ဟိုးတနေ့က ဘလော့ဂ္ဂါဖိုးစိန်တို့အိမ်မှာ (တို့ ဆိုတာက သူတစ်ယောက်တည်းနေတဲ့အိမ်မဟုတ်ပဲ လူအများကြီးနေကြလို့ :p) ဟင်းချက်စားတာ ကြုံကြိုက်လို့ ဝင်စားဖြစ်တယ် (ဒီဝါကျကတော့ တမျိုးပဲ)။ အဲဒီမှာ ယူနီကုတ်လား ဇော်ဂျီလား ဆိုတဲ့ မရိုးနိုင်တဲ့ တော့ပစ်ကို ညီတစ်ယောက်နဲ့ ပြောဖြစ်တယ်၊ သူကတော့ ဇော်ဂျီကို အားပေးသူပါ၊ ဒါကြောင့် ယူနီကုတ်ပြောင်းစရာ မလိုဘူးလို့ ယူဆပုံရပါတယ်။ အဲဒီမှာပဲ ဆွေးနွေးခြင်းကို တခန်းရပ်ခဲ့ပေမယ့် ကြက်ကြော်တွေကိုတော့ အများကြီးစားဖြစ်ပါတယ်။ (ဟမ်)

ဒီနေ့ EMG သတင်းတွေဖတ်တော့ မီတာခတက်တဲ့သတင်း ဖတ်မိတယ်၊ အဲဒီမှာ အပေါ်ကအကြောင်းအရာကို သွားသတိရတယ်၊ အပေါ်ကအကြောင်းအရာ ဆိုတာ ကြက်သားတုံးမဟုတ်ဘူး၊ ယူနီကုတ်ကိုပြောတာ။ သတင်းထဲမှာ အချက်အလက်တွေကို ဇယားနဲ့ ပြထားတာလေ၊ မီတာခ မတက်ခင်ရယ်၊ တက်ပြီးရယ်၊ နောက်ပြီး ဒေသတွင်းက နိုင်ငံတွေရဲ့ ဂျီဒီပီရယ်ကို ယှဉ်ပြထားတာ။ ဒီလိုဇယားမျိုးက ကိန်းဂဏန်းတွေကို ထင်သာမြင်သာအောင် ပြထားတာ၊ ဘယ်သူက အနည်းဆုံး၊ ဘယ်သူက အများဆုံး စတာတွေကို sorting လုပ်လိုက်တာနဲ့ အလွယ်တကူ သိနိုင်တယ်။ သို့ပေမယ့် webpage ပေါ်က စာတွေ၊ ကိန်းဂဏန်းတွေကို Excel လို software ထဲမှာ တိုက်ရိုက်ကူးထည့်ရင် Excel ထဲက မြောက်များစွာသော function ထဲက တစ်ခုဖြစ်တဲ့ sorting လေးကိုတောင် လုပ်မပေးနိုင်ပါဘူး၊ ဒါဇော်ဂျီရဲ့ အားနည်းချက်ပါပဲ။
မြင်သာအောင် တခြားဖောင့်တွေနဲ့လည်း ဥပမာပေးပါမယ်။ ဖောင့်ငါးမျိုးနဲ့ ဂဏန်းတွေလျှောက်ရိုက်ပြီး စီထားတာပါ။
ဒါက Myanmar3 နဲ့ ငယ်စဉ်ကြီးလိုက် စီတာပါ၊ မရပါဘူး၊ သူက ရှေ့ဆုံးဂဏန်းတွေပဲ စီပေးသွားပါတယ်။

ဇော်ဂျီ၊ ထိုနည်းလည်းကောင်း။

ဧရာ၊ ထိုနည်းလည်းကောင်း။

SAK ရပါပြီ။ (သို့သော် sort ၍ရတိုင်း unicode font မဟုတ်ပါ)

WinResearcher လည်း ရပါတယ် (သို့သော် sort ၍ရတိုင်း unicode font မဟုတ်ပါ၊ ဒီဖောင့်က unicode မဟုတ်ပါဘူး၊ ကော်မန့်မှာ ဖတ်ကြည့်ပါ)၊ ဒီဖောင့်ကို ရန်ကုန်မှာ ရုံးသုံးဖောင့်အဖြစ်၊ စာစီစာရိုက်ဖောင့်အဖြစ် သုံးကြတယ်။

ဇော်ဂျီလို စံနှုန်းမညီတဲ့ ဖောင့်နဲ့ဆိုရင် အလုပ်လုပ်ဖို့ ခက်ခဲကြောင်း အပေါ်က ဥပမာနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ EMG သတင်းထဲက ကိန်းဂဏန်းတွေကို WinResearcher ပြောင်းပြီးမှ အောက်မှာ တွေ့ရတဲ့ chart လေးတခု ဆွဲနိုင်ပါတယ် (WinResearcher က ယူနီကုတ်မဟုတ်ပါဘူး၊ ဖောင့်လုပ်သူတွေက 1 နေရာမှာ ၁၊ 2 နေရာမှာ ၂ စသဖြင့် အလွယ်ပေးထားလို့ ဒီလိုစီလို့ပြုလို့ ရသွားတာပါ၊ ကော်မန့်မှာ ကိုမောင်လှ ရေးသွားတာ ဖတ်ကြည့်နိုင်ပါတယ်)၊ ဇော်ဂျီနဲ့ဆိုရင်တော့ စာလေးဘာလေး ဖတ်နိုင်ရုံကလွဲလို့ အလုပ်လုပ်လို့ မရပါဘူး။
ဒေသတွင်းက နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေကို ပြထားတာပါ၊ ယူနစ်က အမေရိကန်ဒေါ်လာ၊ တစ်နှစ်စာ ပျမ်းမျှဝင်ငွေကို ပြောတာပါ။ ဒီပုံကတော့ ၁၆ နိုင်ငံက တစ်နှစ်မှာ စုစုပေါင်း ဝင်ငွေ ၁၀၀ ကျပ် ရရင် တနိုင်ငံချင်းက ဘယ်လောက်စီရသလဲ ဆိုတာကို ဖော်ပြပါတယ်၊ မြန်မာက အနည်းဆုံးပါ၊ အနီးစပ်ဆုံးယူလိုက်လို့သာ ၁% ပေါ်နေတာ၊ တကယ်တမ်း ၀.၆၄% ပဲ ရှိတာပါ၊ ဆိုတော့ လူပေါင်း ၁၆ ယောက်က ၁၀၀ ကို ခွဲယူရာမှာ မြန်မာက ၆၄ ပြား ရတဲ့ သဘောပါပဲ။

--
သုံးစွဲသူတွေ အနေနဲ့ ဇော်ဂျီကိုပဲ ဖက်တွယ်ထားမယ်ဆိုရင်တော့၊ ဖောင့်ပိုင်ရှင် အယ်လ်ဖာဇော်ဂျီကလည်း မပြောင်းလဲပဲ ဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့၊ ရေရှည်မှာ ယူနီကုတ်စံမှီတဲ့ ဖောင့်တခုခုကို ပြောင်းလဲသုံးစွဲသူတွေကပဲ ထုတ်လုပ်မှုအပိုင်းမှာ အသာရမှာပါ။ ဆိုတော့ စည်းစည်းလုံးလုံး ရှိကြတဲ့ ဘလော့ဂ္ဂါတွေပဲ တက်ညီလက်ညီနဲ့ ယူနီကုတ်ဖောင့်ကို အရင်ဆုံး ပြောင်းသုံးကြဖို့ (ဇော်ဂျီဖောင့်နဲ့ရေးပြီး :p) တိုက်တွန်းလိုက်ပါတယ်။ ကျနော် ဒီနှစ်ထဲမှာ ပြောင်းမယ်လို့ ရည်ရွယ်ထားပါတယ်၊ တဖက်ကလည်း ဖောင့်မရှိကြလို့ လာမဖတ်ကြမှာ စိုးရိမ်နေပါတယ်။
ဒီပို့စ်ရေးလို့ ကျွန်တော်လည်း ကိုတီ့ကို ရေလည်လေးစားသွားပြီ။ :)
ReplyDeleteဟင့်.
ReplyDeleteHe that will not apply new remedies must expect new evils; for time is the greatest innovator.(Francis Bacon)
ReplyDeleteKo TZA
ReplyDeleteI install Myanmar 3 font in my laptop, but I can't read BBC Burmese website which use that font, May I know what is the problem, the only Myanmar font I can read with my laptop is Zawgyi, I hope you can help me
The problem is CSS settings overwritten by Alpha Zawgyi Installer. If you are using Internet Explorer,
ReplyDelete-Go to "Tools" menu, select "Internet Options".
-Under the "General Tab", click on "Accessibility".
- Uncheck All the boxes
You need to come to this setting again and check the boxes again if you want to use 'Zawgyi' in facebook or gmail. It is a bit troublesome. But I only know this workaround.
My advice is to use FireFox and set default font to 'Zawgyi-One'. Then, you would be able to view Zawgyi and Unicode concurrently.
တာဝန်နဲ့ ဝတ္တရားအရကို ပြောင်းသင့်တယ်လို့ မြင်လိုက်တာ မနှစ်တည်းက။
ReplyDeleteဒါပေမဲ့ တာဝန်တို့ ဝတ္တရားတို့ကို နောက်ဆုံး မလုပ်ရင် မဖြစ်နိုင်တော့တဲ့ last minute ကျမှ ကပ်လုပ်တတ်တယ်။
By the way Ko T, when will you change your banner? I'm waiting for new banner.
ReplyDeleteYour die-hard fan.
haha..ယူနီကုဒ်ဆိုတာနဲ့ ဆက်မဖတ်ကြမှာစိုးလို့ ကြက်သားကြော်နဲ့အရင်ဆွဲဆောင်တယ်။ :D ယူနီကုဒ်နဲ့ ဇော်ဂျီဘာကွာလည်းဆိုတာ ရှင်းရှင်းလေး ပုံနဲ့ပြသွားတာ ရေလည် လေးစားမိပါတယ်။ ပုံ လေးငါးပုံဟာ စာအရှည်ကြီးရေးပြီး ရှင်းပြတာထက် အများကြီး သာသွားတယ်။
ReplyDelete(ဒီနှစ်အတွင်းပြောင်းမယ်ဆိုတော့ နောက် ၁၅ရက်အတွင်း ပြောင်းရမှာပေါ့နော်.. :D )
တဖက်ကလည်း ဖောင့်မရှိကြလို့ လာမဖတ်ကြမှာ စိုးရိမ်နေပါတယ်။
ReplyDeleteSure Brother, I think so. In my opinion, it is no need to rush. Please!
Best Regards,
Your Blog Reader.
ပြောင်းသွားရင် လာမဖတ်ရုံမှ လွဲလို့ အခြားမရှိပြီ :(((
ReplyDeleteကိုကိုတီ(ဟမ်. .. လျှာယားထှာ) .. ဘာဖောင့်မှ မရှိလဲ ဖတ်လို့ရအောင် လုပ်လို့ရသယ် .. မပူနဲ့။ ကူညီမှာပေါ့။
ReplyDeleteဟင်း.... ZT ဘလော့ကို ဆက်ဖတ်ချင်လို့ ရအောင် ရှာဖွေပြီး ကြံရတာပဲ။ စာဖတ်သူတွေကို လွယ်အောင် လုပ်ထားပေးပေါ့... အထူးသဖြင့် ထုံညီအမများ အတွက်ပေါ့ကွယ်
ReplyDeleteပြောင်းရင် ဘယ်လိုဖတ်ရမယ်ဆိုတာ ပြောဦးနော် ..
ReplyDeleteထုံသူတဦး
တဖက်ကလည်း ဖောင့်မရှိကြလို့ လာမဖတ်ကြမှာ စိုးရိမ်နေပါတယ်။
ReplyDeleteSure Brother, I think so. In my opinion, it is no need to rush. Please
လူမညီသေးသော ယူနီ
ReplyDeleteလူမညီတာတော်သေးတာပေါ့ဂျာ.. လူစဉ်မမှီတာမဟုတ်လို့ :p
ReplyDeleteပြောင်းပြီးရင် ဖတ်ပုံဖတ်နည်း သေသေချာချာ ရေးထားပါမယ်၊ စကရင်ကို ဘယ်လောက်ခွာရမယ်တို့.. မျက်မှန်ပါဝါဘယ်လောက် တပ်ထားရမယ်တို့.. ဘယ်နှဒီဂရီစောင်းပြီး ဖတ်ရမယ်တို့ ဘာတို့ ညာတို့ပေါ့လေ :D
CSS settings အကြောင်းဝင်ဖြေသွားတဲ့ အမည်မသိကို ကျေးဇူးတင်ပါတယ်။
Win researcher launch unicode version? where can i download it. i like win Researcher .
ReplyDeleteယူနီနီ မနီနီ.. ကြက်ကင်မြင်ရရင်ပြီးရော..
ReplyDeleteအဟဲ..
သေသေချာချာ ရေးထားတာကို နောက်သလိုဖြစ်သွားပြီ..ဆောရီး
ဂွတ်တယ်ထင်ရင်တော့ ဒူးဗျာ.. အနဲဆုံး ဓါတ်ပုံတွေတော့ လာငေးဖြစ်မှာပဲ..
ယူနီကုတ်နဲ့ရေးတာနဲ့ တရုတ်လိုရေးတာနဲ့ ကျွန်တော့အတွက်တော့တယ်ထူးလှတယ်မဟုတ်ပါဘူး..
ဘစ်ဖန်တဦး..
ကျွန်တော် wordpress သုံးတဲ့ သူတစ်ယောက်ပါ ကိုစေတန်ရဲ့ http://wordpress.org/extend/plugins/mmunicode-embed/ က unicode embed အတွက် တော်တော် အဆင်ပြေပါတယ်. font မရှိလဲ ဖတ်လို့ ရပါတယ်
ReplyDeleteစာဖတ်ချင်တော့ ဖောင့် ရအောင် လိုက်ပြောင်းရမှာပေါ့း) ဒါနဲ့ ယူနီကုဒ် ကို ဘယ်လို သွင်းရမလဲ မသိဘူး။ ကိုဇတ်တီ ပိုစ့်တွေ ဆိုလဲ ဖတ်ချင်ရင် ဖုန်းထဲကနေ အလွယ် Uni ဆိုတာလေး နှိပ်ပီး ပြောင်းဖတ်ရတယ်။ ကွန်ပြူတာထဲမှာ မသွင်းထား(တတ်) တော့လေ။
ReplyDeleteMZA
ဘလော့ကို လူလာမဖတ်တော့မှ ပြောင်းတော့မယ် ဟီးဟီး
ReplyDeleteဆိုဒ်မဟုတ်ဘဲ ဘလော့ဆိုတော့... အဲလောက်တွေ မလိုသေးဘူးလားလို့... အသေအချာ သိမ်းထားရပြီး ပြန်ရှာရလွယ်ကူစေမယ့် စနစ်တွေ လိုတဲ့ ဆိုဒ် မဟုတ်တော့...
ကြက်ကြော် (ဟမ်) :D
ကူညီမယ်ဆိုတဲ့ ကဒီဘီကို ကျေးဇူးအရင်တင်လိုက်ပါတယ်။
ReplyDelete--
အောက်ကကော်မန့်တွေကတော့ fb ပေါ်က ကူးလာတာပါ၊ ဒါတွေပါတွဲဖတ်မှ ပိုပြည့်စုံပါမယ်။ (ကိုမောင်လှကော်မန့်က အီးမေးလ်ထဲ ရောက်ပါတယ်၊ ဘလော့ဂ်မှာမပေါ်ဘူး၊ ကော်နက်ရှင်ကြောင့် ဖြစ်ဖို့များပါတယ်)
MgHla Mandalay>> WinResearcher က ယူနီကုဒ် မဟုတ်ပါဘူး... 1 နေရာမှာ ၁ ထည့်၊ 2 နေရာမှာ ၂ ထည့် .... အဲဒီလိုမျိုးထည့်ထားတဲ့ အတွက် sorting စီတာ မှန်နေတာပါ... SAK ဆိုတဲ့ font ကလည်း အဲဒီလိုမျိုးပဲ ဖြစ်မယ် ထင်ပါတယ်... ကျတော် ထင်တာ မမှားဘူး ဆိုရင်ပေါ့...
Ei Maung>> It's me just can't get the point (or) that guy thought Win* as Unicode? @_@
Ko Ye>> Myanmar3 is non-Unicode ? ^_^
Maung Maung San>> Full of misunderstanding inside articles. Win fonts works number sorting just because they are replacement to eng glyphs. And codepoints for numbers for the rest of the fonts are the same. M$ doesn't support ICU and uses their own engine which results Unicode in limited features.
Zaw Thurein Tun>> Author should correct mistakes. We can sort numbers with Myanmar3 font in Excel.
Maung Maung San>> Not until win8. You need to install language pack by nlp for lower versions.
--
ဒါတွေဖတ်ပြီး အနှစ်ချုပ်ရရင်တော့ မြန်မာဖောင့်ဟာ ရှင်းရှင်းလေးနဲ့ ရှုပ်ပါတယ်။ ဇော်ဂျီမှာလည်း သူ့အားနည်းချက်သူ ရှိသလို၊ ယူနီကုတ်ဖောင့်တွေမှာလည်း သူ့အားနည်းချက်သူ ရှိနေသေးတယ်။ အားနည်းချက် အားသာချက်တွေကို လူဗြိန်းနားလည်အောင် တခုချင်းယှဉ်ပြထားတဲ့ နေရာရှိရင် သိပ်ကောင်းမှာပါ။ သူများတွေ လက်ခံလာအောင် မြန်မာတွေကိုယ်တိုင် သုံးစွဲဖို့လိုတယ်လို့ ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်၊ ဇော်ဂျီသမားတွေ ပြောင်းကြပါ၊ အမြန်ပြောင်းကြပါတော့။ :D
တခြားဖတ်စရာများ..
ReplyDeletehttp://my.wikipedia.org/wiki/Myanmar_Unicode
http://my.wikipedia.org/wiki/%E1%80%87%E1%80%B1%E1%80%AC%E1%80%BA%E1%80%82%E1%80%BB%E1%80%AE%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA
http://my.wikipedia.org/wiki/%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%BA
ကွန်မန့်တွေ...အရတော့..မနေ့တနေ့ကမှ...ရေးသွားကြတာပါ့ပဲ...ကျွန်တော်လဲ..အချိန်မှီသေးတယ်...ပြောင်းဖို့လေ....ယူနီကုတ်လင့်လေးရှိကြရင်...ညွန်းကြပါအုံး...နောက်ပြီး..ဖုန်းနဲ့သုံးလို့ရရင်..ဖုန်းအမျိုးအစားနဲ့...ဒေါင်းလုပ်လို့ရမဲ့ လင့်လေးပါပေးစေချင်ပါတယ်.....(မလုပ်တတ် မကိုင်တတ်...ငပိန်းမို့ပါ)
ReplyDeleteပြောင်းတာက ဆရာတွေတို့အတွက် လွယ်တာပေါ့..အေ။
ReplyDeleteပြောင်းချင်ပေမယ့် အပြောင်းခက်သည်.
တလွဲဖြစ်ကျန်မှာစိုးသည်မို့ (ရှားကဗျာကို မှီငြမ်းပါသည်)
တွေဝေနေသူ ပြည်သူတစ်ဦး
mm