အပြင်က ဘုံသုံးအိမ်သာပါ၊ ဘိုထိုင်မဟုတ်တာ ထောက်ချင့်ခြင်းအားဖြင့် ဒီအိမ်က ဘယ်လောက်ဟောင်းသလဲဆိုတာ သိနိုင်ပါတယ်။

ကြွေပြားပြန်ကပ်ပြီး ပြင်ရင်းတန်းလန်းပုံပါ။

MBR ခေါ် Master Bedroom ရဲ့ အိမ်သာပါ၊ ဘိုထိုင်ဆိုပေမယ့် ထိုင်ချင်စရာမရှိလောက်အောင် ဟောင်းနေပါပြီ။ အရင်အိမ်ရှင် အဘိုးကြီးက တကယ့်ကို နေနိုင်ပါတယ်၊ တအိမ်လုံး ဖြစ်ချင်တိုင်းဖြစ်အောင် ပစ်ထားတာပါ၊ ဘာဆိုဘာမှ ပြင်မထားဘူး။

ဒီအိမ်သာကိုတော့ အားလုံးဖြိုဖျက်ပြီးပေမယ့် ကြွေပြားပြန်မကပ်ရသေးပါဘူး။

အိမ်နဲ့ပတ်သက်ပြီး သွားလိုက်ရတဲ့ နေရာတွေ၊ စုံစမ်းလိုက်ရတဲ့ အချက်အလက်တွေ မနည်းဘူးဗျ၊ ဟိုမှာဖတ်လိုက် ဒီမှာရှာလိုက်နဲ့ ဒီလိုပဲ စင်္ကာပူတခွင် ပြဲပြဲစင်အောင် သွားရတာဗျာ။ အိမ်ရှာတုန်းကလည်း စိတ်ဝင်စားတဲ့ အိမ်နေရာတွေ တခုပြီးတခု တောက်လျှောက်သွားကြည့်ရတယ်၊ Woodlands AMK Sengkang Marsiling နေရာအနှံ့ပဲ။ ဝယ်ဖြစ်သွားတော့ လုပ်စရာ သွားစရာတွေက ပိုများသွားတယ်၊ တော်သေးတာက အစိုးရကိစ္စနဲ့ ရုံးကိစ္စ အတော်များများကို online ကနေ လုပ်လို့ရတာပဲ၊ အစပိုင်းမှာ ကိုယ်တိုင်ပြေးရတာဆိုလို့ ဘဏ်ကိစ္စတွေ၊ အာမခံကိစ္စတွေပဲ ရှိမယ်ထင်တယ်။ first appointment နဲ့ second appointment နှစ်ခေါက်တိတိ တိုပါးရိုးက HDB Hub ကို မသွားမဖြစ် သွားရတာပေါ့ (မှတ်ချက် - second appointment ကို ကိုယ်တိုင်မသွားနိုင်ရင် law firm က ကိုယ်စားလှယ်အနေနဲ့ သွားပေးလို့ရတယ်၊ သော့ကို law firm က ယူထားပြီး ကိုယ်အားတဲ့အခါ သူတို့ဆီမှာ သွားယူနိုင်ပါတယ်)။ ဒီ appointment နှစ်ခုကြားမှာတော့ အိမ်ပြင်ဖို့ကိစ္စ ဆိုင်းပြင်းရတယ်၊ ID အနည်းဆုံး ငါးခြောက်ခုဆီ သွားဖြစ်၊ မေးဖြစ်တယ်၊ စိတ်တိုင်းကျတဲ့ ဒီဇိုင်းနဲ့ လက်လမ်းမှီတဲ့ ဈေးနှုန်း နှစ်ခုလုံး ပြည့်စုံဖို့က တကယ်မလွယ်တဲ့ ကိစ္စပဲ။ နောက်ဆုံးတော့ ID တွေနဲ့ယှဉ်ရင် ဈေးနည်းနည်းသက်သာတဲ့ contractor နဲ့ပဲ အလုပ်လုပ်ဖြစ်တယ်၊ အခုချိန်ဟာတော့ဖြင့် အားလုံး အဆင်ပြေသွားပါစေလို့ ဆုတောင်းနေရတဲ့ ကာလပါပဲ။ ပြေးလိုက်ရတဲ့ နေရာတွေက အခုနှစ်ဆယ်အထက် ရှိလောက်တယ်၊ ဖတ်လိုက်ရတဲ့ ဝက်ဘ်ဆိုက်တွေလည်း အခုနှစ်ဆယ် သုံးဆယ်လောက်တော့ အသာလေးရှိမယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် အခုတော့ ပြင်ဆင်မှုတွေ ပြီးဆုံးမယ့်ကာလကို စိတ်လှုပ်ရှားစွာ မျှော်နေရပါတယ်၊ ကျနော်တို့နဲ့ ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေသူများကိုလည်း (if any :p) ကျေးဇူးတင်လိုက်ပါတယ်ဗျား။
ဒါက မီးဖိုချောင်အတွင်းကနေ အပြင်ဖက်ဧည့်ခန်းကို ပြန်မြင်ရတဲ့မြင်ကွင်းပါ။

--
အရေးကြီးတာပြောဖို့ကျန်ခဲ့တယ်၊ အိမ်ပြောင်းတော့မှာမို့ လောလောဆယ်သုံးနေတဲ့ တပတ်နွမ်း ပရိဘောဂတွေကို ပေးတန်ပေး၊ ဈေးပေါပေါနဲ့ ရောင်းတန်ရောင်း လုပ်ရမှာပါ၊ ဒါကြောင့် စားပွဲတို့ ကုလားထိုင်တို့ ဘာတို့ညာတို့ လိုနေသူများ ပြောနိုင်ပါတယ်။ Sofa bed တစ်လုံးကတော့ တော်တော်လတ်ပါသေးတယ်၊ Courts ကနေ ဝယ်တုန်းက ၃၅၀ ကျော်ပါ၊ ခု ၁၀၀ လောက်နဲ့ ရောင်းချင်ပါတယ်၊ လိုအပ်သူများ ဆက်သွယ်ပါ။
:P ဘလော့ဂါပုံလေး ဆေ့ဗ်သွားတယ်။ ပေးရင်တော့ယူမယ် ဝယ်ဘို့တော့ တို့လဲ မရေရာဘူး။ :D ဒါပေမဲ့ ချက်ချင်းထွက်သွားမယ်လို့မျှော်လင့်ပါတယ် ။ တန်တယ်လေ။ ပြင်ပြီးသွားရင် အတော်ကောင်းမဲ့ပုံဘဲ။ ။ ကျယ်လဲကျယ်တယ်နော် မီးဖိုချောင်ကနေလှမ်းကြည့်တာ အရှည်ကြီးဘဲ. ။လုပ်နိုင်တာ ချီးကျူုးမိပါတယ်။
ReplyDeleteဘလော့ဂါပုံလား အိမ်သာအိုးပုံလားဗျာ :p
ReplyDeleteအိမ်သာ တက်နေတုန်း ရိုက်တဲ့ (မှန်ကိုပြန်ရိုက်ထားတဲ့) ပုံမပါလို့ တော်သေး ခွိ..
ReplyDeleteဟားဟား.. ခမမနဲ့ ခဥမ မောင်နှမအရင်းခေါက်ခေါက်တွေဖြစ်ရမယ်..
ReplyDeleteဒီနေ့ ikea alexandra မှာဘာတွေဝယ်ခဲ့လဲ။ အိမ်ပြင်နေတာမြန်မြန်ပြီးသွားရင် ချိုမြိန်တဲ့အိမ်ပုံလေးတွေ ဝေေ၀ဆာဆာကြည့်ရဖို့မျော်လင့်နေကြောင်း (ဟုမ်းဆွိဟုမ်း ကိုတိုက်ရိုက်ဘာသာပြန်သည် :P) contractor နဲ့ ပြင်တာဆိုတော့ အတော်အပင်ပန်းခံနိုင်ပုံပဲ။ ID နဲ့တောင်တခါတလေ ပြောရတာမောလွန်းလို့ ။
ReplyDeleteလီလီ.. ရိုးရိုးမှန် ၂ ချပ်၊ စင် ၃ ဆင့်ပါတဲ့ မှန် ၁ ချပ်၊ မီးဖိုချောင်သုံး ကိုင်းတွေ ချိတ်(ဂျိတ်)တွေ တိုလီမုတ်စတွေ ဝယ်ဖြစ်တယ်ဗျ။ Contractor က လောလောဆယ်အထိတော့ အိုကေနေပါတယ် :D
ReplyDeleteArr..shay la mway gyi.. :P
ReplyDeleteSame like Ygn contract flats..
LMO
wide angle lens ကြောင့်ရှည်တယ်ထင်ရတာပါ၊ တကယ်တမ်း အဲလောက်မရှည်ပါဘူး :)
ReplyDeleteKo TZA,
ReplyDeleteI am very interested to take & buy ur furnitures but i have to shift to new flat the end of feb. I bought this new flat (2+1) last month @ Jurong West. I paid 250k+21000(cov) .1st appointment will be next month. So i'm waiting ur posts about renovation.Pls carry on...tks
Though, Sembawang area is better, new flats + large sq ft + cheaper prize + quiet place..Not interesting?
ReplyDeleteSBW lover
expensive for renovation ?coz u renovate everywhere in flat.
ReplyDeleteအိမ်ရှေ့ခန်း အိမ်ရှေ့ခန်း ... အိမ်နောက်ကကို မထွက်သေးဘူး... :D
ReplyDeletehote pa!
ReplyDelete:P
ဖြည်းဖြည်းပေါ့။
ReplyDeletemay i know is it 2+1 flat or 3+1 flat..bcs ur kitchen area is so big..:)
ReplyDeletezc
ပြည့်ပြည့်စုံစုံ (အိမ်အကြောင်း)လာမယ်မဟုတ်လား.. မျှော့ နေပါတယ်.. ဟက်ပီးနျူးရီးမှာ ချိုမြိန်သော အိမ်အသစ်လေးနဲ့ ပျော်ရွှင်ပါစေ..
ReplyDeleteစင်စင်
ပရိဘောဂတွေစိတ်ဝင်စားတယ်ဆိုတဲ့ Anonymous ရေ.. Jurong West မှာဆိုတော့ နီးသားပဲ၊ အသေးစိပ်ကို tza.mail@gmail.com ကို မေးလ်ပို့ပြီး ဆက်သွယ်ပေးပါ။
ReplyDeleteSBW lover.. ကို ကျနော်တို့လည်းကြိုက်တယ်၊ ဒါပေမဲ့ လူမျိုးခွဲတမ်းက ပြည့်ပြည့်နေတတ်တယ်ဗျ၊ ဝယ်ခွင့်မရှိတော့ဘူး၊ အဲ၊ ဈေးလည်းကြီးသထက် ကြီးလာပြီ အဲဒီဖက်က။
အိမ်ပြင်တဲ့အဘိုးအခက 22k အထက်ရှိပါတယ်၊ အိမ်ဟောင်းဆိုတော့ အတော်များများ ပြင်ရတာပါ၊ ခေါင်းရှုပ်ခံပြီး မပြင်ချင်ဘူးဆိုရင်တော့ အသင့်ဝင်နေနိုင်တဲ့ အခန်းမျိုးပဲ ရွေးဝယ်တာကောင်းပါတယ်၊ ဒီငွေတွေကို လျာထားတဲ့ COV ထဲ ထည့်ပေါင်းလိုက်ပေါ့။
မောင်သန့်.. အိမ်ရှေ့ခန်းက ရှုပ်ပွနေတာဗျာ၊ ဘိလပ်မြေအိတ်တွေ၊ ကြွေပြားတွေ၊ ဖုန်တွေ၊ သဲတွေနဲ့ ညစ်ပတ်နေတာပဲ။ အရီးက စိတ်ရှည်ပြီး ချောမောလှပပုံရှိတယ် (ဟမ်)၊ ဖြည်းဖြည်းပေါ့ တဲ့။
zc.. 4NG ပါ၊ 4-room new generation ပေါ့။ မီးဖိုချောင်က camera lens ကြောင့် ရှည်သွားတာလည်း ပါပါတယ်။
အိမ်နီးချင်း စင်စင်.. ပြည့်ပြည့်စုံစုံရေးချင်ပါတယ်၊ ယူနီကုဒ်ပြီးမှရေးမယ် စိတ်ကူးတယ် :p ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျား။
May I know contact of the contractor u are dealing with now? I am planning to redesign my kitchen cabinet.
ReplyDeleteCongrats! Guest Room ကို အကောင်းဆုံးပြင်ထားပါ။ (အမ်..)
ReplyDeletekma
master bedroom အိမ်သာရဲ့ ကြီးကျယ်ခမ်းနားမှုကို စိတ်ဝင်တစားကြည့်နေတုန်း မျက်လုံးထောင့်မှာ လက်ပြတ်ကြီးရိတ်ကနဲ တွေ့လိုက်သလိုဖြစ်သွားလို့ တောက်ပလုပ်တုပ်တောင် အော်မိတော့မလို့ ဖြစ်သွားတယ်။ နောက်သေချာကြည့်တော့မှ ကင်မရာမင်းဖြစ်နေတာကိုး ဟီးဟီး။ အလန့်ထညက်တော်။
ReplyDeletehahaha... Upendi ပြောမှ ပြန်ကြည့်မိတယ်.. အဟုတ်ဗျို့..ဟားဟား ကျွန်တော်လည်း ရင်လိုက်ခုန်နေတယ်.. if any ထဲကတစ်ယောက်ဆိုပါတော့.. :P
ReplyDeleteMay I know contact of the contractor ဆိုတဲ့ Anonymous ရေ.. ကျနော့်ဟာပြီးအောင် စောင့်ပါအုံး၊ အားလုံးပြီးသွားမှ အစစအရာရာ ကောင်းတယ်ဆိုရင် ဆက်သွယ်ဖို့နံပါတ်ပေးပါမယ်။
ReplyDeleteကိုKMA.. roger roger :) လာခဲ့ပါခြင်္သေ့ကျွန်းကို။
Upendi.. အဲဒီတောက်ပလုပ်တုပ်ပုံကိုပဲ အရီးက အမှတ်တရဆေ့ဗ်သွားတာ၊ ဘာမှတ်လဲ :p
Yaw Mang.. ရင်ခုန်ပေးတာ ဝမ်းသာတယ်ဗျာ၊ ကျနော်လည်း ဇန္နဝါရီလကုန်ကို မြန်မြန်ရောက်ချင်လှပြီ။
တီဇက်အေ ..ဂျီမှာရော ဖေ့ဘွတ်မှာ ပါ မတ်စိပို့ထားပါတယ်။
ReplyDeleteအကြောင်းပြန်ပေးပါဦး။
Thandar Lwin.. ဓာတ်ပုံကို ဒီ weekend မှာရိုက်ပို့လိုက်ပါမယ်။
ReplyDeleteဟမ်
ReplyDeleteခပ်မြင့်မြင့်နဲ့ ညီအမ ဆို ခင်ဥမြင့် ဖြစ်သွားမှာပေါ့ ဟိဟိ
ဇန်န၀ါရီထဲတောင် တော်တော်ရောက်နေပြီ..။ စာကြည့်စားပွဲ ပစ်စရာ မရှိဘူးလား ခညာ..။
ReplyDeleteစံပယ်ပန်း.. ရှိတယ်၊ စာအုပ်စင်လည်းရှိတယ်၊ tza.mail@gmail.com ကို မေးလ်ပို့ပေးပါ။
ReplyDelete