReplyDelete
  14. ခွိခွိ... comments တွေမှာ မျက်နှာစာအုပ်လို like/unlike လုပ်လို့ရတာလေးပါရင်သိပ်ကောင်းမယ်.. ဒါမှမဟုတ် funnyတို့ဘာတို့မျိုး ထည့်ပါလား.. TZA ကိုအကြံပေးတာပါ.. တချို့တချို့လူတွေဂေါက်တာက ရယ်ချင်စရာကောင်းလွန်းလို့ လောကကြီးကိုတော်တော်မကျေနပ်နေပုံရတယ်

    ReplyDelete
  15. “ပြောနေတဲ့သူတွေရဲ့ သဘောထားတွေက ဘေးလူအနေနဲ့တော့ အထင်သေးမိတယ် သေချာတာတခုကတော့ သောက်မြင်ကပ်ပုဒ်မတတ်ရင် ဘာမှ မစဉ်းစား မဆင်ခြင်ပဲ...
    ... ... ...
    ...အလောင်းတော်လောက် ဝိသာခါလောက် မြင့်မြတ်သန့်စင်ကြောင်း လှည့်ပတ်ကြွားနေကြတာပါ...”

    ဒီကော်မန့်အပြည့်အစုံက အီးမေးလ်ထဲရောက်ပါတယ်၊ ဒါပေမဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ ပို့စ်မှာ ပေါ်မလာဘူးဗျ၊ ကျနော်ဖျက်လိုက်တယ် ထင်မှာစိုးလို့ ရေးလိုက်တာပါ၊ ရေးသွားသူက တောင်းဆိုရင် ကျနော်ကော်ပီကူးပြီး ပြန်တင်ပေးပါမယ်။

    ReplyDelete
  16. ကိုဖိုးတုတ်
    Blogger အချင်းချင်းမနာလိုမဖြစ်ကြနဲ့ ဆိုတဲ့စကား က Blogger အချင်းချင်း ရန်တိုက်ပေးနေသလိုပဲ။ အခုပြောနေ ကြတဲ့ အကြောင်းကလဲ
ှဗိုက်ပူကားပုံ ကို Aung ဆိုတဲ့လူကယူသုံးထားတာ မူရင်းပိုင်ရှင်ဖြစ်တဲ့ Otto de Voogd ကသိပြီး ဖြစ်ကြတဲ့ ပြသနာ။ Aung ဆိုတဲ့က ၀န်မခံ တဲ့အပြင် ပုံကို သူငယ်ချင်းကရတာပါ။ internet က ရတာပါ အမျိုးမျိုးပြောပြီး နောက်ဆုံးတော့ မင်းဆီက ယူတော့ရော ဘာလုပ်ချင် လဲ ဆိုတဲ့အပေါက်မျိုးပြောလာတယ်။ ကျွှန်တော်လဲ သူ့ စာကို ဖတ်နေကြ အခုကိစ္စ က Aung ဘက်က အစကတည်းက သြော် ပာုတ်လား ကျွှန်တော်က သူငယ်ချင်းဆီ က ရလို့ ယူသုံးလိုက်တာပါ။ ပုံမှာပါတဲ့ All right reserved ကို ဖြုတ်လိုက်ပါမယ်ဆိုပြီးနေပြီ။ အခု သူ့ အပြုအမူ က သူရေးနေကြ စာနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ကိုဖိုးတုတ် အနေနဲ့ အကြောင်းစုံ သိအောင်လုပ် ပြီးမှ တစ်ခုခုရေးရင်ကောင်းမယ်။ Aung ဆိုတဲ့လူကလည်း သူ့ သားအသက်လောက်ပဲ ရှိမဲ့ Htoo Tay Zar ရေးတဲ့ Copyright or Copy is Right? ဆိုတဲ့ ပိုစ့်ကိုဖတ်ပြီး မြန်မာတွေအရိုးဆွဲနေတဲ့ဖင် ပိတ်ငြင်းတတ်တဲ့ အကျင့်ကို ပြင်နိုင်ပါစေ။

    ReplyDelete
  17. I am the one who loves to read Burmese blogs because I am a Burmese. I' ve just read his 'shameless copy is right post'. Not suprised he is stubad brilliant in depicting his disgusting charater & personality vividly in his Rangoon trip, and stealing the other's work as his. As I sense the tone in his writing style, Aung, who encouraged and will keep on encouraging corruption, himself is satisfied on his disgraceful acts and critized on Burmese people indirectly. But keep encouraging him cos he still a Burmese, otherwise he himself takes the other English name and comments on his own blog to prove Burmese people are blur blur blur.. using English name. :D As long as he is using Burmese language and targeting Burmese living style, he can never pick himself up under Burmese heaps tho. To be honest I am like the others I had just read two post of him and never go back to his blogs as I disgust his writing style may be as he said we, Burmese, are not educated & intelligent enough to read his post.

    ReplyDelete
  18. TZA ရေ...
    ကျနော်လည်း blogs တော်တော်များများကိုဖတ်ဖြစ်ပါတယ်။
    မန့်တော့ မမန့်ဖြစ်ပါဘူး။ သူ့ရဲ့posts တွေကိုလည်းဖတ်ဖြစ်တယ်..... ဒါပေမဲ့ သူ့ရဲ့ beautiful Myanmar ကိုဖတ်ပြီး ဘယ်လိုမှ မခံစားနိုင်လို့သွားမန့်ဖြစ်တယ်။ လူဆိုတာ အပြောနဲ့အလုပ်ညီဖို့အရေးကြီးတာပ်ပဲဗျာ။
    တီဇက်အေက သူ့ပုံကြီးယူတင်ထားတာ သူက သူရဲ့အကျိုးတော်ဆောင်ကိုပြောလိုက်ရင် တရားစွဲခံနေရအုံးမယ်ဗျို့။ :)

    ကေတီ

    ReplyDelete
  19. @Nanda & phoe tote .... ခင်ဗျားတို့ကို သနားလိုက်တာနော် ..... မြင်းကမလှုတ်ခုံကလှုတ် .. အိုးကမပူ စလောင်းကပူ .. ဆိုတဲ့စကားပုံတွေကိုသာသတိယမိပါတယ် ... ဘာပဲပြောပြော Aung.info ရေးတဲ့စာတွေအရ သူ့စိတ်ဓါတ်ကိုလုံးဝမကြိုက်ပါ .... ပိုစ့်တော်တော်များများကိုဖတ်ပြီးချိန်မှာ အတော်ကိုစိတ်ပျက်မိသွားသော ကြောင့် လုံးဝ လုံးဝ သွားရောက်ဖတ်ရှု့ခြင်းမပြုတော့ပါ .......

    ReplyDelete
  20. To Anonymous July 25, 2011 10:34 AM
    ငှင်းငှင်း။ ဒါဆိုခင်ဗျားနဲ့ကျနော်အတူတူပဲ။ မြင်းကမလှုတ်ခုံကလှုတ် .. အိုးကမပူ စလောင်းကပူ။ Aung.info နဲ့ Otto de Voogd အရေးကို ခင်ဗျားတို့က ဝင်ရှုပ်နေကြတာလို့ပဲမြင်တယ်။ :P .
    btw, "မြန်မာလေဆိပ်မှာ ပိုက်ဆံပေးခိုင်းရင် အလေးတောင်ပြုတယ် ဆိုတဲ့အကြောင်း" အဲတာ ကျနော်က ကိုတီတို့နဲ့ တသဘောထဲပါ။ ဒါပေမဲ့..မြန်မာတွေ ဝိုင်းအုံပီး အမြင်ကပ်ပုဒ်မနဲ့ ဝိုင်းဆော်နေကြတာကိုတော့ မနှစ်သက်တာ အမှန်ပါ။

    ReplyDelete
  21. လူပဲဗျား အမှားဘယ်ကင်းနိုင်ပါ့မလဲ။

    ReplyDelete
  22. တကယ်ဆွေးနွေးသင့်တဲ့ နေရာမှာ ဆွေးနွေးတာ မတွေ့လို့ ကျနော် ဆက်ရေးလိုက်ပါမယ်။ လူပုဂ္ဂိုလ် ဘယ်သူဘယ်ဝါကို ပုတ်ခတ်နေတာ မဟုတ်ဘူး၊ ဒီအဖြစ်အပျက် အကြောင်းအရာကိုပဲ ပြောချင်တာပါ။

    မူပိုင်ခွင့်ကိစ္စနဲ့ ပြဿနာဖြေရှင်းတဲ့ကိစ္စနဲ့ ခွဲကြည့်ရမယ်ဗျ။ ပြီးတော့ ဆွမ်းကြီးလောင်းတာနဲ့ ကိုယ့်ရပ်တည်ချက်ကို ဖော်ပြတာနဲ့လည်း ခွဲကြည့်ရမယ်ဗျ။

    (၁) မူပိုင်ခွင့်ကိစ္စ

    အခုကိစ္စမှာ ဒီဟာက တကယ့်ပြဿနာ မဟုတ်ဘူးဗျ၊ လူတိုင်းမှားနိုင်တာပဲ၊ ကျနော်လည်း သူများပုံယူသုံးဖူး၊ ယူပြင်ဖူးတာပဲ။ တခြားသူ ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုကို ပိုင်ရှင်ဆီက အခွင့်တောင်းပြီးမှ ယူသုံးရမယ်ဆိုတာ သိပေမယ့် ပိုင်ရှင်က ဘယ်သူဘယ်ဝါမှန်း မသိတဲ့အခါ အခွင့်တောင်းလို့ မရနိုင်ပါဘူး၊ စီးပွားဖြစ်လည်း မဟုတ်၊ သူများပုံကို ပြင်ပြီး ကိုယ့်အပိုင်ပါလို့လည်း ပြောတာမဟုတ်တော့ ဒီလောက်ကြီး serious လုပ်မနေပါဘူး (ဒါတောင် သူများပုံယူပြီး ပြင်လိုက်တဲ့ပုံကို flickr မှာ default ကော်ပီရိုက် setting ကို မပြင်ဘဲ တင်လိုက်ရင်တော့ ဒါလည်း မမှန်ဘူးလို့ ပြောနိုင်တာပဲ)။ နောက်တချက်က ဒါတွေကို လေးစားလိုက်နာချင်ပါတယ် ဆိုဦးတော့၊ ကော်ပီရိုက်အကြောင်း ခရေစေ့တွင်းကျ မသိနားမလည်ရင် ဘယ့်နှယ်လုပ် လိုက်နာနိုင်မလဲ၊ ဒါနဲ့ ထမင်းစားနေတဲ့သူ မဟုတ်တဲ့အခါ အချိန်အများကြီးပေးပြီး မလေ့လာနိုင်တဲ့အခါ၊ မှားသွားတာမျိုး ဖြစ်နိုင်ပါတယ်၊ သို့ပေမယ့် အဲသလို ပြင်ထားတဲ့ပုံကို မူပိုင်ခွင့် ကန့်သတ်လိုက်တော့ မူရင်းပုံပိုင်ရှင်တွေ ဘယ်လိုလုပ်မလဲ။ ဒါကတပိုင်း။

    (၂) ပြဿနာဖြေရှင်းတဲ့ပုံစံ

    ဒါကမှ ဒီကိစ္စရဲ့ အဓိကတရားခံပါ။ အပေါ်မှာ ရေးခဲ့သလိုပဲ သူများပုံ ယူသုံးမိတာ ဘာဖြစ်သေးလဲ၊ ကိုယ်လည်း ပျော်စေပြက်စေ အများသူငါ ကြည့်လို့ရအောင် တင်လိုက်တာပဲ၊ မူပိုင်ခွင့်ကိုတော့ မတော်တဆ ထည့်မိသွားတယ် ဆိုပါစို့၊ ပိုင်ရှင်လည်း မသိဘူးဆိုပါစို့၊ ဘယ်သူမှလည်း မသိတော့ ဒီမှာတင် ပြီးသွားပါပြီ။ သို့သော် ခုဟာက ပိုင်ရှင်ကိုယ်တိုင် သူ့ပုံပါလို့ လာပြောနေပြီ၊ ကဲ၊ ဘယ်လိုဖြေရှင်းမလဲ။ ဒီမေးခွန်းက မခက်ဘူးထင်ပါတယ်၊ ပုံပိုင်ရှင်ဖြစ်ကြောင်း သေချာအောင် မေးမြန်းမယ်၊ တကယ်ဟုတ်နေရင် ဩော်၊ မသိလို့ သုံးမိပါတယ်ပေါ့၊ ပုံပိုင်ရှင်က ပေးမသုံးတာလည်း မဟုတ်ဘူး၊ မူပိုင်ခွင့်ကို ပြောင်းခိုင်းတာပဲရှိတယ်၊ ဒါဘာခက်လဲဗျာ။ သိတဲ့အတိုင်း တကယ့်ပြဿနာက ဒီမှာ စ တာပဲဗျ။ အင်မတန် အံ့ဩစရာကောင်းတဲ့ ပုံစံမျိုးနဲ့ ငြင်းပြသွား၊ ဖြေရှင်းပြသွားတာ အားလုံးအမြင်ပဲ၊ ပြန်ပြောမနေတော့ပါဘူး။ ကျနော့်ပို့စ် ခေါင်းစဉ်ကို ရိုးသားမှု လို့ ပေးထားတာ အဲဒါကြောင့်ပါပဲ၊ ကော်ပီရိုက်ကိစ္စက အနည်းဆုံး ကျနော့်အတွက် ပြဿနာမဟုတ်ပါဘူး။

    (Your HTML cannot be accepted: Must be at most 4,096 characters ဆိုလို့ ကော်မန့်ကို ၂ ခုခွဲတင်လိုက်ရပါတယ်)

    ReplyDelete
  23. (၃) ဆွမ်းကြီးလောင်းတဲ့ကိစ္စ

    အခုဒီကိစ္စလည်းဖြစ်ရော၊ ထောက်ခံကာကွယ်သူတွေ တဖက်၊ ကန့်ကွက်သူတွေက တဖက်၊ နှစ်ဖက်ကွဲပြီး ငြင်းခုန်ကြတယ်။ နံပါတ် ၂ မှာ ရေးသွားသလိုပဲ ပြဿနာဖြေရှင်းတဲ့ပုံစံကို သဘောမကျတဲ့ သူတွေဆီက ဆန့်ကျင်တဲ့ အသံတွေထွက်လာတယ်၊ တစ်ယောက်ပို့စ် တစ်ယောက်ဖတ်ပြီး ပျံ့သွားတယ်၊ ဖတ်မိသူတွေထဲက မနေနိုင်တဲ့ ကျနော့်လိုလူတွေက ကိုယ့်ရပ်တည်ချက်ကို ထပ်ရေးတယ်၊ လူပိုသိသွားတယ်၊ ဒါပါပဲ။ ဒီလို မှားယွင်းနေတဲ့ အရှုပ်ထုပ်ထဲမှာ မြန်မာ ဆိုတဲ့ identity ပါနေတော့ ဒီတိုင်းပဲ ရေငုံနှုတ်ပိတ် နေကြရင် မြန်မာဆိုတာ ဒီလိုပါပဲ ဆိုတဲ့ အဓိပ္ပါယ် ထွက်လာမယ်။ ဒါကြောင့် ဘယ်ဟာကတော့ မှန်တယ်၊ ဘယ်ဟာက မှားနေတယ် စသဖြင့် ပြောကြ ရေးကြတယ်၊ ဒါကို ဆွမ်းကြီးလောင်းတယ် လို့ လွယ်လွယ်ပြောလိုက်ရင် မှားမှာပေါ့ဗျာ။ ကျနော်တို့ ပတ်ဝန်းကျင်က ဘလော့ဂ္ဂါ အပါအဝင် မြန်မာတွေဟာ အဲသလောက် မညံ့ဖျင်းတော့ပါဘူး၊ အုပ်စုတောင့်ရင် အနိုင်ကျင့်မယ်ဟေ့ ဆိုတဲ့ ခပ်ဖျင်းဖျင်း အတွေးအခေါ်မျိုးကို အတိတ်မှာ ချန်ထားကြပါပြီ၊ အခုဟာက ကိုယ့်ရပ်တည်ချက်ကို ဖော်ထုတ်တာပါ၊ ဝိုင်းဆော်တာ၊ ဆွမ်းကြီးလောင်းတာတွေက ခေတ်နောက်ကျသွားပါပြီ။

    (၄) ရပ်တည်ချက်ဖော်သင့် မဖော်သင့်

    အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ကိုယ့်သဘောထား ကိုယ့်ရပ်တည်ချက်ကို ဖော်ထုတ်တာက ဆွမ်းကြီးလောင်းတာနဲ့ တခြားစီပါ။ ဒီကိစ္စကို သိတဲ့သူတိုင်း အဖြူနဲ့အမည်း သဲကွဲနေသည့်တိုင် အသံထွက်ကြတာ မဟုတ်ပါဘူး၊ ဆွမ်းကြီးလောင်းတယ်လို့ အထင်ခံရမှာ စိုးလို့လား၊ ဘာမဟုတ်တဲ့ ကိစ္စအတွက် အချိန်မပေးချင်လို့လား မပြောတတ်ဘူး၊ သို့သော် ဘလော့ဂ်ရပ်ဝန်းမှာ ဒီအကြောင်း တကူးတက ပို့စ်တင်ပြီး ရေးတဲ့သူက လက်ချိုးရေလို့ ရတယ်။ ကျနော် ဒီပို့စ်တင်ခါနီး စဉ်းစားပါသေးတယ်၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်လို့ အထင်ခံရမှာ မလိုလားပါဘူး၊ ဒါပေမဲ့ မြန်မာ ဆိုတဲ့ အမည်နာမတစ်ခု ပါဝင်ပတ်သက်နေတဲ့ ဒီအဖြစ်အပျက်က ဘယ်လိုမှ လက်ခံနိုင်တဲ့ အနေအထား မဟုတ်တော့ မနေနိုင်တဲ့အဆုံး စာလေးတကြောင်း နှစ်ကြောင်းပဲရေးပြီး လူပိုသိအောင် ပို့စ်တင်လိုက်ပါတယ်။ ဘာမှမရေးဘဲနေလည်း ဘာမှမဖြစ်ပါဘူး၊ ဟုတ်တယ်၊ ဘာမှကို ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ ပြောစရာပါးစပ်ရှိတယ်၊ ရေးစရာလက်ရှိတယ်၊ တွေးစရာ ဦးနှောက်ရှိတယ်လေ။ အင်း၊ တွေးပဲတွေးပြီး မရေးပဲနေကြသူတွေက အများစုပါ။

    နောက်ဆုံးအနေနဲ့...

    (၅) သာမန်လူကိုတိုင်းတဲ့ပေတံနဲ့ သူတော်စင်တွေကို တိုင်းတဲ့ပေတံ ကွာတာလည်း ထည့်တွက်ရပါမယ်၊ ဆုံးမစာတွေ လှိမ့်ရေးနေတဲ့ သိက္ခာသမာဓိ ပြည့်လျှံထွက်နေတဲ့ လူတစ်ယောက်ကို သာမန်လူလိုပဲ တိုင်းတာလို့ မရကောင်းပါဘူး၊ ယုတ်စွအဆုံး ကိုယ့်အပြောအဆို အပြုအမူကို ကိုယ်တာဝန်ယူနိုင်ရပါမယ်။

    ကျနော့်အမြင်ကတော့ ဒါလောက်ပါပဲ။

    ReplyDelete
  24. ကိုဖိုးတုတ် ရဲ့ ရေးသားပာန်က Aung.info နဲ့ ခပ်ဆင်ဆင်။ မပာုတ်မှလွဲရော.....အိုးကိုယ်တိုင် ပူနေပြီထင်တယ်။

    ReplyDelete
  25. အိုးက တော်တော်ကို ပူနေတာ...။ ခုန်ချဖို့ကလဲ စကတည်းက အပူဒဏ်ခံနိုင်တဲ့ အိုးလို့ ကြွေးကြော်ထားသေးတာ။ ခုတော့ နေလက်စနဲ့ပဲ ဆက်နေရတော့မှာပေါ့။ (ဖင်ပူပြီး ပေါက်သွားတဲ့ အထိ။)

    ကြက်တူရွေးက တော်တော်ရယ်.. မယ်ဘော်တွေက ခပ်ကဲကဲ...

    ReplyDelete
  26. ဒါနဲ့ အနောနီးမတ်တွေက စေတန်ဂေါ့ဒ်တို့ lionslayer တို့ ထူးတေဇာတို့ဆီမှာ ဝင်ဝင် မပြောကြတာလဲ။
    ကြည့်ရတာ ဟိုက အနောနီးမတ်တွေကို ခွင့်မပြုလေတော့.. ကိုယ့် identity အစစ်နဲ့ သွားမမန့်ရဲရှာကြဘူး ထင်တယ်။
    Lionslayer ဆီမှာ ဝေဖန်ထားတာတော့ ကော်ပီရိုက် အပြင် သူ့ရဲ့ ကိုယ်ရေးကိုယ်တာပါ ပါသလို ဖြစ်နေတယ်။ အဲဒါ ဖတ်မိမှ သူ့ရဲ့ သရုပ်သကန် အမှန် သိလာသလိုပဲ...(ဟိုက ဝေဖန်တဲ့ အတိုင်း ကော်မန့်တွေ ဖျက်တယ် ပြုတယ် Like , dilike တွေ ဖြုတ်တယ် ပြန်တပ်တယ်ဆိုရင်ပေါ့လေ။)။

    ReplyDelete
  27. တီဇက်အေ ဖျက်လိုက်တဲ့ ကော်မန့်ကိုပြန်တင်ပေးပါ.... :(((

    ReplyDelete
  28. ကျနော်ဖျက်တယ်ထင်မှာစိုးလို့ သေချာရေးထားပါတယ်၊ ဒါတောင် ကျနော်ဖျက်တယ်လို့ စွပ်စွဲပါတယ်၊ ဒုက္ခပါပဲ :D ဒီတလော ကော်မန့်ရေးပြီး ဒီမှာမပေါ်ပဲ ကျနော့်အီးမေးလ်ထဲပဲ ရောက်လာတာ အနည်းဆုံး လေးငါးကြိမ် ကြုံပြီးပါပြီ (ပထမဆုံးဖြစ်တာက တောင်ငူသားရဲ့ ကော်မန့်တုန်းကပါ)၊ အကြောင်းရင်းကို မသိရပါ။ ဆဲရေးတိုင်းထွာတာမျိုး မဟုတ်သရွေ့ ဖျက်မှာမဟုတ်ပါဘူး၊ အမည်မသိ ဖြစ်နေလင့်ကစား ကိုယ်ရေးတာ ကိုယ်တာဝန်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ အောက်မှာ အပြည့်အစုံ ကူးတင်လိုက်ပါတယ်။
    ----
    “ပြောနေတဲ့သူတွေရဲ့ သဘောထားတွေက ဘေးလူအနေနဲ့တော့ အထင်သေးမိတယ် သေချာတာတခုကတော့ သောက်မြင်ကပ်ပုဒ်မတတ်ရင် ဘာမှ မစဉ်းစား မဆင်ခြင်ပဲ အထင်စွတ်သေးတတ်တဲ့ အကျင့်တွေပါပဲ... စာကို မဖတ်... လူကိုပဲသတ်မှတ်တတ်တဲ့ အကျင့်တွေက အမြဲတန်းအတွက် မှန်ကန်နိုင်ပါ့မလား... ကိုယ်တိုင်းလိုက်တဲ့ ပေတံက အတိုင်းခံရသူအတွက် မျှတရဲ့လား.... သူ့ရဲ့ အင်ပရက်ရှင်တခုလုံးထိခိုက်သွားပြီလား... ခင်ဗျားတို့ပဲ အမြဲတန်း ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်နိုင်ကြတယ်ဆိုရင်တော့ ဝမ်းသာပါတယ်... ကျန်တဲ့သူ လူလုပ်လို့ မရတဲ့ အထိ ရန်ရှာကြမယ်... အထင်မြင်သေးကြမယ်....လူလူခြင်းပါဗျာ... အဲလောက် မလုပ်သင့်ပါဘူး.. တချို့လူကြားကောင်းအောင် ရေးပြီး ဘလော့ဂါတွေနဲ့ အဆင်ပြေပြီး အပြင်လောကမှာ ရွံစရာဖြစ်နေတဲ့ဘလော့ဂါတွေ အများကြီးပါ... လက်ညှိုးထိုးတတ်တဲ့ ထဲမှာ တီဇက်အေလဲ ပါတာကိုး...

    ပြောရဦးမယ် ကျုပ်က ကိုအောင်တော့ မဟုတ်ဘူး.... စာဖတ်ဝါသနာပါပြီး... ဘလော့တွေကို စုံအောင်ဖတ်နေတဲ့ သူတယောက်ပါ...
    ဘလော့ဂါတွေရဲ့ စိတ်ဓာတ်တွေက ထူးမခြားနားတွေပါပဲ.... ရီလဲရီရပါတယ်... အလောင်းတော်လောက် ဝိသာခါလောက် မြင့်မြတ်သန့်စင်ကြောင်း လှည့်ပတ်ကြွားနေကြတာပါ... ”

    Anonymous @ Sun, Jul 24, 2011 at 6:08 PM

    ReplyDelete
  29. အမည်မသိရေးသွားတဲ့ ဒီစာအတွက် ပြန်ချေပစရာ မလိုတော့ပါဘူး၊ ကျနော့်ရပ်တည်ချက်နဲ့ ဒီအဖြစ်အပျက်ပေါ် မြင်တဲ့အမြင်တွေကို ပြီးခဲ့တဲ့ ကော်မန့်တွေမှာ ရှင်းနေအောင် ရေးချပြီးသွားပါပြီ။

    ReplyDelete
  30. ပုဆိုးခြုံထဲကနေပြီး လက်သီးပုန်းပြတာလောက်တော့လူတိုင်း လုပ်တတ်ပါတယ်။ တီဇက်အေကို နာမည်တပ်ပြီး ဝေဖန်မယ်ဆိုရင်လဲ ကိုယ့် Identity အမှန်ပြပြီး ဝေဖန်သင့်ပါတယ်။ ခဲနဲ့ ချေင်းပေါက်ပြီး ထွက်ပြေးတာတော့ လက်မခံပါ။

    ReplyDelete
  31. စိုင်းစိုင်းဘွိုက်လှိုင်ကို တခဲနက်ထောက်ခံပါတယ်။ (ဟမ်)

    ReplyDelete
  32. ကျန်တော် ဘလော့တော်တော်များများကို ၀င်ဖတ်ဖြစ်ပါတယ် ကော့မန်တော့သိပ်ရေးလေ့ ရေးထမရှိပါဘူး အခုတော့ဝင်ရေးချင်စိတ်ဖြစ်ပေါ်လာလို့ရေးပါပြီ.. အောင်အင်ဖို ကိုမကြာခန ၀င်ဖတ်ဖြစ်သလို ဒီကိုလာ ကိုလည်း အမြဲဖတ်ဖြစ်ပါတယ် ဒီကိုလာဆိုက်ကို စသိတဲ့နေ့ကတစ်ထိုင်တည်း အကုန်ဖတ်ပလိုက်တဲ့ အထိ စိတ်ဝင်စားခဲ့ပါတယ်.. အောင်အင်ဖို ကတော့ဖတ်တာကြာပါပြီ...သူကိုလည်း သိတာကြာပါပြီ...အောင်ဖိုကစာတွေဖတ်ပြီးတိုင်းပြောချင်လာတာကတော့ ရင်ထဲမှာရှီပါတယ်..ဒါပေမယ့်သူ့လောက်မတော်မတတ် တော့ သူ့ကိုပြန်လှန်ပြောဆိုဖို့ရာ မတတ်နိုင်ဘူးဖြစ်နေပါတယ် ...အခုတော့ ကျတော်ဒီမှာနည်းနည်းပြောပါမယ်....ဥပမာတစ်ခုကိုပဲကြည့်ရအောင်...အောင်အင်ဖို မှာ ဟိုတစ်နေက ပိုစ့်တင်ပါတယ် မလေးရှားကဖော်ရွေတဲ့ စားပွဲထိုးလေးအကြောင်းပါ ...သူ့အသိနဲ့သွားရောက်စားသောက်တဲ့အခါသူ့အသိက တူ(ထမင်းစားရာတွင်သုံးသောအရာ) ကိုလှပလို့ ချီးကျူးနေတဲ့အကြောင်းကို စားပွဲထိုးလေးက ကြားလို့တူလေးကို ဖွက်ယူလာပြီး ခိုးယူလာပေးတဲ့အကြောင်းလေးပါ ရေးထားတာလှပါတယ် သူ့နောက်ဆုံးစားပွဲထိုးလေးကို ' ငါ့ညီရဲ့ ပြုစုမှုနဲ့ ဧည့်ခံမှုအတွက် အရမ်းကို ကျေနပ် ဝမ်းသာ ကျေးဇူးတင်ရပါတယ်ကွာ…၊ ဒါပေမဲ့ နောင်ကို အဲသည်လို ပစ္စည်း ဝှက်ပေးတာမျိုးကိုတော့ မလုပ်ပါနဲ့' ရေးသားထားတာကိုတွေ့ရပါတယ်..သူပေးချင်တဲ့ message ကတော့ ဒါပါ ''ငါတို့ နိုင်ငံဟာ အခြေအနေမလှလို့ ဆင်းရဲနေရသော်လည်း ငါတို့ဟာ စိတ်ဓါတ်၊ အကျင့်၊ သီလ မြင့်မြတ်သူတွေ ဖြစ်ပါတယ် ဆိုတာ ပြဖို့ကို စဉ်းစားမိကြပါရဲ့လား မသိပ'' မှန်တယ် ဒါပေမယ့်တစ်ခုမေးချင်တာ ကိုယ့်ကိုကိုလူကြီးလူကောင်းလို့ လက်ခံထားတဲ့လူတွေက ပေးတိုင်းယူစရာလား သူ့တို့ကိုမယူရင် သတ်မယ်လို့ ခြိမ်းခြောက် ပြီးပေးတာလား ....အမှန်တစ်ကယ်တော့ သူ့တိုဟာ စားပွဲထိုးလေးထက်အများကြီးတော်အများကြီးတတ် ပါတယ် ဖြစ်သင့်တာက ''ညီ အစ်ကိုတို့ဒါမျိုးမလိုချင်ပါဘူးကွာ ပိုင်ရှင်မသိတဲ့ပစ္စည်းကို တစ်ကယ်လိုညီကူညီနိုင်မယ်ဆိုရင် အစ်ကိုတို့ကိုမေးပေးပါလား ဘယ်မှာဝယ်ရလည်းဆိုတာ အစ်ကိုတို့လည်းဝယ်ချင်လို့ပါကွာ အဲ့ဒါ ညီမန်နေဂျာသို့မဟုတ်သူငှေးကိုမေးလို့ရမယ်ဆိုမေးပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ် ညီ' လိုပြောလို့မရဘူးလား ၀ယ်မယ်ဆိုလည်းဝယ်နိုင်တဲ့ အခြေအနေမှာရှီနေပါတယ် အဲ့ဒါကိုယူတော့ယူလာပြီးမှ ပေးတဲ့သူကို အပြစ်တင်တယ်ဆိုတာကတော့ နည်းနည်းများမတရားရာကြနေမလားလို့ပါ ပညာရှိ ပညာတတ်လို့ စားပွဲထိုးလုပ်နေတာမဟုတ်ပါဘူး နိုင်ငံတစ်ကာနဲ့တော့သွားမယှဉ် နဲ့ပေါ့ဗျာ.......ကဲပြောတာလည်းရှည်သွား ပြီး ကျတော်ပြောချင်တဲ့ message ကတော့ အောင်အင်ဖိုဘလော့ပိုင်ရှင်ဟာ လူကြီးလူကောင်းအရမ်းဆန်ပြီး ကိုယ့်အပြစ်ကို ဖုံးကွယ်ကာ သူများကိုပဲအပြစ်မြင်တတ်သော လူတစ်ယောက်ဟုသာမြင်မိပါကြောင်း...

    အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ မကြေနပ်သည်များကိုဆွေးနွေးလိုပါက ဆွေးနွေးနိုင်ပါကြောင်း

    ReplyDelete
  33. @zym - သေချာပြန်ဖက်ကြည့်မယ်ဆိုရင် ယူတာက ကိုအောင် မဟုတ်ပါဘူး။ သူနဲ့ အတူတူ ပါလာတဲ့ အမျိုးသမီးပါ။ သူက အစားသောက်ပျက်မှာ စိုးလို့ဘာမှဝင်မပြောဘူး လို့ရေးထားပါတယ်။ သူက နောက်ဆုံးစာကြောင်းမှာလဲ စကားနဲ ရန်စဲဆိုပြီးလဲ ပြောထားပါသေးတယ်။

    နိုင်ငံ တကာ နဲ့မယှဉ်နဲ့ဆို လို့ မြန်မာနိုင်ငံ လို ဗုဒ္ဓဘာသာနိုင်ငံ ကလူက မခိုးရဘူးဆိုတာလောက်တော့ သိသင့်တယ်ထင်ပါတယ်။ ဒါဟာ ပညာတတ်မှ မဟုတ်ပါဘူး။ အများကြီး ရေးချင်ပေမဲ့ အချိန်မရလို့နောက်မှ ဆက်ဆွေးနွေးတော့မယ်ဗျာ။

    ReplyDelete
  34. အားနေလို့ မြန်မာ ဘလော့ တော်တော်များများကို ဖတ်ပါတယ်။ သူတို့ ဆီက ကောင်းတဲ့အရာတွေ၊ ယူချင်တာတွေ မှတ်သားထားပြီး၊ မယူသင့်တဲ့ မကောင်းတာတွေလို့ ကိုယ့်ဘာသာကိုယ်သတ်မှတ်တာတွေ ကို မယူဘဲ ပြန်ပါတယ်။ ဥပမာ- ကို ဇတ်တီအေ ဆီကဆို ရန်ကုန်ရောက်ရင် သွားစားဖို့ ဆိုင်တွေ လိုက်မှတ်ပါတယ်။ အခု ချင်းချောင်းအကြောင်းလဲ သိရပါတယ်။ မခင်ဦးမေ ဆီကဆို လျှောက်ဝယ်တာလေးတွေ တွေ့ တုံး ၀ယ်ထားဖို့ လေး တွေ ကို ယူပါတယ်။ အောင်( အင်ဖို ) ကဆို လူ့ ကျင့်ဝတ်လေး တွေ၊ လူ့ ယဉ်ကျေးမှု့ လေးတွေ က ဒီလို ရှိပါလားလေးတွေ ယူပါတယ်။ တီချမ်းဆီက ဆို ဟင်းချက်နည်းလေး တွေ နဲ့ စာဖတ်တာ ကောင်းတယ်ဆိုတာတွေ ယူ ပါတယ်။ မ၀ါဝါခိုင်မင်းဆီကဆို အလှူအတန်း လေးတွေနဲ့ ချုပ်ဝတ်ရတာ က ဈေးကြီးတာသိရတော့ ဒီမှာဝယ်လို့ ရတာလေးတွေက အင်မတန် တန်လို့ ပိုဝယ်ဖြစ်ပါတယ်။ ဒီဘလော့တွေက အမြဲသွားနေကျပါ။ တခြားဘလော့တွေ ကတော့ မြန်မာ ဂျာနယ်တစ်ချို့ နဲ့ နိုင်ငံရေး ဆိုဒ်တွေပါ။ ဆိုလိုချင်တာက ကောင်းတာယူ၊ မကောင်းတာ မယူနဲ့ ပေါ့။ သူတို့ ဆိုဒ်မှာ သူတို့ ဘာသာ ရေးချင်တာ သူတို့ စိတ်ကူးနဲ့ ရေးတာကိုတော့ သိပ် မဝေဖန်ချင်ပါဘူး၊ ဒါဆို ပြသ၁နာ မရှိဘူးလို့ ထင်ရတာဘဲ။ ဒါလည်း ကိုယ့်ယူဆချက်ပါ။ သူများ အတွက်တော့ မှန်ချင်မှ မှန်နိုင်တာမျိုး မဟုတ်လား။

    ReplyDelete
  35. မှန်တာပေါ့ဗျာ ယူတာကအောင်အင်ဖိုဘလော့ပိုင်ရှင်ယူတာ မဟုတ်ပါဘူးသူနဲ့ပါလာတဲ့ အမျိုးသမီးပါ ကျတော်ပြောချင်တာ ခိုးပြီးယူလာမှန်းသိရဲ့ လက်ခံယူတဲ့ လူကော မတားမြစ်တဲ့သူကော အပြစ်နည်းနည်းစီ မရှိကြဘူးလားခင်ဗျာ မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာတစ်ခုတည်းရှီတာမဟုတ်ပါဘူး တစ်ခြားဘာသာလည်းရှိသေးတယ်နော်...ဒါလေးပါပဲ

    ReplyDelete
  36. တစ်ခုမေ့ခဲ့လိုဗျာ ဗုဒ္ဒဘာသာဆိုပြီး နိုက်ကလပ် သို့မဟုတ် ဘယ်မှာပဲဖြစဖြစ်အရက်သောက်နေကြတဲ့သူတွေမရှီဘူးလားးခင်ဗျာ ဗုဒ္ဒဘာသာတိုင်းအရက်မသသောက်ရဘူးဆိုတာ သိမှာပါ...ဒ

    ReplyDelete
  37. Something wrong with this guy but still like whatever he wrote. :P

    ReplyDelete
  38. Well.. It will not happen, Jealous blogger "mydaydream" or Chan Myae Khine didn't inform and even invited google plus to Otto de Voogd.

    ReplyDelete
  39. You also copy and paste photo from otto and Aung.
    even remove it text from photo. You are more worse than others ha ha ha..
    The most Stupid idea.

    ReplyDelete
  40. This is exactly for you. I won't shun you though.

    “He who knows not and knows not he knows not: he is a fool - shun him. He who knows not and knows he knows not: he is simple - teach him. He who knows and knows not he knows: he is asleep - wake him. He who knows and knows he knows: he is wise - follow him.”

    ReplyDelete
  41. အောင် အင်ဖိုက အောင်ဖင်ဖို သတ်သတ်ပါ.... တီဇက်အေ အဲလို ဘာမဟုတ်တာလေးကို ကဲ့ရဲ့ တတ်တာ ကျနော် တီဇက်အေကို အထင်ကြီး ချစ်ခင်နေတဲ့ သူတယောက်အနေနဲ့ မနှစ်သက်ပါ
    ကော်မန့်တွေ အများကြီး တတ်လာပြီး ကျနော့် ကော်မန့် မပါလို့ မယုံပါဘူး....
    ဆောရီးပဲ...
    အနောနီးမတ်နဲ့ ရေးတာ ကျနော့် လွတ်လပ်ခွင့်ပါ.... မတင်ရဲ အပြောမခံရဲ ရင်ပိတ်ထားလိုက်ပါ (ဒါ ဘလော့ဂါရဲ့ လုပ်ပိုင်ခွင့်ပဲ)

    ကော်မန့်ကလဲ ပြန်တင်ရမလားလို့ မေးစရာမလိုပါဘူး... အားလုံးရှေ့မှာ ပြောတာမို့လို့ မေးစရာမလိုပဲ ပြန်တင်ရမှာပါ.....

    ဘွိုင်းစ်ဆိုတဲ့ တယောက်ကလဲ ဘော်တာဘက်က ခွပ်တယ်နော်.... သူ့အမြင် ကိုယ့် အမြင် ဆိုတာ ရှိတယ် မှန်တယ် မှားတယ် ပြောနေရင် ညလုံးပေါက်မယ်... ဒါက ဘွိုင်းစ် သဘောပါပဲ..... ဒါပေမယ့် ခွပ်တာကတော့ ခွပ်တာပဲ..... ဘသူမှန်း ဘဝါမှန်း မသိတဲ့ အင်တာနက်မှာ ဘဝါကတော့ ဘသူပဲနေမယ် ဆိုတဲ့ ခင်ဗျားတို့ရဲ့ ရီစရာ ကောင်းတဲ့ ဘလော့ဂါ ဆင်ဒရုန်းကြီး ကိုလဲ စာဖတ်သူများက ဟားနေပါကြောင်းးးးး

    (ကော်မန့် ပြန်တင်ခိုင်းသူ)

    ReplyDelete
  42. ဆောရီး... စာလုံးပေါင်း တချို့ မှားသွားပါတယ်... အထက်ကော်မန့်မှာ...ပါ

    ReplyDelete
  43. ဟဲဟဲဟဲ
    သင်ဇာအေး ဂေါင်းယားနေတယ်ထင်တယ်
    ရိုက်ပေါက်တွေလုတ်နေတယ်
    အဲဒီ အောင် အင်ဖို ကလူရဲ့ လေ က ဟိုယင်ဂလန် က အမြဲစိမ်းဆရာဝန် နဲ့ခပ်ဆင်ဆင်ဘဲ
    ဟုတ်မလိုလိုနဲ့ အဖြားရှူးသွားတတ်တာလဲတူတယ်
    လူအထင်ကြီးအောင်ရေးမှအထင်ကြီးတတ်တဲ့ လူတွေနဲ့တော့ကိုက်ပါတယ်
    မိန်းမရှာနေတာချင်းလဲတူတယ်
    ဟီးဟီး
    ဘဲကြီးတွေက superiority complex ဝင်နေကြတာလေ
    ယဉ်ယဉ်လေးပေါ့ ကြာလာရင် functioning schizophrenic ဖြစ်ရော :P

    သမြားတွေကိုအားကျကို
    အူနုံအောမတ်စ် နဲ့ရေးလိုက်ပါတယ်
    တီဇီဧသိမှာပါ

    ReplyDelete
  44. "Anonymous said...

    Well.. It will not happen, Jealous blogger "mydaydream" or Chan Myae Khine didn't inform and even invited google plus to Otto de Voogd.
    July 28, 2011 8:36 PM "


    Funnies joke I've ever heard! Yeah, I did inform coz' I have loads of jealousy to him as a very active Myanmar blogger and get rewarded for informing his HONOURABLE attitude. LMAO

    ReplyDelete
  45. မင်္ဂလာပါ၊ ကော်မန့်တွေက စိတ်ဝင်စားဖို့ကောင်းတယ်၊ ကျနော့်ပို့စ် ဒီလောက်ထိ တာသွားမယ်လို့တောင် ထင်မထားခဲ့ဘူး။ ကျနော်ရှင်းနိုင်တာတွေ၊ ရှင်းသင့်တာတွေကို တခုချင်းရှင်းပါမယ်၊ ဦးဆုံး ဒီမှာဝင်ဆွေးနွေးသူများ အနေနဲ့ emotion ကို ရှေ့တန်းတင်ပြီး မှားတယ် မှန်တယ် မပြောခင်မှာ ကိစ္စတစ်ခုလုံး ခြုံငုံနားလည်အောင် အားထုတ်ဖို့တော့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် အင်္ဂလိပ်လို ရေးထားတဲ့ ပုံပိုင်ရှင်ရဲ့ စာတွေကို နားလည်ဖို့ လိုအပ်ပါတယ်၊ ဒါမှ တရားမျှတမှု ရှိမှာပါ။

    ဒီမှာ ပြန်ရှင်းရမှာက (အမည်မသိ ကော်မန့်ပြန်တင်ခိုင်းသူ) ရဲ့ ကော်မန့်ဖြစ်ပါတယ်။

    ဘာမဟုတ်တာလေးကို ကဲ့ရဲ့တတ်တယ်လို့ ရေးသွားပါတယ်၊ ဒီလိုပြောခြင်းအားဖြင့် တစ်အချက်၊ ဒီအဖြစ်အပျက်ကို ဘာမှအရေးမကြီးဘူးလို့ မြင်တယ်၊ နှစ်အချက်၊ ကျနော်ကတော့ ကဲ့ရဲ့နေတယ်လို့မြင်နေတယ်။ ကောင်းပါပြီ။

    တစ် အချက်ကို ကြည့်ရအောင်၊ ဒီကိစ္စ အရေးကြီးလား မကြီးလားဆိုတာ တစ်ဦးချင်းစီရဲ့ အထွာနဲ့ပဲဆိုင်မယ်၊ ကျနော့်အနေနဲ့ ဒါပြီးပြီးရော ထားလိုက်ရမယ့်ကိစ္စလို့ မမြင်လို့ ရပ်တည်ချက်ကို ဖော်ထုတ်ပြတယ်၊ သို့သော် လူတိုင်းလူတိုင်း ကျနော့်ဖက်မှာပဲ ရပ်ရမယ်လို့ မဆိုလိုပါဘူး၊ ရေငုံနှုတ်ပိတ် နေခွင့်ရှိသလို လွတ်လပ်စွာ ကွဲလွဲခွင့်လည်း ရှိပါတယ်။ ချရေးပြီ ဆိုကတည်းကိုက ဒီကိစ္စက ကျနော့်အတွက် ဘာမဟုတ်တာလေး မဟုတ်ပါဘူး၊ ဒါက ဘာဟုတ်နေတဲ့ ကိစ္စပါ၊ ဒါ ကျနော့်ပေတံပါပဲ။

    နှစ် အချက်က ကဲ့ရဲ့တယ်ဆိုတဲ့ အသုံးအနှုန်းပါ၊ ကျနော့် ရပ်တည်ချက်၊ ကျနော့်အမြင်ကို ဖော်ထုတ်တာကို အဆိုးမြင်နေတယ်လို့ ကျနော်ထင်ပါတယ်။ အခု ဒီပို့စ်မှာ ကော်မန့်တွေ ရေးနေကြသလိုပဲ လူတိုင်းလူတိုင်းမှာ ကိုယ့်အမြင်ကိုယ် ဖော်ထုတ်ခွင့် မရှိသင့်ဘူးလား၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာ မဟုတ်ရင်၊ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲရေးနေတာ မဟုတ်ရင် ဘာဖြစ်လို့ လက်မခံနိုင်တာလဲ။ ပါဝင်ပတ်သက်နေသူတွေ ကိုယ်စား မကောင်းတတ်လို့လား၊ အားနာလို့လား၊ ဘာဖြစ်လို့လဲ။

    (ကော်မန့် ပြန်တင်ခိုင်းသူ) - ကျနော် တီဇက်အေကို အထင်ကြီး ချစ်ခင်နေတဲ့ သူတယောက်အနေနဲ့ မနှစ်သက်ပါ

    ကျနော့်ကို ဘလိုင်းကြီး အထင်ကြီး ချင်ခင်စရာ မလိုပါဘူး၊ ဒါပေမဲ့ စာဖတ်သူတွေကို လေးစားသောအားဖြင့် ကျနော့်ဖက်က စောင့်ထိန်းသင့်တဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ ရှိသင့်တဲ့ ရိုးသားမှုတွေကိုတော့ (ပို့စ်ခေါင်းစဉ်ပြန်ဖတ်ပါ) ဆက်ပြီး စောင့်ထိန်းသွားမှာပါ။
    --
    ကော်မန့်အရှည်ကြီးရေးတင်လို့မရတဲ့အတွက် ခွဲတင်လိုက်ပါတယ်။

    ReplyDelete
  46. (ကော်မန့် ပြန်တင်ခိုင်းသူ) - ကော်မန့်တွေ အများကြီး တတ်လာပြီး ကျနော့် ကော်မန့် မပါလို့ မယုံပါဘူး....
    ဆောရီးပဲ... အနောနီးမတ်နဲ့ ရေးတာ ကျနော့် လွတ်လပ်ခွင့်ပါ....


    ဆက်လက်ပြီး ကော်မန့်ကိစ္စကို ရှင်းရပါဦးမယ်။ ဒါလည်း ခွဲခွဲပြီး ပြောရမှာပါ၊ အကြောင်းအရာတွေ ရောထွေးနေလေလေ၊ မှန်တာမှားတာ မမြင်နိုင်လေလေပဲ။

    တစ် အချက်၊ ကော်မန့်ပေါ်မလာတဲ့ကိစ္စ။ ဒီမှာ ဘယ်သူမဆို ကော်မန့်ရေးခွင့်ရှိတာ သိမှာပါ၊ submit လုပ်ပြီး ပေါ်မလာတဲ့အကြောင်းရင်းကို မသိပါဘူးလို့ ပြောခဲ့ပြီးပါပြီ၊ ယုံတာ မယုံတာ ကျနော့်အပူမဟုတ်ပါ၊ ကျနော်ကတော့ ကိုယ့်လိပ်ပြာကိုယ်သန့်ပါတယ်။ တကယ်တမ်း ကော်မန့်ရေးသူက အသိဆုံးဖြစ်မှာပါ၊ ကိုယ် submit လုပ်လိုက်တဲ့ တဒင်္ဂမှာပဲ ပေါ်မလာဘူးဆိုရင် ဒါက လူတစ်ယောက်ယောက်ကြောင့် မဖြစ်နိုင်ပါဘူး၊ ကျနော့်စိတ်ထင် service provider ဖက်က တခုခု ချို့ယွင်းနေတာ၊ ဒါမှမဟုတ် connection ကြောင့် ဖြစ်တာပဲ ဖြစ်မှာပါ၊ ယတိပြတ်တော့ မပြောတတ်ဘူးပေါ့။ ဒီလို ရှင်းပြတာကို မယုံဘူးဆိုတော့ ဖျက်ပိုင်ခွင့်ရှိတဲ့ ကျနော်က ဖျက်ပစ်ပါတယ် လို့ ပြောတာနဲ့ အတူတူပါပဲ၊ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ပါ၊ ဒီမှာ တက်လာတဲ့ ကော်မန့်တွေကို ကျနော် ၂၄ နာရီ ထိုင်မကြည့်နိုင်တဲ့အပြင် တက်တက်လာချင်း ဖတ်ဖို့ အချိန်တောင် မရပဲ ဖျက်ပစ်နိုင်တဲ့ အစွမ်းပကားလည်း မရှိပါဘူး၊ ဒါတွေကို ဇိမ်ပြေနပြေ စိစစ်ချင်ရင် ကြိုက်ရာလူ ကော်မန့်ရေးခွင့် ပေးထားပါ့မလားဗျာ။ ဒါ ကျနော့်မူ မဟုတ်ပါဘူး၊ ပြောခဲ့သလိုပဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာ မဟုတ်သရွေ့၊ ဆဲရေးတိုင်းထွာနေတာ မဟုတ်သရွေ့ ဖျက်ပစ်ဖို့ မဖြစ်နိုင်ပါဘူး၊ ကျနော် ကော်မန့်တိုင်းကို တန်ဘိုးထားပါတယ်။ ကော်မန့်ရေးသူ အနေနဲ့လည်း ကိုယ်ရေးတာကို ကိုယ်တန်ဘိုးထားဖို့ လိုပါတယ်၊ ပိုအရေးကြီးတာက တာဝန်ယူတတ်ဖို့ လိုပါတယ်။

    နှစ် အချက်၊ အနောနီးမတ်စ်နဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ကိစ္စ၊ ဒါလည်း စိတ်ဝင်စားစရာပါ။ anonymous သုံးပြီး အကြောင်းအရာတစ်ခုကို ဆွေးနွေးဖြေရှင်းရာမှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။ ဥပမာ တခုခုကို မဲခွဲဆုံးဖြတ်ဖို့ လိုတဲ့အခါ အမည်မဖော်တာ ထိရောက်မှုရှိတယ်၊ ဒီပို့စ်ကို ဖတ်ပြီးသူ အားလုံးထဲမှာ ရာနှုန်းဘယ်လောက်က ကျနော်မှန်တယ်လို့ ယုံကြည်ပြီး ရာနှုန်းဘယ်လောက်က ကျနော်မှားတယ်လို့ ယုံကြည်ပါတယ် ဆိုတဲ့ စစ်တမ်းမျိုး ကောက်တဲ့အခါ အမည်ဖော်ထားရင် အားနာစရာတွေ ဖြစ်မှာစိုးလို့ အမည်မဖော်တာက ပိုမှန်တဲ့အဖြေထွက်နိုင်တယ်။ သို့သော် မဲပေးတဲ့ ကိစ္စမှာတောင် တစ်ယောက်ကို ဘယ်နှမဲပဲ ပေးခွင့်ရှိတယ် ဆိုတဲ့ ကန့်သတ်ချက် ရှိရပါတယ်၊ ဒါမရှိရင် ထွက်လာတဲ့ အဖြေသည်လည်း အလကားပါပဲ။ အခု ဒီမှာဆွေးနွေးနေတာ ကြည့်ကြည့်ပါ၊ ကြိုက်ရာလူက အမည်မသိ အနေနဲ့ ငါးကိုယ်ခွဲ ဆယ်ကိုယ်ခွဲပြီး ဝင်ဆွေးနွေးနိုင်တယ်၊ လူတစ်ယောက်တည်းကပဲ ထောက်ခံသူရော ဆန့်ကျင်သူရော ဖြစ်နေနိုင်တယ်၊ ခြုံပြောရရင် ဒီလို အတည်အပေါက် ဆွေးနွေးရမယ့် ကိစ္စတစ်ခုကို အမည်မသိနဲ့ ဆွေးနွေးတာက မသင့်တော်ပါဘူး၊ အနည်းဆုံး အမည်မသိကို မဲအရေအတွက် ကန့်သတ်သလို အယောက်ရေ ကန့်သတ်မှုမျိုး ရှိတော့မှ ယုံကြည်နိုင်လောက်တဲ့ ရလဒ်တစ်ခုခု ရမှာပါ။ တဖက်က ကြည့်ပြန်တော့ အဲသလို ကန့်သတ်လိုက်ရင် ဝင်ရေးချင်တဲ့သူက နည်းသွားပြန်ရောဗျ၊ ဒါကြောင့် ကျနော် မကန့်သတ်ပါဘူး၊ ကြိုက်ရာ identity နဲ့ ကြိုက်သလို ရေးတင်နိုင်ပါတယ်၊ ကိုယ့်လက်ကထွက်တဲ့ ကိုယ့်စာတွေကို တန်ဘိုးထားကြမယ်၊ တာဝန်ယူကြမယ်လို့ ယုံထားပါတယ်။
    --
    ကော်မန့်အရှည်ကြီးရေးတင်လို့မရတဲ့အတွက် ခွဲတင်လိုက်ပါတယ်။

    ReplyDelete
  47. (ကော်မန့် ပြန်တင်ခိုင်းသူ) - မတင်ရဲ အပြောမခံရဲ ရင်ပိတ်ထားလိုက်ပါ (ဒါ ဘလော့ဂါရဲ့ လုပ်ပိုင်ခွင့်ပဲ) ကော်မန့်ကလဲ ပြန်တင်ရမလားလို့ မေးစရာမလိုပါဘူး... အားလုံးရှေ့မှာ ပြောတာမို့လို့ မေးစရာမလိုပဲ ပြန်တင်ရမှာပါ.....

    ခံစားချက်တွေ ပြင်းထန်နေပြီလို့ ထင်ပါတယ်၊ စိတ်လျှော့ပါ၊ မလိုမကျဖြစ်စရာ မလိုပါဘူး။ ပြန်တင်ရမလား မေးတာက ကျနော် အရင် bbs/forum တွေမှာ ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံအရ မေးရခြင်းဖြစ်ပါတယ်၊ ဒီလိုပါ။ လူတစ်ယောက်ဟာ (ခင်ဗျားကို ပြောတာမဟုတ်ပါ၊ ဒါတွေ စဉ်းစားတုန်းက ဘယ်သူရေးမှန်းလည်း မသိသေးပါ) ဒေါသကြောင့်ပဲဖြစ်စေ၊ စိတ်အလောကြီးလို့ပဲဖြစ်စေ၊ ဇွပ်ခနဲ ချရေးလိုက်တဲ့ ကော်မန့်ထဲမှာ အမှားတွေ ပါသွားနိုင်တယ်၊ မိနစ်ပိုင်းအကြာ နာရီပိုင်းအကြာ ရက်ပိုင်းအကြာမှာ ထပ်ပြီးဖတ်မိတာတွေက သူ့ခံယူချက်ကို ပြောင်းလဲသွားစေနိုင်တယ်။ ဒါကြောင့် ရေးပြီးနောက်ပိုင်းမှာ ထားလိုက်ပါတော့ ဆိုတဲ့ အတွေးမျိုးဝင်ပြီး ကိုယ်ရေးထားတာကိုတောင် ပြန်မဖတ်ချင်တော့တဲ့ အနေအထားမျိုး ရှိသွားနိုင်တဲ့အပြင်၊ သူရေးထားတဲ့ စာထဲမှာ သူများကို စော်ကားလိုက်လို့ ပြန်တောင်းပန်ရတဲ့ ကိစ္စမျိုးလည်း ရှိတတ်တယ်။ ဘလော့ဂ်ပိုင်ရှင်ဖြစ်တဲ့ ကျနော့်အနေနဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်ပြထားတဲ့ အကြောင်းအရာတစ်ခုကို မလိုအပ်ပဲ ပြဿနာကြီးတစ်ခု ဖြစ်မသွားစေချင်တာ အမှန်ပဲ၊ ပြီးလောက်ပြီလို့ ကျနော် ထင်နေတဲ့ အချိန်မှာ မြုပ်နေတဲ့ ကော်မန့်တစ်ခုကို ပြန်ထုတ်ပြီး ကျနော့်နာမည်နဲ့ တင်လိုက်ရင် ဖတ်နေသူတွေအတွက် ပိုရှုပ်ကုန်မှာ သေချာပါတယ်။ ဒါပေမဲ့ မတင်တော့လည်း ဖျက်ပစ်ပါတယ်လို့ အစွပ်စွဲခံရာမှာ စိုးတာကြောင့် တင်ရမလားလို့ မေးတာပါ၊ ဒီစာက ကျနော့် အယူအဆကို ထောက်ခံသည် ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ၊ တဖက်နဲ့ တဖက် ငြင်းခုန်သလို ဖြစ်နေတဲ့အတွက် ကျနော် ဒီအတိုင်းပဲ မေးမှာပါပဲ၊ ရှင်းမယ်ထင်ပါတယ်။

    (ကော်မန့် ပြန်တင်ခိုင်းသူ) - ဘသူမှန်း ဘဝါမှန်း မသိတဲ့ အင်တာနက်မှာ ဘဝါကတော့ ဘသူပဲနေမယ် ဆိုတဲ့ ခင်ဗျားတို့ရဲ့ ရီစရာ ကောင်းတဲ့ ဘလော့ဂါ ဆင်ဒရုန်းကြီး ကိုလဲ စာဖတ်သူများက ဟားနေပါကြောင်းးးးး

    Anonymous ဖြစ်နေရတာ ဂုဏ်ယူပြောဆိုနေပုံပါပဲ၊ အလကားရတဲ့ လွတ်လပ်ခွင့်ကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ပါစေဗျား။
    --
    မတူတဲ့ရှုထောင့်က ရေးသွားကြတဲ့ ကော်မန့်ပိုင်ရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ အယူအဆ အသစ်အသစ်တွေ တက်လာဦးမယ်လို့ မျှော်လင့်ပါတယ်။

    ReplyDelete
  48. ဒီဇာတ်ထုတ်ကို ဒီနေ့မှပဲ ဇာတ်ရည်လည်သလိုလို ရှိတယ်။

    ကိုတီ Cheers!
    အမြင်တွေ တသွေမတိမ်းနီးပါး လက်ခံမိတယ်။ ကိုတီ ပြောထားတာတွေအကုန် နားလည်တယ်လို့ ထင်တယ်။

    (ဘာပဲဖြစ်ဖြစ် အဲဒီ ဘလော့က စာတွေကိုလည်း ဖတ်ဖြစ်နေရတုန်းပါပဲ။ Ko Nanda ပြောတာ အများစုကိုလည်း အမြင်တူတယ်ထင်လို့ လက်ခံမိတယ်။ ဒီတခုတည်းကြောင့်တော့ နောက်စာတွေ မဖတ်ဘဲလည်း နေမှာမဟုတ်ဘူး။ မကြိုက်နိုင်တာတွေလည်း ပါဦးမှာပဲ။ ကြိုက်နိုင်တာတွေလည်း ပါဦးမှာပဲ။ စောင့်ဖတ်ရမယ့်ထဲတော့ ထည့်ထားတုန်းပါပဲ။)

    ReplyDelete
  49. ဟုတ်တယ်ရီတာ.. ကောင်းတာတွေရှိတာ အမှန်ပဲ၊ ကျနော်က မကောင်းတာကို မနေနိုင်လို့ ရွေးထုတ်ပြောတာပါ။ :)

    ReplyDelete
  50. ဟုတ်တယ်..ကျမလည်းသွားသွားဖတ်ပါတယ်..မဆိုင်တာတွေကိုကျော်ဖတ်ပြီး ဆိုင်တာတွေကိုရွေးဖတ်ပါတယ်.. မကောင်းတာလည်းရှိသလို ကောင်းတာတွေလည်းရှိပါတယ်..။ ကော်ပီရိုက်သဘောတရားကိုသိပ်နားမလည်ပေမယ့်...ကိုတီဇတ်အေတို့ပြောတာကိုသဘောပေါက်ပါတယ်..။ ကျမလည်းအစက ပုံတွေဟိုကယူဒီကယူနဲ့ ဘာမှမထည့်မိဘူး..ခုနောက်ပိုင်းမှာတော့ပုံယူမိရင်ယူတဲ့နေရာကနေ ထည့်ပေးထားပါတယ်..။ ပြီးတော့ ကိုစေတန်ဂေါ့ပြောသလိုပဲ theme နာမည်လည်းအားရင်ပြင်ရပါဦးမယ်..။ ဒီပိုစ့်တွေဖတ်ရင်းနဲ့ဗဟုသုတတွေအများကြီးရပါတယ်...။း)

    ReplyDelete
  51. Ohhhhhh.... really beautiful Myanmar !!!!!!!!!

    ReplyDelete
  52. မသက်ဝေ ဘလော့ဂ်ကနေ ကူးလူးယှက်သွယ်ပြီး TZA ရဲ့ ပို့စ်ကို အခုမှ ဖတ်မိတယ်။ အဲဒီ ကေ့စ်ကိုတော့ ကာယကံရှင်ဆီမှာ ဖတ်ဖူးပါတယ်။

    ReplyDelete
  53. တို့တော့ ဒီလိုဘဲ စကမ်ဖတ်ပြီးတင်လိုက်တာဘဲ မူလသတင်းစာကို ပြောမနေပါဘူး
    ရှားပါးရှေးဟောင်းပုံဆိုတော်သေး
    ခု ဝင်းဒိုးတွေ အော့ဖေစ်တွေ ပျူထဲကအားလုံး ဝယ်သုံးပြီးသင်လာ တတ်လာလား
    ?တွေ ?လုပ်ပြီးလေ့လာခဲ့လား
    သူကစီးပွါးဖြစ်လုပ်ရင်တမျိုးပေါ့လေ

    ReplyDelete
  54. ပေးတိုင်းယူစရာလား သူ့တို့ကိုမယူရင် သတ်မယ်လို့ ခြိမ်းခြောက် ပြီးပေးတာလား ....အမှန်တစ်ကယ်တော့ သူ့တိုဟာ စားပွဲထိုးလေးထက်အများကြီးတော်အများကြီးတတ် ပါတယ် ဖြစ်သင့်တာက ''ညီ အစ်ကိုတို့ဒါမျိုးမလိုချင်ပါဘူးကွာ ပိုင်ရှင်မသိတဲ့ပစ္စည်းကို တစ်ကယ်လိုညီကူညီနိုင်မယ်ဆိုရင် အစ်ကိုတို့ကိုမေးပေးပါလား ဘယ်မှာဝယ်ရလည်းဆိုတာ အစ်ကိုတို့လည်းဝယ်ချင်လို့ပါကွာ အဲ့ဒါ ညီမန်နေဂျာသို့မဟုတ်သူငှေးကိုမေးလို့ရမယ်ဆိုမေးပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ် ညီ' လိုပြောလို့မရဘူးလား ၀ယ်မယ်ဆိုလည်းဝယ်နိုင်တဲ့ အခြေအနေမှာရှီနေပါတယ် အဲ့ဒါကိုယူတော့ယူလာပြီးမှ ပေးတဲ့သူကို အပြစ်တင်တယ်ဆိုတာကတော့ နည်းနည်းများမတရားရာကြနေမလားလို့ပါ ပညာရှိ ပညာတတ်လို့ စားပွဲထိုးလုပ်နေတာမဟုတ်ပါဘူး နိုင်ငံတစ်ကာနဲ့တော့သွားမယှဉ် နဲ့ပေါ့ဗျာ.......

    ReplyDelete