
ဗိုလ်ချုပ်လမ်းနဲ့ ဟီတာချီ၊ မီးရထားဝင်းကို တခါမှမဝင်ဖူးဘူး၊ ဟိုးတလောကတော့ အဲဒီကဝန်ထမ်းတွေကို ရွှေ့ခိုင်းနေတယ်လို့ သတင်းမှာဖတ်ရတယ်။

အောင်ဆန်းကွင်းနဲ့ ကင်နွန်၊ သုဝဏ္ဏကွင်းဖွင့်စတုန်းက ဒီကွင်းလေးမျက်နှာငယ်သွားသလိုပဲ၊ ခုတော့ သုဝဏ္ဏကွင်းလည်း သူ့ကိုအမှီလိုက်ပြီး စုတ်ပြတ်သတ်နေပြီဆိုပဲ၊ နှစ်ကွင်းလုံး သာတူညီမျှဆိုတော့ level playing field တွေ အသီးသီး ဖြစ်သွားကြတာပေါ့လေ။

စံပြရုပ်ရှင်ရုံ၊ သူသာပါးစပ်ပါရင် နာမည်ပြောင်းခိုင်းမှာသေချာတယ်၊ ဒါမှမဟုတ် ကြွက်သတ်ဆေးသောက်ပြီး suicide လုပ်သွားလောက်ပြီ။ ဘယ်မလဲ “စံ”၊ ပြလေ၊ ပြ၊ ပြ။

ကျနော်မြန်မာပြည်က ထွက်ထွက်ချင်း ဆီချက်တစ်ပွဲအစိတ်ဗျ၊ ဆိုတော့ အဲဒီတုန်းက ဆီချက် ၄ ပွဲစားတာ အခုကျတော့ ဆီးလေး ၁ ခါပဲ သွားလို့ရတော့တယ်ဗျာ၊ တခါသွားတိုင်း ဆီချက်လေးပွဲဗျာ၊ နှမြောစရာကြီး။

ယောမင်းကြီးလမ်း ခေါ် ယောက်လမ်း၊ တည့်တည့်သွားရင် ကျောင်းရောက်တယ်။ ဧရာဝတီအနုပညာပြပွဲက ညာဖက်မှာ။

ဒါက AV ကြိုးနဲ့ join ရတဲ့ တရုတ်ဖြစ် adapter ၊ ဝယ်ပြီးကတည်းက မသုံးဖြစ်ဘူး၊ ရန်ကုန်ရောက်မှ သုံးဖြစ်သွားတယ်။

လှည်းတန်းစကာကြီးမုန့်ဟင်းခါးဆိုင်နားမှာ၊ စာပေလောက ၃ ဆိုတဲ့ဆိုင်းဘုတ်ကို ခုမှမြင်တယ်။

မိုးတဖွဲဖွဲကျနေတုန်း ဖြတ်နင်းသွားတဲ့ ဆိုက်ကားတစ်စီး၊ ဘာကြောင့်ရယ်မသိ၊ ဆိုက်ကားတွေ့ရင်ဓာတ်ပုံသိပ်ရိုက်ချင်တာ။

ဆီပြန်နဲ့ဒန်ပေါက်၊ ပူဖောင်းနဲ့မွေးနေ့ကိတ်၊ ရင်းနှီးတဲ့နေရာနဲ့ မျက်နှာစိမ်းတွေ၊ တချက်တချက် သတိရမိပါတယ်၊ ရန်ကုန်။
စံပြရုပ်ရှင်ရုံကြီးက တော်တော်ပျက်စီးသွားပီပဲ ကြော်ငြာကရုပ်ရှင်ပိုစတာထက်ပို ကြီးနေပါလား ဒီလမ်းမှာအကြာကြီးနေခဲ့တယ် အဲ့ဒီနားကပုံတွေရှိရင် ကြည့်ချင်ပါသေးတယ် ကျေးဇူးဘလော့ဂါရေ
ReplyDeletemt
ဘုန်းကြီးလမ်းကို သိပ်မရိုက်ဖြစ်လိုက်ဘူးဗျ၊ ဂလိုမှန်းသိရင် အများကြီးရိုက်ခဲ့ပါတယ် :D
ReplyDeleteကိုကိုတီ မှားနေပြီ နဝဒေးလမ်းကနေထွက်မှ ကျောင်းရောက်တာ ယောက်လမ်းကနေထွက်ရင်တော့ ရှင် ကျောင်းကျောင်းဆိုပြီး လစ်ပြီး သွားသွားနေတဲ့ ရုပ်ရှင်ရုံပဲ ရောက်မယ် ဟိ
ReplyDeleteထိုင်ဝမ် ပီဒီအက်ဖ် တကယ်မလုပ်ဖြစ်ဘူးလား ညာရက်ပါ့အေ
ReplyDeleteလုပ်မှာပါညည်းကလည်းအေ..
ReplyDeleteI would like to know how much do you have to pay for public toilet in Singapore....May be the same price or more but compare with people income and toilet condition might be very diffient..
ReplyDelete.
စင်္ကာပူက ကျနော်တက်ဖူးသလောက် အများသုံးအိမ်သာတွေက အခမဲ့ပါ၊ တချို့တလေပဲ ပြား ၂၀ လောက်ပေးပြီး တက်ရတယ်။ မြန်မာပြည်က ပျမ်းမျှဝင်ငွေရယ်၊ အိမ်သာသန့်ရှင်းမှု အနေအထားရယ်ကို ဒီကဟာတွေနဲ့ယှဉ်ရင် အင်မတန်ကွာမှာပါ၊ ဒီမှာများသောအားဖြင့် ရေအိမ်သုံး စက္ကူတွေကို အလိပ်လိုက်ကြီး ထားပေးတယ်၊ လက်ဆေးဆပ်ပြာရည်တွေ၊ ရေခြောက်ခံစက်တွေ ထားပေးထားတယ်၊ သန့်ရှင်းရေးသမားတွေ အလှည့်ကျ သန့်ရှင်းရေးလုပ်ရတယ်။
ReplyDeleteကမ္ဘာ့အိမ်သာအဖွဲ့အစည်းက စင်္ကာပူမှာ ရုံးစိုက်တာပဲဗျာ.. ဒီလောက်တော့ရှိရမှာပေါ့ :p
http://www.toilet.org.sg/
စာပေလောက ၃ အပေါ်မှာ အရင်က RS Computer Center ရှိတယ်.အဲ့မှာ ကွန်ပျုတာသင်တန်း တက်ခဲ့ဖူးတယ်. တာင်ပေါ်(ချင်း၊မင်းတပ်)မှာ ဆယ်တန်းအောင် ရန်ကုန်ကို ဆင်းလာ အင်္ဂလိပ်စာ၊၊ကွန်ပျုတာသင်တန်းတွေတက်...အိပ်မက်တွေ မရေမရာ နဲ့ပေါ့ လေ.....ခုလို ပုံတွေပြန်မြင်တော့ သတိရလိုက်တာ.. တော်တော် nostalgic ဖြစ်တယ်...ဒီမှာကျောင်းပြီးတာ နဲ့ ၁၀ နာရီအတွင်း မြန်မာကို ပြန်ရောက်ရမယ်... :)
ReplyDeleteဆီချက်တောင်စားချင်စိတ်ကုန်သွားတယ် :{
ReplyDelete