တနေ့က ဘေဆင်တွေ၊ ရေဘုံဘိုင်တွေ ပို့လာတယ်၊ မနေ့က မီးဖို၊ အာဗင်တွေ ပို့လာတယ်၊ ဒီနေ့ ပန်ကာ၊ အဲကွန်းတွေ ပို့လာတယ်၊ မနက်ဖြန် လျှပ်စစ်ပစ္စည်းတွေ လာလိမ့်မယ်၊ ကောင်းတယ်၊ လာထား၊ အကုန်လာထား၊ အားလုံးခြေထောက်တွေပေါက်ပြီး သူ့နေရာသူ ဝင်ယူကြရင် အကောင်းဆုံးပဲ၊ ဖုတ်အလိမ်းလိမ်းထပြီး ပေပွနေတဲ့ တအိမ်လုံးကို သေသေသပ်သပ်လေး မြင်ချင်လှပြီ။
ဈေးနည်းနည်းသက်သာတဲ့ အိမ်ဟောင်းကိုဝယ်ပြီး ခုလိုပြန်ပြင်ပြန်ဆင်တာနဲ့၊ ဈေးပိုကြီးပြီး အသင့်ဝင်နေနိုင်တဲ့ အိမ်မျိုးဝယ်တာနဲ့ ဘယ်ဟာပိုကောင်းသလဲ၊ ဒီမေးခွန်းက resale market ထဲက ပြန်ဝယ်မယ့်သူတွေအတွက် ကိုယ်နိုင်တဲ့ အိမ်တန်ဘိုးနဲ့ ဝယ်မယ့်အိမ်အနေအထားကို ရွေးချယ်တဲ့အခါ ကိုယ့်ကိုကိုယ် အရင်မေးရမယ့် မေးခွန်းပဲဗျ။ ကျနော်အဲဒီမေးခွန်းကို အစက ခေါင်းထဲမထည့်ခဲ့ဘူး။ ဒီရင်ခုန်စရာ မှောင်နဲ့မည်းမည်း ရီနိုဗေးရှင်း လှိုဏ်ဂူကြီးထဲကို ဖြတ်သန်းလာတော့မှပဲ အဆင်သင့် ဝင်နေနိုင်တဲ့ အိမ်မျိုးသာဆို ကောင်းမှာပဲ ဆိုတဲ့ အတွေးမျိုး ဝင်လာတာ၊ မေ့ထားချင်လို့တောင် မရဘူး။
သို့ပေမယ့်ပေါ့လေ..
ဘယ်လောက်ပဲ အသင့်ဝင်နေနိုင်တယ်ဆိုဆို၊ အိမ်သာ ရေချိုးခန်းကိုတော့ ပြန်ပြင်ကြတာချည်းပါပဲ၊ အနည်းဆုံး အိမ်သာအိုးတော့ လဲကြတယ်။ အိမ်သာ ရေချိုးခန်း ပြန်ပြင်မှတော့ ဧည့်ခန်းလည်း မဆိုစလောက်လည်း ပြင်လိုက်မယ်၊ လွယ်ပါတယ်၊ အိပ်ခန်းလည်း အဖြစ်သဘောလောက် ပြင်လိုက်မယ်ဆိုပြီး ဟိုတတို့ ဒီတတို့ ပြင်ဖို့လုပ်လာတာ အခု ဒီအခြေအနေကို ရောက်လာတာပါပဲ၊ အစက အဟောင်းတိုင်းထားမယ်လို့ စဉ်းစားထားတဲ့ ဝါယာကြိုးတွေတောင် အကုန်ပြန်ဆွဲဖြစ်သွားတယ်၊ ရှော့ခ်ဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးကို ရှော့ခ်ဖြစ်နေတယ်လေ၊ အဟဲ။
ရီနိုကတော့ ဒီကစလုံးတွေ အတော်လုပ်ကြတယ်ထင်ရတယ်၊ အိမ်အကောင်းကြီးကိုလည်း ဖျက်ပြီး ပြန်လုပ်တာပဲ၊ ကျနော်တို့ကတော့ မတတ်သာလို့သာ လုပ်ရတာ၊ ဒီပိုက်ဆံတွေ ဘယ်အကုန်ခံချင်ပါ့မလဲ။ လုပ်ပြီဟေ့ ဆိုပြန်တော့လည်း တတိတိနဲ့ မသိမသာ ကုန်တာမျိုးဗျ၊ မင်္ဂလာဆောင်တာနဲ့ သွားတူတယ်၊ သုံးမယ်ကြံတာ ၁၀ ဘိုး၊ တကယ်သုံးဖြစ်တာ ၅၀ ဘိုးလောက် ဖြစ်ဖြစ်သွားတယ်။ အလှဓာတ်ပုံကို ကြည့်လေ၊ တစ်အုပ်စာ ရိုက်မယ်ပေါ့၊ ရိုက်ထွက်လာတော့ ဟိုဟာလေးလည်း မဆိုးဘူး၊ ဒါပယ်လိုက်ရင် နှမြောစရာကြီး၊ ဘလာ ဘလာ၊ နောက်ဆုံးတော့ တစ်အုပ်ခွဲစာလောက် ရွေးမိသွားရော၊ ပြီးတော့လည်း ပြီးသွားတာပဲ၊ အဲဒီဓာတ်ပုံတွေ ဘယ်နှခေါက် ပြန်ကြည့်ဖြစ်မလဲ ဆိုတဲ့မေးခွန်းမျိုး ခေါင်းထဲမှာ မပေါ်လာအောင် တခြားကိစ္စတွေ လျှောက်စဉ်းစားပစ်ရတယ်။
၂၀၁၂၊ ယိုယိုနှစ်တဲ့။ ယိုယိုလိုပဲ လက်ထဲကနေလွှဲချလိုက်ပြီး မြေကြီးနဲ့ထိခါနီး အပေါ်ပြန်ကန်တက်တာမျိုး ဆိုပဲ။ နှစ်ဆန်းကနေ တစ်ကွာတား နှစ်ကွာတားလောက်ထိ သိပ်ကောင်းမယ်လို့ မမျှော်လင့်ထားပါနဲ့ တဲ့၊ နှစ်လည်လောက်မှ ပြန်တက်လာနိုင်ဖွယ်ရှိတယ် တဲ့။ သေချာတာကတော့ အောက်ဆင်းနေတာကို မြင်နေရပြီ၊ တခြား အင်ဒတ်စထရီတွေ ဘယ်လိုနေတယ်မသိဘူး၊ ကျနော်တို့ကတော့ ဦးဦးဖျားဖျား အဲဒီဖီလင်တွေ ဝင်နေပြီဗျ၊ အခပေးစရာမလိုတဲ့ ရင်သိမ့်တုန်ခံစားမှုပဲ။ နှစ်သစ်မှာ ညတိုင်း ချွေတာမှ၊ ချွေတာမှ၊ ချွေတာမှ သုံးခါတိတိ ရွတ်ပြီးမှ အိပ်ယာဝင်တာ ကောင်းပါတယ်။
ဩော်၊ နဂါး၊ နဂါး၊ ပတ္တမြားပေးစရာမလိုပဲ ၁၂ နှစ်တခါ ကိုယ့်ဆီပြန်လာတဲ့နဂါး၊ တီလုပ်တွေ အားကြီးကြိုက်တဲ့ နဂါး၊ အားကြီးကြိုက်တော့ ဘာဖြစ်လဲ၊ ဘာဖြစ်ရမလဲ၊ အားကြီးမွေးကြတာပေါ့ :p ဖြစ်ချင်တော့ အဲဒီ အားကြီးအုပ်စုထဲမှာ ကျနော်တို့လည်း ပါသွားတယ်၊ နဂါးနှစ်မှာ မွေးတဲ့ကလေးတွေဟာ တခြားနှစ်တွေထက် ရွယ်တူပိုများ၊ ပြိုင်ဖက်ပိုများတော့ ပိုပြီးပြိုင်ဆိုင်ရတာ ဓမ္မတာပါ၊ အဲ၊ ကလေးတွေတင်မဟုတ်ဘူး၊ မိဘတွေကပါ ပိုပြီးပြိုင်ဆိုင်ရတယ်၊ စလုံးတွေ ပြောပုံအရကတော့ နဂါးလေးလွယ်ထားရင် မိဘတွေက အခုချိန်ကစပြီး ကျောင်းမှာဗော်လန်တီယာလုပ်ဖို့ ကြိုးစားရတော့မယ် ဆိုပဲဗျ၊ ကဲ၊ ဘာလုပ်ကြမလဲ၊ ဝီစီမှုတ်ပြီး လမ်းပြဘဲဥလုပ်ရမလား၊ အမှိုက်ပဲ လိုက်ကောက်ပေးရမလား၊ ခက်တယ်။
ဥူဏီဂုတ်၊ ယူနီကုတ်၊ ယူနီကုဒ်၊ အမျိုးမျိုးရေးကြတယ် (ပထမတခုကတော့ တွေ့ခဲတယ်ပေါ့လေ)၊ standardize ဖို့အတွက်ကို ခုထိ မစတန်းတဒ်တိုက်ဇ် နိုင်ကြသေးဘူး။ ကျနော်ကြုံးဝါးထားတဲ့ ဒီနှစ်ထဲပြောင်းမယ် ဆိုတာကို အကောင်အထည်ဖော်ဖို့ တစ်ရက်လားပဲ ကျန်တော့တယ်၊ ခုထိ အဲဒါနဲ့ပတ်သက်တဲ့ စာတွေ လမ်းညွှန်ကို သေချာမဖတ်ကြည့်ရသေးဘူး၊ ရှိစေတော့၊ ၂၀၁၂ ပထမဆုံးပို့စ်က ယူနီကုတ်နဲ့ ရေးထားတာ ဖြစ်ရမယ်လို့ ကိုယ့်ကိုကိုယ် တိုးတိုးတိတ်တိတ် နားလည်မှု စာချွန်လွှာဆိုလား ထိုးထားတယ်၊ သူများကြားသွားရင် မဖြစ်ဖြစ်အောင် လုပ်ရအုံးမှာလေ။ ဘာပဲဖြစ်ဖြစ် လာခြင်းကောင်းသော ၂၀၁၂ ဖြစ်ပါစေ။
လှည်းတန်းက ဗုံး၊ တောင်ညွန့်က ယမ်း နဲ့ အင်းယားလမ်းက မီး၊ ရန်ကုန်ဟာ တကယ်တော့ ကြောက်စရာနေရာတစ်ခုပဲ၊ အရမ်းနုတယ်၊ ဖန်ခွက်လိုပဲ ကွဲလွယ်တဲ့မြို့၊ ဖန်ခွက်မြို့။ မြို့ခံတွေရဲ့ စိတ်ရင်းကောင်းလေးတွေနဲ့ ထိန်းထားလို့သာ ဒီလို လှနေနိုင်သေးတာ၊ သူကိုယ်၌က ကွဲမယ် ဆိုတာချည်းပဲ။ စိတ်ကောင်းလေးတွေ မခမ်းသေးခင်၊ ဖန်ခွက်ကနေ ဒန်ခွက်ဖြစ်ဖြစ် စတီးခွက်ဖြစ်ဖြစ် ဖြစ်လာဖို့ အရေးကြီးတယ်၊ သန်သန်မာမာ သွားလာနိုင်သေးတဲ့ အရွယ်မှာ ရန်ကုန်ဆိုတဲ့ မြို့ထဲ မြေအောက်ရထားတွေ မြင်ချင်ပါသေးတယ်၊ သုံးလေးထပ် ဆင့်နေတဲ့ တံတားကြီးတွေ မြင်ချင်ပါသေးတယ်၊ စင်္ကာပူကနေ ရန်ကုန်ကိုပေါက်တဲ့ ကျည်ဆန်ရထား စီးချင်ပါသေးတယ်၊ ဖန်ခွက်လေး အားတင်းထားပါ၊ စိတ်ကောင်းလေးတွေ ဆက်ပြီး ရှင်သန်ပေးထားပါ။
Like
ReplyDeleteခေါင်းစဉ်က http://en.wikipedia.org/wiki/Misc ဒါကိုဆိုလိုတာလား..ငှင်.. ဟုတ်မှာပါ...
ReplyDeleteဒီက ထုံပါတယ်ဆိုမှ ..
စင်ထုံ
ငါ့မှာလဲ နဂါးမလေးတကောင်ရှိပါ့..။
ReplyDeleteဟင်းဟင်းး
ပုံ..။
အကွက်နှင့်သူ
No wonder why TZA is a prominent blogger, all the thinking/writing styles are superb. Bravo!
ReplyDeleteP/S
I have to type the above message trice cos of browser errors :p
အဲဒီ အားကြီးအုပ်စုထဲမှာ ကျနော်တို့လည်း ပါသွားတယ်၊
ReplyDeleteSo you've made it public, another Congrats on your new comer! (A boy or a girl, or ??
:)
kma
TZA
ReplyDeleteCongratulation.
KT
Twin ..dragon..:P
ReplyDeleteဟွန်း ဟွန်း ကြော်ငြာပုံလေး သင်းတယ်နော်။ ဘာပဲပြောပြော Congratulation. (Font ပြောင်းရင် နှစ်ခုလုံးနဲ့ဖတ်လို့ရအောင် လုပ်ထားမှာလား ဟင် အင် အင် အင်)
ReplyDelete(ယူနီမဒေါင်းရသေးသူတစ်ဦး)
လီယို
Congratulation to both ...
ReplyDeleteNew house & New comer !!!
Happy New Year 2012!!!
ကြည်..
(သားစဉ်မြေးဆက် ထိတိုင် အားပေးမည့် အမာခံပိတ်သတ်)
(လှည်းတန်းက ဗုံး၊ တောင်ညွန့်က ယမ်း နဲ့ အင်းယားလမ်းက မီး၊ ရန်ကုန်ဟာ တကယ်တော့ ကြောက်စရာနေရာတစ်ခုပဲ၊ အရမ်းနုတယ်၊ ဖန်ခွက်လိုပဲ ကွဲလွယ်တဲ့မြို့၊ ဖန်ခွက်မြို့။ မြို့ခံတွေရဲ့ စိတ်ရင်းကောင်းလေးတွေနဲ့ ထိန်းထားလို့သာ ဒီလို လှနေနိုင်သေးတာ၊ သူကိုယ်၌က ကွဲမယ် ဆိုတာချည်းပဲ။ စိတ်ကောင်းလေးတွေ မခမ်းသေးခင်၊ ဖန်ခွက်ကနေ ဒန်ခွက်ဖြစ်ဖြစ် စတီးခွက်ဖြစ်ဖြစ် ဖြစ်လာဖို့ အရေးကြီးတယ်၊ သန်သန်မာမာ သွားလာနိုင်သေးတဲ့ အရွယ်မှာ ရန်ကုန်ဆိုတဲ့ မြို့ထဲ မြေအောက်ရထားတွေ မြင်ချင်ပါသေးတယ်၊ သုံးလေးထပ် ဆင့်နေတဲ့ တံတားကြီးတွေ မြင်ချင်ပါသေးတယ်၊ စင်္ကာပူကနေ ရန်ကုန်ကိုပေါက်တဲ့ ကျည်ဆန်ရထား စီးချင်ပါသေးတယ်၊ ဖန်ခွက်လေး အားတင်းထားပါ၊ စိတ်ကောင်းလေးတွေ ဆက်ပြီး ရှင်သန်ပေးထားပါ။)
ReplyDeleteI like that....
same to you..!
ှပျောက်နေတာကြာပြီလို့ မထင်ပါနဲ့။ (ဘယ်သူမှလဲ မမေးဘူး) ဖုန်းကနေ အမြဲဖတ်ပါတယ်။ ဘားဂလိနဲ့ မန့်ဖို့က ဖုန်းက မီဖစ်နိုင်ဘူး မှလား။
ReplyDeleteရီနိုဗေးရှင်း နဲ့ မင်္ဂလာဆောင်တာနဲ့ သွားတူတယ် စိုပါ့လား။ ဒီ၂ခုလုံး တူတူလုပ်နေသူ အတွက် ချွေတာမှ၊ ချွေတာမှ၊ ချွေတာမှ တစ်ရာ့ရှစ်ခေါက် (ပုတီး၁ပတ်) ရွတ်နေပါတယ်။ (မစ်စတာတီ ချွေတာမှ စိုပြီ: နောက်တခါ ဈေးကြီးဆိုင်တွေက စားစရာတွေတင်လို့က အသိပဲ ဤကား စကားချပ်)။ မစ်စတာတီ က နဂါးလေးတယောက်ကို ကြိုဆိုဖို့ လုံးပန်းနေချိန် ခွေဖြူက နဂါးလေး (နဂါးကြီး) တယောက်ကို နဂါးနှစ်မာ မင်လာဆောင်ဖို့ ကြိုးပမ်းနေတာ သာမန်တိုက်ဆိုင်တာဟုတ်ပါ့မလား (ဟမ်!)
ခုလိုပြန်ပြင်ပြန်ဆင်တာနဲ့၊ ဈေးပိုကြီးပြီး အသင့်ဝင်နေနိုင်တဲ့ အိမ်မျိုးဝယ်တာနဲ့ ဘယ်ဟာပိုကောင်းသလဲ၊ - နောက်တခုထပ်ထည့်ပါ။ အခွံချည်းပါတဲ့ အိမ်ကို အကုန်အစက လုပ်ရတာ။ ဘယ်ဟာပိုကောင်းပါသလဲ။
ဘယ်နေ့ အိမ်တက်မလဲ လိုချင်တာပြော (စလုံး၂ကျပ်အောက် ဟိ အမချစ်ထက်သာသွားပြီ။ ဒိုင်စိုတောင် မရတော့ဘူး)
ခရေဖြူ
လှေကားနဲ့တက်ရတာတော့ မကြိုက်ဘူး။ ပစည်းတွေနဲ့စို မချောင်။ မဒီဒေဝီကို အတက်အဆင်းဂရုစိုက်၊ ဖြစ်နိုင်ရင် မစ်စတာတီ ချီပြီ: တက်။ အမ်!
ReplyDeleteအဖေကြီး အိမ်ရပြီ: အမောမဖြေနဲ့အုန်း။ နဂါးလေးအတွက် ဆရာဝန်ပြခ။ မွေးခ။ ဘာခ ညာခ အနဲလေး စလုံး ငါးထောင်အထက်ပဲ ဟားဟား။
ခရေဖြူ
Anonymous (1).. thanks!
ReplyDeleteစင်စင်.. ဒါဆိုညီမလေးမှန်ပါဒယ်ကွယ်၊ ညှင်းညှင်း..
အကွက်နဲ့သူ.. ဒါဆို ၁၂ နှစ်တိတိကွာတာပေါ့ :)
Anonymous (2).. a prominent blogger မဟုတ်ပါဘူးဗျာ၊ ဘလော့ဂ်ဖတ်တဲ့ အွန်လိုင်းလူဦးရေထဲက လူနည်းစုပဲ ဒီနေရာကို သိကြတာပါ။
ကိုKMA.. ယောက်ျားလေးပါတဲ့၊ တနေ့ကမှသိရတာ၊ မေးဖော်ရတာ ကျေးဇူးပါဗျာ။
မKT.. သိုင်းခရု သိုင်းခရု..
Anonymous (3).. twin မဟုတ်ပါဘူးဗျာ၊ တစ်ယောက်တည်းပါ :D
လီယို.. ယူနီပြောင်းရင် ဘယ်လိုလုပ်ရမှန်းမသိသေးဘူး၊ ဘယ်လိုပြောင်းရမှန်းကို မသိသေးတာ၊ ဒါကြောင့် ပို့စ်သစ်တွေကို ဘိုလိုပဲရေးရမလိုပဲ။
ကြည်.. အားရတယ်ဗျာ၊ ဒါဆို သားစဉ်မြေးဆက် ဘလော့ဂ်ရေးရမယ်။
Anonymous (4).. yeah!!
ခွေဖြူ.. ဟားဟား.. နာတို့အဖြစ်က တူနေတာကိုး.. ခွေဖြူ့လူကြီးက နဂါးဆိုတော့ အသက်သိသွားပြီ၊ ၁၂ နှစ်စောင့်ပြီးမှ နဂါးလေး မမွေးနဲ့နော်၊ မြွေကိုလည်း နဂါးလေးလို့ ခေါ်ကြတယ်၊ ၂၀၁၃ က မြွေနှစ်လေ၊ မွေးမွေး၊ မြန်မြန်မွေး။
လှေခါးနဲ့တက်တာကိစ္စမရှိဘူး၊ ခက်တာက LUP လာတော့မယ်၊ စိတ်ညစ်တယ်၊ သိပ်လည်းမသုံးပဲ ပေးရအုံးမှာ၊ တန်အောင် တနေ့တနေ့ သွားစရာမရှိလည်း သုံးလေးခါအတက်အဆင်းလုပ်ရမလို ဖြစ်နေတယ်။ ခလေးအတွက် စပြီးစုနေရပြီ၊ မလွယ်ဘူး၊ ရှာတာသာခက်တာ၊ ကုန်တာကတော့ ရှောခနဲ ရှောခနဲပဲဟ။
Congratulation ကိုတီရေ...း)
ReplyDeleteကိုတီနဲ့ တူသော သားကလေး ဖြစ်ပါစေ... လို့ အကြို ဆုတောင်းသွားတယ်...
အိမ်ပြင်တာကတော့ အင်း... မပြောတော့ပါဘူး... စ လုပ်နေပြီဆိုမှတော့ အဆုံးထိ လုပ်ရမှာပဲ... ကုန်သွားပြီးရင် ကောင်းသွားလိမ့်မယ်... ကိုယ့်အိမ်လေး လှနေတာတွေ့ရတော့လည်း ကျေနပ်ရတာပေါ့... ဟုတ်ဖူးလား...း)
သားကလေးကိုး ကောင်းတာပေါ့ တလုတ်က သားကြိုက်တယ်လေ
ReplyDeleteဖုန်းနံပတ် ရှယ်မယ်စိုခွင့်တောင်းပြီ: မတွေ့ပါလား?
ခွေဖြူ
မွေးမွေး၊ မြန်မြန်မွေး - အမယ် သူခလေးရလို့ သူလိုပဲ ကုန်ရအောင် မြှောက်ပေးနေတယ် ဟာဟ
ReplyDeleteခွေဖြူ
ဟမ်)))))((((((((( မKT ဘယ်လိုလုပ်ဖြစ်သွားတာပါလိမ့်။
ReplyDeleteKT
Mr maung Ko Thet :P
Great it's a boy. Nice.
ReplyDeleteKT
Congratulation!
ReplyDeleteအစ်မသက်ဝေ.. ကျေးဇူးပါခင်မျာ၊ ကျနော့်နဲ့တူရင် လူချောကြီးဖြစ်မှာ၊ အဲဒါဆို သားရှင်မိဘတွေဖြစ်တဲ့ ကျနော်တို့ကတော့ စိတ်ပူရအုံးမှာပေါ့ဗျာ.. ဟဲဟဲဟဲဟဲဟဲ.. အိမ်လေးလှနေရင်တော့ ကျေနပ်တာပေါ့၊ ခုတော့ညစ်ပတ်ပေတူးနေတာပဲဗျာ.. မြန်မြန်ပြီးပါစေလို့ ဆုတောင်းနေရတယ်။
ReplyDeleteခွေဖြူ.. နောက်ပို့စ်မှာရှယ်မလို့ပါ၊ ခွင့်ကြိုတောင်းထားတာလေ။
ကိုKT.. မသိပါဘူးဗျာ.. ကေသီလား ကေသွယ်လား ထင်နေတာ.. ဟားဟား...
မမmyo.. သိုင်းခရု.. (ဒီမြိုးကတော့ ဟိုမြိုးဖြစ်မှာပါ၊ တော်ကြာ ကိုမျိုးဖြစ်နေအုံးမယ်)