ကင်ကျုံအီးကြွသွားပါပြီ၊ သူဟာ ဖခင် ကင်အီချွန်းဆီက အလကားရလာတဲ့ အာဏာအမွေဆိုးကို သူ့သားဝတုတ်လေးလက်ထဲ လက်ဆင့်ကမ်းပေးခဲ့တဲ့ အာဏာရှင်တစ်ယောက်၊ တနိုင်ငံလုံးကို သတင်းအမှောင်ချပြီး ဦးနှောက်ဆေးပစ်ရုံကလွဲပြီး ဘာမှ လုပ်မပေးခဲ့တဲ့ ယုတ်ညံ့တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ သူ့နိုင်ငံသားတွေ ထုံထိုင်းပိန်ချုံးပြီး ခေါင်းရော ဗိုက်ပါ ငတ်ပြတ်နေချိန်မှာ အာဏာအားကိုးနဲ့ ရလာတဲ့ အရင်းအမြစ် အဆီအနှစ်တွေကို တဖြဲနှစ်ဖြဲမြိုဆို့နေတဲ့ အတ္တဘောတစ်ယောက်၊ ညီအကိုချင်းချင်း သင့်သင့်မြတ်မြတ် ပြန်ပေါင်းထုပ်ရမယ့် တောင်မြောက်ကိုးရီးယားဇာတ်သိမ်းခန်းမှာ ဦးဆောင်ဖို့ အခွင့်အလမ်း ရှိပါလျက်ကနဲ့ အဲဒီလမ်းမလျှောက်ပဲ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဖက် နျူကလီးယားလမ်းကြောင်းပေါ်မှာ ခေါင်းမာမာနဲ့လျှောက်နေခဲ့တဲ့ ဆန်ကုန်မြေလေးတစ်ယောက်၊ တယူသန် တဇွတ်ထိုး အတွေးအခေါ်တွေနဲ့ တရုတ်၊ ရုရှားစတဲ့ နိုင်ငံတွေကို သူ့ညီရင်းအကိုဖြစ်တဲ့ တောင်ကိုးရီးယားထက်တောင် ပစားပေးတဲ့ သနားစရာ၊ ရွံမုန်းစရာ အရှုံးသမားတစ်ယောက်..
ဒါ ကျနော့်မျက်စိထဲက ကင်ကျုံအီးပါပဲ၊ လုပ်ပိုင်ခွင့်ရှိလျက်သားနဲ့ လူသားတွေအတွက် ကောင်းတာတွေ ဘာဆိုဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့တဲ့ သူ့ကိုသနားတယ်၊ သူ့တိုင်းပြည်က ပြည်သူပြည်သားတွေကို ပိုတောင်သနားမိသေးတယ်၊ သူတို့ခမျာ ဝဋ်မကျွတ်နိုင်သေးဘူး၊ သုံးဆယ်တောင် မပြည့်သေးတဲ့ အာဏာရှင်အသစ်အောက်မှာ မှားနေတဲ့လမ်းကို ဆက်လျှောက်ကြရဦးမယ်၊ လမ်းမှားနေပါတယ်ဆိုမှ လမ်းမီးကပျက်သွားသလိုပဲ ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်မယ် မသိနိုင်တော့ပါဘူး။ အဆိုးဆုံးကတော့ သူတို့ကိုယ်သူတို့ လမ်းမှားနေမှန်းတောင် (ကျနော်တို့ တချိန်တုန်းကလို) မသိကြပါဘူး။ ခေါင်းဆောင်ကြီး သေသွားတာကိုပဲ ပူဆွေးသောကတွေ ရောက်နေလိုက်ကြတာ အင်မတန် သရော်လှပါတယ်။ မြောက်ကိုးရီးယား ပြည်သူတွေ ငိုယိုနေပုံကို ဒီမှာ ကြည့်နိုင်ပါတယ်၊ ခေါင်းဆောင်ကြီး ကင်ကျုံအီး သူ့ပြည်သူတွေကို ဦးနှောက်ဆေးရာမှာ သုံးခဲ့တဲ့ ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။
ငိုပါ၊ ငိုကြပါ၊ ဒီထက်ငိုချင်စရာတွေ ရှေ့မှာတန်းစီနေပါသေးတယ်။
လမ်းမှားနေပါတယ်ဆိုမှ လမ်းမီးကပျက်သွားသလိုပဲ
ReplyDelete100%
အဆိုးဆုံးကတော့ သူတို့ကိုယ်သူတို့ လမ်းမှားနေမှန်းတောင် (ကျနော်တို့ တချိန်တုန်းကလို) မသိကြပါဘူး။
ReplyDeleteThey will never know ( for sure)...same as...?
ငိုနေတဲ့ ပုံတွေကြည့်ပြီး အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိဘူး
ReplyDeleteတကယ်ငိုနေတာလား
ခိုင်းလို့ငိုရတာလား
ကြောက်လို့ငိုရတာလား
တကမ္ဘာလုံးက ဝမ်းသာနေချိန်မှာ သူတို့တွေ တကယ်ဝမ်းနည်းနေတာလား သိချင်လိုက်တာ
အာဏာရှင်ဆန်လွန်းတဲ့ အုပ်ချုပ်သူ၊ တိုင်းပြည်ကို ကောင်းကျိုးမပေးတဲ့ အုပ်ချုပ်သူမျိုးတော့ ဆယ်ခါပြန်သေရင်တောင် မနှမြောဘူး
they are pretending to be crying !!!
ReplyDeleteOne things is true. They are crying. Systematically crying..That's mean their brain are being destroyed systematically.
ReplyDeleteI believe that our country also has this kind of people, full human body but without brain.
ယုံပါတယ်... ကျော်ထူး ပြောသလို ထမင်းချိုင့်နဲ့လေ :P
ReplyDeleteငိုနေလိုက်ကြတာနော်...။ အင်း ငိုနေတဲ့ သူတွေကိုပဲ ရွေးရိုက်ပြတာ ဖြစ်မယ်ဟ....။ ထခုန်နေတဲ့သူတွေတော့ ဘယ်ရိုက်ပြပါ့မတုန်း...။ သူ့သား ၀တုတ်ရှိသေးတယ်လေ...။
ReplyDeleteသွား သွားးးးးး အဘရေ နောက်တောင်ကျနေပြီ....
ဟုတ်ပ .. ကိုယ်ကျိုးပဲ ကြည့်တဲ့ အာဏာရှင်ကို ငိုနေလိုက်ကြတာ.. ကျလာတဲ့ မျက်ရည်တောင် နှမြောမိသေးဒယ်နော်...
ReplyDeleteတကယ်ငိုနေတာ ဖြစ်နိုင်တယ် ဘာလို.လဲဆိုတော. သူတို.က ဦးနှောက်ဆေးခံထားရတော. မသိတာများနေပြီ. သိတာတွေကို အမှန်ထင်နေတာပေါ.နော်
ReplyDeleteသူတို့  ငိုနေတာကြည့်ပြီး ကိုယ်တောင် ကြွေသွားတယ် ကိုယ်သိတာများမှားနေသလားလို့  နောက်တော့ထင်မိတယ် သူ့ လက်ထက်မှာ အခွင့်ထူးခံ၇တဲ့ သူတွေနေမှာပေါ့ မနော်ပြောတာလဲ ဖြစ်နိုင်ပါတယ် မီဒီယာရဲ့  ရိုက်ချက်ပေါ့
ReplyDeleteငိုပြနေပေမယ့် စိတ်ထဲက ၀မ်းသာတဲ့သူတွေလည်းရှိချင်၇ှိမှား) သေသွားတော့လည်းအေးတာပဲ ပျော်ဒယ် ဟဲဟဲ မုဒိတာ ပွားတာ ။
ReplyDeleteလင်းခန့် said...
ReplyDeleteကိုဒီကိုလာခင်ဗျာ
ကျွန်တော်အကို့ ဘလော့ဂ်ကိုအမြဲဖတ်ဖြစ်တဲ့ပရိတ်သတ်တစ်ယောက်ပါ။ဘာလို့ ဖတ်လဲဆိုတော့ အကို့ အတွေးအခေါ်တွေကသာမန်တွေးခေါ်မှုထက်သာလွန်နေလို့ ပါ။အကို့ ဘလော့ဂ်ကိုဖတ်ရတာကျွန်တော့်အတွက်ဗဟုသုတအပြင်တွေးခေါ်မှုအမြင်သစ်လေးတွေပါတိုးပါတယ်။အဲ့ဒါကြောင့်လည်းအကို့ ဘလော့ဂ်ကိုအမြဲလာဖြစ်ပါတယ်။အကို့ ကိုလည်းကျေးဇူးတင်ပါတယ်။Comment တော့မပေးဖူးဘူး။ခုမှပေးဖြစ်တာပါ။ဒီတခါတော့အကို့ အမြင်နဲ့ ကျွန်တော့်အမြင်နဲ့ မတူဘူးခင်ဗျ။(အကို့ အမြင်မှမဟုတ်ပါဘူး။အပေါ်ကကော်မန့် ပိုင်ရှင်တွေရဲ့ အမြင်နဲ့ လည်းမတူပါဘူး)။ကျွန်တော်ကတော့ သူတို့ ခေါင်းဆောင်ကြီး ကင်ကို အကိုတို့ မြင်သလိုမမြင်မိဘူး။သူတို့ မျက်နှာတွေကြည့်ရတာ တကယ်ခံစားနေရတာလို့ ခံစားမိသလိုပဲ။Brain wash အလုပ်ခံရရ မခံရရ သူတို့ ကတော့ သူတို့ ခေါင်းဆောင်ကြီးကိုအတော်ချစ်ပုံပါပဲ။ကျွန်တော်တို့ မသိတဲ့ ကင် ရဲ့ ကောင်းကွက်တွေအများကြီးရှိမယ်လို့ ထင်ပါတယ်။မဟုတ်ရင် သူလည်း ကဒါဖီ တို့ နောက်လိုက်သွားလောက်ပြီပေါ့။အများကြီးတော့မပြောတတ်ဘူး။ဒါက ကျွန်တော် မှီသလောက်လေးတွေးမိတာလေးပါ။အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ။
လင်းခန့်ကော်မန့်မေးလ်ထဲပဲရောက်ပြီး ဒီမှာတက်မလာဘူး၊ ကြည့်ရတာ မြန်မာပြည်တွင်းကနေ ရေးတာထင်တယ်၊ ကော်နက်ရှင်းမကောင်းရင် အဲလိုဖြစ်တတ်တယ်။
ReplyDeleteကင်ရဲ့ကောင်းကွက်အများကြီးရှိတယ်ထင်ကြအောင် brain wash ထားတာလို့ ကျနော်တော့ထင်တယ်ဗျာ၊ သူဒီထက် အဆပေါင်းများစွာ ပိုကောင်းအောင် လုပ်လို့ရတယ်၊ ဒါပေမဲ့ မလုပ်ခဲ့ဘူး၊ ဒီလမ်းမှားကြီးကိုပဲ သူ့ခြေရာလိုက်နင်းမယ့် သားဖက်တီးလေးကို ခင်းပေးခဲ့တယ်။
ကိုရီးယားလူမျိုးချင်းတူတူ မြေက်ကလူတွေတောင်ကသူတွေထက် ပျှမ်းမျှအရပ် ၃-၅လက်မ နိမ့်သွားစေတာ အဟာရချို့တဲ့တာလို့တောင် မသိတော့ ငိုနိုင်တာပေါ့.... တို့လဲ ကိုယ်အပါအဝင် ဗမာတွေ ဘာလို့ အရပ်ပုလဲဆိုတာ ခုမှပဲရိပ်မိတာ..ပြည်တွင်းမှာနေတုန်းကတော့ ဒီလိုပုသေးလေးဖြစ်ရတာတောင် ချစ်စရာကောင်းတယ်ထင်မိခဲ့တာ(ဟမ်)
ReplyDeleteကျနော်ကတော့ လမ်းမှားရောက်ပြီး ငိုယိုနေတဲ့ ကကြီးမလေးတွေကိုပဲ ဖေးမ ပြီး လမ်းမှန်ပြလို့ လက်တွဲခေါ်လိုက်ချင်ပါတယ်..
ReplyDeleteဟီး ဟီး ဝါသနာ...
thu country ka leader phyit lo ngo tar Myanmar twe nae sine lo lar? sout yuu twe y`.
ReplyDelete