Search This Blog

Loading...

23 November 2011

zero-sum game 零和博弈 (1)

မနက်မနက် ရထားဘူတာထဲဝင်ခါနီး သတင်းစာဝေတဲ့ အမျိုးသမီးကြီးရှေ့က ကျူတန်းထဲကို အရင်ဝင်စီရတယ်။ သူ့အရှေ့က သတင်းစာအထပ်လိုက်ကြီးကို ဗယ်လက်ရော ညာလက်ပါ လူတွေကိုဝေပေးရင်းနဲ့ သတင်းစာအပုံလည်း ဖြည်းဖြည်းချင်း နိမ့်ကျသွားတယ်၊ နာရီကြည့်စရာမလိုဘူး၊ ကျနော်ဝင်စီတဲ့အချိန် အဲဒီအပုံကြီး သူ့ရဲ့ပေါင်ရင်းလောက် ရောက်နေပြီဆိုရင် ကျနော်အလုပ်နောက်ကျဖို့ အလားအလာရှိနေပြီ၊ သတင်းစာအထပ်လိုက်ကြီး သူ့ခါးအထက်မှာ ရှိနေတော့မှ ရထားစီး၊ ကားစီးပြီး အလုပ်ကို ၈ နာရီခွဲလောက် ရောက်နိုင်ပါမယ်။ အဲ၊ ရေးချင်တာ အဲဒီအကြောင်း မဟုတ်ပါဘူး။

အဲသလို အခမဲ့ ဝေပေးတဲ့ My Paper သတင်းစာတွေကို အမြဲတစေ စောင့်ယူဖြစ်တယ်၊ ရထားပေါ်မှာဖတ်တယ်၊ ကားပေါ်မှာဖတ်တယ်၊ အလုပ်ရောက်ရင် အကုန်နီးပါး ဖတ်ပြီးပြီ။ တခါတလေ တခြားနေရာမှာ ဖတ်ပြီးသား သတင်းတစ်ခုခုကို ဒီသတင်းစာထဲမှာ ပြန်ဖတ်မိရင် ခေါင်းထဲပိုစွဲသွားတတ်တယ်။ ဥပမာ The Economist မှာ ဖတ်ထားပြီးသား လေယာဉ်ပေါ်တက်တဲ့ ပုံစံအသစ်ကို စမ်းသပ်နေတဲ့ Dr Steffen အကြောင်း Please be seated ကို သတင်းစာထဲ ပြန်ဖတ်မိတုန်းက ဘလော့ဂ်ပေါ် ရေးတင်ချင်ခဲ့သေးတယ်၊ ဒါပေမဲ့ ကြားထဲမှာ ခရီးထွက်လိုက်တော့ အဲဒါကို မတင်ဖြစ်လိုက်ဘူး။ နောက်တခါ ပင်လယ်ရပ်ခြား တရုတ်နဲ့ ကုလားတွေအကြောင်း ရေးထားတဲ့ Weaving the world together ဆိုတဲ့ ဆောင်းပါးကိုလည်း အဲလိုပဲ နှစ်ဖက်လုံးမှာ ဖတ်မိပြန်တယ်၊ အဲဒါလည်း ရေးချင်စရာ တွေးချင်စရာတွေ အတော်များတယ် (ကျနော်လည်း အဲဒီထဲက လူတစ်ယောက်ဖြစ်နေတာကိုး)။ မဂ္ဂဇင်းထဲမှာပါတဲ့ အောက်ကပုံကိုတော့ သတင်းစာထဲမှာ ထည့်မထားဘူး၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ တရုတ်ပြည်ပြင်ပက တရုတ်လူမျိုးနဲ့ အိန္ဒိယနိုင်ငံပြင်ပက ကုလားလူမျိုး အရေအတွက်ထဲက ထိပ်ဆုံး ၂၀ စီကို ပြထားတာပါ၊ မြန်မာပြည်က အလုံးနှစ်လုံးပေါင်း လူတစ်သန်းခွဲကို သေချာကြည့်မိသေးတယ်။ ဒါလည်း ဒီပို့စ်နဲ့ မဆိုင်သေးပါဘူး။ (ဟမ်)


အဲသလို သတင်းစာပုံမှန်ဖတ်နေလိုက်တာ မနေ့က ၂၂ ရက်နေ့ အင်္ဂလိပ်အပိုင်း စာမျက်နှာ A8 မှာ How China Can Defeat America ဆိုတာ စိတ်ဝင်စားလို့ ဖတ်မိလိုက်တယ်။ အလို၊ အင်္ဂလိပ်လိုဖတ်ပြီးတော့ ပိုစိတ်ဝင်စားသွားလို့ တရုတ်ဗားရှင်း ရှာဖတ်အပြီးမှာ တခုခု ချရေးချင်စိတ် ပေါ်လာပါရောလား။ သတင်းစာပဲ ဖတ်ချင်ရင် ဒီမှာ ပြန်ရှာဖတ်နိုင်ပါတယ်။ ဒုတိယစာမျက်နှာက Taylor Swift နှုတ်ခမ်းလေးကို ကျနော့်လို အကြာကြီး စိုက်မကြည့်မိဖို့တော့ သတိပေးပါရစေ :p

ကဲ၊ လိုရင်းကိုရောက်ပါပြီ။ မူရင်းဆောင်းပါးက The New York Times ထဲကပါ။

ဒီပုံအတိုင်းပဲ မာန်ဖီနေတဲ့ နဂါးကြီးကို အပြုံးမျက်နှာတစ်ခု၊ တနည်းအားဖြင့် humane authority လို့ ပြန်ဆိုထားတဲ့ လူသားခြင်း စာနာထောက်ထားတဲ့၊ သနားကြင်နာစိတ်ရှိတဲ့ အုပ်ချုပ်မှု မျက်နှာဖုံးလေးကို တပ်ထားစေချင်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ တရုတ်အတွေးအခေါ်ပညာရှင် ရွှင်ဇီ Xunzi
荀子 ရဲ့ အပြောအရ အုပ်ချုပ်မင်းလုပ်တဲ့ ပုံစံဟာ humane authority ၊ hegemony နဲ့ tyranny ဆိုပြီး ၃ မျိုးရှိတယ်၊ humane authority က ပြည်တွင်းရော ပြည်ပက လူတွေအားလုံး သဘောကျလက်ခံလာစေနိုင်တဲ့ ကောင်းသောအုပ်ချုပ်မှုမျိုး၊ tyranny ကတော့ စစ်အင်အား၊ တိုက်ရည်ခိုက်ရည်ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ရန်ငြိုးရန်စတွေ ဖွဲ့မိမှာ မလွဲမသွေ၊ ဆိုတော့ သူက စစ်အာဏာအားကိုးတဲ့ မကောင်းတဲ့ပုံစံ၊ hegemony ကတော့ အဲဒီနှစ်ခု စပ်ကြားက အုပ်ချုပ်မှုပုံစံပါ တဲ့။

အဲဒီဆောင်းပါးထဲမှာ ကျနော်စိတ်ဝင်အစားဆုံး အချက်နှစ်ချက်ကတော့ How China Can Defeat America ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်ရယ်၊ ဆောင်းပါးထဲက (ကျနော်ဖတ်မိသလောက်) လူပြောအများဆုံး အချက်ဖြစ်တဲ့ zero-sum game ဆိုတာရယ်ပါ။ စိတ်ဝင်စားသူများ အရင်ဖတ်လိုက်ပါဦး၊ နောက်ပို့စ်မှာ ဆက်ရေးပါမယ်။

ဒါက ပို့စ်ခေါင်းစဉ်နဲ့ ဆီလျော်တဲ့ပုံရှာရင်း တွေ့မိတာလေးပါ၊ အခု US က အခြေအနေကိုလည်း ထင်ဟပ်နေပါတယ်။

Image source: http://pc.blogspot.com/2010_02_21_archive.html

6 comments:

  1. I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

    Myanmar Online Music: http://www.myanmaronlinemusic.com/

    Thanks a lot!

    ReplyDelete
  2. i don't know the exact situation in US. but taking a look at the cartoon makes me understand a lot more. :|

    ReplyDelete
  3. အတူတူပဲ ကိုတီဇက်အေရေ...
    သတင်းစာပုံကို လှမ်းကြည့်လိုက်ရင်ပဲ ရုံးနောက်ကျတော့မှာလား ကြိုသိနိုင်နေပြီ...

    ReplyDelete
  4. ကိုTZAရေ သတင်းစာဒုတိယစာမျက်နှာအပြေးအလွှား လှန်မိတာပဲ။
    ကျေးဇူး . . .း)။
    ဆက်လက်ဖတ်ဘို့  နောက်ပို့စ်ကိုစောင့်မျှော်နေပါတယ်။

    ReplyDelete
  5. စု.. သူတို့ဆီက ကာတွန်းတွေ အင်မတန်ထိထိမိမိရှိတယ်ဗျာ၊ အရမ်းကြိုက်တယ်။

    အနောနမတ်စ်.. ဟားဟား.. ကိုယ့်လိုပဲ သတင်းစာကို နာရီအဖြစ်ကြည့်တဲ့သူရှိသားပဲ။

    ဖလ်နေဝန်း.. တေလာဆွဖ်ဖ်ဖ်ဖ်ကလေးက ရုပ်လည်းချော၊ အသံလည်းကောင်းဗျာ.. အကြိုက်ချင်းတူနေပြီဗျိုး :D

    ReplyDelete
  6. တေလာလေး သွားကြည့်လိုက်ဦးမယ်..

    ReplyDelete