MBR ထဲက အိမ်သာ၊ ဒီနေ့ညနေအထိတော့ နံရံနဲ့ကြမ်းခင်းကြွေပြားတွေ ကပ်ပြီးတဲ့အဆင့် ရောက်သွားပါပြီ။

တဆင့်ချင်းကြည့်မှ ဇာတ်ရည်လည်မှာဆိုတော့ ပုံဟောင်းတွေကိုပါ တတွဲတည်းတင်လိုက်ပါတယ်။

အိမ်သာအိုး၊ မှန်၊ စင်၊ တန်း၊ ဟိုဟာ၊ ဒီဟာ အကုန်တပ်ပြီးရင် ကြည့်ပျော်ရှုပျော်ရှိသွားမယ် ထင်ရပါတယ်။

ဒီနေ့ပို့လာတဲ့ပစ္စည်းစာရင်းပါ၊ ရောက်လာတဲ့ပစ္စည်းတွေနဲ့ တခုချင်းတိုက်စစ်ပြီး ပြန်ခဲ့ပါတယ်။

ဒီရက်ပိုင်း ပိတ်ရက်တွေဆက်နေတာ တော်တော်အဆင်ပြေသွားတယ်၊ လုပ်စရာတွေ လုပ်လို့ရတာပေါ့။ မယ်ရီရေ၊ ခရစ္စမတ်ပါကွာ၊ ဟက်ပီးရေ၊ နယူးယားပါကွာ။
ပြီးရင်ထပ်တင်ပါဦး... အိမ်ရှေ.ခန်းကော မပြသေးဘူးလား
ReplyDeleteပစ္စည်းတွေဘယ်ကဝယ်ရင် သက်သာမလဲဟင် .. ကျမလဲ ဝယ်ရမှာမလို.ပါ
ReplyDeleteဟင်း....ဒီ၇က်ပိုင်း ဒီဘလာ့လာဖတ်၇င် ဗိုက်ထဲက ရစ်တစ်တစ်ဖြစ်နေတယ်
ReplyDeleteစင်စင်
Anonymous (1).. လာမယ်ကြာမယ်ဆိုသလိုဖြစ်နေပြီ၊ ဖြည်းဖြည်းပေါ့ :D
ReplyDeleteAnonymous (2).. ဘာပစ္စည်းကိုပြောတာလဲမသိဘူး၊ ကျနော် 新祥骏 Sim Siang Choon မှာ ဘေဆင်တွေ၊ ရေဘုံဘိုင်တွေဝယ်ပြီးတော့ Strass Lighting. #01-01, 501 Balestier Rd မှာ မီးပစ္စည်းတွေဝယ်ပါတယ်၊ SSC က IMM မှာရှိတယ်၊ Balestier Rd မှာလည်း ဆိုင်ခွဲရှိတယ်၊ ဆိုတော့ Balestier မှာပဲ အကုန်ဝယ်လို့ရပါတယ်။
စင်စင်.. နောက်တစ်ယောက်ထင်တယ်၊ အဟိ..