Search This Blog

Loading...

22 January 2012

End of the Beginning

နှစ်သစ်မှာ အိမ်သစ် စိတ်သစ် လူသစ်နဲ့၊ လူ့လောကထဲ ရောက်လာတော့မယ့် ရင်သွေးအသစ်စက်စက်လေး အပါအဝင် အားလုံးသော အသစ်အသစ်များကို ကြိုဆိုကြပါစို့။

မနေ့က နှစ်ကြိမ်နှစ်ခါတိတိ ပြောင်းရွှေ့အပြီးမှာ လူလည်း လူနဲ့မတူတော့ဘူး၊ ဆံပင်တွေထောင်ပြီး တကိုယ်လုံး ဖုန်တွေ ကြပ်ခိုးတွေနဲ့ မိတ်ကပ်ဖို့ထားသလား အောက်မေ့ရတယ်။ ပထမအကြိမ်ပြောင်းတော့ နေအရမ်းပြင်းပြီး ချွေးတပြိုက်ပြိုက်ကျတယ်၊ ဒုတိယတခါ ပြောင်းဖို့ ကားပေါ်ပစ္စည်းတွေ တင်အပြီးမှာတော့ မိုးကောင်းကင်က ဟိုးအနောက်အရပ်ဆီကနေ ချက်ချင်းမည်းလာပြီး (ဘာတွေတုန်း) ထစ်ချူန်းမိုးကြီး ရွာချတယ်၊ အဲဒီမှာတိုင်ပတ်တာပဲ၊ အိမ်အောက်မှာ mover အန်ကယ်ရယ် အကူကောင်လေး ၃ ယောက်နဲ့ ငေါင်ငေါင်ကြီး မိုးစက်မိုးပေါက်တွေထိုင်ကြည့်၊ မိုးခြိမ်းသံတွေထိုင်နားထောင်ရင်း မိုးတိတ်မယ့် မင်္ဂလာအချိန်ကို စောင့်ရတယ်။ မိုးကာကာထားတဲ့ ပစ္စည်းတွေလည်း စိုတာစို၊ မစိုတာမစိုပေါ့၊ ဟင်း။ မိုးအရမ်းသဲလာတော့ မတတ်နိုင်တဲ့အဆုံး အန်ကယ်ကြီးက သူ့ကားတစ်စီးလုံးကို အမှိုက်ရှင်းတဲ့ အဆောက်အအုံလေးထဲ မိုးခိုဖို့ မောင်းသွင်းထားရတယ်၊ မသိရင် အမှိုက်ကားလိုလို ဘာလိုလိုပေါ့၊ တော်တော်ရီရတယ်။ နောက်တော့ မင်္ဂလာအချိန် ပြန်လည်ကျရောက်လာတယ်၊ အဲဒီတော့မှ သက်ပြင်းတွေချနိုင်တော့တယ်။ ဟိုဖက်အိမ်ရောက်တော့ မိုးဖွဲဖွဲလေးပဲ ကျန်တော့တယ်၊ နေကလည်း သူမဟုတ်သလို ခပ်တည်တည် ပြန်ထွက်လာတယ်၊ ေဩာ်၊ အင်မတန်မှ နားလည်ရခက်တဲ့ မိုးမင်းကြီးပါလား ပေါ့ကွယ်။

ဘာပဲဖြစ်ဖြစ် ပြောင်းပြီးသွားပါပြီ၊ ငှားထားတဲ့အိမ်ကို သန့်ရှင်းရေးလုပ်ဖို့၊ ပြန်အပ်ဖို့၊ အိမ်ရှင်ဆီက စပေါ်ပြန်ယူဖို့၊ စသည် စသည် နောက်ဆက်တွဲအလုပ်တွေ ဆက်လုပ်စရာကျန်သေးတယ်။ မနေ့က မိုးကြီးလေကြီးကို မမှုပဲ အိမ်လာကူပေးကြတဲ့ ဘော်ဒါသုံးယောက်နဲ့ အစ်မတစ်ယောက်ကို ဒီကနေ ကျေးဇူးတင်ပါတယ်၊ သိပ်စားမကောင်းတဲ့ ပီဇာကို အောင့်အီးစားပေးသွားတာကိုလည်း အားနာနာနဲ့ ကျေးဇူးထပ်တင်ပါတယ်။

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ကြပါစေ။ ဒီပို့စ်က ဒီဘလော့ဂ်အတွက် နောက်ဆုံးပို့စ်ပါ၊ အသစ်အသစ်တွေကြားမှာ ဘလော့ဂ်ကြီးပါ အသစ်ဖြစ်စေရမယ်လေ :p

39 comments:

  1. ဂဏန်း လဲ ပါဝူး :P

    HOME SWEET HOME BRO

    ReplyDelete
    Replies
    1. ဂဏန်းမပါပါဘူးဗျာ ပီဇာလေးနဲ့ပဲ ကျေနပ်ပါတော့ :D

      Delete
  2. TV ko wall-mount use par..If not 'yr a thit sat sat nagar' will trouble for you...
    Mr.Experience

    ReplyDelete
  3. ကလေးလေးပုံတွေ မျှော်နေမယ်။

    ReplyDelete
    Replies
    1. မျှော့လျှက်ပါ

      စင်

      Delete
    2. ကျနော်လည်းမျှော့နေပါတယ် (ဟမ်)

      Delete
  4. ဘယ်လို ဘလော.အသစ်ဖြစ်မှာလဲ ဒီဘလော.ကိုလွမ်းထှာ

    ReplyDelete
    Replies
    1. မသိသေးပါဘူးဗျာ၊ ယူနီကုတ်ပြောင်းတုန်းကလိုပဲ ဘာမှလည်းမပြင်ဆင်ရသေးဘူး၊ ပြောင်းချင်လို့ပြောင်းပစ်လိုက်တာ..

      Delete
  5. Congratulation!
    Keep it up, Bro!
    Hi five for new dragon baby:lol

    ReplyDelete
    Replies
    1. ကျေးဇူးပါဗျာ၊ hi five!! :)

      Delete
  6. အိမ်ကို ကြည့်ရတာ နွေးနွေးထွေးထွေး ဖြစ်မဲ့ပုံလေး။

    Cycle-es

    ReplyDelete
    Replies
    1. ညနေစောင်း ကျနေထိုးတဲ့အခါ ပိုနွေးထွေးတယ်.. ဟဲဟဲ.. :p

      Delete
  7. တကယ်ကို အမှီလိုက်လာတာပဲ ဦးလေးကြီးက
    နဂါးလေးပေါ့ ဘယ်တော့လဲ

    အန်တီမေ

    ReplyDelete
    Replies
    1. မေလလေ၊ ကြီးလာရင်အန်ကယ်မေဖြစ်မယ့်နဂါးလေးပေါ့ :D

      Delete
  8. ဒီဘလော့မှာ မဖတ်ရစေးတဲ့ စာတွေ ရှိနေသေးတယ်နော်.. ဖျက်မပစ်လိုက်နဲ့အုံး

    စင်စင်

    ReplyDelete
  9. တိုးတက် တာ မြန်လိုက်တာ.. မြန်မာပြည် အတိုင်းပဲ..။
း)
    မင်္ဂလာ နှစ်သစ်..အားလုံး အသစ်

    ReplyDelete
    Replies
    1. ဟုတ်တယ်ဗျ၊ ၂၀၁၁ အပြောင်းအလဲတွေ အတော်များသွားတယ်၊ ၂၀၁၂ လည်း ကောင်းသောပြောင်းလဲခြင်းတွေနဲ့ ပြောင်းလဲနိုင်ပါစေလို့ ကွကိုဆုတောင်းသလို ကေသွယ်တို့ကိုလည်း ဆုတောင်းပေးပါတယ်။

      Delete
  10. Congratulation...!
    နှစ်သစ်အီမ်သစ်မှာမင်္ဂလာနဂါးလေးနဲ့ကျန်းမာပျော်ရွင်ပါစေ၊
    နဂါးတော်တော်များများကတော့အင်မတန်ထက်ပြီးတော်ကြတာတွေ့ဘူးတယ်၊
    စိတ်ရှည်တဲ့နဂါးနည်းတယ်ထင်တာပဲ၊ မြန်မာပြည်မှာထင်ရှားတဲ့သူဌေးကြီးတဦးလည်းနဂါးလို့ထင်တယ်။
    နောင်မှာနဂါးလေးနဲ့ဘူးစီးဖြစ်ပြီးဘလော့မရေးဘဲမနေနဲ့ဦးနော်

    ReplyDelete
    Replies
    1. thank you, bro. စိတ်ရှည်အောင် ခုကတည်းကကျင့်ပေးရမယ့်ပုံပဲ :p ဘူးစီးတော့ဖြစ်ကိုဖြစ်မှာဗျ၊ တခါမှ မမွေးဖူးတော့လေ (ဟမ်)

      Delete
  11. ဒါဆို နာ့မင်ဂလာဆောင် လာနိုင်တော့ဘူးလားအေ

    ခွေဖြူ

    ReplyDelete
    Replies
    1. ဘယ်တော့လဲ ဘယ်တော့လဲ (weekend မဟုတ်ဘူးလို့တော့ မှတ်မိတယ်)

      Delete
  12. နှစ်သစ်မှာ... အိမ်သစ်ထဲ အဖေအသစ်နဲ့ အမေအသစ်အတွက် နဂါးအသစ်စက်စက်ကလေးက ကံကောင်းခြင်းအသစ်တွေ မြောက်မြားစွာ သယ်ဆောင်လာပါစေ...

    ReplyDelete
    Replies
    1. ကျေးဇူးအထူးပါခင်မျာ ကိုkma

      Delete
  13. အိမ်တက် ဘယ်တော့ဖိတ်မှာလဲတဲ့... မေးနေကြတယ်နော် :D

    ReplyDelete
    Replies
    1. မမေးကြပါဘူးဗျာ (မကြားဘူး တကယ်မကြားမိဘူး :p)

      Delete
  14. မင်္ဂလာနှစ်သစ် .. မင်္ဂလာအိမ်သစ် ဖြစ်ပါစေ...

    ReplyDelete
    Replies
    1. ကျေးဇူးပါအမသီတာ :D

      Delete
  15. နဂါးအမွှာလေးများ ဖြစ်နေဦးမလား .. :D ပုံတွေနဲ့ ဝေဆာဦးတော့မယ် ..း)))

    ReplyDelete
    Replies
    1. ဟာ.. တစ်ယောက်တည်းကိုတောင် ဘယ်လိုကျွေးရ မွေးရ ထိန်းရ ကျောင်းရမလဲ စဉ်းစားနေရတာ၊ အမွှာဆိုရင် တေဘီဆရာ :p

      Delete
  16. This comment has been removed by the author.

    ReplyDelete
  17. ၀မ်းသာပါတယ်.. ခေးလေးရောက်လာတော့မယ်ဆိုလို့.. ကျွန်မလည်း နဂါးလေးလိုချင်ခဲ့ဖူးတယ်... ခုတော့လည်း ကျားလေးနဲ့ အဆင်ပြေနေပြီဆိုတော့ နဂါးလေးဆီ မလှည့်နိုင်တော့ဘူးးD Singapore မှာဆိုရင်တော့ နဂါးလေးတွေက အပြိုင်အဆိုင်များတယ်လို့ အလုပ်က စလုံးတွေက ပြောဖူးတယ်... နဂါးနှစ်မှာ ကလေးမွေးတဲ့သူတွေများလို့ ဖြစ်တယ်ပြောတာပဲ.. ဘာပဲဖြစ်ဖြစ် သူ့ဘ၀အကြောင်းနဲ့ သူလာကြတာပါ... ထက်မြက်တဲ့၊ ကျန်းမာတဲ့၊ လိမ္မာရေးခြားရှိတဲ့ ကလေးလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...း)

    ReplyDelete
  18. Upendi.. နဂါးဖြစ်ဖြစ် ကျားဖြစ်ဖြစ် ကိုယ့်ခလေးကိုယ်တော့ ချစ်ကြတာပါပဲ၊ ဟုတ်တယ်ဟုတ်.. အပြိုင်အဆိုင်များတာကိုတော့ အားလုံးလိုလို ပြောနေကြတယ်၊ ကျနော်တို့လည်း နဂါးနှစ်မို့ ယူကြတာမဟုတ်ပါဘူး၊ ဒီလိုပဲ ရသွားတာလေ (ဟမ်) ထက်မြက်တဲ့ ကျန်းမာတဲ့ လိမ္မာရေးခြားရှိတဲ့ ကလေးဖြစ်ပါစေ ဆိုတဲ့ဆုလေး ပြည့်ပါစေဗျား (ဒီလောက်နဲ့တင် တော်တော်ပြည့်စုံသွားပါပြီ)

    ReplyDelete
    Replies
    1. ဝမ်းသာတယ်ဗျာ၊ နဂါးလေးရသွားတဲ့အခါ၊ ဒီဘလော့လေးကို ရံဖန်ရံခါတော့ လှည့်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ Cheers!

      Delete
    2. ကျေးဇူးပါကိုဇေယျာ။ Cheers!

      Delete
  19. ဒီဘလော့လေးမဖျက်သေးလို့တော်ပါသေးရဲ့ ဖတ်မဝသေးသလို မဖတ်ရေသေးတာလဲရှီသေးတယ် နစ်သစ် စိတ်သစ် အိမ်သစ်ကလေးနဲ့ချစ်တဲ့သူနဲ့ လာချင်းကောင်းမဲ့ခလေးလေးကို မျော်ကြပါစို့။

    ReplyDelete
    Replies
    1. ကျေးဇူးပါအရီးရေ၊ မျှော်ကြပါစို့ :p

      Delete