ဤပို့စ်သည် ကျွန်ုပ်၏ ပထမဆုံးသော ယူနီကုတ်ပို့စ်ဖြစ်ပေသည်၊ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခုပ်တီးကြပါ။ ဘော်ဒီအတွင်းရှိ စားများကို ယူနီကုတ်ဖောင့်ဖြင့် ရေးထားသော်လည်း ခေါင်းစဉ်ကို တမင်သက်သက် တီလုပ်လိုရေးပြီး တက်ဂ်ကိုမူ ဇော်ဂျီဖောင့်နှင့် ယူနီကုတ် တွဲလျက် ရိုက်ပါသည်၊ စာဖတ်သူ အယောက် ၁၀၀ တွင် ၁ ယောက်မျှသာ သုံးမျိုးစလုံးကို အဆင်ပြေချောမွေ့စွာ မြင်နိုင် ဖတ်နိုင်မည်ဟု ဝမ်းမြောက်စွာ မျှော်လင့်မိပါသည်၊ ဟင်းဟင်းဟင်း။
--
တကယ်တမ်း ဦးဦးဒီဘီ၏ ဘလော့ဂ်သို့သွား၍ ဇော်ဂျီလက်ကွက်ဖြင့်ရိုက်ပြီး ယူနီကုတ်အဖြစ် convert ခဲ့ခြင်းကိုမူ အပြစ်ကင်းစင်သော စာဖတ်သူများ မသိခဲ့ကြပါချေ။ ယခု အသင် စာဖတ်နေချိန်အထိ ကျွန်ုပ်သည် ယူနီကုတ်လက်ကွက်ကို လုံးလုံးမျှ မရင်းနှီးသေးပါ၊ ကျွန်ုပ် များစွာ များစွာ ကြိုးစားရပါဦးမည်။
--
တကယ်တမ်း ဦးဦးဒီဘီ၏ ဘလော့ဂ်သို့သွား၍ ဇော်ဂျီလက်ကွက်ဖြင့်ရိုက်ပြီး ယူနီကုတ်အဖြစ် convert ခဲ့ခြင်းကိုမူ အပြစ်ကင်းစင်သော စာဖတ်သူများ မသိခဲ့ကြပါချေ။ ယခု အသင် စာဖတ်နေချိန်အထိ ကျွန်ုပ်သည် ယူနီကုတ်လက်ကွက်ကို လုံးလုံးမျှ မရင်းနှီးသေးပါ၊ ကျွန်ုပ် များစွာ များစွာ ကြိုးစားရပါဦးမည်။
ယူနီကုတ် ကကောင်းပါတယ်။ fonts မရှိလို့ ဖတ်မရတာဆိုးတယ်။
ReplyDeleteblog ဖတ်တဲ့သူတိုင်း ကွန်ပြူတာနဲ့ အကျွှမ်းတ၀င် ရှိလှတာမပာုတ်။ ဇော်ဂျီကနေ ယူနီကုတ် ဘယ်လိုပြောင်း၊ ဇော်ဂျီ ရော ယူနီကုတ် ရော နှစ်ခုလုံး Install လုပ် ထားပြီး နှစ်ခုလုံး ဖတ်လို့ ရမရ သိချင်သည်။ စနစ်တစ်ခါ အပြောင်းအလဲမှာ အဆင်မပြေမူတော့ ကြုံရမှာပါပဲ ဒါပေမဲ့ လက်တွဲခေါ်ယူဖို့ မမေ့စေချင်ပါ။
ReplyDeleteGreat to see first post in Unicode. :D
ReplyDeleteIf you do not have time to explore Unicode Keyboard right now, you can use NHM writer which can output Unicode with Zawgyi layout.
http://goo.gl/ztnr
Please use Span HTML tag at the start and end of the post to define the font. It will help your reader to read from google reader without hassle. Let me know if you need any help.
too bad oo lay gyi
ReplyDeletei cant read from reader :(
aunty may
I can see all 3 fonts in your post on my iphone:-) Great!
ReplyDeleteExcept the tag, the rest work well for me...
ReplyDelete=)
-m
hello tza. I can't read ur post. Just do it normal. tks.
ReplyDeleteမကြိုက်ပါဘူး ဖတ်ရတာခက်တယ်..
ReplyDeleteစကားမစပ်.. နံရံချောတဲ. ဈေးနှုန်းက ဈေးကြီးပါသလား
နံရံတဘက်ကို ဘယ်လောက်နှုန်းလောက်ရှီပါသလဲ
ဖတ်လို့ရတယ်ဗျာ..ကဲမန့်ကြည့်လိုက်ဦးမှ..
ReplyDeleteကြည်
Lion ပေါ်ကနေ ဖတ်နေတာတော့ သုံးမျိုးစလုံး မြင်ရတယ်ဗျာ... ကျတော် ဖတ်တတ်တဲ့ ၂-မျိုးစလုံး ဖတ်လို့ရတယ်... တရုတ်စာကတော့ မြင်ရတယ် မဖတ်တတ်ဘူး...
ReplyDeletealthough i installed uni code,i can read on only mozilla browser.if i explore Internet Explorer i can't read it.what happened?is't normal?
ReplyDeleteလုပ်လို့လဲမတတ်ဘူး ဖတ်လို့လဲမရဘူး
ReplyDeleteအဲတာ ကောင်းရော
ဒီအတိုင်း လုပ်ကြည့်ကြပါအုံး.. မရရင်လည်း ပြောကြပါအုံးဗျိုး :D
ReplyDeletehttp://farm8.staticflickr.com/7168/6658063047_0d439af6ac_o.gif
လက်တွဲခေါ်ဖို့ ကျနော့်မှာလည်း သိပ်သိလှတတ်လှတာ မဟုတ်လို့ပါ၊ ဟိုလူ့မေး ဒီလူ့မေးနဲ့ပဲ စမ်းလုပ်နေရတာပါခင်မျာ။ ဇော်ဂျီတုန်းက ညီလင်းဆက် ရှိခဲ့သလို ယူနီကုတ်မှာ သူ့လိုလူတစ်ယောက်လောက် လိုနေတယ် ထင်ပါတယ်။
ကိုဇက်တီ.. Span tag ထည့်ထားတာပဲဗျ၊ အန်တီမေက ဘာလို့ဖတ်မရလဲ မပြောတတ်ဘူး၊ သူ့မှာ ဖောင့်မရှိလို့များလားမသိ..
ကိုမောင်လှ.. Lion ကနေ တက်ဂ် (labels) ထဲက ဇော်ဂျီ ယူနီကုတ် တွဲရိုက်ထားတာ နှစ်မျိုးလုံး အမှန်တိုင်းပေါ်တယ်လား.. ကျနော်က မပေါ်ဘူးထင်နေတာ..
နံရံချစ်သူ.. ကျနော်က ကန်ထရိုက်တာကို အကုန်ပေါင်းတွက်ခိုင်းတာဗျ၊ ဆိုတော့ တစ်ခုချင်းဘယ်လောက်ကျသလဲ မမှတ်မိဘူး၊ နောက်ဆုံးစာရင်း ထွက်လာမှ ပြန်ကြည့်ပြီး တင်လိုက်ပါမယ်။
Firefox 9.0.1 ကအလုပ်ဖြစ်သားဘဲ........
ReplyDeleteအဆင်ပြေတယ်..........
အကုန်မြင်ရ(စာလုံးတွေ)...........
I can read unicode... war har har....
ReplyDeletesinsin
ဖတ်လို့ရနေတယ်
ReplyDeleteမြင်ရတယ်..။Chrome နဲ့ ဖတ်တယ်..။ ကွန့် မန့် ကြည့် မယ်..။
ReplyDeleteအီကိုဖေက ၁၀၀ ထဲက ၁ စာရင်းထဲမှာပါတယ်။ (ဟီး) ခက်တာက ကွန်မန့်ဘောက်စ် ထဲမှာ ကုတ်လို့ မရသေးဘူး။
ReplyDelete၃ မျိုးလုံးမြင်ရတယ်
ReplyDeleteအကျွန်ုပ်သည်လည်း အသင်၏ ယူဏီကုတ်ထအား အံ့အားသင့်ဖွယ်ရာ ဖတ်ရှု၍ရနေသည်မှာ အလွန်အမင်း ဝမ်းမြောက်လှပေသည်တကား မောင်မင်း... ဆက်လက်အားပေးရပေဦးအံ့။
ReplyDeleteကျွန်တော်မျိုးကတော့ အားပေးလျှက်ပါ.. တင်သာတင် တော်မူပါ ကို TZA (ဟို တရုတ်ဆိုက်က ဓာတ်ပုံတွေဆိုရင် ပိုကောင်းမွန်နီးကီးပါတယ်)
ReplyDeleteအစဉ်ထာဝရ(မနေရသော်မှ)ကျေးဇူးတင်လျှက်ပါ ခင်ဗျား..