--
နိုဝင်ဘာလ ၂၈ ရက်၊ အန်ဟွေးပြည်နယ် ပေါ်ဇိုး၊ ဆေးရုံတစ်ရုံမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းဟောင်း ၄၈ ယောက်ကို ဆေးရုံကနေ ဟွားရှိလိုနဲ့ စစ်သူကြီးချောင်ချောင်း အမှတ်တရပြတိုက် စတဲ့နေရာတွေဆီ သွားလည်နိုင်အောင် တစုတစည်းတည်း ပို့ပေးပါတယ်။ ပုံကတော့ ဟွားရှိလို ဆိုတဲ့ tourist attraction မှာ လည်ပတ်ကြည့်ရှုနေတာပါ။ (TZA: ဒီရုပ်တုနှစ်ခုကတော့ ကျနော် လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ရေးခဲ့ဖူးတဲ့ သူရဲကောင်း ယွဲ့ဖေးကို ချောက်တွန်းခဲ့သူ အမတ်ဆိုး 秦檜 ခေါ် အီကြာကွေး လင်မယားပါပဲ၊ သေသွားတာ ၈၅၆ နှစ်ကြီးများတောင် ရှိသွားပေမယ့် သူရေးသွားတဲ့သမိုင်းက အခုထက်ထိ သူ့ကိုဒဏ်ခတ်နေဆဲပါ၊ ပါးနေရာမှာ ရိုက်ထားတာများလို့ ဆေးတွေတောင်ကွာနေပါပြီ၊ သူ့မိန်းမက ပါးတင်မကဘူး၊ တခြားနေရာပါ လက်ဆော့ခံရသေးတယ်။ မြန်မာပြည်မှာ အဲသလိုအရုပ်မျိုး သားစဉ်မြေးဆက်အမှတ်ရနေအောင် ထုထားရင် ဘယ်သူဖြစ်မလဲ၊ ဒါက သေဒဏ်ပေးလိုက်တာထက် ပိုခံရခက်မယ်ထင်ပါတယ်။ ဗုဒ္ဓဘာသာ အယူအဆမှာ ဒါမျိုးလုပ်သင့်သလား မလုပ်သင့်ဘူးလား၊ ဘယ်လိုမြင်ပါသလဲ)

11月28日,安徽亳州,光荣一院组织全院48名复员军人到花戏楼、曹操纪念馆等景区免费参观游玩。图为复员军人在花戏楼景点参观。 东方IC/刘天富
နိုဝင်ဘာလ ၂၇ ရက်၊ ဟေနန်ပြည်နယ် လော့ယန်၊ ဟေနန်ပြည်နယ်မှူးနဲ့ လော့ယန်မြို့တော်ကောင်စီ အတွင်းရေးမှူးတို့ရဲ့ လိုက်ပါမှုနဲ့အတူ Foxconn ဥက္ကဌ Terry Gou က လော့ယန်ရဲ့ ကွမ်းလင်းကို သွားရောက်လေ့လာနေပုံဖြစ်ပါတယ်။ Terry ပြောပြချက်အရ စက်တင်ဘာလ ၄ ရက်နေ့တုန်းက သူကွမ်းလင်းမှာ ကွမ်းကုံးနတ်ကို ရှိခိုးနေတုန်း နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ဖုန်းဝင်လာတယ်၊ ခလုပ်နှိပ်ပြီး ကိုင်ဖို့ကြိုးစားပေမယ့် ဆက်တိုက်မြည်နေပြီး ဘုံကျောင်းအပြင်ထွက်လိုက်တော့မှ မြည်တာရပ်သွားတယ် ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို ကွမ်းကုံး နိမိတ်ပေးတာလို့ ယူဆတဲ့သူဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကို တမင်ရွေးပြီး သူ့ကုမ္ပဏီရဲ့ အကြီးအကဲတွေနဲ့အတူ လာကန်တော့တာပါ၊ လော့ယန်မှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်မယ်လို့လည်း ကတိပေးသွားပါတယ်။ (TZA: Foxconn ဟာ Apple ရဲ့ iDevices တွေအပါအဝင် အီလက်ထရောနစ် အသုံးအဆောင်ပစ္စည်း မြောက်များစွာကို ထုတ်လုပ်ပေးနေတဲ့ ဝန်ထမ်းဦးရေ သိန်းချီတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်၊ တည်ထောင်သူ Terry က ထိုင်ဝမ်သားဖြစ်ပြီး သူ့စက်ရုံတွေကို တရုတ်ပြည်နဲ့ နိုင်ငံအတော်များများမှာ တည်ထားပါတယ်၊ စက်ရုံလုပ်သားတွေကို စက်ရုပ်လို လုပ်ခိုင်း၊ နေခိုင်းတဲ့ စနစ်ကြီးကြောင့် တရုတ်အလုပ်သမားတွေ တိုက်ပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံကြလွန်းလို့ အောက်မှာပိုက်ကွန်တွေ ခံထားရတဲ့အထိပါ၊ သို့ကလို အရင်းရှင်စနစ်ရဲ့ ဘီလူးမျက်နှာကို iPhone တို့ iPad တို့ တန်းစီဝယ်တတ်သူတွေ မေ့လျော့နေကြတာ တရားကျစရာပါပဲ)

11月27日,河南洛阳,富士康总裁郭台铭在河南省长郭庚茂、洛阳市委书记毛万春等陪同下参观洛阳关林。据郭台铭介绍,9月4日他在关林敬拜关公期间,随身携带的手机突然震响,显示11月27日的日期,按动键盘也不见停止,直到走出大殿后才停止震响。他认为是关公显灵,故在11月27日率富士康数十名高层前来朝拜关公还愿,并承诺在洛阳投资新项目。 CFP/关军
နိုဝင်ဘာလ ၂၈ ရက်၊ ကျေ့ကျန်းပြည်နယ် ဝန်းလင်၊ အဂတိတိုက်ဖျက်ရေး ပြပွဲတစ်ခုမှာ ကုလားထိုင်တစ်လုံးက ပရိသတ်အများကြီးကို ဆွဲဆောင်ထားပါတယ်။ ဒီကုလားထိုင်ရဲ့ ခြေသုံးချောင်းမှာ အရက်ခွက်၊ ဒေါက်မြင့်ဖိနပ်နဲ့ ငွေစက္ကူတို့က အောက်ကနေ ထောက်ပေးထားပါတယ်၊ လူတစ်ယောက်မှာ ဒီလိုလောဘစိတ်သုံးမျိုး ဝင်ပူးနေတာကို ဥပမာပေးထားတာပါ။ (TZA: သိပ်ကောင်းတဲ့ စိတ်ကူးစိတ်သန်းပါ၊ ခုံပေါ်က မထိုင်ရ ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း သဘောကျတယ်၊ ပရိသတ်တွေ တက်ထိုင်မှာစိုးလို့ ရေးထားတာ သိသာပေမယ့် ဒီလို စည်းစိမ်ဥစ္စာတွေ၊ တဏှာရာဂတွေနဲ့ ရစ်နွယ်ထောက်ပံ့ထားတဲ့ ရာထူးမျိုးကို မမက်မောနဲ့လို့ပြောတာ ဆိုပြီးတော့လည်း အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်၊ ကျနော်ကတော့ ဒီလိုကောက်လိုက်တာပဲ။ မြန်မာပြည်က အစိုးရရုံးတွေမှာ ချပြထားသင့်တယ်)

11月28日,浙江温岭,在反腐倡廉成果展上一把椅子吸引了众多的参观者。这把椅子的三只脚分别用酒杯、高跟鞋和金钱垫底,寓意一个人如果有了这三种贪念。 东方IC/吴鹏飞
နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ် နိုင်ငံ့ဝန်ထမ်းရွေးချယ်တဲ့ စာစစ်ပွဲရဲ့ အထွေထွေဘာသာရပ် ရေးဖြေပွဲ ကျင်းပပါတယ်၊ နိုင်ငံတဝန်းက ဖြေဆိုသူပေါင်း ၁၃ သိန်း ၃ သောင်းက လစ်လပ်နေရာ တစ်သောင်းရှစ်ထောင်အတွက် ယှဉ်ပြိုင်ရမှာပါ။ ပုံကတော့ ဆန်းရှီးပြည်နယ် ထိုက်ယွမ်က ဖြေဆိုသူတွေ စာစစ်ခန်းမထဲ ဝင်ရောက်နေပုံဖြစ်ပါတယ်။

11月27日,2012年度国家公务员考试进行公共科目笔试,133万考生将为1.8万个职位竞争。图为山西太原参加公务员考试的人们入场。CFP/胡远嘉
နိုဝင်ဘာလ ၁၁ ရက်၊ ဆန်ရှီးပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းမှာပါ၊ ကလေးတွေ ထမင်းစားချိန် ထမင်းစားဆောင်ရဲ့ လှေခါးထစ်နားမှာ လူကြီးတွေလို ဆောင့်ကြောင့်ထိုင်ပြီး စားသောက်နေကြပုံဖြစ်ပါတယ်။

11月11日,陕西陇县河北镇韦家堡小学,开饭时间,孩子们像大人一样“圪蹴”(方言 指蹲着)在食堂前的台阶上就餐。 华商报/赵航
နိုဝင်ဘာလ ၈ ရက်၊ ဆမ်မုခရိုင် ကော့ကျင့်လမ်းမပေါ်မှာ ပိတ်မိနေတဲ့ ကားတွေဆီကနေ လက်နှစ်ဖက်စလုံးမရှိတဲ့ ဒုက္ခတိတစ်ယောက် တောင်းရမ်းနေပုံ ဖြစ်ပါတယ်။

11月8日,在神木县过境公路上,一位没有双臂的残疾人逐一向堵在路上的司机乞讨要钱。 华商报/邓小卫
နိုဝင်ဘာလ ၂၁ ရက်၊ ဘေကျင်းက Civil Aviation Museum တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။ ပုံကတော့ မော်စီတုန်း စီးခဲ့ဖူးတဲ့လေယာဉ်ပျံရဲ့ အတွင်းပိုင်းပါ။

11月21日,位于北京首都机场辅路的民航博物馆正式开馆。图为毛泽东座驾的内部。 法制晚报/杨益
နိုဝင်ဘာလ ၉ ရက်၊ ဟူနန်ပြည်နယ် ဆောက်ယန်၊ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ စစ်မှုထမ်းဟောင်းကြီး ဇိုးကျန့်ဝေ ဟာ လေဖြတ်ပြီး ကုတင်ပေါ်က မဆင်းနိုင်တော့တဲ့ ဇနီးသည်နဲ့ ဥာဏ်မမှီတဲ့ မြေးမလေးကို စောင့်ရှောက်လာတာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီတလော ဇိုးကျန့်ဝေကိုယ်တိုင်လည်း လေဖြတ်ပြီး ဗုန်းဗုန်းလဲသွားပါပြီ၊ ကိုယ့်ကိုကိုယ်တောင် စောင့်ရှောက်နိုင်စွမ်း မရှိတော့တဲ့သူဟာ ဇနီးသည်နဲ့ မြေးမလေးကို ဘယ်လိုမှ ပြုစုပေးဖို့ မတတ်နိုင်တော့ပါဘူး။ ပုံကတော့ သူ့ဇနီးဖြစ်သူ လုံမေယင်း နဲ့ ဥာဏ်ရည်မမှီတဲ့ မြေးမလေးတို့ စေတနာရှင်တွေ ပို့လာပေးတဲ့ ငှက်ပျောသီးကို နေ့လည်စာအဖြစ် စားသုံးနေကြစဉ်ပါ။

11月9日,湖南邵阳,84岁的退伍老兵邹正伟照料瘫痪在床的妻子与痴呆孙女俩整整十载。可近日,邹正伟自己也瘫倒在床,生活不能自理,再也无法照料瘫痪在床的妻子与痴呆孙女俩。图为邹正伟瘫痪在床的妻子龙梅英与痴呆孙女在吃好心人送来的香蕉充当中餐。CFP/李爱民
နိုဝင်ဘာလ ၁၂ ရက်၊ ဘေကျင်း စုန့်ကျွမ်းက အနုပညာပြပွဲတစ်ခုရဲ့ ပြကွက်တစ်ကွက် ဖြစ်ပါတယ်။ ဒါဟာ တရုတ်ကျေးလက်ဒေသက တကယ့်အိမ်ခန်းကို တစစီ သယ်ယူလာပြီး ပြန်ဆင်ထားတာပါ၊ ဒီအခန်းကတော့ ကျေးရွာတွေက ဇိမ်ခန်း ပဲ ဖြစ်ပါတယ်၊ အဲဒီဒေသရဲ့ လူနေထိုင်မှု ဓလေ့စရိုက်ကို တရုတ်အနုပညာရှင် ၁၀ ယောက်ကျော်က ၂ နှစ်တာ အချိန်ယူပြီး လေ့လာခဲ့တာပါ။ ယောက်ျား မိန်းမ အချိုးအစား ဆိုးဆိုးရွားရွားကြီး မမျှမတဖြစ်နေတဲ့ တရုတ်ကျေးလက်ဒေသေတွေမှာ လူပျိုသိုးကြီးတွေဦးရေဟာ တစ တစ များပြားလာပါတယ်၊ လိင်ပိုင်းဆိုင်ရာအာသီသ ပြင်းပြင်းပြပြ ရှိနေတတ်တဲ့ လယ်သမား ယောက်ျားတွေဟာ ဒီလိုဇိမ်ခန်းတွေမှာ တစ်ကြိမ်ကို ယွမ် ၃၀ နှုန်းနဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းကြပါတယ်၊ ဖြစ်သလို ကာထားတဲ့ နံရံပေါ်မှာ အပေါက်လေးတစ်ခုကို တခြားလူတွေကြည့်ဖို့ ဖောက်ထားပါသေးတယ်၊ အဲဒီကနေ ကြည့်မယ်ဆိုရင်တော့ ယွမ်ငွေ တစ်ကျပ် ပေးရပါတယ်။

11月12日,北京宋庄,"凤凰西去20000米-湘西田野艺术文献展"一个场景。这是一个完全用实物还原的中国乡村“性屋”——10多位中国艺术家对湘西作社会人类学调查,历时两年。在性别严重失调的中国乡村,光棍汉比例增高。性饥渴的男农民,在这里每次为性服务付费30元,简陋隔墙上还挖有小孔,供其他客人窥视,每次收费1元。张力奋/摄
နိုဝင်ဘာလ ၁၄ ရက်၊ စခန်းပိုင်နက်ထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ ယောင်မောက်ရှီ coma ကိုးမားဖြစ်သွားတာ သတင်းကြားပြီးတဲ့နောက် ဆန်းတုံးပြည်နယ် ရဲစခန်းတစ်ခုက ရဲဝန်ထမ်းတွေ အိမ်တိုင်ရာရောက်သွားပြီး ဒုတိယမျိုးဆက် မှတ်ပုံတင်အသစ် အခမဲ့လုပ်ပေးနေပုံပါ။ (TZA: တရုတ်နိုင်ငံမှာ ဒုတိယမျိုးဆက် IC မှတ်ပုံတင်ကဒ်ပြားကို ၂၀၀၄ မှာ စတင်အသုံးပြုပါတယ်၊ မြန်မာမှတ်ပုံတင်ကဒ်ပြားလည်း ပိုလုံခြုံတဲ့ပုံစံအသစ် လဲသင့်ပါပြီ)

11月14日,山东省枣庄市公安局市中分局胜利路派出所的民警了解到辖区内居民姚茂喜因病成为“植物人”后,主动上门为他免费办理第二代身份证。 CFP/吉喆
ပုံတွေလာကြည့်သွားပါတယ်.
ReplyDeleteကြယ်စင်အလင်း
သက်ပြင်းပါချသွားပါဦး :D
ReplyDeleteဟင်း....
ReplyDeleteTZA ရေးတာတွေဖတ်ရတာ စိတ်ချမ်းသာတယ်ဆိုပီး အမြဲလာဖတ်နေတာ ခုတော့ တမင်များလုပ်သလား ..သက်ပြင်းမောကြီး အလုံးတရာချပြီးပြန်သွားတယ်ကွယ်....နောက်တပုဒ်ကျ ပျော်စရာရေးပါ။
ReplyDeleteဟုတ်ပါတယ်...
ReplyDeleteကို တီဇက်အေ တယောက် မိန်းမရပြီးကာမှ သံဝေဂရစရာတွေရေးတာပိုများနေတယ်
အရင်လူပျိုဘ၀လိုပျော်စရာလေးတွေများများရေးပေးပါ.... :)
good post TZA.thank you
ReplyDeleteကျေးဇူးအများ ကြီးတင်ပါတယ် ကို TZA .. အမြဲ အားပေးလျက်ပါ..
ReplyDeleteသက်ပြင်းတွေ အများ ကြီး ချသွားတယ်.. ipad ဝယ်ရင် ကောင်းမလားလို့ ချင့်ချိန်နေတာ.. ခုတော့ ရှင်းသွားပြီ.. သေတောင် မဝယ်တော့ဘူး.. အွန်လိုင်း တက်တိုင်း degolar ကို အမြဲအရင်ကြည့်ဖြစ်တယ်.. ခုပို့စ်တွေက တစ်ချို့ ရဟန်းတွေကို တန်း အရဟတ္တဖိုလ် ဆိုက်စေနိုင်လောက်တယ်.. :)
ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ.. အီကြာကွေး အကြောင်းလည်း သွားဖတ်ဖြစ်တယ်..မန့် လည်း မန့် သွားတယ်.. :)
ကော်မန့်တွေဖတ်ရတာ ဝမ်းသာပါတယ်၊ မိန်းမရပြီးမှ သံဝေဂရစရာတွေ ရေးတာမဟုတ်ပါဘူး၊ အရင်ကဆို blog ဖြစ်ဖြစ် facebook ဖြစ်ဖြစ် ဘယ်သူမှမသိဘူး၊ ရေးချင်သလိုရေး၊ ပေါချင်သလိုပေါလိုက်တာပဲ၊ ခုတော့ အပြင်မှာသိတဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေက ဒီလူနဲ့ ဒီဘလော့ဂ်နဲ့ တွဲမိလာတော့ သိပ်မပေါရဲတော့ဘူးဗျာ၊ ရေးစရာ ဘောင်က တဖြည်းဖြည်းကျဉ်းသွားတယ် (ဟင်း)။
ReplyDeleteYaw Mang ရေ.. iPad မဝယ်ရဘူး မဟုတ်ပါဘူး၊ ကျနော်ကိုယ်တိုင် တန်းစီဝယ်ခဲ့တာပါ၊ ပြောချင်တာက လှတပတ ပစ္စည်းလေးတွေရဲ့နောက်ကွယ်မှာ ခွေးလို နွားလို လုပ်နေကြတဲ့ အလုပ်သမားတွေရှိတဲ့အကြောင်းပါ။ တချို့ကတော့ ပြောလိမ့်မယ်၊ ဟာ.. ဒါတရုတ်သူဌေးတွေ လူကိုလူနဲ့မတူအောင် ခိုင်းတာကိုကွ ဆိုပြီး.. ဒါပေမဲ့ ဒီလိုမခိုင်းရင် ဒီဈေးနဲ့ ထုတ်မပေးနိုင်ဘူး၊ ဒီဈေးနဲ့ ထုတ်မပေးနိုင်ရင် ဘဘစတိဗ်တို့လို ဦးနှောက်ရင်းထားတဲ့ ပုဂ္ဂိုလ်တွေက အော်ဒါကို တခြား ပိုပေါတဲ့နေရာ ပေးပစ်မှာပဲ၊ ဝန်ထမ်းတွေ တယောက်ပြီးတယောက် တိုက်ပေါ်ကခုန်ချနေတာ Foxconn မဟုတ်ပဲ တခြားနိုင်ငံတခုခုက ကုမ္ပဏီတခုခုဖြစ်နေမှာပါပဲ။ အဓိကကတော့ လူတွေရဲ့ လောဘစိတ်ကပဲ ဒါတွေ ဖြစ်လာအောင် လှုံ့ဆော်နေတယ်လို့ မြင်ပါတယ်၊ အရင်းရှင်စနစ်ရဲ့ ဘီလူးမျက်နှာဆိုတာ ဒါကိုပြောချင်တာပါ။
ဒါပေ့မယ် ခုမှ တော့ဗျာ.... လူတွေ သေနေရတယ် ဆိုကတည်း က ကျွန်တော် တော့ စိတ် မဖြောင့် တော့ ဘူးဗျာ.. ဘဘ စတိဗ် လည်း သူ့ ဦးနှောက်ကို အရင်းပြု ပြီး ချို့ ခုလို ဖြစ်နေတာ ဝမ်းမသာနိုင်မှာ သေချာပါတယ်ဗျာ... ipad ကို မလိုအပ်တာလည်း ထိပ်ဆုံးကပါ... ကိုယ်လိုချင်နေတဲ့ ဟာတစ်ခုပါ... တခြား gadgets တွေနဲ့တင် လုံလောက် လှပါပြီလေ..
ReplyDelete